Latest Post
Showing posts with label သိုမှီးရာ. Show all posts
Showing posts with label သိုမှီးရာ. Show all posts

လူကြီးလူငယ်

လူကြီးလူငယ်
Category: ဆောင်းပါး
Published on Friday, 16 November 2012 11:49
Written by ဦးသန့်
လူကြီးနှင့်လူငယ်တို့သည် သဘောထားချင်းမတူ၊ စိတ်ကူးချင်းမတူ၊ ရည်ရွယ်ချက်ချင်းမတူကြချေ။ မည်သည့် တိုင်းပြည် မည်သည့်ခေတ်တွင်မဆို လူကြီးနှင့် လူငယ်တို့သည် မက္ခဖြစ်ကြ၏။ သို့ရာတွင် အနောက်နိုင်ငံများတွင် အရှေ့နိုင်ငံများထက် လူကြီးလူငယ် စစ်ပွဲသည်သာလွန်ထင်ရှားလျက် ရှိကြ ၏။ ရှင်ဂေါတမမြတ်စွာဘုရား။ မဟာမက်သခင်၊ ကရစ်ရှနား၊ ကွန်းဖြူးစိရပ် စသည်တို့သည် ဗုဒ္ဓဘာ သာဝင်၊ မဟာမေဒင်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ကွန်းဖြူးစိရပ်ဘာသာဝင်တို့အား (ဂါရဝေါစ၊ နိဝါတောစ) တရားတော်ကို ဟောကြားခဲ့သဖြင့် လူငယ်သည် လူကြီးအား ကိုင်းရှိုင်းရိုသေသော အလေ့ရှိခဲ့၏။
အနောက်နိုင်ငံများ၌မူကား အရှေ့နိုင်ငံများထက် ထိုတရားသည် ခေါင်းပါးလျက်ရှိခဲ့၏။ သို့ရာတွင် ခေတ်သည် အလွန်ဆန်းကြယ်သော အလုပ်များကို လုပ်လျက်ရှိသည်။ ထုံးစံတို့ကို စွန့်ခြင်း၊ ဘာသာ ရေးတို့၌ ပေါ့လျော့ခြင်း၊ ဂါရဝတရားပျက်ခြင်း စသည်တို့ချင်းနင်း ဝင်ရောက်လာကြကုန်၏။ ခေတ်ကို လိုက်သဖြင့် ကောင်းသည်လည်းရှိ၏။ ဆိုးသည်လည်း ရှိ၏။ မကောင်းသော ဓလေ့ထုံးစံတို့ပျောက် ပျက်ခြင်းသည် ကောင်း၏။ ဘာသာရေး၌ ပေါ့လျော့ခြင်းသည် ကောင်းသည်ဟု ဆိုနိုင်ပါမည်လော။
ခေတ်အတွက် ဂါရဝတရား ပျက်ပြားလာခြင်းကို ဆိုပေဦးအံ့။ ကျောင်းသားနှင့် ဆရာဆိုပါစို့။ ရှေးအခါက ကျောင်းသားများသည် ဆရာများကို ချစ်ကြောက် ရိုသေကြကုန်၏။ ယခုခေတ်ကြီးက ကျောင်းသားများအား ဆရာများကို မကြောက်ကြနှင့်ဟု ဆို၏။ အနောက်နိုင်ငံ ပညာရေးဆရာကြီး တို့သည် ကျောင်းများတွင် ကြောက်စိတ်ကို အလျှင်းမမွေးမြူကြရန် တိုက်တွန်း၏။ ကျွန်ုတို့၏ ဘုန်းကြီး ကျောင်းသားသည် ဆရာဘုန်းတော်ကြီးအား မည်မျှ ကြောက်ရသည်၊ ရှေးက တပည့်တပန်းတို့သည် မိမိတို့၏ ဆရာသမားတို့အား မည်မျှကြောက်ကြရသည်ဆိုသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ကြောက်ခြင်းသည် ရိုသေခြင်းနှင့် များသောအားဖြင့် ဒွန်တွဲလျက်ရှိသည်။ သို့ရာတွင် အကျင့်သီလ ကောင်းသော ပုဂ္ဂိုလ်တို့အား သူတစ်ပါးက မကြောက်သော်လည်း ရိုသေကိုင်းရှိုင်းကြ၏။
မိုးညှင်းဆရာတော်ဘုရားကြီးအား လူပုဂ္ဂိုလ်တို့သည် မကြောက်သော်လည်း ရိုသေကြကုန်၏။ လူသာမန် အချင်းချင်းမူကား အများအားဖြင့် ကြောက်မှသာလျှင် ရိုသေကြကုန်၏။ ထို့ကြောင့် မဟုတ် လော။
ကျောင်းသားတစ်ယောက်သည် ဆရာအားမကြောက်လျှင် ရိုသေခြင်း ပေါ့လျော့ပေမည်။ ထို့သို့ဖြစ်လျှင် မြတ်စွာဘုရား ဟောကြားတော်မူသော အာစရိယ ဂုဏော အနန္တော ပျက်ပြားလျက်ရှိ ပေသည်။ ထိုသို့ တပည့်သည် ဆရာအား ကြောက်ခြင်း ရိုသေခြင်းကင်းလျှင် အရှေ့နိုင်ငံ၏ ယဉ်ကျေး ခြင်း အချက်တစ်ချက်သည် ပျက်ပြားမည်လောဟု စိုးရိမ်ဖွယ်ရှိသည်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးခြင်း အမူအရာတစ်ရပ်သည် စကားပြောဆိုခြင်း၌ လွန်စွာသိမ်မွေ့ခြင်းဖြစ်သည်။ မြန်မာလူမျိုးကဲ့သို့ ယဉ်ကျေးသိမ်မွေ့စွာ စကားပြောသော လူမျိုးသည် ကမ္ဘာပေါ်၌ ရှိမည်မထင်ပေ။ အသက်ကြီးခြင်း၊ ဂုဏ်ကြီးခြင်းကိုလိုက်၍ ဦး၊ ဦးလေး၊ အဒေါ်၊ အစ်မ၊ အစ်ကို စသည်တို့ကို တပ်၍ခေါ်လေ့ ပြောလေ့ ရှိကြသည်။ ခင်ဗျာ၊ ကျွန်တော်၊ ရှင်၊ ကျွန်မ စသည်တို့သည်များစွာ ယဉ်ကျေးသိမ်မွေ့ခြင်းကို ပြ၏။ အင်္ဂလိပ်ဘာသာ၌ ယူနှင့် အိုင်မှလွဲ၍ သုံးစရာစကားမရှိခဲ့။ ထိုသို့ ယဉ်ကျေးခြင်းသည် ခေတ်၏ တိုက်ဖျက် ပြုပြင်ခြင်းကို အလိုမလိုက်သင့်ပေ။ ခေတ်မီရမည်ဟုဆိုသော်လည်း မူလယဉ်ကျေးခြင်း၏ ကောင်းသော အချက်ကို မပျောက်ပျက်စကောင်းပေ။
များမကြာမီက ကျောင်းကြီးတစ်ကျောင်းတွင် ကျောင်းသားကြီး အချို့တို့သည် စုပေါင်း၍ လက်မှတ် ထိုးပြီးလျှင် ကျင်းပမည့်ဆဲဆဲဖြစ်သော အစမ်းစာမေးပွဲများ မပြုလုပ်ရန် ဆရာကြီးအား လျှောက်ထား ကြလေ၏။ ၎င်းတို့၏အကြောင်းပြချက်မှာ အစမ်းစာမေးပွဲပြုလုပ်မည်ဟု အကြောင်းကြားခြင်းသည် နီးကပ်လွန်းခြင်း၊ စာကြည့်ချိန်မရခြင်း၊ ကျောင်းသားကြီးနှစ်ယောက်ဖျားနေ၍ မဖြေနိုင်ခြင်း၊ တစ်နှစ် လျှင် အစမ်းစာမေးပွဲ တစ်ကြိမ်လောက်လုပ်လျှင် တော်လောက်ခြင်း စသည်တို့ဖြစ်၏။ လွန်ခဲ့သည့် ဆယ်နှစ်လောက်အခါကမူ မည်သည့် ကျောင်းသားတို့သည် ထိုကဲ့သို့ရေးရန် ဝံ့မည်နည်း။
ဆရာကြီးလုပ်သူသည် မိမိကောင်းသည်ထင်၍လုပ်သော အရာတစ်ခုခုကို မည်သူက မည်ကဲ့သို့ပင် ပြောပြော လျှော့ပေးသော လူမဟုတ်သောကြောင့် ကျောင်းသားများ တောင်းဆိုချက်ကို မပေးနိုင်ဟု ခပ်တင်းတင်း ပယ်ချလိုက်၏။ စုံစမ်းကြည့်သောအခါ အတန်းထဲတွင် အလွန်ညံ့ဖျင်းသော ကျောင်း သားနှစ်ယောက် သုံးယောက်၏ တိုက်တွန်းချက်ဖြင့် ကျောင်းသားအများကပင် လက်မှတ်ထိုးရ ကြောင်း သိရလေသည်။
မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်လူကြီးနှင့် လူငယ်တို့၏ ဆက်ဆံရေးသည် အနောက်နိုင်ငံ၏ အတုကို တဖြည်းဖြည်း ယူလျက်ရှိကြသည်။ ထိုသို့ ပြောင်းလဲကြသဖြင့် ကျွန်ုတို့၏ ဘာသာတရား တော်ကြီးသည် ယိမ်းယိုင်လျက်ရှိပြီလော။ လူကြီးသည် နှေးကန်၏။ ချင့်ချိန်၏။ လူငယ်သည် စိတ်မြန် ၏။ ဇွတ်လုပ်ချင်၏။ စွန့်စားလို၏။ ဤကား နိယာမပင်တည်း။ ၂ ဦးစလုံး၌ အကောင်းအဆိုး ဒွန်တွဲ လျက်ရှိရာ မဇ္ဈိမပဋိပဋာလမ်းသည် အကောင်းဆုံးမဟုတ်တုံလော။
[လောကအလင်းတိုက်ထုတ် (၂ဝဝ၉-ဒီဇင်ဘာ)၊ ဦးသန့်၏ လက်ရွေးစင်စာများမှ]


မှတ်ချက်။ ဒေါက်တာလွဏ်းဆွေဝက်ဆိုက်မှကူးယူဖေါ်ပြပါသည်။

 

silence and fear- Aung san suu kyi

 

စံနမူနာယူထိုက်သည့်နာရေးကူညီမှုအသင်း (ရန်ကုန်)

၂၀၁၀ ပေးဆပ်မှုများ
ကျော်သူ
ဇန်န၀ါရီ ၆၊ ၂၀၁၁ 
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အား ၂၀၁၀ ခုနှစ် တစ်နှစ်တာအတွင်း (အခမဲ့) ကူညီဖေးမ ပေးဆပ်လုပ်ဆောင်မှုများအား ဖော်ပြအပ်ပါသည်။ 

နာရေးကူညီမှု စုစုပေါင်း                                              ၁၄၃၈၄ ဦး
 ဆေးကုသ/ကူညီမှု စုစုပေါင်း                                        ၃၄၇၂၂ ဦး
              သွေးကူညီမှု စုစုပေါင်း                                                 ၁၉၆ ပုလင်း

            ၂၀၁၀ ခုနှစ်၊ ဧပြီလမှစ၍ အပူချိန်ဒီဂရီများ စံချိန်တင်မြင့်တက်လာမှုကြောင့် ပြည်နယ်နှင့် တိုင်းများတို့ရှိ ရေတွင်း/ကန်များခန်းခြောက်ကာ မြန်မာပြည်သူ/သားများ သောက်သုံးရေ ပြတ်လပ် ရှားပါးမှုဒဏ်ကို ပြည်နယ်နှင့်တိုင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ဒေသများရှိ ရေဒုက္ခသည်များအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း မိမိတို့ တတ်စွမ်းသရွေ့ အသင်းသူ/သားများ၊ ဒေသခံ လူမှုရေးသမားများနှင့် ပူးပေါင်းကာ ရေတိုလုပ်ငန်းအဖြစ် အရေးပေါ်လိုအပ်နေသော သောက်သုံးရေ တို့ကို ပေးဝေလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသလို ရေရှည်လုပ်ငန်းအဖြစ်လည်း အ၀ီစိတွင်းများ တူးဖော် ခြင်းနှင့်  ရေလှောင်အုတ်ကန်/ ရေကန်များ တည်ဆောက်လုပ်ခြင်း များကိုလည်း “အများပြည်သူ အတွက် အများပြည်သူကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)”ဟု ကဗျည်းရေးထိုးပြီး မြန်မာလူမျိုး အချင်းချင်း ရိုင်းပင်းကူညီ၊ ပံ့ပိုးဖေးမ လှူဒါန်းဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပါသည်။  

အရေးပေါ် သောက်သုံးရေပေးဝေလှူဒါန်းမှု (ရေတို စီမံကိန်း)
Ø  ကျေးရွာပေါင်း                                                                 ၂၆ ရွာ
Ø  ရေဂါလံပေါင်း                                                            ၆၈၀၀၀ ဂါလံ
အ၀ီစိတွင်း/အုတ်ရေလှောင်ကန် တူးဖော်တည်ဆောက်လှူဒါန်းမှု (ရေရှည် စီမံကိန်း)
Ø  အ၀ီစိရေတွင်းနှင့် အုတ်ရေလှောင်ကန်စုစုပေါင်း                        ၃၀ တွင်း           

၂၀၁၀ ခုနှစ် တစ်နှစ်တာအတွင်း တိုးချဲ့မှုများ
Ø  သုခအလင်း စာကြည့်တိုက် (ဖေဖော်ဝါရီလ၊ ၁၃ ရက်) ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
(စတင်ဖွင့်လှစ်စဉ် အချိန်ကာလ၌ စာအုပ်ပေါင်း ၁၀၀၀၊ ယခု အချိန်ကာလတွင် စာအုပ်ပေါင်း ၃၀၀၀ ကျော်)
သုခအလင်း စာကြည့်တိုက်တွင်ရှိသော စာအုပ်၊ စာစောင်အချို့အား ပညာဒါနအဖြစ် (ပြည်မြို့၊ ရတနာမဉ္ဇူ ပရဟိတဂေဟာ၊ စစ်ကိုင်းတိုင်း၊ သခွတ်ပင်လယ်ကျေးရွာရှိ ပညာရတနာ စာကြည့်တိုက်၊ ပဲခူးမြို့၊ မှော်ကန်လမ်းရှိ COSMO POLITAN စာကြည့်တိုက်၊ နတ်မောက်မြို့ရှိ ကျေးရွာစာကြည့်တိုက်၊ ချင်းပြည်နယ်၊ ချင်းတောင်တန်းစာကြည့်တိုက်များသို့ တစ်ဆင့် လှူဒါန်းပေးခဲ့ပါသည်။
  ဓါတ်မှန်ခန်း အဆောက်အဦ (ဇွန်လ၊ ၁၉ ရက်) ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
(တစ်ပါတ်လျှင် ၃ ရက် - အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် ဖွင့်လှစ်ရိုက်ကူး ပေးလျှက်ရှိသည်။)
   လူနာနားနေဆောင် (ဇူလိုင်လ၊ ၁၇ ရက်) နေ့တွင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါး လာရောက် ကုသကြသော လူနာများ သက်တောင့်သက်သာ နားနေရန်အတွက် ဖွင့်လှစ်ခဲ့သည်။
သုခကုသိုလ်ဖြစ်ဆေးခန်းမှ ဆေးရုံသုံး လူနာကုတင်များ၊ လက်တွန်းလှည်းထိုင်ခုံများ၊ ချိုင်းထောက်များ၊ အောက်ဆီဂျင်အိုးများ၊ သွေးများကို လိုအပ်သော လူနာများအား လှူဒါန်းခြင်း၊ ငှါးရမ်းခြင်းတို့ကို နေ့စဉ် အခမဲ့ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

    သုခအာဟာရ စားသောက်ဆိုင် (သြဂုတ်လ၊ ၂၉ ရက်) နေ့တွင် လုပ်အားပေး အသင်းသူ/သား များ၊ လူနာများ၊ လူနာရှင်များ၊ အလှူရှင်ဧည့်သည်များ ဈေးနှုန်းသက်သာစွာဖြင့် သန့်ရှင်းစွာ သုံးဆောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့သည်။
    မော်တော်ယာဉ်စက်ပြင်အဆောက်အဦ (စက်တင်ဘာလ၊ ၂၅ ရက်) နေ့တွင် ဖွင့်လှစ်ပေး ခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့ (သြဂုတ်လ၊ ၁၈ ရက်) နေ့မှ စတင်၍ နာရေး ပို့ဆောင်ရာ၌ သံဝေဂအလင်္ကာများ ရွတ်ဆိုသော ၀တ်ရွတ်အဖွဲ့ကိုပါ တိုးချဲ့ဖွဲ့စည်း ဖွင့်လှစ် နိုင်ခဲ့ပါသည်။
နာရေးဈာပန အဆောက်အဦ (သြဂုတ်လ၊ ၁၆ ရက်) နေ့မှစတင်၍ အုတ်မြစ်ချ ဆောက်လုပ်ခ ရာ ယင်းအဆောက်အဦးတွင် ဈာပနပို့ဆောင်ရေးရုံးခန်း၊ နာရေးကူညီမှုအသင်းရုံးခန်း၊ စာကြည့်တိုက်နှင့်တကွ လူမှုရေးသင်တန်းများ၊ ပညာရေးသင်တန်းများကို ထပ်မံတိုးချဲ့ သင်ကြားနိုင်ရန်အတွက် ရည်ရွယ်၍ ဆောက်လုပ်ဆဲဖြစ်သည်။
မျက်စိခွဲစိပ်ခန်း သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ကုသနေကြသော မျက်စိဝေဒနာရှင် များအား ခွဲစိပ်ကုသမှုလိုအပ်ပါက သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ခွဲစိပ်ကုသပေးနိုင်ရန်အတွက် တိုးချဲ့ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိပြီး ခွဲစိပ်ကိရိယာများအား ဂျပန်နိုင်ငံမှ မှာယူတင်သွင်းရာ၌ (၂) လ ခန့်ကြာမြင့်မည် ဖြစ်ပါ၍ ဧပြီလ အတွင်းတွင် မျက်စိဝေဒနာရှင်များအား ခွဲစိပ်ကုသပေး မှုများ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။

ဖွင့်လှစ်ခဲ့သည့် သင်တန်းများ

      ပညာရေး
မျိုးဆက်သစ်လူငယ်များ ကလေးများအတွက်လည်း အင်္ဂလိပ်စာ အခြေခံသင်တန်း၊ အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းများကိုလည်း ပညာရည်မြင့်တင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ထားခဲ့သည်။
       ပန်းချီသင်တန်း
လူကြီး/လူငယ် ပန်းချီပညာရပ်ကို ၀ါသနာပါသူတို့အတွက် ပန်းချီဆရာကြီး ဦးဝင်းကြည် ဦးစီး၍ ပန်းချီပညာရှင်များ လာရောက်သင်ကြားမှုများ ပြုလုပ်ပေးလျှက်ရှိသည်။
       လူမှုရေးသင်တန်း
အသင်းဝင်လျှောက်ထားသော အသင်းသား/သူသစ်များအား အပါတ်စဉ် နာရေး၊ ဆေးကူညီမှု၊ လူမှုဆက်ဆံရေးတို့အပြင် ဓါတ်ပုံရိုက်သင်တန်းများပါ စာတွေ့/လက်တွေ့ သင်ကြားပို့ချ ပေးလျှက်ရှိသည်။ ထို့ပြင် သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် ပါတ်သက်သော သင်တန်း များနှင့် သဘာဝသီးနှံတို့ဖြင့် ဖော်စပ်သော ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်တို့ ထုတ်လုပ်ပုံ ထုတ်လုပ်နည်းများကိုလည်း အခါအားလျှော်စွာ သင်ကြားပို့ချလျှက်ရှိသည်။
       နာရေးပို့ဆောင်မှု အလှူ
မင်းလှမြို့ နာရေးကူညီမှုအသင်း အပါအ၀င် မြန်မာနိုင်ငံအရပ်ရပ်မှ နာရေးကူုညီမှုအသင်း များမှ အသုံးပြုရန် လိုအပ်နေသော အလူမီနီယမ်အခေါင်းများ၊ စတီးဗန်းများအပြင် နာရေး လက်တွန်းလှည်းယာဉ်တို့ကိုပါ အခါအားလျှော်စွာ လှူဒါန်းဒါနပြုခဲ့သည်။
          အချုပ်ဆိုရသော နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းစသည့် လူမှုရေး လုပ်ငန်းစဉ် အ၀၀တို့ကို ယခုကဲ့သို့ တိုးချဲ့ဖွင့်လှစ် ကုသဖေးမမှုများ ပြုလုပ်နိုင်ခြင်းသည် ပြည်တွင်း/ပ မှ သဒ္ဒါတရား နည်းများမဆို လှူဒါန်းကြသော အလှူရှင်များ၏ စေတနာ မေတ္တာ ဂရုဏာ မုဒိတာ တို့ကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် အများပြည်သူတို့၏ လှူဒါန်းမှုတို့ဖြင့် အများပြည်သူတို့အား ကူညီဖေးမ ကယ်တင်မှုများကို ပေးဆပ်နိုင်ခြင်းပင် ဖြစ်တော့သည်။
          ကျွန်တော်တို့ရေးသားပေးပို့သော “၂၀၁၀ ပေးဆပ်မှုများ” ဆိုတဲ့ ခေါင်းစီးတွင် အောက် ဖော်ပြ ပါ အ၀ီစိတွင်း/အုတ်ရေလှောင်ကန် တူးဖော်တည်ဆောက်လှူဒါန်းမှု (ရေရှည် စီမံကိန်း)အပိုင်းတွင် စုစုပေါင်းအရေအတွက်သာရေးသားခဲ့ပါသည်။ သို့ပါ၍ -
အ၀ီစိရေတွင်းနှင့် အုတ်ရေလှောင်ကန်စုစုပေါင်း        ၃၀ တွင်း  တူးဖော်လှူဒါန်းပြီး ဖြစ်ပါသည်။
ဆိုသည့် စာအောက်တွင် ထပ်မံ၍ အ၀ီစိရေတွင်း/ အုတ်ရေကန်များ လှူဒါန်းခဲ့သော မြို့၊ ကျေးရွာဒေသတို့အား ပြန်လည်၍ တိုးထည့်ချင်ပါသည်။
အ၀ီစိတွင်းများနှင့် အုတ်ရေလှောင်ကန်များတူးဖော်တည်ဆောက်ခဲ့သည့် ကျေးရွာများမှာ -
ပဲခူးတိုင်း၊ က၀မြို့နယ် (ကျေးရွာ ၁၁ ရွာ)
ခနာကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ ပြည်တော်သာကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ ခနီးကျေးရွာ၊ သပြေကန်ကျေးရွာ၊ ဇွဲကိုက်ကျေးရွာ၊ သပြုကျေးရွာ၊ သခွတ်ကန်ကျေးရွာ
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ (ကျေးရွာ၊ နေရာ ၁၂ နာရာ)
သဲကုန်းမြို့နယ် - ကျူတောကျေးရွာ၊ ဇီးကုန်းလေးရွာ၊ သက်ကယ်ချင်းကုန်း
ပန်းတောင်းနယ် - မကျည်းစုကျေးရွာ၊ ရွှေမုဋ္ဌောဘုန်းတော်ကြီးကျောင်း
န၀ဒေးနယ်မြေ - ရွှေပေါက်ပင်ဘုန်းကြီးကျောင်း၊ ဆင်ဂေါင်းကျေးရွာ
ပုတီးကုန်းမြို့နယ် - ချောင်းကမ်းလေး
ပေါက်ခေါင်းမြို့နယ် - သီးကုန်းကျေးရွာ၊ ကျောက်ပြင်သာကျေးရွာ၊ ဖလံပင်ကျေးရွာ၊ ဆီဆုံကျေးရွာ
ရန်ကုန်တိုင်း (ကျေးရွာ၊ နေရာ ၅ နေရာ)
ဒလမြို့နယ် - ဓနိတောကျေးရွာ၊ ထော်အောက်ကျေးရွာ
ဗညားဒလရပ်ကွက် - မစိုးရိမ်ဘုန်းကြီးကျောင်း၊ စံပြကျေးရွာ၊ တံတားချောင်းကျေးရွာ
မကွေးတိုင်း၊ နတ်မောက်မြို့နယ် - ပင်ဂွေးချို ( ကျေးရွာ ၁ ရွာ)
ရှမ်းပြည်နယ်၊ အင်းလေးဒေသ - ရေသာဘုရားကျိန်းကျောင်း (နေရာ ၁ နေရာ)
စသည့် ကျေးရွာတို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ အ၀ီစိရေတွင်း/ အုတ်ရေလှောင်ကန်များသွားရောက်လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
 

ဗိုလ်ချုပ်အောင်ဆန်းညွှန်ပြသည့်လွတ်လပ်ရေးအဓိပ္ပါယ်ဖွင့်ဆိုချက်

"လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ကျွန်တော် ရှင်းခဲ့ချင်တယ်။
ဘာဖြစ်လို့လဲ ဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ် ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးပြသလဲ ဆိုရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း ပေါက်လာကြတော့မလို ခင်ဗျားတို့ ထင်ကြတဲ့ သူတွေ များကြတယ်။
တချို့ကလဲ လွတ်လပ်ရေး ရပြီ ဆိုပြီးတော့ ဘာလုပ်ချင်သလဲ ဆိုတော့ ကျွန်တော် အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။
ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး... ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေး ရတုန်းက... အဲဒီတုန်းက ဆိုလို့ရှိရင် လွတ်လပ်ရေး ရပြီဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျွန်တော်တွေ့ခဲ့တယ်။
ဘာတွေ့သလဲ ဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။ ဟာ... လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့ လူတကာ သွားတဲ့ လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေ လှန်းကြတယ်။ ဒီတော့ လမ်းသွားလမ်းလာ လုပ်တဲ့သူတွေ အတော်ခွကျတယ်။ အဲဒါလွတ်လပ်ရေးမဟုတ်ဘူး"
"လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေး ဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့ နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးတဲ့"
"ပဒေသာပင် ပေါက်အောင် ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ် ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။
အဲဒီတော့ လွတ်လပ်ရေးပင် ရသော်ရငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့ မထမ်းဆောင်ချင်ဘူး ဆိုရင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာပဲ"
"စကား ခပ်ရိုင်းရိုင်း ပြောရမယ် ဆိုရင် အတော့်ကို ကြိုးစားနိုင်မှ လုပ်နိုင်မှ... အတော့်ကို ကုန်းနိုင်မှ ရုန်းနိုင်မှ အနှစ် နှစ်ဆယ်လောက် ရှိတဲ့ အခါမှာ တော်ကာကျမယ်။
ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညက စပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ် လုပ်ရမှာ ဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် အခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ငါးလှမ်း ဆယ်လှမ်း လိုက်လှမ်းနိုင်မှ...
အဲဒီကို လိုက်နိုင်တဲ့ အခါကျမှ နောက်ဆယ်နှစ် အနှစ် နှစ်ဆယ်တန်သည် အားဖြင့် အဲလို ညီတူ တန်းတူ ဖြစ်သွားမယ်။ တန်းတူ ညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟိုလူမြင်တဲ့ အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရနဲ့ ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ ခင်ဗျားတို့ကို အတိအလင်း နားလည်ထား စေချင်တယ်။


ဗိုလ်ချုပ်အောင်ဆန်း
 

Daw Aung San Suu Kyi sees role as facilitator of network for Myanmar democracy

Daw Aung San Suu Kyi sees role as facilitator of network for Myanmar democracy
Suu Kyi sees role as facilitator of network for Myanmar democracy
Dec 2, 2010, 5:17 GMT

      Singapore - Myanmar democracy icon Aung San Suu Kyi said she wanted to act as a facilitator for an international network to promote democracy in her military-ruled country, a Singapore news report said Thursday.
The 65-year-old Nobel Peace laureate, who spent 15 of the past 20 years in detention, was released from her latest house arrest on November 13.
The international community should cooperate more closely to support democracy in Myanmar, Suu Kyi said in a telephone interview with the Straits Times.
'That's what I want to do at the moment. I see that as my role - as a facilitator of such a network,' she said, adding that it could include the United States, the European Union, the Association of South-East Asian Nations and other Asian countries.
'If they could coordinate their efforts, I think it would help the process of democratisation in Burma greatly,' she told the newspaper, using the old name for Myanmar.
She said she still believed in continuing a peaceful dialogue to engage Myanmar's military junta, who staged and won the country's first elections in two decades a few days before her release.
However, there had not been much progress 'in the sense we haven't heard anything from them,' Suu Kyi said. 'We will have to make them understand that there is a need for change,' she was quoted as saying.
Suu Kyi reiterated that she did not aspire to political office. 'What I aspire to is to establish a strong and lasting democratic system in Burma,' she said. 'I don't think it is important who is president if the democratic institutions are genuine and strong and in place,' she said.
'Change has to come from the people and there is nothing more important than a change in which people think,' the opposition leader said.
'First of all, we have to make them understand that their power lies in unity, that it lies in their ability to communicate with each other and to be able to make their hopes and aspirations felt by (the authorities),' Suu Kyi said. 
http://www.monstersandcritics.com/news/asiapacific/news/article_1602854.php/Suu-Kyi-sees-role-as-facilitator-of-network-for-Myanmar-democracy
 

Former first lady Laura Bush speaks by phone to Pro-democracy leader Daw Aung San Suu Kyi

APNewsBreak: Laura Bush speaks by phone to Suu Kyi

Updated: Dec 17, 2010 - 13:27PM 
Jamie Stengle
AP
DALLAS -Former first lady Laura Bush, a longtime advocate for free elections in Myanmar, spoke for the first time Friday with the isolated Asian country's pro-democracy leader Aung San Suu Kyi, who was released last month after more than seven years of house arrest.

Bush told The Associated Press that "it was thrilling" to finally get to speak to Suu Kyi by phone.

"I was especially happy to hear how strong her voice was and how enthusiastic," Bush said.

Suu Kyi, who won the 1991 Nobel Peace prize for her nonviolent struggle for democracy, was first arrested by Myanmar's military junta in 1989 and has spent 15 of the past 21 years in detention.

Bush, the wife of former President George W. Bush, has advocated for free elections in Myanmar, also known as Burma, and has spoken out many times about Suu Kyi's plight, raising the issue at United Nations meetings and with U.S. senators.

Bush said Suu Kyi told her that during her house arrest, she listened to the Voice of America on the radio and was aware of how much support she had around the world. She said she also knew of a 2008 visit Bush and her daughter, Barbara, made to a refugee camp in Thailand for political refugees from Myanmar.

"She was very forthcoming but we both assumed the call was bugged. She was circumspect and so was I," Bush said.

Suu Kyi's release last month came a week after Myanmar's first election in 20 years, which was widely seen as a sham. The 1990 election was won in a landslide by Suu Kyi's National League for Democracy party, but the military refused to hand over power and instead clamped down on its opponents.

Bush said that it appears that the government is allowing Suu Kyi to conduct the meetings and phone calls she wants.

"I hope I'll have the chance to speak with her again," Bush said. "I hope that someday we'll have the chance to meet face to face."

The former first lady said she also told Suu Kyi about an effort by the George W. Bush Presidential Center to be a repository for the papers and oral histories of political dissidents struggling to spread democracy. Bush said Suu Kyi was receptive to the idea of one day being interviewed for the project.

The center, which will be made up of a presidential library, museum and policy institute, is set to open in February 2013 on the campus of Southern Methodist University in Dallas, the city George and Laura Bush moved to after he left office in 2009.
 

Burma needs change, not words: Min Ko Naing

Burma needs change, not words: Min Ko Naing

      Jan 12, 2007 (DVB)—88 Generation Students group leader Min Ko Naing told DVB in an interview after his release from prison yesterday that Burmese people needed more than empty political promises.
The well-known activist and former student leader said government slogans and statistics on development were not enough and that the public wanted real change.
“[The public] just wants a way out of all these various hardships. They want a change. They want to overcome this situation which is going no where with these political words,” Min Ko Naing said.
“We do understand that's the true will of our people . . . we vow here that we will continue working putting all physical and intellectual efforts we can,” he said.
Five members of the 88 Generation Students group—Min Ko Naing, Ko Ko Gyi, Htay Kywe, Min Zaya and Pyone Cho—were released by the Burmese military in the early hours of yesterday morning after more than three and-a-half months detention.
The five men were not charged and were released unconditionally, according to Ko Ko Gyi who told DVB in a separate interview that he was encouraged by the results of several political campaigns launched by the 88 Generation Students during his time in prison.
“The importance is, as those [campaigns] search for the peaceful ways where the public can peacefully join in politics, it’s the exact same attitude we all had, since before our detention,” Ko Ko Gyi said.
Min Ko Naing said he was “very satisfied” with the results from the recent Signature, Open Heart and Tuesday Prayer campaigns and said he felt deep appreciation for everyone who participated.
“We feel so happy to hear all those people and organizations from different places put in their effort . . . We would like to say we appreciate and thank their work,” he said.
Before they were arrested, the five men had been repeatedly accused by authorities of plotting terrorist attacks in Burma. All five had spent time in prison previously.
While analysts have said the men were clearly detained to stop them continuing their political activities, there has been some debate over whether internal or external political pressure led to their release.
 

ကျွန်စိတ်ကိုဖျောက်ကြလော့

ကျွန်စိတ်ကိုဖျောက်ကြလော့
ကြီးပွားရေးမဂ္ဂဇင်း၊ အတွဲ-၄၊ အမှတ်-၆၊ မတ်လ၊ ၁၉၃၆ ခု။
                “မိတ်ဆွေ … မြန်မာနိုင်ငံကြီး လွတ်လပ်ကောင်းစားချင်သလား” ဟုမေးလျှင် “ဟုတ်ပါတယ်” ဟု ဖြေဆိုပေလိမ့်မည်။ သို့ဖြစ်လျှင် “ကျွန်စိတ်ကို ဖျောက်၊ ကျွန်နံ့ကို ခဝါချ၊ ကျွန်ဘဝကို အသေသတ်လိုက်” ဟု တိုက်တွန်းလို၏။ ထိုသို့ဆိုရာ၌ “ကျွန်စိတ်” ဟူသောအဓိပ္ပာယ်ကို အနည်းငယ်ရှင်းလို၏။ ကျွန်စိတ်ဆိုသည်မှာ အစိုးရ လခစား၊ သူဌေးသူကြွယ်တို့၏ လခစားလုပ်ကိုင်နေသူများကို ဆိုလိုသည်မဟုတ်။ ဘာမဆို သူများ အောက်ကျ နောက်ကျခံပြီးလျှင် မှားမှားမှန်မှန် အမြီးကုတ်ကာ နားရွက်မလှုပ်ဝံ့ဘဲ ခေါင်းငုံ့ခံသော စိတ်မျိုးကိုဆိုလို၏။ ရှေးအခါက ငွေဝယ်ကျွန်များမှာ သခင်ခိုင်းစေရာ လုပ်ရ၏။ သခင်ထားရာက နေရ၏။ မှားမှားမှန်မှန် ဘာမျှမပြောဝံ့။ ပြောလျှင် နားရင်းတီးခံရမည်။ ပါး အချခံရမည်။ ခြေနှင့် အကန်ခံရမည် မလွဲတည်း။ ဤကဲ့သို့ မှားမှားမှန်မှန် ဘာမျှမပြောဝံ့၊ မဆိုဝံ့၊ မလုပ်ဝံ့၊ ဆိုင်ရာသခင်ကြီးများအလိုအတိုင်း လုပ်ကိုင်နေထိုင်သော လူမျိုးကိုသာလျှင် “ကျွန် စိတ်ရှိသောလူမျိုး” ဟု ကျွန်ုပ်တို့ ယူဆရေးသားခြင်းဖြစ်ပါ၏။
ဤကဲ့သို့ ကျွန်စိတ်အစွဲနာခြင်းသည် လောက၌ အဆိုးရွားဆုံးဖြစ်၍ မိမိ၏ပင်ကိုယ်စိတ်သည် အထွတ်အထိပ်သို့ ရောက်နိုင်ပါလျက် လွတ်မြောက်အောင်မကြံ၊ သခင်ကြီးလက်အောက်ခံ တန်ခိုးကြီးသော ကျွန်အကြီးစားမျိုးနှင့်သာ နေလိုကြ၏။ ရှေးအခါက မေဏ္ဍက သူဌေးအလောင်းသည် သူကြွယ်မျိုး၌ဖြစ်ရာ ငတ်မွတ်ခေါင်းပါးကြစဉ် အစားအသောက် အလွန်ချွေတာသုံးစွဲနေရာက ပစ္စေကဗုဒ္ဓါအား ဆွမ်းကပ်လှူ၏။ ဆုအမျိုးမျိုး တောင်း၏။
ထိုသူကြွယ်၏အိမ်၌ ကျွန်တယောက်သည်လည်း ကုသိုလ်ပြုရာ၌ပါဝင်သူတဦးဖြစ်သဖြင့် အကယ်၍ “ဘုရားတပည့်တော်သည် ဤကုသိုလ်ကောင်းမှုကြောင့် ဘဝဆက်တိုင်းသူ့ကျွန်မဖြစ်ရဘဲ လွတ်လပ်ချမ်းသာ ကြွယ်ဝသော သူတဦးဖြစ်ရပါစေသား” ဟု တောင်းလျှင် ရမည်သာတည်း။ သို့ရာတွင် ကျွန် စိတ်အစွဲနာသောကျွန်မှာ “ဘုရားတပည့်တော်သည် ဤကောင်းမှုကြောင့် ဖြစ်လေရာဘဝမှာ ဤသခင်၏အိမ်၌ ကျွန်အကြီးစားဖြစ်၍ လယ်ထွန်သောအခါ ထွန်သွားများတကြောင်းထွန်လျှင် အကြောင်းများစွာကွဲ၍ ခဏချင်း ပြီးနိုင်သူဖြစ်ရပါ၏” ဟု ဆုတောင်း၏။
ဤကဲ့သို့ ကျွန်မျိုးကို ကြားသိရသူတို့မှာ ရယ်ချင်ကြပေလိမ့်မည်။ သို့ရာတွင် ထိုရယ်ကြသူ များအနက် ကျွန်စိတ်၊ ကျွန်နံ့ နံသူများ ဘယ်နှစ်ဦးပါလေမည်ကို စဉ်းစားကြစေချင်၏။ ကျွန်ုပ်တို့သည် ကျွန် စိတ်မပျောက်သ၍ လွတ်လပ်ခွင့် ဘယ်အခါမျှမရ။ နိုင်ငံဘယ်အခါမျှ မကောင်းစားနိုင်ဟု တထစ်ချ ယုံကြည်ရမည်။ ကျွန်ုပ်စိတ်ကို အမြဲဖျောက်ဖျက်ရမည်။
တဖန်အစိုးရလခစားများကို ကျွန်စိတ်အဘယ်နည်းနှင့်ဖျောက်ဖျက်မည်နည်းဟု သိလိုကြပေလိမ့်မည်။ ကျွန်ုပ် အယူအဆအားဖြင့် တစုံတရာ အခကြေးငွေကိုယူ၍ မိမိတတ်ကျွမ်းသောပညာဖြင့် စာရေး၊ စာချီ၊ မြို့အုပ်၊ ဝန်ထောက် လုပ်ရုံမျှလုပ်ကိုင်နေသူတို့ကို ကျွန်ဟု မဆိုချင်သေး။ မည်သူမဆို မိမိတတ်ကျွမ်းသောပညာဖြင့် မိမိဆိုင်ရာ အလုပ်ကို လုပ်ရစမြဲပင်။ အချိန်ကန့်သတ်ခြင်း၊ တာဝန်ရှိခြင်းတို့ကြောင့် ကျွန်ဟုဆိုခြင်းကိုလည်း သဘောမတူချေ။
သို့ရာတွင် မိမိ၌ သိနားလည်သောစည်းကမ်းနည်းလမ်းမှလွဲဖယ်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ခိုင်းစေသောအခါ “ငါ ဒါကို မလိုက်နာရင် ငါ့ထမင်းအိုးတော့ ကွဲတော့မှာပဲ။ မှားတာမှန်တာ အပထား လုပ်မှပဲ” ဟု ဇွတ်မှိတ်လုပ်ကိုင်သောလူမျိုးသာ ရှေးက ငွေဝယ်ကျွန်နှင့်တစ်စားတည်းဖြစ်သောကြောင့် ကျွန်စိတ်ဟု ဆိုလိုခြင်းဖြစ်၏။ ဤနေရာ၌ ကျွန်နှင့်အစေခံ၏ အဓိပ္ပာယ်ကို သတိပြုပါ။
ယခုအခါ၌ အစိုးရလခစားထဲမှ တိုင်းပြည်အကျိုးရှိရာရှိကြောင်းတွင် အစိုးရက ဥပဒေတစုံတရာ တားမြစ်ခြင်း မရှိဘဲ လုပ်ကိုင်နိုင်သော လုပ်ငန်းပေါင်းများစွာ ရှိ၏။ ဥပမာ လူငယ်များကြီးပွားရေးအသင်း၊ နိုင်ငံကာကွယ်ရေး ရဲတပ်ကိစ္စ၊ စာကြည့်ပိဋကတ်တိုက်၊ ကျေးလက်ပြုပြင်ရေး စသည်ဖြင့် များပြားလှစွာ၏။ ထိုသို့လခစားထဲမှအချို့မှာ ဝါသနာပါ၏။ သို့ရာတွင် “ငါ ဒီလိုလုပ်လိုက်ရင် ငါ့ကို အထက်လူကြီး ငြိုငြင်လေမလား၊ ဒီနည်းနဲ့ မလုပ်နိုင်ပေမယ့် အခြားနည်းနဲ့ ညှဉ်းဆဲခြင်းခံရလေမလား” ဟူသော စိတ်ညံ့များဝင်လာသဖြင့် ဘာမျှမလုပ်ရဲတော့ပေ။ ထိုထို ကောင်းရာကောင်းကြောင်း လုပ်ကိုင်နေသောသူများအား မတရားအနှောင့်အယှက် ပေးလေ့ရှိသော ပုလိပ်များမှာမူ ဆိုဖွယ်မရှိပေ။ ၎င်းတို့ဆိုင်ရာ သခင်ကြီးများ မျက်နှာရစေခြင်းငှာ အလွန်ရင့်သန်သော ကျွန်စိတ်ဖြင့် ပြုလုပ်ခြင်းမျှသာဖြစ်သောကြောင့် စာရင်းသွင်းရန် ပင်လိုတော့မည် မဟုတ်ချေ။
ရုံးပြာတာက စာရေးကိုကြောက်ရ၊ စာရေးက မြို့အုပ်ကိုကြောက်ရ၊ မြို့အုပ်က ဝန်ထောက်၊ ဝန်ထောက်က အရေးပိုင်၊ အရေးပိုင်က မင်းကြီး စသည်ဖြင့် အသီးသီးကြောက်နေရ၍ တဦးမျက်နှာကဲ တဦးကြည့်ကာ တဦးအလိုတဦး လိုက်၍လုပ်ကိုင်နေကြရသော ကျွန်ုပ်တို့မြန်မာပြည်၏ အခြေအနေသည် အဘယ်များမှ လွတ်လပ်သောစိတ်များ ပေါ်ပေါက်ပါမည်နည်း။
အလုပ်တိုက်ကြီးများ၊ ဒေသန္တရအဖွဲ့များတွင်လည်း ထိုနည်းအတူ ကြီးနိုင်ငယ်ညှဉ်းဆဲဖြစ်၍ နေကြ၏။ လက်အောက်ငယ်သားတို့မှာလည်း ခေါင်းမထောင်ဝံ့ကြချေ။ ပုလိပ်ဘက်တွင်ကား ဆိုဖွယ်မရှိ။ ကျွန်ုပ်ဆိုလိုရင်း မှာ “စည်းကမ်းထက်လွန်၍ နိုင်ချင်စိတ်နှင့် မတရားစီမံခန့်ခွဲသမျှ ခေါင်းငုံ့မခံ၊ ယခုငတ်သေပေ့စေ” ဟူသော ခေါင်းမာသည့် စိတ်မျိုးထားကြမှ ကျွန်စိတ်ပျောက်မည်ဖြစ်ပါသတည်း။
ကျွန်ဝယ်ရာ အဆစ်ပါသကဲ့သို့ လွတ်လပ်သောအရပ်သား၊ ကုန်သည် စသည်တို့တွင်လည်း အစိုးရ အစေခံ၊ မြို့အုပ်၊ ဝန်ထောက် စသည်တို့ကို “ဘုရားပါဘုရား” ထူးလျက် ကျွန်မျက်နှာကလေးနှင့် ပြုမူ၍နေလေ့ရှိကြ၏။ ထိုစိတ်မျိုး သည် အခြားမဟုတ်။ တန်ခိုးအာဏာရှိသူတဦးနှင့်သင့်လျှင် ဘယ်လို၊ မသင့်လျှင် ဘယ့်နှယ် စသည်ဖြင့် သွေးကြောင်ခြင်း ကျွန်စိတ်အစွဲလွန်ခြင်းတို့ကြောင့် မျက်နှာပျားရည်သုတ်ကြခြင်း ဖြစ်တော့၏။ သာမန်စဉ်းစားသော် အရေးမကြီးဟု ထင်ရသော်လည်း ထိုကိစ္စမှာ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နေထိုင်ကြသော လူများအတွက် အထူးရှက်ဖွယ်ကောင်း၍ သတ္တိနည်းရာ၊ နားမလည်ရာသို့ ကျရောက်နေတော့၏။
သာ၍ ရယ်စရာကောင်းခြင်းကား လွတ်လပ်ရေးကို အော်ဟစ်နေကြသော သတင်းစာတိုက်မှ သတင်းထောက်များဖြစ်၏။ ၎င်းတို့သတင်းစာတွင် မင်းပြောင်းမင်းလွှဲဟု ခေါင်းတပ်လျက် ဘာမဟုတ်သော မြို့အုပ်၊ ဝန်ထောက်၊ အရေးပိုင်လောက်နယ်ပြောင်းသည်ကို တဆိတ် တအိတ်ချဲ့ထွင် ရေးသားကြခြင်းဖြစ်၏။ အစိုးရအမှုထမ်းမှန်သမျှ ပြောင်းရွှေ့ရမည်ဓမ္မတာ။ သို့ရာတွင် သတင်းထောက်မှာ မိမိနေသော မြို့ရွာဆိုင်ရာ အရာရှိများထံတွင် မျက်နှာလိုခြင်း၊ ဒီအရာရှိတွေနှင့်မသင့်လျှင် ငါ့မှာဘယ်လိုဟု ကျွန်စိတ်နှင့် တွေးလန့်ခြင်းတို့ကြောင့် ပြုမူခြင်းဖြစ်ကြ၏။
ဤကဲ့သို့ လွတ်လပ်စွာနေသူများကလည်း လွတ်လပ်စွာနေသူများကလည်း ကျွန်စိတ်မွေး၍ တဦးအပေါ်တဦး တန်ခိုးကြီးရာ နိုင်နင်းရာတွင် အောက်ကျခံခြင်း စသော စိတ်တို့သည် တနေ့တခြား ရင့်သန်လာခဲ့သော် ထိုလူမျိုးများမှပေါက်ဖွားလာသော သားပေါက်ကလေးတွေလက်ထက်တွင် တိုင်းပြည် မည်ကဲ့သို့ ကောင်းစားနိုင်တော့မည်နည်း။
အချုပ်ဖော်ပြခဲ့သည့်အတိုင်း ကျွန်စိတ်မရှိသောလူများ မြန်မာပြည်တွင်မရှိမဟုတ် ရှိသည်သာတည်း။ ထိုလူမျိုးမှာ တဦးတလေသာဖြစ်သောကြောင့် မိမိဆိုင်ရာတွင် ကြီးပွားသင့်သလောက် မကြီးပွားတော့ဘဲ အများကလည်း “ဒီ့အကောင့်ကိုက တယ်ခေါင်းမာတာပဲ၊ ဘယ်ရမလဲ၊ သူ့အလုပ်လုပ်ရင် သူ့စကား နားထောင်ရမှာပေါ့။ သူ့ကို ရိုသေရမှာပေါ့၊ လူအောက်ဝင်လို့ လူပိမသေပါဘူး” စသော ကျွန်စိတ်၊ ကျွန်စကားတို့ဖြင့် ကဲ့ရဲ့ခံရ သေး၏။ သို့ရာတွင် ကျွန်စိတ်ဖျောက်လိုသောမိတ်ဆွေတို့မှာ အများကိုဂရုမစိုက်ဘဲ မှန်သည်ထင်က အသက်သေသည့်တိုင်အောင် လုပ်ရဲသော စိတ်ကိုမွေးမြူ၍ လုပ်ကိုင်ကြရန် တိုက်တွန်းလိုက်ပါ၏။
ကျွန်ုပ်တို့တိုင်းပြည်တွင် တဦးကိုတဦး အချင်းချင်း အထက်ဖော်ပြပါအတိုင်း ကျွန်စိတ်နှင့် အသုံးတော်ခံ၍ နေလေ့ရှိကြရာ တကယ် သခင်လည်းဖြစ်၊ သခင်စိတ်နှင့်လည်း အုပ်စိုးနေသော လူမျိုးခြားလက်အောက်က ရုန်းထွက်ဖို့ အထူးခက်ခဲ၍ နေပေတော့သည်။ ကျွန်ုပ်တို့နိုင်ငံက မလွတ်လပ်ခြင်းမှာ အဘယ်ကြောင့်ဖြစ်တော့သည်ဟု အတတ်ဆိုရ ချေတော့မည်။
ငွေဝယ်ကျွန်သည် သခင်ကိုမော့မကြည့်ဝံ့။ ဆင်မည်းသည် ဆင်ဖြူနှင့် မျက်နှာချင်း မဆိုင်ဝံ့။ တော်လှန်ရန် မည်သို့တတ်နိုင်မည်နည်း။ ဤကဲ့သို့အမျိုးနှင့်ချီ၍ ကျွန်စိတ်အစွဲနာသူတွေ ပေါများသောကြောင့်လည်း ကျွန်ုပ်တို့လူမျိုးအား မည်သူမျှ လေးစားရှိသေခြင်း မရှိကြတော့ချေ။
နောက်ဆုံး၌ အုပ်ချုပ်ရေးအသစ် ဝန်ကြီးချုပ်ရာထူးတည်းဟူသော ပျားရည်နှင့်ဝမ်းချခြင်းကိုပင် ကောင်စီဝင်နွှဲသော မသာပွဲဖြင့် နိုင်ငံရေးဇာတ်ကြီးကို ခင်း၍နေကြတော့၏။ ထိုသို့ဖြစ်ရသည်မှာလည်း ငါတို့လူမျိုးသည် မဟန်သေး။ အခြား ဘာမှမတတ်နိုင်သေး။ ဒါမှမဟုတ်လျှင် ဒီပြင့် ဘာမှမတတ်နိုင်သေး စသော ကျွန်စိတ်၊ ကြောက်စိတ် စသည်တို့ကြောင့် ရမိရရာကို မျက်နှာပြောင်တိုက်၍ ဆွဲယူကြခြင်း ဖြစ်တော့၏။
တနည်းအားဖြင့်ဆိုရလျှင် ဘုရားတပည့်တော်သည် ဤသခင်ကြီးများအိမ်၌ ကျွန်အကြီးစားဘဝနှင့် နေရပါလို၏ ဟူသော ဆုတောင်းမျိုးနှင့် တူ၍ နေပေတော့၏။
အမျိုးနှင့်ချီ၍ ကျွန်စိတ်အစွဲနာနေကြပြီဟု ကျွန်ုပ်ဆိုခဲ့ရာ ထိုအဆိုမှန်ကြောင်းကိုလည်း သက်သေပြလို၏။ ကျွန်စိတ်မရှိသူသည် နည်းလမ်းမကျသည်ကို မခံ။ တနည်းနည်းနှင့် ပြုပြင်နိုင်အောင် ကြိုးစားစမြဲပင်။ ယခု ကျွန်ုပ်တို့ တိုင်းပြည်သည် မြန်မာတိုင်းပြည်၊ မြန်မာလူမျိုး၊ မြန်မာလူမျိုးကို အုပ်ချုပ်နေသော ဥပဒေသည် မြန်မာ လူမျိုးတို့နှင့်ညှိနှိုင်း၍ မြန်မာလူမျိုးသဘောကျပြုလုပ်ထားသော ဥပဒေမဟုတ်။ မြန်မာလူမျိုးတို့ကိုယ်တိုင် ပေးရသောအခွန်ငွေသည် မြန်မာလူမျိုး တော့ သဘောကျ သုံးစွဲခွင့်မရှိ။ နောက်ဆုံးအဓိကအချက်ဖြစ်သော မြန်မာ လူမျိုးတို့တိုင်းပြည်သည် မြန်မာလူမျိုးတို့သာ စိုးပိုင်ချိယ်လှယ်နိုင်ဖို့ သင့်၏။ ယခုဖော်ပြရာပါ အရေးကြီးသော အချက်သုံးချက်လုံးပင် လွတ်ထွက်နေ၏။ မြန်မာလူမျိုး ကျွန်စိတ်နာနေ၍ မဟုတ်လော။
အကယ်၍ ကျွန်စိတ်မနာလို့ဆောင်ရွက်ရင် ဘယ်နှယ့် ဆောင်ရွက်မလဲ။ အီဂျစ်ပြည်၊ အိုင်ယာလန်ပြည်၊ ဖိလစ်ပိုင်ကျွန်း စသည်တို့မှာ မနေ့တနေ့ကပင် လွတ်လပ်ခွင့်ကို ယူလိုက်သည်မဟုတ်ပါလော။ လွတ်လပ်ရေး ဆောင်ရွက်ရန် နည်းလမ်းကား မရှား။ ကျွန်စိတ်ကိုပျောက်ပျက်အောင် ဖျောက်ဖျက်ရန်သာလျှင် အရေးကြီးပေသည်။
လွတ်လပ်ရေးကိုရရှိသောနိုင်ငံများမှာ ကျွန်စိတ်ကမမွေး။ လွတ်လပ်စိတ်၊ မှန်ကန်စိတ်၊ ရဲရင့်စိတ်တွေ မွေး၍ ညီညီညွတ်ညွတ် ဆောင်ရွက်ကြသောကြောင့် အတန်းမြင့်သော လွတ်လပ်ခွင့်ရကြသည်ဟု ဆိုလိုပါ၏။
ကျွန်ုပ်တို့နိုင်ငံ၌ကား ဥရောပတိုက်သားများက ဘောင်းဘီဝတ်သော ကုလားကပြား စသည်တို့ကို ဘုရား ထင်ခြင်း၊ အချင်းချင်း ကျွန်စိတ်မွေးကြခြင်းများကို ရှေးဦးစွာ ပြင်ပြီးနောက် တကယ့် တကယ်အရေးကြီးသော ကျွန်စိတ်ဖျောက်ဖျက်မှုကို ကြိုးစားရဦးမည်။
ထိုသို့ကျွန်စိတ်ဖျောက်ပြီးမှ တဆင့်တက်ကြရမည်ဖြစ်ရကား “ကျွန်စိတ်ကို ဖျောက်ပါ၊ ကျွန်စော်နံတာကို ခဝါပေး၊ ကျွန်သွေးကို ဖောက်၍ထုတ်လိုက်ကြပါ” တိုက်တွန်း လိုက်ရပါကြောင်း။
နေသူရိန်
မဟာဆွေ စာပေါင်းချုပ် - ဒုတိယတွဲ (စာ - ၁၂၃/၁၂၅) မှ ….
မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့
၁၉၉၆

 

မြန်မာ့ဒီမိုကရေစီအရေးအတွက် ယနေ့ဖြေရှင်းရမယ့် ပြဿနာများ

           ခုတလော လူအများစိတ်ဝင်စားမှုအပြည့်နှင့် ငြင်းခုံဆွေးနွေးနေကြတဲ့ အကြောင်းအရာကတော့ စီးပွားရေးပိတ်ဆို့မှုပါဘဲ။ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲနှင့်ပါတ်သက်တဲ့ အကြောင်းအရာမြောက်များစွား ရှိပါတယ်။ အဲဒီထဲမှာစီးပွားရေးပိတ်ဆို့မှုဟာထင်ရှားတဲ့ အကြောင်းအရာတစ်ခုအဖြစ်ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှု တစ်ခုတည်းကို အသုံးပြုရုံဖြင့် ဒီမိုကရေစီရေးအတွက် သိသာထင်ရှားတဲ့ပြောင်းလဲမှုမရနိုင်ပါ။ ကြီးမားတဲ့ပြောင်းလဲမှုဖြစ်ပေါ်စေနိုင်တဲ့ အခြားအကြောင်းအရာ အများ အပြားရှိပါတယ်။ အဲဒီထဲမှာ ပြည်သူလူထုရဲ့ကြိုးပမ်းမှုအခန်းကဏ္ဍဟာ ထင်ရှားစွာပါဝင်ပါတယ်။ လို့ဘီဘီစီနဲ့ ဆွေးနွေးတုန်းကပြတ်ပြတ်သားသား ထောက်ပြထားပါတယ်။ 
                   ယနေ့ကျနော်တို့ရောက်ရှိနေတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုအခြေအနေကို ကြည့်ပါ။
 

Issues that need to be solved in today’s Burmese Democratic movement

The issue of Economic Sanctions has experienced a recent resurgence of interest in the discussions and forums concerning Burma. Of the many issues we face in the Burmese Democratic movement Economic Sanction is one of those that has become more and more heatedly debated and surrounded by controversies. Daw Aung San Suu Kyi had stated that just relying on Economic Sanctions alone is not nearly enough to generate significant changes in Burma’s political environment. According to her there are many factors or conditions essential for change. One of the crucial components necessary for such change is the desire on the part of the populace to actually want to change from the status quo. She pointed that out in a clear, unambiguous language in her interview with the BBC.

 

B.C.N. Statement on Current CFOB Crisis

Peaceful Demonstration for Peace in Burma ( Rakhine )

Burmese Canadian Protest in Toronto

Text

NLD by Elections Manifesto p1