ကနေဒါနိုင်ငံ၊တိုရွန်တိုမြို့တွင်ကျင်းပသည့် (၂၆) နှစ်မြောက်ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားသို၊မြန်မာကနေဒီယန်ကွန်ယက်မှ ပေးပို့သော သဝဏ်လွှာ နေ့စွဲ၊ ၂၀၁၄ခု သြဂုတ်လ (၈)ရက်



B.C.N
Burmese Canadian Network                    မြန်မာကနေဒီယန်ကွန်ယက်


ကနေဒါနိုင်ငံ၊တိုရွန်တိုမြို့တွင်ကျင်းပသည့် (၂၆) နှစ်မြောက်ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ
အခမ်းအနားသို၊မြန်မာကနေဒီယန်ကွန်ယက်မှ ပေးပို့သော သဝဏ်လွှာ
နေ့စွဲ၊ ၂၀၁၄ခု သြဂုတ်လ (၈)ရက်

၁။ ၁၉၈၈ခုနှစ်သြဂုတ်လ(၈)ရက်နေ့ဟာ၊ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးဟာမြန်မာသမိုင်း
တွင်သာမက ကမ္ဘာ့သမိုင်းတွင်ပါ မှတ်တမ်းတင်ရတဲ့မြန်မာပြည်သူတရပ်လုံးကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့ကြ
တဲ့ အလွန်ထူးခြားတဲ့စစ်ကျွန်ဘဝကလွတ်မြောက်ရေးတိုက်ပွဲကြီးဖြစ်ပါတယ်။

၂။ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးဟာယ္ခုနှစ်မှာ(၂၆)နှစ်ကြာခဲ့ပြီဖြစ်သော်မြန်မာပြည်သူတရပ်လုံးမျှော်မှန်း ထားတဲ့ပန်းတိုင်သို့မရောက်ရှိသေးပဲ၊မြန်မာစစ်အာဏာရှင်စနစ်ဆိုးရဲ့ဖိနှိပ်မှုနှင့်လှည့်စားမှုများပါဝင်တဲ့စိန်ခေါ်မှုများ ကိုမြန်မာပြည်သူတရပ်လုံးလက်တွေ့ရင်ဆိုင်တိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်။

၃။ အမျိုးသားစည်းလုံးညီညွတ်ရေးဟာ၊ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ရည်မှန်းချက်ပန်းတိုင်
သို့အောင်မြင်စွာရောက်ရှိရေးအတွက်အဓိကလိုအပ်ချက်ဖြစ်ပါတယ်၊မြန်မာပြည်သူလူထုတရပ်လုံးစည်းလုံးညီ
ညွတ်ရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက်ပြည်တွင်းပြည်ပတွင်ပြန့်ကျဲရောက်ရှိနောကတဲ့မြန်မာ့
ဒီမိုကရေစီရေးတွင်ပါဝင်လှုပ်ရှားနေကြတဲ့မြန်မာတိုင်းမြန်မာတိုင်းနည်းမျိုးစုံဖြင့်ပူးပေါင်းကြိုးပမ်းကြဖို့အချိန်ရောက်
ပါပြီ၊(၂၆)နှစ်ကြာခဲ့ပြီဖြစ်တဲ့ယ္ခုလိုအချိန်မှာရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်(၃)ချက်ပါဝင်တဲ့၂၀၀၈ခုအခြေခဥပဒေ
ပြင်ဆင်ရေးအတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ပူး
ပေါင်းလှုပ်ရှားကြိုးပမ်းမှုကိုစံနမူနာယူပြီး၊ကနေဒါနိုင်ငံရောက်မြန်မာ့ဒီမိုကရေစီရေးပါဝင်လှုပ်ရှားသူများအနေဖြင့်၂၀၀၈
ခုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုကိုပူးပေါင်းအကောင်အထည်ဖေါ်ကြဖို့အချိန်ကောင်းအခါကောင်းဖြစ်
ပါတယ်၊မြန်မာကနေဒီယန်ကွန်ယက်အနေဖြင့်ရှစ်လေးလုံးစိတ်ဓါတ်အပြည့်ဖြင့်ကနေဒါရောက်မြန်မာအဖွဲ့အစည်းများအားလုံးအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနှင့်မြန်မာ့ဒီမိုကရေစီရေးတို့အတွက်အုတ်တချပ်သဲတပွင့်အဖြစ်ပူးပေါင်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဤ ၂၆ နှစ်မြောက်ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနှစ်ပတ်လည်နေ့တွင်အဓိ
ဌာန်ပြုလိုက်ပါသည်။

ခေတ်အဆက်ဆက်တွင်၊အမိမြန်မာနိုင်ငံနှင့်ပြည်သူလူထုအတွက် အသက် သွေး ချွေး တို့ကိုပေးလှူပြီးတိုက်
ပွဲဝင်ခဲ့ကြတဲ့မျိုးချစ်အာဇာနီသူရဲကောင်းများကိုဦးညွှတ်အလေးပြုလိုက်ပါသည်။

မြန်မာကနေဒီိယန်ကွန်ယက်
ကနေဒါနိုင်ငံ။








 

စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက်မြန်မာပြည်သူတရပ်လုံးနှင့်အတူစည်းကမ်းရှိစွာ၊တာဝန်သိစွာ၊ညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြပါစို့

 


မင်္ဂလာပါကနေဒါရောက်မြန်မာမိတ်ဆွေများခင်ဗျား 
ယနေမြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားများကိုမြန်မာပြည်ဖွားများအားလုံးမျက်ခြေမပြတ်သိရှိဖို့အရေးကြီးပြီးမြန်မာနိုင်ငံ ကိုချစ်မြတ်နိုးသူတိုင်းအုတ်တချပ်သဲတပွင့်အဖြစ်ကိုယ်တိုင်ပါဝင်လှုပ်ရှားရမည့်အချိန်သို့ရောက်ရှိနေပါပြီ၊မြန်မာနိင်ငံမှာ 
စစ်မှန်တဲ့ဒီမိုကရေစီကိုကျင့်သုံးတဲ့အစိုးရပေါ်ထွန်းလာရေးအတွက်မြန်မာတိုင်းမြန်မာတိုင်းဟာ(မည်သည့်နိုင်ငံ၊မည်သည့် 
ဒေသသို့ရောက်ရှိနေထိုင်သည်ဖြစ်စေ)လက်ရှိမြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွင်တာဝန်သိသိပါဝင်လှုပ်ရှားဖို့လိုပါ တယ်၊မိမိနိင်ငံနှင့်မိမိလူမျိုးကောင်းစားရေးအတွက်အခြားသောနိုင်ငံ၊အခြားသောလူမျိုးများကိုအားကိုးတဲ့စိတ်ဓါတ်ကို ပယ်ဖျောက်ပြီးမိမိပါဝင်တဲ့မြန်မာပြည်သူတရပ်လုံးရဲ့စွမ်းဆောင်နိုင်မှုကိုယုံကြည်ဖို့လိုပါတယ်၊ကိုယ့်အားကိုယ်ကိုးပြီး၊ပြည် သူတွေပြိုင်တူရွှေရင်ရွေ့တယ်ဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားပြီးဒီမိုကရေစီပန်းတိုင်သို့အောင်မြင်စွာအမြန် ဆုံးရောက်အောင်စုပေါင်းကြိုးပမ်းရမည့်အချိန်ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ၏လက်ရှိအခြေအနေကိုကွက်ကွက်ကွင်းကွင်းဆွေးနွေးတင်ပြထားတဲ့အောက်တွင်ဖေါ်ပြပါဦးဇင်လင်း ၏ဆောင်းပါးကိုမျှဝေလိုက်ပါတယ်။ 
 
မြန်မာပြည်သူလူထုတရပ်လုံးကောင်းစားရေးအတွက်ကနေဒါရောက်မြန်မာများထိထိရောက်ရောက်ပူးပေါင်းဆောင် ရွက်ရေးအတွက်အမြန်ဆုံးဆွေးနွေးအကြံပြုညှိနှိုင်းကြရန်တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျား။
ခင်မင်လေးစားလျှက်
 
မင်းကြီး (ဂျာမဏီ)
မြန်မာကနေဒီယန်ကွန်ယက်(Burmese Canadian Network)  
www.burmesecanadiannetwork.com
၂၀၁၄ခု၊ဇူလိုင်လ(၂၈)ရက်

ဇင်လင်း – PR System အရေး၊ လူထုဆန္ဒခံယူပွဲ ပြုလုပ်ပေး

ဇူလိုင် ၂၅၊ ၂၀၁၄ (မြန်မာပြည်၊ ရန်ကုန်ထုတ်၊ ဒီလှိုင်းဂျာနယ် တွဲ၂၊မှတ်၂၅)
ယခု ၂၀၁၄ ဇွန်လအတွင်း မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အသစ်အချို့ကို ပေါ်ထွက်လာသည်။ စိုးရိမ်စရာဖြစ်သည်။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်းအတွက် အဆိုးမြင်စရာတွေ ဖြစ်သည်။  မရိုးမသား နိုင်ငံရေး အကွက်ချမှုများ ပေါ်လာပြီလားဟု သို့လော သို့လော၊ စဉ်းစားစရာဖြစ်လာသည်။ ပထမ ပြကွက်က ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်ထမ်းဆောင်ခွင့် မရရှိစေရန် တားဆီးထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် မလိုအပ်ဟု၊ “ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ” က ဆုံးဖြတ်လိုက်သည့် ကိစ္စဖြစ်သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးပါ ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ကျင်းပသော အခြေခံဥပဒေ ပြင်ဆင်ရေး အစည်းအဝေးတွင် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန် မလိုဟု မဲခွဲ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဒုတိယ ပြကွက်က PR ကိစ္စဖြစ်သည်။ မဲအများဆုံး ရရှိသူကို အနိုင်ပေး တဲ့ ရွေးကောက်ပွဲ စနစ် (First Past The Post – FPTP System) အစား အချိုးကျ ကိုယ်စားပြု စနစ် (Proportional Representation-PR System) ကို ပြောင်းလဲ ကျင့်သုံးသင့်ကြောင်း လွှတ်တော်၌ တကျော့ ပြန်ဆွေးနွေးခဲ့ကြသည်။ ဇွန်လ(၁၁)ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် (Proportional Representative / PR) ကို ကျင့်သုံးရန် လွှတ်တော်ကိုယ်စားလှယ် ၂၀၄ ဦးအနက် ကန့်ကွက်မဲ ၈၅ ဦးသာရှိသဖြင့်၊ အများစု ထောက်ခံမဲဖြင့် အတည်ပြုလိုက်သည်။
အမျိုးသားလွှတ်တော်အတွက်  PR အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရန် အဆိုအား ဇွန် ၁၁ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် ပြောင်ဆန္ဒမဲဖြင့် မတ်တတ်ရပ်စေ၍ မဲခွဲရာတွင် တပ်မတော်သားကိုယ်စားလှယ်များအားလုံး၊ တိုင်းရင်းသား ပါတီများ မှ ကိုယ်စားလှယ်များနှင့် NLD ပါတီမှ ကိုယ်စားလှယ်များက ကန့်ကွက်ကြသော်လည်း အာဏာရပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမဲများဖြင့် PR စနစ် ကျင့်သုံးရန် အတည်ပြုခဲ့သည်။
ဤသည်မှာ လက်တွေ့နိုင်ငံရေးနယ်ပယ်၌ လူထုထောက်ခံမှု အများစု ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား အာဏာရပါတီက ထိပ်တိုက်ပြတ်သားစွာ ဆန့်ကျင်အတိုက်အခံ ပြုလိုက်သည့် သဘောကို ပြသလိုက်ခြင်း ဖြစ်သည်။ PR စနစ် ဖော်ဆောင်ရေးအတွက် အမျိုးသားလွှတ်တော်အတွင်း “PR စနစ် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ” တရပ်ကို လည်း တက်သုတ်ရိုက် ဖွဲ့စည်းလိုက်သည်။ PR စနစ်ကိစ္စ ဆွေးနွေးကြရာတွင် ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် (၂၅) ဦး အပါအ၀င် ကိုယ်စားလှယ် ၄၀ ကျော်ဖြင့် ဇွန်လ(၁၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း အမျိုးသားလွှတ်တော် သတင်းရပ်ဝန်းမှ သတင်းများ ထွက်ပေါ်လာသည်။
PR အဆို လွှတ်တော်အတွင်း တကျော့ပြန် တင်လာချိန်တွင်၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင် တိုင်းရင်းသားပါတီများက သဘောထားအမြင်များကို ထုတ်ဖေါ်ခဲ့ကြကြောင်း တွေ့ရသည်။ တိုင်းရင်းသားပြည်နယ်များတွင် ရွေးကောက်ပွဲ၌ PR စနစ်ကျင့်သုံးမည်ဆိုပါက လူထုဆန္ဒထုတ်ဖော်၍ ဆန့်ကျင် ဆောင်ရွက်သွားမည်ဟူသော အသံများထွက်လာ သည်။
ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “PR စနစ်ကို ပြောင်းစေ ချင်ရင် ကျွန်တော်တို့နိုင်ငံသဘာဝ၊ ယဉ်ကျေးမှု ပါတယ်။ သူများနိုင်ငံမှာ မျိုးနွယ်စုမများဘူး။ ကျွန်တော်တို့ဆီမှာ မျိုးနွယ်စုတွေများ တယ်။ သူများနိုင်ငံမှာပြဋ္ဌာန်းလို့ ကျွန်တော်တို့နိုင်ငံမှာ ပြဋ္ဌာန်းရမယ်ဆိုတာ မရှိသင့်ဘူး။ စနစ်တစ်ခုကို ပြဋ္ဌာန်းမယ်ဆိုရင် လူထုနဲ့ အံဝင်ခွင်ကျ ရှိ၊ မရှိကို သုံးသပ်ရမယ်။ ဖွဲ့စည်းပုံမကိုက်ဘူး။ ရွေးကောက်ပွဲဥပဒေနဲ့ မကိုက်ဘူး။ ပြောင်းချင်ရင် ပြည်ထောင်စု လွှတ်တော်ကနေ ဥပဒေပြန်ပြဋ္ဌာန်းပေးမှရမယ်။ ဒီဟာနဲ့ပတ်သက်လို့ အလေ့အကျင့်တွေလိုတယ်။ ပါတီစုရဲ့သဘောထား၊ ပြည်သူ ရဲ့သဘောထားလိုတယ်” ဟု ပြောကြားကြောင်း အလဲဗင်းမီဒီယာသတင်းတွင် တွေ့ရသည်။
ဤတွင် PR စနစ်ကို မည်သူတွေက မည်သည့်အတွက်ကြောင့် ပြောင်းလဲကျင့်သုံးချင်ရသနည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲ မတိုင်မီက လူထုအတွင်း နိုင်ငံရေးရာသီဥတုအနေအထားမျိုး ယခုလက်ရှိအချိန်တွင် ပြန်တွေ့လာနေရခြင်းက အဓိကအကြောင်းဖြစ်ဖွယ်ရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးလှုပ်ရှားမှုကို “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)” နှင့် “၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း” တို့ ဦးဆောင်ကာ ပြည်သူများ လက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်မှုကို မေ ၂၇ ရက်ကစတင်ပြီး  တစ်နိုင်ငံလုံး၌ပြုလုပ်လျှက်ရှိရာ လူထုထောက်ခံမှု ရေချိန် အံ့မခန်း မြင့်မားနေကြောင်းတွေ့ရသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကို တစ်နိုင်ငံလုံးရှိ NLD တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေးရုံးများ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ မြို့နယ်ရုံးများတွင် အခြေပြု၍၊ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ရက်ပေါင်း ၅၄ ရက်ကြာ ပြုလုပ်မည်ဟု သိရသည်။ ၄င်း လှုပ်ရှားမှုနှင့်ပတ်သက်၍ အာဏာရပါတီနှင့် အစိုးရကိုယ်တိုင် စိုးရိမ်ကြီးစွာ စောင့်ကြည့်နေသည်ကိုလည်း တွေ့ရသည်။
လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို သတိထားကြည့်လျှင် အစိုးရနှင့် အာဏာရပါတီက လူထု၏ တက်ကြွနိုးကြားမှု ဒီရေလှိုင်း မြင့် တက်လာသည်ကို ဆန့်ကျင်ဟန့်တားရန် ခက်နေသည့်အလျောက်၊ လူထုနှင့် ရေလိုက်ငါးလိုက် ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုကို ထောက်ခံပြောဆိုလျှက်ရှိသည်။ သို့သော် လူထုက ပြင်လိုသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး သဘောထားနှင့် အာဏာရ အ၀န်းအ၀ိုင်း က ပြင်ဆင်လိုသော သဘောထား (၂)ခု ကြား ကွာဟမှုက အတော် ကြီးမားနိုင်ပါသည်။ မေ(၃၁) သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းပါ သဘောထားကို ထောက်ရှုလျှင် သိနိုင်သည်။
သမ္မတဦးသိန်းစိန်က “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး ကျွန်တော့်ရဲ့ သဘောထားရပ်တည်ချက်များကို ထပ်လောင်းပြောကြားလိုပါတယ်။ ပထမအချက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် မဖြစ်မနေပြုလုပ် ရမည့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘောတူညီချက်များပေါ်မူတည်၍ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်။”  ဟု ပြောပါသည်။
ဆိုလိုသည်မှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးချိန်အထိ။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စအား ဆိုင်းငန့်ထားဖို့ ဦးသိန်းစိန်က ပြောခြင်းဖြစ်သည်။ လိုရင်းကိုဆိုရလျှင်၊ လောလောဆယ် အခြေအနေ အချိန်အခါသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် အချိန်မရောက်သေးဟု ဆိုလိုသည်။ ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲတုံးကကဲ့သို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရပုံမျိုး သမိုင်းတစ်ပတ်ပြန်လည်လာမည်ကိုလည်း ကြောက်နေကြသည်။အကျိုးဆက်မှာ PR ကို ဖုတ်ပူမီးတိုက် တင်သွင်းလာကြခြင်း ဖြစ်သည်။
ဤသို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား လူထုထောက်ခံမှု ရေချိန် မြင့်တက်လာသည်ကို ကြည့်၍၊ အာဏာရပါတီနှင့် အစိုးရက စိုးရိမ်မှု ကြီးလာနေသည်။ သို့ဖြစ်သဖြင့် PR စနစ်သည် လူထုထောက်ခံမှု အားနည်းသော ပါတီများ၏ ထိတ်လန့်ခြောက်ခြားမှုကတဆင့်၊ ပေါ်ထွက်လာသည့် စဉ်းစားချက်ဟု ဆိုနိုင်သည်။ ဤသည်မှာ ယေဘုယျအားဖြင့် လူထုကို လျှော့တွက်ခြင်း ဖြစ်သည်။ မျက်မှောက်ခေတ် လူထုသည် နိုင်ငံရေးနိုးကြားမှု ရေချိန်မြင့်မားသော လူထုဖြစ်သည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ပါက လူထုအနေဖြင့် သူတို့မည်သူ့ကို ရွေးရမည်ဆိုသည်ကို ကောင်းစွာ သဘောပေါက်သည်။ ယခုကဲ့သို့ လူထုကို လျှော့တွက်သဖြင့်၊ ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ နိုင်ငံရေးဆိုးကျိုးများသာ ဖြစ်ဖွယ်ရှိသည်။ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ အနေဖြင့် လူထုမဲဆန္ဒကို လိုချင်လျှင်၊ လူထုထောက်ခံမှုကို  ရချင်လျှင်၊ လူထု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်သာ စဉ်းစားသင့်သည်။ လူထုကို လျှော့တွက်ကာ၊ နိုင်ငံရေး မျက်လှည့်ပြရန် ကြိုးစားလျှင် မှားဖို့သေချာသည်။ ရိုးသားမှသာ လူထု မဲဆန္ဒကို ရနိုင်ပါလိမ့်မည်။
အထူးသဖြင့် ယနေ့ နိုင်ငံကို အုပ်ချုပ်ခွင့်ရနေသူများသည် လူထု၏ သဘောကောင်းမှုအပေါ် ယခုထက်ပို၍ အခွင့်အရေး မယူသင့် ပါ။ နာဂစ်မုန်တိုင်း သဘာဝဘေးအန္တရယ်ကပ်ဘေး ကျနေသည့်ကာလတွင် အခွင့်ကောင်းယူကာ “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ” ကို စစ်အုပ်စုစိတ်ကြိုက် လူထုသဘောဆန္ဒမပါဘဲ အတည်ပြုခဲ့သည့် အချက်ကို လူထုက မသိဟု မထင်ပါနှင့်။ ကာကွယ်ရေးနှင့် လုံခြုံရေး (၁၁)ဦးကောင်စီ သည် လူထုသဘောမတူဘဲ၊ ဥပဒေ၏ အထက်၌ နေရာယူထားသည်မှာလည်း မသင့်လျော်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ အာဃာတတရားဖြင့် လူပုဂ္ဂိုလ်တစ်ဦးအား နိုင်ငံ့ ခေါင်းဆောင်မဖြစ်လာလေစေရန် ရည်ရွယ်ကန့်သတ်ထားသည့် ပုဒ်မမျိုးလည်း မထည့်သင့်ပါ။
တပ်မတော်၏ သဘောတူ ထောက်ခံမှု မရလျှင် “၂၀၀၈ အခြေခံဥပဒေ” ကို လုံးဝပြင်ဆင်၍ မရစေရန် ထည့်သွင်းထားသော ပုဒ်မ ၄၃၆ သည် ဒီမိုကရေစီ ဖေါ်ဆောင်ခြင်းမပြုနိုင်အောင် လုပ်ထားရာရောက်သည်။ ဖွဲ့စည်းပုံ၏ အသွင်သဏ္ဍာန်ကို အရုပ်ဆိုး အကျည်းတန်စေလွန်းသည်။ နိုင်ငံ့ လခရိက္ခာ စားသုံးနေသည့် ၀န်ထမ်းအဖွဲ့အစည်း တစ်ခုက ရွေးကောက်ပွဲ ၀င်ရန်မလိုဘဲ၊ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းက ရွေးချယ်ပြီး လွှတ်တော်၌  ဝင်ယူထားပုံမှာလည်း ခေတ်ကာလနှင့် မလျော်သည့် အလွန်ရှက်ဖွယ် ကိစ္စဖြစ်ပါသည်။ ဤသို့သော မဖွယ်မရာ ကိစ္စခပ်သိမ်းတို့ကို ပြည်သူလူထုက သိရှိလာချိန်တွင်၊ အာဏာကို အသေဆုပ်ကိုင်လိုသော သဘောဖြင့် ယခု PR စနစ်ကို တင်သွင်းလာသည့် အာဏာပိုင်တို့၏ နိုင်ငံရေး ကစားကွက်မှာ တိုင်းပြည်တည်ငြိမ်ရေးကို မုချထိခိုက်စေမည် ဖြစ်သည်။ နိုင်ငံကို အမှန် ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်း သာယာစေချင်လျှင် ယခုကဲ့သို့ နိုင်ငံရေး အကွက်ချ ညစ်ပတ်မှုမျိုးကို ရှောင်စေချင်သည်။ အကယ်၍ PR ရွေးကေက်ပွဲစနစ်ကို ရိုးသားစွာ အဆိုပြုသည်ဆိုပါလျှင် လူထုဆန္ဒခံယူပွဲ (Referendum) ကျင်းပပြီး ဆုံးဖြတ်ဖို့ လိုအပ်နေပြီဟု နှိုးဆော်လိုက်ပါရစေ။။။။
အတွဲ(၃)၊ အမှတ်(၂၅)၊ တနင်္လာနေ့၊ ၃၀ – ၆ – ၂၀၁၄။ ဒီလှိုင်း။ မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။
သရုပ်ဖော် ကာတွန်းစောငို

ထပ်ဆင့်ဝေမျှပေးရန် ...

 

ကြည့်သောသူသည်မြင်၏



ကြည့်သောသူသည်မြင်၏ (၃)

ယနေ့ခေတ်ကာလဆက်သွယ်ရေးစနစ်ရဲ့လျှင်မြန်ကောင်းမွန်မှုကြောင့်မြန်မာ့ဒီမိုကရေစီရေးကိုစိတ်ဝင်စား 

ူတိုင်းဟာမြန်မာနိုင်ငံနှင့်ပတ်သက်တဲ့သတင်းအများအပြားကိုတိုတောင်းတဲ့အချိန်အတွင်းမှာဖတ်ရှုနိုင်ပြီးမြန်မာနိုင်ငံအခြေအနေကိုနာရီပိုင်းမိနစ်ပိုင်းအတွင်းလေ့လာသိရှိနိုင်ပါတယ်၊ယ္ခုရက်ပိုင်းလပိုင်းအတွင်းမြန်မာ့ဒီမိုကရေစီရေးအတွက်အထူးခြားဆုံးနှင့်အရေးအကြီးဆုံးလှုပ်ရှားမှုသတင်းကတော့၂၀၀၈ခုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုသတင်းပဲဖြစ်ပါတယ်၊မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ဖယ်ဒရယ်ပြည်တောင်စုတည်ဆောက်ရေးအတွက်အဓိကလိုအပ်ချက်ကတာ့နိုင်ငံတကာကအသိအမှတ်ပြုထားတဲ့ဒီမိုကရေစီစံချိန်စံညွှန်းများကိုအခြေခံပြီးရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်၊လက်ရှိအခြေအနေကိုဂရုစိုက်လေ့လာပါအောက်ပါအတိုင်းတွေ့ရပါ မယ်၊

မြန်မာစစ်ဗိုလ်ချုပ်ကြီးများဟာ၂၀၀၈ခုဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်သူတွေရဲ့ဆန္ဒကိုထဲ့သွင်းစဉ်းစား ခြင်းမပြုပဲနိုင်ငံတော်အာဏာကိုနောင်လာမဲ့နှစ်ပေါင်းများစွာမြန်မာ့တပ်မတော်ကဆက်လက်ထိန်းချုပ်ထားနိုင်အောင်အချိန်ယူပြီးစိတ်တိုင်းကျရေးဆွဲခဲ့ကြပါတယ်၊အဲဒီအချက်ကြောင့်အခုအချိန်မှာ၂၀၀၈ခုအခြေခံဥပဒေဟာစစ်မှန်တဲ့ဒီမိုကရေစီဖေါ်ဆောင်ရေးလမ်းမှာကြီးမားတဲ့အဟန့်အတားဖြစ်နေပါတယ်၊

ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတိုင်းမှာပြည်သူတွေဟာမိမိတို့ရဲ့လိုအပ်ချက်များကိုဆောင်ရွက်ပေးမဲ့အစိုးရကိုမိမိတို့ကိုယ်တိုင်စိတ်တိုင်းကျရွေးချယ်တာဝန်ပေးပါတယ်၊နိုင်ငံအာဏာဟာပြည်သူတွေရဲ့လက်ထဲမှာရှိပါတယ်၊အဲဒီအချက်ကိုကြည့်ခြင်းအားဖြင့်ပြည်သူတွေမှာရပိုင်ခွင့်ရှိသလိုတာဝန်လည်းရှိပါတယ်၊ပြည်သူတွေဟာစစ်မှန်တဲ့ဒီမိုကရေစီစနစ်အကြောင်းတိကျစွာနားလည်အောင်လေ့လာဖို့လိုသလိုပြည်သူတွေကိုအမှန်တကယ်အကျိုးပြုမဲ့အစိုးရကိုပြည်သူတွေကမှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့လိုတယ်ဆိုတဲ့ကြီးမားတဲ့တာဝန်ရှိပါတယ်လက်ရှိ၊မြန်မာနိုင်ငံတွင်စစ်မှန်တဲ့ဒီမိုကရေစီစ နစ်အကောင်အထည်ဖေါ်ဆောင်ရေးလမ်းတွင်အဓိကအဟန့်အတားဖြစ်နေတဲ့၂၀၀၈ခုဖွဲ့စည်းပုံအခြေခံဥပဒေကိုမဖြစ်မနေပြင်ဆင်ဖို့လိုကြောင်းမြန်မာတိုင်းမြန်မာတိုင်းသိရှိဖို့အလွန်အရေးကြီးပါတယ်၊ဒါ့ကြောင့်၂၀၀၈ခုအခြေခံဥပဒေအောင်မြင်စွာပြင်ဆင်နိုင်ရေးအတွက်မြန်မာပြည်သူအားလုံးတွင်ကြီးမားတဲ့ တာဝန်ရောက်ရှိနေပါပြီ။

လက်ရှိအရပ်သားတပိုင်းမြန်မာအစိုးရဟာ၂၀၀၈ခုဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံအာာဏာကိုရယူခဲ့တဲ့အစိုးရဖြစ်တာကြောင့်၂၀၀၈ခုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုနည်းပေါင်းစုံသုံးပြီးဆန့်ကျင် နေတာကိုမြန်မာပြည်သူတွေသိနေပြီးဖြစ်ပါတယ်၊ဤကဲ့သို့ကြုံတွေ့နေရသောအခက်အခဲကိုလျှော့မတွက်ဖို့အရေးကြီးပါတယ်၊သို့ပေမဲ့လည်းအဲဒီအခက်အခဲကို၊မြန်မာပြည်သူတွေဟာ၂၀၀၈ခုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုတွင်စည်းကမ်းရှိရှိညီညီညွတ်ညွတ်ဖြင့်တခဲနက်ပါဝင်ခြင်းဖြင့်အောင်မြင်
စွာကျော်လွှားနိုင်ပါတယ်။

အခုလက်ရှိအခြေအနေကိုကြည့်ပါက၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ပြည်သူတရပ်လုံးလိုလားတဲ့စစ်မှန်တဲ့ဒီမိုကရေစီစနစ်မြန်မာနိုင်ငံမှာအမှန်တကယ်ပေါ်ပေါက်နိုင်ရေးအတွက်၂၀၀၈ခုဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပေးဘို့လက်ရှိမြန်မာအစိုးကိုပြတ်ပြတ်သားသားတောင်းဆိုလျှက်ရှိပါတယ်၊တချိန်တည်းမှာပဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလက်ရှိ၂၀၀၈ခုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ်ပြည်သူတွေထားရှိတဲ့ဆန္ဒကိုသိရှိနိုင်ရေးအ တွက်မြန်မာနိုင်ငံတဝှန်းလုံးသို့အဖွဲ့များစေလွှတ်ပြီးမြန်မာပြည်သူတရပ်လုံးရဲ့ဆန္ဒ ကိုကောက်ယူနေပါတယ်၊အလားတူပင်မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများကလဲစနစ်တကျစုပေါင်းဆွေးနွေးအဖြေရှာနေကြပါတယ်။ပြည်တွင်းမှာ၂၀၀၈ခုဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်လက်ရှိကျိုးပမ်းနေတဲ့အရှိန်အဟုန်ကိုတွေ့မြင်ရတာအားရစရာကောင်းပါတယ်၊သို့ပေမဲ့အောင်မြင်ဖို့အတွက်မလုံ လောက်သေးဘူးလို့ကောက်ချက်ချနိုင်ပါတယ်၊အဓိကအကြောင်းရင်းကတော့မြန်မာနိုင်ငံတဝှန်းလုံးမှာရှိကြ တဲ့မြန်မာပြည်သူများဤ၂၀၀၈ခုဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုမှာယ္ခုထက်ပိုမိုအင်အားကောင်းစွာတခဲနက်ပါဝင်ဖို့လိုနေသေးလို့ပါပဲ၊အလားတူပင်ပြည်ပနိုင်ငံအသီးသီးတွင်ရောက်ရှိနေကြတဲ့ဗမာအပါအဝင်မြန်မာနိုင်ငံတိုင်းရင်းသာများအားလုံးဟာလည်းအခုအချိန်မှာပြည်တွင်းဒီမိုကရေစီအင်အားစုများနှင့်အတူ၂၀၀၈ခု အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုတွင်ဟန်ချက်ညီညီပါဝင်လှုပ်ရှားကြဖို့လိုနေသေးတာကိုတွေ့နေရလို့ပါပဲ၊

ယ္ခုအချိန်သည်မြန်မာပြည်သူတွေစစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖေါ်ဆောင်ရန်အလွန်အခွင့်အခါကောင်းနှင့်ကြုံကြိုက်နေပါတယ်၊မြန်မာနိုင်ငံတွင်းသာမကနိုင်ငံတကာကပါအထူးလေးစားခြင်းခံရတဲ့ပြည်သူတွေဘက်ကမားမားမတ်မတ်ရပ်တည်ဦးဆောင်နေတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရှိနေပါပြီ၊အခြားတဖက်မှာလည်းအရပ်သားတပိုင်းလက်ရှိမြန်မာနိုင်ငံအစိုးရဟာသူတို့ကိုယ်တိုင်ဒီမိုကရေစီစနစ်ကိုသဘောကျလက်ခံပြီးလိုအပ်တဲ့ပြုပြင်ပြောင်းလဲရေးများကိုကျိုးပမ်းဆောင်ရွက်နေပါတယ်လို့နိုင်ငံတကာ ကိုအထပ်ထပ်အလီလီကြေငြာထားတဲ့အတွက်အဲဒီကြေငြာချက်များအတိုင်းအကောင်အထည်ဖေါ်ဆောင်ရွက်အောင်ပြည်တွင်းဒီမိုကရေစီအင်အားစုများနှင့်နိုင်ငံတကာရဲ့ကြီးမားတဲ့ဖိအားပေးခြင်းကိုခံ နေရတဲ့အ ချိန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုနယ်ချဲ့အဂ်လိပ်လက်အောင်ကလွတ်မြောက်အောင်ကျိုးပမ်းခဲ့ကြတုံးကအမျိုးသားခေါင်း ဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့တဲ့မြန်မာပြည်သူများဟာအင်္ဂလိပ်အခက်ဗမာ့အချက်ဆိုတဲ့ ဆောင်ပိုဒ်ကိုကိုင်စွဲပြီးအသက်သွေးချွေးများကိုစတေးပြီးရွပ်ရွပ်ချွံချွံကျိုးပမ်းခဲ့ကြတယ်၊အဲဒီလိုမြန်မာတွေမကြောက်တန်းမရွံ့တန်းတိုက်ပွဲဝင်ခဲ့ကြလို့၁၉၄၈ခုနှစ်မှာလွတ်လပ်တဲ့မြန်မာနိုင်ငံအဖြစ်ပေါ်ထွန်းခဲ့တာပါ၊ထိုခေတ်ထိုအခါကမြန်မာပြည်သူတွေရဲ့စည်းကမ်းရှိရှိညီညွတ်မှုရှိရှိနဲ့ထိုက်တန်တဲ့ပေးဆပ်မှု တွေကြောင့်တန်ဖိုးရှိလှတဲ့မြန်မာလွတ်လပ်ရေးရခဲ့ခြင်းဖြစ်ပါတယ်၊အထက်တွင်ဖေါ်ပြထားတဲ့အခြေအနေများအရ၊၂၀၀၈ခုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းကိုလည်းယနေ့ခေတ်မြန်မာပြည်သူများအနေဖြင့်မြန်မာစစ်အာဏာရှင်များကြုံတွေ့နေရတဲ့အကြတ်အတည်းအခက်အခဲကိုမြန်မာပြည်သူ တွေအောင်မြင်စွာအကာင်အထည်ဖါ် ဆာင်ရွက်နိုင်တဲ့အချက်အဖြစ်ယုံကြည်မှုအပြည့်ဖြင့်စည်းကမ်းရှိစွာညီညွတ်စွာတခဲနက်ပါဝင်လှုပ်ရှားရမဲ့အခွင့်အခါကောင်းရောက်ပါပြီ၊အခွင့်အခါကောင်းများကိုထပ်တလဲလဲရရှိလေ့မရှိပါ၊ယ္ခုရတောင့်ရခဲရထားတဲ့အခွင့်အခါကောင်းကိုယနေ့ခေတ်ပြည်တွင်ပြည်ပရှိမြန်မာများအားလုံးတာဝန်သိစွာဖြင့်လက်မလွတ်တန်းမှန်ကန်စွာအသုံးချဖို့အလွန်အရေးကြီးပါတယ်၊မြန်မာ့လွတ်လပ်ရေးကိုခက်ခက်ခဲခဲဖြင့်အသက်သွေးချွေးများ ပါဝင်တဲ့ထိုက်တန်တဲ့ပေးဆပ်မှုများကိုအရင်းတည်ပြီးရယူုပေးခဲ့တဲ့ရှေးခေတ်မျိုးချစ်သူရဲကောင်းများနည်းတူအခုဆင်နွှဲမဲ့၂၀၀၈ခုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုတွင်ယ္ခုခေတ်ပြည်တွင်းပြည်ပရှိမြန်မာပြည်သူအားလုံးအင်တိုက်အားတိုက်တခဲနက်ပါဝင်ကျိုးပမ်းကြပါလို့တိုက်တွန်းဆန္ဒပြုလိုက်ပါတယ်

မင်းကြီး(ဂျာမဏီ)
၂၀၁၃ခု-နိုဝင်ဘာလ(၂၀)ရက်
 

"ံHappy Burmese New Year 1376"

ံHappy Burmese New Year 1376"

မင်္ဂလာပါ မြန်မာနှစ်သစ်၁၃၇၆ခုနှစ်မှာကနေဒါရောက်မြန်မာများအားလုံးနှင့်အတူမြန်မာပြည်သူမျာအားလုံးကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းနိုင်ကြပါစေ၊ပြည်သူအားလုံးလိုလားတဲ့တရားမျှတမှုရှိသော၊ငြိမ်းချမ်းသော၊သာယာဝပြောသော၊စစ်မှန်တဲ့ ဒီမိုကရေစီကျင့်သုံးတဲ့အနာဂတ် မြန်မာနိုင်ငံတော်ကြီးကိုအမြန်ဆုံးတည်ဆောက်နိင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက် ပါတယ်။

ကနေဒါရောက်မြန်မာများအားလုံးစည်းလုံးညီညွတ်စွာ၊စည်းကမ်းရှိစွာဖြင့်အမိမြန်မာနိုင်ငံ အတွက်ထိရောက်စွာပူးပေါင်းဆောင်ရွက်ကြပါစို့……

 ဦးသန်းအောင် မြန်မာကနေဒီယန်ကွန်ယက်
Burmese Canadian Network (B C N)
18 April 2014
Please visit the following link:
https://www.youtube.com/watch?v=pP6kvoo3Zss
 
 

A remarkable Canadian farming family the Bococks.

မင်္ဂလာပါကနေဒါရောက်မြန်မာမိတ်ဆွေများခင်ဗျား

မြန်မာ့ဒီမိုကရေစီရေးနှင့်လူသားခြင်းစာနာသည့်လုပ်ငန်းများတွင်ပါကျွန်တော်
ရဲ့မိသားစုနှင့်အတူပူးတွဲဆောင်ရွက်ခွင့်ရပြီးနှစ်ပေါင်း(၂၀)ကျော်ကြာအလွန်ရင်းနှီးတဲ့
အလွန်ထူးခြားစွာမြင့်မြတ်တဲ့စိတ်ထားရှိတဲ့The Bocock Family မိသားစု(ကနေဒီယန်မိသားစု) အကြောင်းဖေါ်ပြထားတဲ့သတင်းကောင်းကိုကနေဒါဒါရောက်မြန်မာများအတုယူနိုင်ရန်
အောက်ပါဝက်ဆိုက်လင့်ကိုမျှဝေလိုက်ပါတယ်၊

http://www.farmersdialogue.org/canadian-pioneers-bocock-family

ခင်မင်လေးစားလျှက်

ဦးသန်းအောင်
ဥက္ကဌ
မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ။
၂၀၁၄ခု၊ဧပြီလ(၈)ရက်။

----------------------
Minglabah Friends

I want to share the information regarding Canadian Pioneers.
It is the true story about a remarkable Canadian farming family the Bococks.
Please visit the following The Farmers' Dialogue website at:

http://www.farmersdialogue.org/canadian-pioneers-bocock-family

Sincerely,

U Than Aung
President
Burmese Cultural Society of Alberta (B C S A)
Edmonton,AB
8 April 2014
 

Talk to Al Jazeera - Aung San Suu Kyi: 'There is no rule of law'

 

B.C.N. Statement on Current CFOB Crisis

Peaceful Demonstration for Peace in Burma ( Rakhine )

Burmese Canadian Protest in Toronto

Text

NLD by Elections Manifesto p1