Latest Post
Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Bithday present for Ko MIn Ko Naing

မင်္ဂလာပါကနေဒါတွင်မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားနေကြသည့်မိတ်ဆွေများခင်ဗျား

မြန်မာနိုင်ငံအတွင်းသာမက၊နိုင်ငံတကာတွင်ပါထင်ရှားကျော်ကြားလှတဲ့ကျာင်းသား ခေါင်းဆောင်ကိုမင်းကိုနိုင်ဟာ၂၀၁၁ခုအောက်တိုဘာလ(၁၈)ရက်နေ့မှာအသက်(၄၉)နှစ်ပြည့်ပါပြီ၊ကိုမင်းကိုနိုင်ဟာလူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေးတို့ကိုဦးထိပ်ထားတဲ့၊မိမိရဲ့အသက်ထက်၊မြန်မာပြည်သူတွေမျှော်လင့်တောင့်တနေတဲ့ဒီမိုကရေစီပန်းတိုင် ရောက်ရှိရေးကိုသာအဓိကဦးစားပေးပြီးရှေ့တန်းကတိုက်ပွဲဝင်နေတဲ့လူထုခေါင်းဆောင်အစစ်ဖြစ်ပါ တယ်။

ကိုမင်းကိုနိုင်ကိုချစ်မြတ်နိုးကြတဲ့၊ဒီမိုကရေစီနှင့်လူ့အခွင့်အရေးမြတ်နိုးကြတဲ့မြန်မာပြည်သူအားလုံးဟာကိုမင်းကိုနိုင်ရဲ့မွေးနေ့မှာကိုမင်းကိုနိုင်မတရားအကျဉ်းကျခံနေရခြင်း မှအမြန်လွတ်မြောက်စေကြောင်းနှင့်ကျန်းမာပြီးသက်တော်ရာကျော်ရှေစေကြောင်းဆု မွန်ကောင်းတောင်းကြတာကိုတွေ့ရပါတယ်၊ဒါဟာဒီမိုကရေစီစံနစ်မြန်မာနိုင်ငံမှာပြန် လည်ထွန်းကါးလိုသူတိုင်းလုပ်သင့်လုပ်ထိုက်တဲ့ဆောင်ရွက်ချက်ဖြစ်ပါတယ်၊ဒီအထဲမှာကျွန်တော်လဲတယောက်အဖြစ်ပါဝင်ပါတယ်။

ကိုမင်းကိုနိုင်ကသူ့ရဲ့မွေးနေ့မှာသူ့မွေးနေ့ပွဲစီစဉ်ကျင်းပသူများကိုအရေးကြီးတဲ့စကားလက်ဆောင်ပါးလိုက်ပါတယ်၊ကိုမင်းကိုနိုင်က၊
“ကျွန်တော့မွေးနေ့ကိုကျွန်တော်တဦးတည်းအတွက်ရည်ရွယ်ကျင်းပခြင်းမဟုတ်ပဲ၊အားလုံးကိုသတိရကျင်းပတဲ့သဘောဖြစ်စေချင်ပါတယ်” လို့ပြောကြားလိုက်ပါတယ်၊

ဒီစကားလက်ဆောင်ကိုကြည့်လိုက်ရင်ကိုမင်းကိုနိုင်ဟာအမြဲတန်းဘာကိုရည်ရွယ်ပြီး နေ့စဉ်လစဉ်နှစ်စဉ်တွေးတောစဉ်းစားပြီး၊အဆက်မပြတ်ဆောင်ရွက်အကောင်အထည် ဖေါ်နေတယ်ဆိုတာလူတိုင်း၊ထင်ထင်ရှားရှားသဘောပေါက်နားလည်နိုင်ပါတယ်၊ကိုမင်းကိုနိုင်ဆိုလိုတဲ့အချက်ကတော့၊သူ့ရဲ့မွေးနေ့မှာသူ့တယောက်ထည်းကိုသတိရတာမျိုးသူမလိုလားပါ၊မြန်မာ့ဒီမိုကရေစီရေးအတွက်သူနှင့်အတူတိုက်ပွဲဝင်ကြတဲ့လက်ရှိအကျဉ်းထောင်များတွင်မတရားဆက်လက်အကျဉ်းကျခံနေကြရတဲ့နိုင်ငံရေးအကျဉ်းသားများ၊ကိုမင်းကိုနိုင်ရဲ့မွေးနေ့မတိုင်ခင်အကျဉ်းထောင်များမှလွတ်မြောက်သွားကြတဲ့နိုင်ငံ ရေးအကျဉ်းသားများနှင့်မြန်မာပြည်တွင်းမှာဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေကြသူ များအားလုံးကိုသတိရကျင်းပတဲ့မွေးနေ့ပွဲမျိုးဖြစ်စေလိုကြောင်းသူ့ရဲ့ဆန္ဒကိုဖေါ်ပြထား ခြင်းဖြစ်ပါတယ်၊
အတိုချုပ်ဆိုရပါကဒီမိုကရေစီပန်းတိုင်ရောက်ရှိရေးဟာမြန်မာပြည်သူအားလုံးနှင့်ဆိုင်ပြီးအားလုံးပါဝင်ဆောင်ရွက်ဘို့တာဝန်ရှိတယ်၊တဦးတည်း၊တဖွဲ့တည်းဆောင်ရွက်ရမည့်ကိစ္စရပ်မဟုတ်၊မြန်မာပြည်သူအားလုံးရဲ့အကျိုးအတွက်မြန်မာပြည်သူအားလုံးကတာဝန်သိစိတ်ဓါတ်ဖြင့်ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်းဖေါ်ပြ ခြင်းဖြစ်ပါတယ်၊

အခုလိုကိုမင်းကိုနိုင်ရဲ့(၄၉)နှစ်မြောက်မွေးနေ့မင်္ဂလာနေ့ထူးနေ့မြတ်မှာဒီမိုကရေစီ တိုက်ပွဲဝင်မြန်မာပြည်သူများကိုအောက်ပါမေးခွန်းများကိုမေးလိုပါတယ်၊ဂရုတစိုက်ဖတ် ပြီးဖြေကြားစေလိုပါတယ်၊

၁။ကိုမင်းကိုနိုင်ဟာမြန်မာပြည်သူလူထုတရပ်လုံးအတွက်လွတ်လပ်ခြင်းနှင့်တရားမျှတ ခြင်းရှိတဲ့စစ်မှန်သောဒီမိုကရေစီစံနစ်ကိုမြန်မာနိုင်ငံမှာအမြန်ဆုံးတည်ဆောက်လိုသူဖြစ်ပါတယ်၊
မိတ်ဆွေကောကိုမင်းကိုနိုင်နည်းတူစစ်မှန်သောဒီမိုကရေစီစံနစ်မြန်မာနိုင်ငံတွင်အမြန် တည်ဆောက်လိုပါသလား၊

၂။ကိုမင်းကိုနိုင်ဟာဒီမိုကရေစီစံနစ်ကိုသက်ဝင်ယုံကြည်သူဖြစ်ပြီး၊မြန်မာနိုင်ငံတွင်ဒီမိုကရေစီစံနစ်ပြန်လည်တည်ဆောက်ရေးတိုက်ပွဲဟာခက်ခဲကြမ်းတမ်းပြီး၊အသက်သွေးချွေးတို့ကိုရင်းနှီးပြီး၊စည်းကမ်းရှိစွာညီညွတ်စွာဖြင့်ရေရှေတိုက်ပွဲဆင်နွှဲပြီးယူမှရမည်ဟုယုံကြည်သူဖြစ်ပါတယ်၊
မိတ်ဆွေကောဒီမိုကရေစီစံနစ်ကိုမြန်မာပြည်သူတွေလက်ဝယ်ရောက်ရှိအောင်ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲမှာစည်းကမ်းရှိစွာညီညွတ်စွာဖြင့်စိတ်တူကိုယ်တူမြန်မာပြည်သူများနှင့်အတူပါဝင်ဆောင်ရွက်ဘို့စိတ်ပိုင်းဖြတ်ထားပါသလား၊

၃။ကိုမင်းကိုနိုင်က"ဘယ်နေရာပဲရောက်ရောက်၊ရောက်တဲ့နေရာကအရေးမကြီးဘူး၊ကျင့်တဲ့တရားပဲအရေးကြီတယ်"လို့သူ့ရဲ့မွေးနေ့မှာပြောကြားထားပါတယ်၊
ကနေဒါတွင်မြန်မာ့ဒီမိုကရေစီရေးအတွက်ပါဝင်လှုပ်ရှားနေကြတဲ့ဗမာအပါအဝင်ကရင်၊ မွန်၊ကချင်၊ချင်း၊ရှမ်း၊ရခိုင်အစရှိတဲ့မြန်မာတိုင်းရင်းသားများအနေဖြင့်အားလုံးညီညီညွတ်ညွတ်ဖြင့်ပူးပေါင်းဆောင်ရွက်ဘို့အရေးတကြီးလိုအပ်နေပြီဆိုတဲ့အမှန်တရားရှိပါတယ်အဒီအမှန်တရားကိုမိတ်ဆွေအနေဖြင့်ယုံကြည်လက်ခံပါသလား၊ကနေဒါရောက်မြန်မာ များအတွက်လိုအပ်နေတဲ့ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ရေးတွင်မိတ်ဆွေကိုယ်တိုင်ပါဝင်ဆောင်ရွက်ရန်စိတ်ပိုင်ဖြတ်ထားပြီးပါပြီလား၊

အထက်တွင်ဖေါ်ပြထားတဲ့မေးခွန်း(၃)ခုအတွက်မိတ်ဆွေဟာ(၁)မြန်မာနိုင်ငံမှာစစ်မှန်
သောဒီမိုကရေစီစံနစ်ပြန်လည်တည်ဆောက်လိုသူ(၂)ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲတွင်ပါဝင်ဘို့စိတ်ပိုင်းဖြတ်ထားသူ(၃)မြန်မာပြည်သူတရပ်လုံးဒီမိုကရေစီပန်းတိုင်သို့အောင်မြင်စွာရောက်ရှိရေးအတွက်အရေးတကြီးလိုအပ်နေတဲ့ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ရေးကိုကနေဒါရောက်မြန်မာများအတွင်းအကောင်
အထည်ဖေါ်ဆောင်ရာတွင်ပါဝင်ဆောင်ရွက်ရန်စိတ်ပိုင်းဖြတ်ထားသူတဦးဖြစ်မည်ဟု ကျွန်တော့အနေဖြင့်မျှော်လင့်ယုံကြည်ပါတယ်၊

အချင်းချင်းအပြန်အလှန်ယုံကြည်ရေး၊ထိုမှတဆင့်ညီညီညွတ်ညွတ်ဖြင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက်အဓိကလိုအပ်ချက်ဟာတွေ့ဆုံဆွေးရေးဖြစ်ပါတယ်၊တွေ့ဆုံဆွေးမှုမရှိလျှင်၊ညှိနှိုင်းဘို့အခွင်အလမ်းမရှိနိုင်ပါ၊ညှိနှိုင်းမှုမရှိလျှင်ယုံကြည်မှုမရှိနိုင်ပါ၊ထိုမှတဆင့်ပူးပေါင်းဆောင်ရွက်မှုလဲမရှိနိုင်ပါ၊ထိုကဲ့သို့အရေးကြီးသောကြောင့်၊မြန်မာနိင်ငံတွင်ဒီမိုကရေစီစံနစ်ပြန်လည်တည်ဆောက်ရေးအတွက်၊စစ်အစိုးရ၊ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊တိုင်းရင်းသားအဖွဲ့အစည်းများပါဝင်တဲ့သုံး ပွင့်ဆိုင်ဆွေးနွေးပွဲကိုကျင်းပဘို့မြန်မာစစ်အစိုးရကိုပြည်တွင်းရှိဒီမိုကရေစီအင်အားစုများနှင့်နိုင်ငံတကာကပါနှစ်ပေါင်းများစွာတောင်းဆိုလာခဲ့ရခြင်းဖြစ်ပါတယ်၊

ကနေဒါနိုင်ငံရှိမြန်မာအားလုံးအနေဖြင့်အချင်းချင်းတွေ့ဆုံဆွေးနွေးအမြင်ဖလှယ်နိုင်ရေးနှင့်ထိရောက်စွာပူးပေါင်းဆောင်ရွက်ရေးတို့အတွက်ရည်ရွယ်ပြီး၊မြန်မာကနေဒီယန်ကွန်ယက်ကိုလွန်ခဲ့သောတနှစ်ကစတင်တည်ထောင်ခဲ့ပြီး၊မြန်မာကနေဒီယန်စကိုက် ကွန်ဖရင့်ဆွေးနွေးပွဲများကျင်းပတဲ့တာယနေ့အထိစုစုပေါင်း(၆)ကြိမ်ကျင်းပပြီးပါပြီ၊လာ မည့်၂၀၁၁ခု၊နိုဝင်ဘာလ(၁၂)ရက်စနေနေ့တွင်(၇)ကြိမ်မြောက်ဆွေးနွေးပွဲကျင်းပရန်စီစဉ်ထားပါသည်၊

နိဂုံးချုပ်အနေဖြင့်တိုက်တွန်းပြောလိုသည့်အချက်များမှာ၊

မြန်မာပြည်သူတရပ်လုံးလိုလားတောင်းတနေတဲ့စစ်မှန်သောဒီမိုကရေစီစံနစ်မြန်မာနိုင်ငံတွင်အောင်မြင်စွာပြန်လည်တည်ထောင်ရေးအတွက်၊
(၁)မြန်မာလူမျိုး(ဗမာအပါအဝင်ကရင်၊မွန်၊ကချင်၊ချင်း၊ရခိုင်၊ရှမ်းအစရှိတဲ့တိုင်းရင်းသားလူမျိုးများအားလုံး)ဖြစ်ပါက၊မည်သည့်ဒေသတွင်နေနေဒီမိုကရေစီရေးတွင်တက်ကြွစွာတာဝန်သိစွာဖြင့်ပါဆောင်ရွက်ဘို့လိုပါတယ်၊ဒီမိုကရေစီစံနစ်မြန်မာနိုင်ငံတွင်တည် ဆောက်ရေးအတွက်၊မြန်မာပြည်သူအားလုံးတွင်တာဝန်ရှိပါတယ်၊

(၂)ဒီမိုကရေစီအင်အားစုများအချင်းချင်းအမြဲတွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး၊ရင်းနှီးခင်မင်စွာ၊စည်းကမ်းရှိစွာ၊ညီညွတ်စည်းလုံးစွာပူးပေါင်းဆောင်ရွက်ဘို့အဓိကလိုအပ်ပါတယ်၊ (၃)ဒီမိုကရေစီအင်အားစုများအတွင်းစည်းလုံးညီညွတ်မှုရှိမှဒီမိုကရေစီစံနစ်အောက်မြင် စွာတည်ဆောက်နိင်ဘို့အထူးလိုအပ်တဲ့အင်အားရရှိပါမယ်၊ဒီမိုကရေစီအင်အားစုများ အားကောင်းမှစစ်အာဏာရှင်စံနစ်၏နေရာတွင်စစ်မှန်သောဒီမိုကရေစီစံနစ်ကိုအောင် မြင်စွာတည်ဆောက်နိုင်ပါမယ်၊

ထို့ကြောင့်မြန်မာနိုင်ငံတွင်ဒီမိုကရေစီစံနစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက်အဓိကသော့ချက်ဖြစ်တဲ့ဒီမိုကရေစီအင်အားစုများအတွင်းယုံကြည်မှုအပြည့်ဖြင့်ထိရောက်စွာပူးပေါင်းဆောင်ရေး(ဝါ)ညီညွတ်ရေးကိုကနေဒါနိုင်ငံတွင်မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှား နေသူများအတွင်း၊ကနေဒါအခြေစိုက်မြန်မာ့ဒီမိုကရေစီရေးအတွက်ပါဝင်လှုပ်ရှာနေကြတဲ့အဖွဲ့များအတွင်းအမြန်တည်ဆောက်ရာတွင်မိတ်ဆွေများအားလုံးတက်တက်ကြွကြွပါဝင်ရန်တိုက်တွန်းလိုက်ပါတယ်၊

ကိုမင်းကိုနိုင်အမှန်တကယ်လိုချင်တဲမွေးနေ့လက်ဆောင်ဟာ၊သူချမ်းသာဘို့၊ကျန်းမာဘို့၊အသက်ရှေဘို့တို့မဟုတ်ပါ၊သူလိုချင်တာကမြန်မာပြည်သူတရပ်လုံးအတွက်ဘဝအာမခံချက်ရှိတဲ့သာယာဝပြောတဲ့အနာဂတ်ကိုဖေါ်ဆောင်မည့်စစ်မှန်သောဒီမိုကရေစီစံနစ်ဖြစ်ပါတယ်၊

ကိုမင်းကိုနိုင်ရဲ့မွန်မြတ်လှတဲ့ဆန္ဒဖြစ်တဲ့မြန်မာပြည်သူတရပ်လုံးအတွက်စစ်မှန်သောဒီမိုကရေစီစံနစ်အမြန်ဆုံးရရှိရေးကိုအာမခံချက်အပြည့်အဝပေးမည့်ညီညွတ်စွာပူးပေါင်း ဆောင်ရွက်မှုများကနေဒါအခြေစိုက်မြန်မာ့ဒီမိုကရေးလှုပ်ရှားသူများအတွင်းနှင့်မြန်မာ့ဒီမိုကရေစီရေးတွင်ပါဝင်လှုပ်ရှားနေတဲ့အဖွဲ့များအတွင်းတိုးတက်ထွန်းကားလာရေးကို ဆောင်ရွက်ပါမည်ဆိုတဲ့ကတိကို၊ကိုမင်းကိုနိုင်အတွက်မွေးနေ့လက်ဆောင်အဖြစ်ပေး အပ်ကြပါရန်အထူးမေတ္တာရပ်ခံလိုက်ပါတယ်ခင်ဗျား။

ကိုမင်းကိုနိုင်ရဲ့မွန်မြတ်လှတဲ့ဆန္ဒပြည့်မြောက်ရေးအတွက်ညီညွတ်ရေးကိုစိတ်တူကိုယ်တူအင်အားအပြည့်ဖြင့်အကောင်အထည်ဖေါ်ဆောင်ရွက်ကြပါစို့

ခင်မင်လေးစားစွာဖြင့်

ဦးသန်းအောင်
မြန်မာကနေဒီယန်ကွန်ယက်
Burmese Canadian Network (BCN)
ကနေဒါနိုင်ငံ
ဖုန်း-၇၈၀ ၄၃၉ ၇၅၅၅
Website:http://www.burmesecanadiannetwork.com/
နေ့စွဲ၊၂၀၁၁ခု၊အောက်တိုဘာလ(၂၁)ရက်
 

မြန်မာနိုင်ငံအမျိုးသမီးများနိုင်ငံရေးပါဝင်မှုကခန်းကဏ္ဍ

မြန်မာနိုင်ငံအမျိုးသမီးများနှင့်နိုင်ငံရေးပါဝင်မှုအခန်းကဏ္ဍ

မြန်မာနိုင်ငံရဲ့ခေတ်သမိုင်းအဆက်ဆက်ကိုပြန်လည်သုံးသတ်ပြီးအမျိုးသမီးများရဲ့စွမ်းဆောင်နိုင်မှုတို့အပေါ်လေ့လာခြင်းအားဖြင့် တသွယ် ခေတ်အခါအခြေအနေနှင့် နိုင်ငံရေးသမိုင်းကြောင်းတို့အပေါ်ထောက်ရှုခြင်း အားဖြင့်တဖုံလေ့လာခြင်းအားဖြင့်သာမြန်မာနိုင်ငံအမျိုးသမီးများရဲ့နိုင်ငံရေးမှာပါဝင်မှုအခြေအနေအထားအမှန်ကိုသိရှိနိုင်ပါသည်၊ လွန်ခဲ့ပြီးတဲ့နှစ်ပေါင်းတရာကျော်လောက်ကဖွံ့ဖြိုးခေတ်မှီပါတယ်ဆိုတဲ့နိုင်ငံကြီးများမှာ တောင်အမျိုးသမီးတွေမဲပေးခွင့်မရကြပါဘူး၊ အကြောင်းကအမျိုးသမီးထုကိုလူအဆင့်ထက်အနိမ့်ဆင့်မှာထားတဲ့အတွေးအခေါ်သတ်မှတ်ချက်တွေကိုကြာရှည်ကျင့်သုံးရာကကြာ လာတော့လောကနိယမအမှန်အဖြစ်လက်ခံသတ်မှတ် ကျင့်သုံးခဲ့ကြလို့ဖြစ်ပါသည်၊ လူမှုအဖွဲ့အစည်းများရဲ့အချို့ဓလေ့ထုံး တမ်းအတွေနှင့်ဘာသာ အယူ ၀ါဒတွေ အရ လည်း အမျိုးသားနှင့်အမျိုးသမီးတို့အကြား တန်းတူတဲ့အခွင့်အရေး ရပိုင်ခွင့်တွေမ ရှိဘဲ အမျိုး သမီးထုရဲ့ ဘ၀ များ ကို ကျားနှင့်မကြားအဆင့်အတန်းကွာ ဟမှုတွေရှိနေခဲ့ကြတာ ဖိုဝါဒ တွေကြီး စိုးခဲ့ တဲ့ကလလျှောက်လို့ဆို လျှင်မည်သူတဦးတယောက်ကမျှငြင်းလိမ့်မည်မဟုတ်ပါ၊ လွန်ခဲ့ သည့်နှစ်ပေါင်း တရာကျော်အချိန်က တ ကမ္ဘာ လုံးမှာ အမျိုးသမီးတို့ရဲ့အစွမ်း အစနှင့်အရည်အချင်းကို ထုတ် ဖေါ်ပြ သခွင့် အခြေအနေအလွန်ရှားပါးခဲ့ပါတယ၊် ထိုစဉ်အချိန်က၊မြန်မာနိုင်ငံကအမျိုးသမီးများရဲ့လူနေမှုဘ၀အဆင့်အတန်း အခြေအနေကလည်းတခြားနိုင်ငံကအမျိုးသမီးများနှင့်သိပ်ကွာခြားမှုတွေမရှိခဲ့ပါ၊ရှေးယခင်ကမြန်မာနိုင်ငံအမျိုး သမီးများပညာသင်ကြားခွင့်အခြေအနေကသိပ်များများမရှိခဲ့ပါဘူး။နိုင်ငံရေးမတည်ငြိမ်မှုများကြားတွင်မျိုးချစ် စိတ်၊နိုင်ငံချစ်စိတ်တို့ဖြင့်ကိုလိုစနစ်နှင့်ဖက်ဆစ်စနစ်ဆန့်ကျင်တော်လှန်ရေးတို့တွင်အမျိုးသမီးများအစွမ်း ကုန်ကြိုးပန်းလှုပ်ရှားဆောင်ရွက်ခဲ့သည်။သက်စွန့်ဆြံဖားနိုင်ငံရေးလှုပ်ရှားမှုများထဲမှာအမျိုးသမီးးများပါဝင် ခဲ့ကြပေမဲ့လည်း၊အမျိုးသမီးတို့ရဲ့ဆန္ဒသဘောထားတွေစီမံကွတ်ကဲဆုံးဖြတ်ချက်ချသည့်နေရာမျိုးတွင်အမျိုး သမီးများအတွက်အခွင့်အလန်းရရှိမှုအလွန်နည်းပါးခဲ့ပါသည်။နိုင်ငံရေးအခြေအနေမကောင်းတဲ့အချိန်အခါတိုင်း အမျိုးသမီးများအဖို့လိုအပ်သည့်ကွက်လပ်ကိုဖြည့်နိုင်စွမ်းအပြည့်ဖြည့်စည်းခဲ့ကြပေမဲ့ခေတ်အခါတည်ငြိမ်ချိန် တွင်အမျိုးသမီးတို့ရဲ့အစွမ်းအစကိုအသိအမှတ်ပြုကာနိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်ပါဝင်မှုအတွက်စဉ်စားမှုအလွန် အားနည်းခဲ့ပါသည်။(၁၈)ရာစုတွင်မြန်မာတို့ထီးနန်းပျောက်ခဲ့ရသည်ဗြိတိသျှ ကိုလိုနီအစိုးရကမြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံကိုပေါင်းကာနှစ်ပေါင်းတရာကျော်အုပ်ချုပ်ခံခဲ့ရသည်၊ (၁)ဗြိတိသျှကိုလိုနီခေတ်မြန်မာနိုင်ငံအမျိုးသမီးများရဲ့ဘ၀အခြေအနေများနှင့်နိုင်ငံရေးပါဝင်မှု (၂)ဂျပန်ဖက်ဆစ်ဆန့်ကျင်တော်လှန်ရေးနှင့်အမျိုးသမီးများပါဝင်မှုအနေအထား (၃)မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်အမျိုးသမီးများ၏နိုင်ငံရေးပါဝင်မှုအခြေအနေနှင့်  (၄)(၁၉၆၂)မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးချိန်မှယနေ့တိုင်အမျိုးသမီးများရဲ့ နိုင်ငံရေးတွင်ပါဝင်ခွင့်အနေအထားများကိုတင်ပြပါမည်၊

(၁) ဗြိတိသျှကိုလိုနီခေတ်မြန်မာနိုင်ငံအမျိုးသမီးများရဲ့ဘ၀အခြေအနေများနှင့်နိုင်ငံရေးပါဝင်မှု 


(၁၉၁၉)ခုနှစ်တွင်မြန်မာအမျိုးသမီးတို့ရဲ့အခွင့်အရေးအတွက်အစဦးဆုံးရန်ကုန်မြို့တွင်မြန်မာမိန်းမများအသင်းကိုတည်ထောင်ခဲ့ သည်။အသင်းဥက္ကဌအဖြစ်ဒေါ်ဒေါ်စုကဆောင်ရွက်ခဲ့သည်။ ၁၉၂၀ခုနှစ်သပိတ် မှောက် ကျောင်း သားများစားသောက်စရိတ် အဖြစ် သပိတ်မှောက်ကျောင်း(၇)ကျောင်း ကိုထောက်ပံ့ ပေးခဲ့ သည်။ ရထားခနှုံးလျှော့ချရေး၊ အမျိုးသမီးအသင်းသူများသည် ဘားမားဒေးဈေးရောင်းပွဲများတွင်ဈေးရောင်း၍ ရန်ပုံငွေရှာကြသည်၊တစနှင့်တစ၀ံသာနုအမျိုးသမီးများဖြစ်သည့်ဒေါ်ကြင်အိမ်က (၁၉၁၉)ခုနှစ်တွင်ဒါနသုခ   အမျိုးသမီးများအသင်းတွင်ဥက္ကဌအဖြစ်တာဝန်ယူခဲ့သည်။ ကလျာဏယုဝတီအသင်းတွင်လည်းပထမဦးဆုံးဥက္ကဌဖြစ်ခဲ့သည်။မျိုးချစ်စာရင်းဝင်အမျိုးသမီးများကပင်နီနှင့်ယောထဘီကိုဝတ်ပြီး။ လိပ်ခွန်ဘီးများကိုအင်္ဂလိပ်မုန်းသည့်အနေဖြင့်ချိုးပစ်မီးရှို့ပစ်ကြသည်။ နိုင်ငံရေးအမျိုးသမီးကြီးဒေါ်ကြင်မြိုင်က(ကုန်းလိပ်ကန်လိပ် အင်္ဂလိပ်ဘယ်လိပ်နဲ့မှမဆက်ဆံဘူး)ဟု ကြွေးကျော်ခဲ့ကြသည်၊အခွန်တော်မပေးဆောင်ရေးမြန်အမျိုးသားဝန်ကြီးဘုရင်ခံများကို အင်္ဂလိပ်အစိုးရ အလိုတော်ရိမဖြစ်စေရန်ဟောပွဲများကာတွန်းရုပ်ပြောင်များဖြင့်ထိုးနှက်ကြသည်။ ကိုလိုနီအစိုးရကိုထောင်မကြောက်တန်းမကြောက်ဆန့်ကျင်ကန့်ကွက်မှုအမျိုးမျိုးပြုပြီးတယောက်ကိုဖမ်း လျှင်အများကလိုက်ကန့် ကွက်ကြကာထောင်ထဲဝင်ရမှာမကြောက်ကြပေ၊သခင်မကြီးဒေါ်ဆယ်ဦးဆောင်သည့်သခင်မအမျိုးသမီးများကလည်း(၁၃၀၀)ပြည့်   ရေနံမြေသပိတ်အရေးတော်ပုံတွင်သပိတ်တားများအဖြစ် ဆောင်ရွက်ခဲ့ကြသည်၊(သခင်မ )မသန်း၊ မမြခင်၊ မဂျမ်း၊ မညို၊ မပု၊ မထွေး၊ မစောစော၊ မစိန်ခင် မသိန်းနွဲ့၊မငွေခင်၊မစု၊မချစ်၊စသည်တို့ထောင်နန်းစံသခင်မများရဲ့ ဆန့်ကျင်ဟန့်တားမှုတို့ကထိရောက်ပါပေသည်။၁၉၂၉ခုနှစ်တွင်မြန်မာနိုင်ငံဥပဒေပြုကောင်စီတွင်အမျိုးသမီးများအမတ်ရွေးနိုင်ခွင့် ရရှိလာသည့်အခါ ဒေါ်နှင်းမြ(မော်လမြိုင်)ကတွဲရေးအမတ်လောင်းအဖြစ်အရွေးခံရသည်(၉၁)ဌာနအုပ်ချုပ်ရေးတွင်မဲပေးနိုင်သူ အမျိုးသမီး(၆)သိန်းအနက်(၉)ဦးသာမဲပေးပိုင်ခွင့်ရှိခဲ့သည်၊အသက်(၁၈)နှစ်ပြည့်သောအမျိုးသမီးတိုင်းမဲပေး ပိုင်ခွင့်ရရန်နှင့်မြန်မာအမျိုးသမီးတို့လူမျိုးခြားနှင့်လက်ထပ်ပါကအမွေဆက်ခံခွင့်ရရှိစေရေးစသည့်ဥပဒေတို့ကိုအဆိုတင်သွင်းခဲ့သည် (၁၉၄၇)ခုနှစ်တွင်ပြည်လုံးကျွတ်ဖဆပလအဖွဲံ့ချုပ်ညီလာခံမှအဖွဲ့ချုပ်အမှုဆောင်အဖြစ် ဒေါ်ခင်လှရွေးချယ်ခံရသည်။
 (၂)ဖက်ဆစ်ဂျပန်တော်လှန်ရေးနျင့်အမျိုးသမီးများပါဝင်မှု 
(၁၉၄၄)ခုနှစ်တွင်ဖက်ဆစ်ဂျပန်တို့မြန်မာပြည်သူတို့အားရက်စက်ကြမ်းကြုတ်မှုသည်အလွန်ဆိုးဝါးစွာခံစားခဲ့ရသည်ဂျပန်များ ရန်ကြောင့်သခင်မျိုးချစ်ပုဂ္ဂိုလ်ကြီးများပုန်းလျှိုးနေခဲ့အခါများတွင်သခင်မများဖြစ်ကြသည့်ဒေါ်ခင်လှ ဒေါ်ဆယ် ဒေါ်ကြာဇံ ဒေါ်မညွန့် စသည့်အမျိုးသမီးများကလည်း စားရေရိက္ခာသယ် ဆောင်ပေးခြင်း ဆက်သားအဖြစ်ဗမာ့တပ်မတော်နှင့် ဆက်သွယ်ပေးခြင်း အာရှလူငယ်များနှင့်လည်းဆက်စပ်ကာလှိုဝှက်သွေး စည်းရေးလုပ်ငန်းများဆောင်ကြသည်၊အမျိုးသမီးများက နည်းပရိယာယ်များ သုံးကာ ဂျပန်စစ်သားများကို ဖျောက်ဖျက်ပစ်ခဲ့သည်၊လက်နက်များကိုလျှိုဝှက်သယ်ဆောင်ခြင်းရန်ပုံငွေအတွက် စည်းရုံး လှုပ်ဆော်ပေးသည့် လုပ် ငန်း များလည်း ဆောင်ရွက်ခဲ့ကြ သည်၊ဒေါ်ကြာဇံသည် ရခိုင်အမျိုးသမီးစစ် တွေမြို့သူဖြစ်ပါ သည်။ ဖက်စစ်တော်လှန်ရေးအ တွက်လက်နက်စုဆောင်း ရေးလုပ်ငန်းများကိုဖခင် နှင့်အမျိုးသမီး တို့အတူ စွန့်စွန့်စားစားဆောင်ရွက် ခဲ့ကြသည်။ 
(၃) လွတ်လပ်ရေးရပြီးနောက်မြန်မာအမျိုးသမီးများနိုင်ငံရေးပါဝင်မှု      
မြန်မာနိုင်ငံ၏(၁၉၄၇)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးတွင်လည်းအမျိုးသမီးများရဲ့ဆန္ဒသဘောထားပါဝင်စေမှုအပေါ် အလေးထားမှုအားနည်းခဲ့သည်။မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်တိုင်းရင်းသားများညီညွတ် ရေးကိုအလေးထားနေရမှုအပိုင်းကို ဦးစားပေးခဲ့ရ၍ဆိုလျင်လည်းအမှန်အဖြစ်ကအနစ်နာခံစရာရှိလျှင်အနစ် နာခံကာနိုင်ငံရေးမှာပါဝင်ခဲ့ကြပြီး၊တိုင်းပြည်ပြန်လည်ထူထောင်ရေးအချိန်အခါတွင်အသိအမှတ်ပြုမခံ၇တာကတော့အမှန်လိုဖြစ်ခဲ့ရ ပါသည်။  ဒေါ်စောရွှေသည်လူမျိုးစုလွှတ်တော်တွင်(၁၉၄၂မှ၁၉၅၆အထိ၎င်း(၁၉၅၆မှ၁၉၆၀)ရမည်းသင်းတောင်ပိုင်းအ မတ်အဖြစ်အရွေးခံရသည်။(၁၉၄၆)ခုနှစ်တွင်မြန်မာမူဆလင်ကွန်ကရက်၏ဥက္ကဌဖြစ်ခဲ့ပြီးမြန်မာမူဆလင်များကိုမြန်မာဟုအသိ အမှတ်ပြုလာစေရန်ကြိုးပန်းခဲ့သည်။(၁၉၄၆-၁၉၆၀)ခုနှစ်များတွင်မြန်မာနိုင်ငံလုံးဆိုင်ရာအ မျိုးသမီးးအသင်းဥက္ကအဖြစ်၎င်းအသင်းအဖွဲ့များစွာတွင်တက်တက်ကြွကြွပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည် ၁၉၄၇-ခုနှစ်ဇူလိုင် (၁၉) ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံခံရပြီးနော် ဗိုလ်ချုပ်၏မဲဆန္ဒနေရာတွင် (၁၉၄၇-၁၉၅၂) ၄င်း ၏ဇနီးခေါ်ခင်ကြည်ကရွေးချယ်တင်မြောက်ခံခဲ့ရသည်နောက်ပိုင်းနိုင်ငံရပ်ခြားတွင်သံအမတ်တာဝန်ပေးအပ်ခါနိုင်ငံရေးမှအဝေးနေရာ သို့ပို့ထားခဲ့သည် မစ္စစ်ဘမောင်ချိန်းဆိုးသည့်ကရင်ကျောင်းဆရာမကြီးက (၁၉၅၂)ခုနှစ်တွင်ဟံသာဝတီခရိုင်မင်းတိုင်ပင်အောက် လွှတ်တော်အမတ်ဖြစ်လာသည်။ ပြည်နယ်များဖွဲ့သည့်အခါပြည်နယ်ဝန်ကြီးအဖြစ်ရွေးချယ်ခံရသည်။ ဒေါ်ခင်ချစ်၊ ဒေါ်နှင်းလှ ဒေါ်စိန် ပုတို့ကလည်းနိုင်ငံရေးလုပ်ငန်းစဉ်းများတွင်ဦးဆောင်ရွက်ပြုကာလှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။
(၄) ၁၉၆၂ ခုနှစ်စစ်အာဏာသိမ်းပြီးချိန်မှ ၂၀၁၁ ခုနှစ်အတွင်းအမျိုးသမီးများနိုင်ငံရေးပါဝင်မှု ၁၉၆၂ခုနှစ်မြန်မာနိုင်ငံစစ်အာဏာသိမ်းသည့်အခါမှစ၍မြန်မာပြည်သူများဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ ဆိတ်သုန်းပျောက်ကွယ် ခဲ့သည်။နိုင်ငံရေးနိုကြားတက်ကြွသူများကိုအကြောင်းမျိုးမျိုးပြ၊စစ်အာဏာရှင်အကာ အကွယ်ပေးဥပဒေများထုတ်ကာ ဖမ်းဆီး  ထောင်ချ ရက်စက်ကြမ်းကြုတ်သည့်လူမဆန်သည့်အပြုအမူများ ကျင့်သုံးပြီးအုပ်ချုပ်ခဲ့သည်။ထို့ကြောင့်မိဘများက သားသမီးများနိုင်ငံရေးကိုစိတ်ပါဝင်စားမှာစိုးရိမ်စွာဖြင့်တား မြှင့်ကြသည်။အမျိုးသမီးများအဖို့မိဘများရဲ့စိတ်ချမ်းသာမှုကို မထိခိုက်စေချင်သည်ကတဘက်စစ်ဗျူဟာသွတ်သွင်းခံရမှုကြောင့်အလိုအလျောက်အမျိုးသမီးများကိုနိုင်ငံရေးမှဖယ်ကျဉ်ခြင်း အနေအထားရောက်ခဲ့တာနှစ် ပေါင်းငါးဆယ်ပြည့်တော့မည်ဖြစ်ပါသည်။ ၁၉၇၄ခုနှစ်တွင်ဖွဲ့စည်းပုံတခုပေါ်လာခဲ့သော်လည်း အမျိုး သမီးများ၏ဆန္ဒသဘောထားများပါဝင်စေရန် အမျိုးသမီးများကိုကိုယ်စားပြုသည့်ကိုယ်စားလှယ်များပါဝင်ရေးဆွဲခဲ့ရခြင်းမရှိသလို အမျိုးသမီးများအခွင့်အရေးကိုအလေးထားမှုမပါဘဲ၊ရေဘုယျခြုံငုံသည့်အချက်များသာတွေ့ရသည်။စစ်အာဏရှင်များကိုဆန့် ကျင်ကန့်ကွက်မှုပြုသူများထဲတွင်ကျောင်သားများထိပ်ဆုံးမှပါဝင်ခဲ့ကြသည်ထိုအထဲတွင်အမျိုးသမီးကျောင်းသူများ ပါဝင်သလို ။နိုင်ငံရေးစိတ်ဝင်စားသည့်အမျိုးသမီးများစွာရှိပါသည်။၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ် ပေါက်လာရေးတွင်အမျိုးသမီးတို့၏ ဆန္ဒသဘောထားများနှင့်စွမ်းဆောင်နိုင်သောအမျိုးသမီးများပါဝင်ခွင့်မရခဲ့သလိုစစ်အာရှင်များကိုအကာအကွယ်ပေးသည့်အချက်များ ကိုအဓိကထားရေးဆွဲခဲ့သည်။လူဦးရေ၏ထက်ဝက်ကျော်ရှိသောအမျိုးသမီးများအရေးအတွက်အမျိုးသမီးများကိုယ်တိုင်ထိထိ   ရောက်ရောက်မဆောင်ရွက်နိုင် သရွေ့အမျိုးသမီးအခွင့်အရေးတွေနဲ့အလှမ်းဝေးနေဦးမှာဖြစ်ပါသည်။ (၂၀၁၁)ခုနှစ်စပိုင်းတွင်မြန်မာနိုင်ငံမှာနိုင်ငံရေးနိုးကြားတက်ကြွသည့်အပြင်ကိုယ်ကျိုးစွန့်အနစ်နာခံနိုင်ငံရေးလှုပ်ရှားခဲ့ကြသည့်အမျိုး သမီးနိုင်ငံရေးအကျဉ်းသားလေးရာကျော်ရှိနေကြောင်းသိရသည်၊ နိုင်ငံရေးမှုဖြင့်ထောင်ကျသွားသူတို့အားနှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခါဝေးလံသောထောင်များသို့ပြောင်း ရွေ့ထားခြင်းတို့ကြောင့်သက်ဆိုင်ရာမိသားစုများထောင်ဝင်စာသွားရောက်တွေ့နိုင်ရန် အခက်အခဲများစွာ တွေ့ကြရသည်။အိမ်တွင်ကျန်နေသောအမျိုးသမီးများကအိမ်တာဝန်၊သားသမီးတာဝန၊်အပြင်ထောင်ဝင်စာ အတွက်ကြိုးပန်းရသည်။ ပြင်ပတွင်နိုင်ငံရေးလုပ်နေစဉ်မှာလည်းနောက်ကွယ်ကအားပေးကူညီမှု တွေကြောင့် နိုင်ငံရေးလုပ်ငန်းတွေ လုပ်နိုင်ခြင်းဖြစ်တာကြောင့်ထိုကဲ့သို့သောအမျိုးသမီးများမြန်မာနိုင်ငံအိမ်တိုင်းတွင်ရှိနေမည်ဟုယူဆလျှင်မှားမည်မဟုတ်ပါ။ အမျိုးသမီးများနိုင်ငံရေးတွင်ပါဝင်မှုများသော်လည်း ဆုံဖြတ်ချက်ချသည့် ထိပ်ပိုင်းဆိုင် ရာတို့တွင်မရှိခြင်းမှာအမျိုးသမီးများ အရည်အချင်းမရှိ၍မဟုတ်ကြောင်း အခြေအနေအမှန်ကို တင်ပြပါမည် မြန်မာနိုင်ငံတွင် အမျိုးသမီးတို့သည်အသက်မွေးဝမ်းကြောင်း နည်းပညာများနှင့်စီးပွား ရေးဆိုင်ရာလုပ်ငန်းများတွင်ကျွမ်းကျင်ကြသည်။ဆေးပညာဥပဒေဆိုင်ရာပညာဌာနဆိုင်ရာအသီးသီးတွင်ရာ ထူးအလိုက်တာဝန်များထမ်းဆောင်နေသူများလည်းရှိသည်၊သုခုမဂီတအနုညာရုပ်ရှင်စသည့်နယ်ပယ်များတွင် အမျိုးသမီးများ ထူးချွန်စွာဆောင်ရွက်နိုင်ကြသည်အလုပ်ရုံစက်ရုံနှင့်လယ်ယာလုပ်ငန်းများတွင်လည်းဝင် ရောက် လုပ်ကိုင်နိုင်ကြသည် အမျိုးသမီး များရဲ့စွမ်းဆောင်နိုင်မှုကမိခင်တာဝန်နှင့်တပြိုင်ထဲအိမ်ထောင်ရပ် တည်ရေးတာဝန်များစီမံဆောင်ရွက်နိုင်သည့် အရည်းအချင်းကို အသိအမှတ်မပြုလို့မရတဲ့ အချက်ဖြစ်ပါသည်၊ အစိုးရသစ်အမည်ခံအစိုးရသစ်မှာအမျိုးသမီး ၀န်ကြီးတကောက်မျှ မပါ တာက တော့အထက်ကပြောခဲ့တဲ့အချက်တွေရဲ့သက်သေအထောက်အထားဖြစ်ပါတယ်။ နိုင်ငံေ၇းအကျဉ်းသူလေးရာကျော်ရဲ့ အစွမ်းကအာဏာရှင် နိုင်ငံရေးကိုကိုင်လှုပ်နိုင်တာပို့အကျဉ်းချထားရတာ။အပြင်မှာရှိနေတဲ့ဒေါ်အောင်စုကြည်ပြည်သူတွေနဲ့ဆုံတွေ့ မှာ စိုးကြောက်နေကြတယ်၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ရင့်တည်ကြည်တဲ့စိတ်ဓါတ်။ မြင့်မြတ်တဲ့စိတ်စေတနာနဲ့ စွန့်လွှတ်ပေးဆပ် မှုတွေကိုအသိအမှတ်ပြုနေတဲ့ပြည်သူရဲ့အားစုစည်းမိမှာကြောက်နေရတယ်။ပြည်သူ့ခေါင်းဆောင်ကိုအမျိုးသမီးထုကညီညီ ညွတ် ညွတ်ဝိုင်းရံနိုင်လျှင်အမျိုးမသီးများရဲ့ နိုင်ငံရေးစွမ်းဆောင်မှုအောင်မြင်မည်ဟု (မလအ)မှယုံကြည်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရွှင်လန်းပါစေကြောင်းအမျိုးသမီးနိုင်ငံရေးအကျဉ်းသူများနှင့်အတူနိုင်ငံရေးအကျဉ်းသားများအားလုံးကျန်းမာရွှင်လန်း ပါ စေကြောင်းနှင့်အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း (မလအ)ဆုတောင်းမေတ္တာပိုသအပ်ပါသည်။
ဒေါ်မော်လီ

 

မြန်မာအမျိုးသမီးနိုင်ငံရေး အကျဉ်းသားများ


မင်္ဂလာပါ
ဇွန်လဟာမြန်မာနိုင်ငံသူနိုင်ငံသားများအတွက်အလွန်ထူးခြားအရေးကြီးတဲ့လဖြစ်ပါတယ်၊ထိုကဲ့သို့ထူးခြားအရေးကြီးစေတဲ့ အကြောင်းများကတော့၊ဇွန်လ(၁၉)ရက်ဟာဒေါ် အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်တာလဲတချက်ပါဝင်ပါတယ်၊ဒါထက်ထူးခြားတဲ့ အချက်ကတော့၊အဲဒီဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဟာမြန်မာနိုင်ငံအမျိုးသမီးများနေ့ဖြစ် နေတဲ့အချက်ဖြစ်ပါတယ်၊မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဟာ၊လူ့အခွင့်အရေး၊ဒီမိုကရေစီရရှိရေးနှင့်ငြိမ်းချမ်းရေးတို့အတွက်ခေတ်အဆက်ဆက်မှာမြန်မာအမျိုးသမီးများ ပါဝင် ကျိုးပမ်းဆောင်ရွက်ခဲ့မှုများကိုအသိအမှတ်ပြုတဲ့နေ့ထူးနေ့ မြတ်လည်းဖြစ်ပါတယ်။
ယနေ့မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့အခက်အခဲပေါင်းစုံမှလွတ်မြောက်ရေးအတွက်အဓိကလိုအပ်ချက်ဟာတိုင်းရင်းသားလူမျိုး များအားလုံးအတွက်အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပါတယ်၊တဖန်ဒီအမျိုးသားရင်ကြားစေ့ရေးကိုအကောင်အထည်ဖေါ်ဆောင် ရာတွင်ပထမဦးစွာဆောင်ရွက်ရမည့်အရာကတော့နိုင်ငံရေးခံယူချက်ကြောင့်မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတို့တွင်ထောင် ဒဏ်အသီးသီးကျခံနေကြတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးဖြစ်ပါတယ်။
အထက်တွင်ဖေါ်ပြပါနိုင်ငံရေးအကျဉ်းသားများဟာ၊သန်းပေါင်း(၅၀)သောမြန်မာပြည်သူလူထုကြီးတရပ်လုံးစစ်ကျွန်ဘဝမှ လွတ်မြောက်ပြီးမြန်မာနိုင်ငံတွင်တရားမျှတပြီး၊လူ့အ ခွင့်အရေးအပြည့်အဝရရှိတဲ့၊စစ်မှန်သောဒီမိုကရေစီစနစ်ထူထောင်နိုင်ရေးတို့အတွက်တိုက်ပွဲဝင်နေတဲ့သူရဲကောင်းအစစ်အမှန် များဖြစ်ကြပါတယ်၊ဆင်းရဲဒုက္ခမျိုးစုံကိုခံရင်း၊မိမိတို့ရဲ့အသက်ကိုပင်ပေးဆပ်ရန်ဆုံးဖြတ်ထားကြတဲ့၊မျိုးချစ်အာဇာနည်များဖြစ်ပါတယ်

မြန်မာနိုင်ငံအကျဉ်းထောင်များတွင်ထောင်ဒဏ်အသီးသီးကျခံနေကြသည့်နိုင်ငံ ရေးအကျဉ်းသားများ၏မွန်မြတ်သော လုပ်ဆောင်ချက်များကိုကျွန်တော်တို့ပြည်ပ ရောက်မြန်မာများအားလုံးအမြဲသတိရကြဘို့လိုအပ်ပါတယ်၊နိုင်ငံရေးအကျဉ်းသားများ ရဲ့ရှေ့တန်းမှဦးဆောင်တိုက်ပွဲဝင်နေတဲ့ဒီမိုကရေစီပန်းတိုင်ရောက်ရှိရေးအတွက်ကရင်၊ မွန်၊ရှမ်း၊ကချင်၊ချင်း၊ရခိုင်၊ဗမာအစရှိတဲ့မြန်မာနိင်ငံဖွားအားလုံးကိုယ်တိုင်ပါဝင်ကျိုးပမ်း ဆောက်ရွက်ဘို့တာဝန်ရှိတယ်ဆိုတာကိုလဲ မမေ့ကြဘို့လိုပါတယ်၊တဦးကောင်းတဖွဲ့ ကောင်းကျိုးပမ်းရုံဖြင့်ဒီမိုကရေစီပန်းတိုင်သို့မရောက်နိုင်ပါ၊ဒေါ်အောင်ဆန်းစုကြည်တဦး တည်း၏စွမ်းဆောင်မှုဖြင့်ဒီမိုကရေစီပန်းတိုင်သို့မရောက်ရှိနိုင်သလို၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တဖွဲ့တည်းဖြင့်လဲဒီမိုကရေစီ ပန်းတိုင်သို့မရောက်နိုင်ပါ၊မြန်မာနိုင်ငံပြည်သူလူထုကြီးတရပ်လုံးဟန်ချက်ညီညီပါဝင်ကျိုးပမ်းဆောင်ရွက်မှသာလက်ရှိမြန်မာနိုင်ငံ ကိုရမ်းကားချင်တိုင်းရမ်းကားပြီး၊လူစိတ်ကင်းမဲ့စွာ၊တရားလက်လွတ်အုပ်ချုပ်နေတဲ့စစ်အာဏာရှင်များကိုဖယ်ရှားနိုင်မည်သာမ ကမြန်မာပြည်သူအားလုံးမျှော်မှမ်းတမ်းတနေကြတဲ့ဒီမိုက ရေစီပန်းတိုင်သို့အသေအချာရောက်ရှိနိုင်ပါမယ်။
မြန်မာနိုင်ငံဖွားတိုင်းရင်းသားများအားလုံးဟာ၊အကြောင်းကြောင်းကြောင့်မည်သည့်နိုင်ငံမည်သည့်ဒေသသို့ရောက်ရောက် အမိနိုင်ငံ၏ဒီမိုကရေစီရေးတိုက်ပွဲကိုမျက်ခြေပြတ်မခံပဲ၊အစဉ်အမြဲပါဝင်ဆင်နွဲနေဘို့လိုအပ်လှပါတယ်၊မိမိတို့တတ်နိုင်သည့် ကဏ္ဍများတွင် အုတ်တချပ်သဲတပွင့်အဖြစ်ပါဝင်ရမည့်အချိန်သို့ရောက်ရှိနေပြီဖြစ်ပါတယ်၊
မြန်မာပြည်အကျဉ်းထောင်များတွင်ထောင်သွင်းအကျဉ်းချခံနေကြရသော်လည်း၊ဒူးမ ထောက်လက်မမြှောက်ပဲဒီမိုကရေစီရေး ၊ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးတို့အတွက်ရဲရဲတောက်တိုက်ပွဲဝင်နေကြတဲ့ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုမင်း   ဇေယျာတို့ပါဝင်တဲ့(၂၀၀၀)ကျော်ရှိတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးလွတ်မြောက်ရေးကိုကနေဒါရောက်မြန်မာများ အားလုံးနည်းပေါင်းစုံဖြင့်ပါဝင်ဆောင်ရွက်ဘို့ တိုက်တွန်းနှိုးဆော်လိုပါတယ်၊
ဇွန်လ၏အရေးပါမှုကိုအထက်တွင်ဖေါ်ပြထားပြီးဖြစ်ပါတယ်၊ဇွန်လတွင်ကျရောက်တဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆော င်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့နှင့်မြန်မာနိုင်ငံအမျိုးသမီး များနေ့တွင်အထူးဖေါ်ပြလိုတာကတော့၊လက်ရှိမြန်မာနိုင်ငံအကျဉ်းထောင်အသီးသီး တို့တွင်ထောင်ဒဏ်ကျခံနေကြရသည့်နိုင်ငံရေးအကျဉ်းသားများတွင်၊ရဲရဲတောက်အာဇာနည်အမျိုးသမီးအကျဉ်းသာ(၁၄၃)ဦး ပါဝင်နေပါကြောင်းဖေါ်ပြထားသည့်၊အေအေပီပီဘီဝက်ဆိုက်သတင်းဖြစ်ပါတယ်၊အဆိုပါအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ၏ မဟုတ်မခံတဲ့စိတ်ဓါတ်၊မလျှော့သောဇွဲလုံ့လနှင့်ပြည်သူလူထုလိုလားတဲ့ဒီမိုကရေစီပန်းတိုင်သို့ ပြည်သူတွေနှင့်အတူအရောက် ချီတက်နေကြပုံကိုအတတ်နိုင်ဆုံးဆက်လက်ဖေါ်ပြသွားပါမည်၊
ကနေဒါနိုင်ငံတွင်နေထိုင်လျှက်ရှိကြတဲ့မြန်မာနိုင်ငံဖွားများထဲမှလက်ရှိမြန်မာနိုင်ငံထောင်များအသီးသီးတွင်ထောင်ဒဏ်ကျခံနေ ရသည့်အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများအ ကြောင်းသိရှိသူများအနေဖြင့်လည်း၊မြန်မာအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ အ ကြောင်းဖေါ်ပြသည့်ဆောင်းပါးများပါဝင်ရေးသားပြီးဂုဏ်ပြုပေးကြရန်ခင်မင်လေးစားစွာဖိတ်ခေါ် လိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲတွင်ညီညီညွတ်ညွတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြပါစို့

ဦးသန်းအောင်
အပြည်ပြည်ဆိုင်ရာမြန်မာနိုင်င်ငံစောင့်ကြည့်ရေးအဖွဲ့
အက်ဒမင်တန်မြို့
အယ်လ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ။
ဖုန်း-၇၈၀ ၄၃၉ ၇၅၅၅
နေ့စွဲ၊ ၂၀၁၁ခု၊ဇွန်လ(၂၃)ရက်
Website:www.burmawatchinternational1989.blogspot.com/
 

Phyo Phyo Aung @ Hnin Pwint Wai

Phyo Phyo Aung @ Hnin Pwint Wai, a leader of the All Burma Federation of Students Union (ABFSU), is serving a 4 years sentence in Moulmein prison.
She was arrested on 14th June 2008 and charged under Sections 6, 143, 145, 505/b.After Cyclone Nargis struck Burma on 3 May 2008, Phyo Phyo Aung knew that she couldn’t sit by and do nothing while people suffered.
She left with her father and other friends to head to the Irrawaddy Delta region to help. In the Delta they worked to deliver aid and bury dead bodies. Even though it had been over a month since the cyclone struck, there were still bodies scattered. On the way back their car was stopped and all were arrested.  She had been in hiding before then, because of her participation in the Saffron Revolution in September 2007.  Her trip to the Delta was her first time leaving hiding since then. At the very beginning of the Saffron Revolution she helped re-establish the All Burma Federation of Students Unions, which had been crucial in the uprising in 1988.
When she was only one year old, her father Dr Nay Win was arrested and kept in prison for 15 years. For most of her life her mother alone raised her. Her mother didn’t want her to participate in politics, but Phyoe Phyoe Aung has a strong desire to work for people. She is hard-working and passionate about education. Even though her family did not have the money, she sought every opportunity to learn. She really wanted to study English and learn computer skills and worked hard to learn. Before she was arrested she was attending the Government Technical College in Rangoon studying Civil Engineering.

တောင်ကိုရီးယားကျောင်းသားတွေ မြန်မာ့အရေး ဆွေးနွေး
2011-03-05
မကြာသေးမီက ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသူကျောင်းသားတွေဟာ မြန်မာနိုင်ငံနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ခရီး အတွေ့အကြုံတွေကို ဒီနေ့ ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။
ဆိုးလ်မြို့ Haja Production School ကျောင်းခန်းမမှာ မြန်မာနိုင်ငံ အတွေ့အကြုံ ရှင်းလင်းပွဲနဲ့ ဆွေးနွေးပွဲကို တပြိုင်တည်း ကျင်းပတာပါ။အခမ်းအနားကို တောင်ကိုရီးယား လူငယ် ငါးရာနီးပါး တက်ရောက်တယ်လို့ ဆိုးလ်မြို့အခြေစိုက် မြန်မာကလေးများပညာရေး ထောက်ပံ့ကူညီရေး လုပ်ငန်းဆောင်ရွက်နေတဲ့ မောင်ဇော်က ပြောပြပါတယ်။
“အခမ်းအနားကို ရှစ်လေးလုံး ကျောင်းသားတွေ ရေးစပ်တဲ့ ကမ္ဘာမကြေဘူး သီချင်းကို ကိုရီးယား ကလေးတွေက ဆိုပြီး ဖွင့်လှစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူတို့ ခံစားချက်တွေကို ကာတွန်းတွေနဲ့ သရုပ်ဖော် ရေးဆွဲထားတာတွေ ရှိတယ်။ နောက် သူတို့ရိုက်လာတဲ့ ဓာတ်ပုံတွေ ပြတယ်”
Haja Production School ကျောင်းက တောင်ကိုရီးယား ကျောင်းသား ၁၃ ဦး၊ အမေရိကန် ကျောင်းသားတဦးနဲ့ ထိုင်ဝမ် ကျောင်းသားတဦးတို့ဟာ မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒီ လူငယ်တွေဟာ လူငယ်တွေရဲ့ ပညာရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ လူငယ်ကွန်ယက်ကို အထူး စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဖို့ အစီအစဉ်ရှိပြီး တကယ်လို့ ပြည်ဝင်ခွင့်ဗီဇာ မရရှိရင် ထိုင်း-မြန်မာနယ်စပ်ကနေ လူငယ်တွေရဲ့ ပညာရေးအတွက် ဆက်လက် ဆောင်ရွက်မယ်လို့ သိရပါတယ်။
အဲဒီ ကိုရီးယားကျောင်းသားတွေဟာ ၂ဝဝ၈ ခုနှစ် ဇွန်လကတည်းက အဖမ်းဆီးခံရပြီး မော်လမြိုင်အကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က မဖြိုးဖြိုးအောင် လွတ်မြောက်ရေးအတွက် လှုပ်ရှားကြမယ်လို့လည်း သိရပါတယ်။
ဒီကျောင်းသားတွေရဲ့ လှုပ်ရှားမှုအကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
နာဂစ်မုန်တိုင်းမှာ သေသူများကို သင်္ဂြိုလ်ပေး၍ ထောင်ကျခဲ့သူ ၂ ဦးကို ဂုဏ်ပြု
2011-02-24
ဖားအံထောင်နဲ့ တောင်ကြီးထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဒေါက်တာနေဝင်း နဲ့ ဦးအောင်ကျော်ဆန်းတို့ကို တော်ဘုရားလေး ဦးအောင်ဇေ စာပေဆု ရွေးချယ်ရေးအဖွဲ့က လူမှု ဝန်ထမ်းကောင်းတွေ အဖြစ် ဂုဏ်ပြုလိုက်ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဂုဏ်ပြုပွဲမှာ ပါဝင်ခဲ့တဲ့ ကဗျာဆရာ ဆရာငြိမ်းသစ်က RFA ကို အခုလို ပြောပါတယ်။
“တော်ဘုရားလေးရဲ့ ဇနီး ဖွားမေနဲ့ သမီး ဒေဝီသန့်စင်တို့ကနေပြီးတော့ ကိုနေဝင်းနဲ့ ဇနီးရယ်၊ ကိုအောင်ကျော်ဆန်းနဲ့ ဇနီးရယ်ကို သူတို့ကို ဂုဏ်ပြုလက်ဆောင် ကျောက်စီ ပန်းချီကား တချပ်စီနဲ့ လောကနတ် ပုံပါတဲ့ ရွှေချည်ထိုး ပန်းချီတချပ်စီပေါ့လေ၊ အဲဒါကို လက်ဆောင်ပေးပါတယ်။”
“သူတို့ရဲ့ မွန်မြတ်တဲ့ လုပ်ရပ်ရယ်၊ နောက် သူတို့ရဲ့ ရဲဝံ့ စွန့်စားတဲ့ သတ္တိတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ကို အခုလို ဂုဏ်ပြုလက်ဆောင် ချီးမြှင့်တာ ဖြစ်ပါတယ်။”
ဒေါက်တာနေဝင်းနဲ့ ဦးအောင်ကျော်ဆန်းတို့ဟာ လူငယ် ကျောင်းသားတွေနဲ့ အတူ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူတွေ မြေမြှုပ်ပေးတာကို နိုင်ငံရေး လုပ်တယ်လို့ စွပ်စွဲပြီး စစ်အစိုးရက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့လို့ ထောင်ထဲမှာ ၃ နှစ်နီးပါးစီ နေခဲ့ရသူတွေ ဖြစ်ပါတယ်။
သူတို့ဟာ ၂၀၀၈ ခုနှစ် အဖမ်းမခံရခင်ကာလက တော်ဘုရားလေး ဦးအောင်ဇေ စာပေဆုရွေးချယ်ရေး ကော်မတီဝင်တွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကော်မတီဝင်တွေအနေနဲ့ အခုလို လူမှုရေး ဆောင်ရွက်ရင်း အနစ်နာခံရတာ ဖြစ်တဲ့အတွက် ဂုဏ်ပြုကြတာလို့ ဆိုပါတယ်။
ဒီပွဲကို စာရေးဆရာတွေ ဖြစ်တဲ့ ဆရာထက်မြက်၊ ဆရာကြည်နိုင်၊ ဆရာလင်းထင်၊ ဆရာ မောင်လူမွန် (ကသာ)၊ အမျိုးသားစာပေဆုရှင် ဆရာမ သန်းမြင့်အောင်တို့ တက်ရောက်ခဲ့ပြီး ဒေါက်တာနေဝင်းနဲ့ ဦးအောင်ကျော်ဆန်းတို့ကို ချီးကျူးစကား ပြောဆိုကြပါတယ်။
သူတို့နဲ့အတူ အဖမ်းခံရပြီး ထောင်ချခံလိုက်ရတဲ့ ဒေါက်တာနေဝင်းရဲ့သမီး မဖြိုးဖြိုးအောင် အပါအဝင် တခြား ၂၀၀၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသားတွေကတော့ ထောင်ဒဏ် မကုန်ဆုံးသေးတဲ့အတွက် နယ်ဝေး အကျဉ်းထောင်အသီးသီးမှာ ကျန်နေပါသေးတယ်။
မုန်တိုင်းကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများကို အထူးတရားရုံးက စီရင်ချက်ချ
2009-04-10
နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူတွေရဲ့ အလောင်းတွေကို မီးသင်္ဂြိဟ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပေးခဲ့သူ ဒေါက်တာနေဝင်းပါ ခြောက်ဦးကို ဒီကနေ့ အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ်နှစ်နှစ်ကနေ လေးနှစ်အထိ အသီးသီး ချမှတ်လိုက်ပါတယ်။ သူတို့ကို အသင်းအဖွဲ့ပုဒ်မအပြင် ၈၈ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေကို အကူအညီပေးတဲ့အမှုတွေနဲ့ အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဦးခင်မောင်မြင့်က အခုလို ပြောပါတယ်။
ရှေ့နေ ဦးခင်မောင်မြင့်။    ။“နာဂစ်လေဘေးကယ်ဆယ်ရေးနဲ့ ကြွင်းကျန်တဲ့ အလောင်းတွေ သင်္ဂြိဟ်ရေးကိစ္စလုပ်တာကို စွဲဆိုတဲ့ပုဒ်မကတော့ ဒါတွေဟာ ဗကသ ရဲ့ လှုပ်ရှားမှုဖြစ်တယ်၊ ဒီအပေါ်မှာ ကိုနေဝင်း၊ ကိုအောင်ကျော်ဆန်းနဲ့ ကိုဖုန်းပြည့်ကြွယ်တို့က အားပေးတယ်ဆိုပြီး ပုဒ်မ (၇) အရ စွဲထားတာ”
ဒေါက်တာနေဝင်း၊ ကိုဖုန်းပြည့်ကြွယ်၊ ကိုအောင်ကျော်ဆန်းတို့ကို ပုဒ်မ (၇) အရ ထောင်ဒဏ်နှစ်နှစ်စီ အပြစ်ပေး လိုက်ပြီး ဒေါက်တာနေဝင်းရဲ့ သမီးဖြစ်သူ မဖြိုးဖြိုးအောင် အပါအဝင် ကိုအောင်သန့်ဇင်ဦးနဲ့ ရှိန်းရာဇာထွန်း တို့ကိုတော့ အသင်းအဖွဲ့ပုဒ်မ (၆) အရ ထောင်ဒဏ်လေးနှစ်၊ ပုဒ်မ (၇) အရ နှစ်နှစ်၊ ပြစ်မှု နှစ်ရပ်တပေါင်းတည်း အပြစ်ဒဏ်  လေးနှစ်စီ အသီးသီး အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ပထမပိုင်းက အင်းစိန်ထောင် အထူးတရားရုံးအတွင်းကို ရှေ့နေ ဝင်ခွင့်မပေးခဲ့ဘူးလို့ သိရ ပါတယ်။ အလားတူ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ကိုင်ခဲ့သူ လေးဦးဖြစ်တဲ့ မတင်တင်ချို၊ မယဉ်ယဉ်ဝိုင်း၊ မနီမိုလှိုင်နဲ့ ကိုမြတ်သူတို့ကိုလည်း အလားတူ အသင်းအဖွဲ့ပုဒ်မများနဲ့ မတ်လ ၂၃ ရက်နေ့က ထောင်ဒဏ် သုံးနှစ်စီ အသီးသီး အပြစ်ပေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်သူ ကိုမင်းသိန်းထွန်း ကိုတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ မတ်လအတွင်းက ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။
ဒေါက်တာနေဝင်းတို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ဦးခင်မောင်မြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။


နာဂစ်မုန်တိုင်း စေတနာဝန်ထမ်းများ နိုင်ငံရေးအမှုဖြင့် တရားစွဲခံရ
2009-02-18
နာဂစ်မုန်တိုင်းမှာ သေဆုံးသွားသူတွေကို ရန်ကုန်ကနေ သွားပြီးသင်္ဂြိဟ်လို့ အဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာ နေဝင်းနဲ့ သမီးဖြစ်တဲ့ B-TEC မြို့ပြအင်ဂျင်နီယာ ပထမနှစ် ကျောင်းသူ မဖြိုးဖြိုးအောင်တို့ကို စစ်အစိုးရက မနှစ်က ဖမ်းပြီးတဲ့ နောက်ပိုင်း ပြီးခဲ့တဲ့အပတ်က စတင် ရုံးထုတ်နေရာမှာ မနေ့က ဖေဖော်ဝါရီ ၁၇ရက် အင်္ဂါနေ့ထိ ၃ ကြိမ်မြောက် ရှိနေပြီး၊ ရှေ့နေလုံးဝ ဝင်ခွင့်မရဘူးလို့ သိရပါတယ်။
အဲဒီအပြင် ရုံးထုတ်တဲ့နေ့က ဒေါက်တာ နေဝင်းရဲ့ဇနီး အင်းစိန်ထောင် တရားရုံးရှေ့ သွားရာမှာ တာဝန်ရှိသူတဦး ဟန်ဆောင်ပြီး လာရောက် စုံစမ်းမေးမြန်းသူကနေတဆင့် အစားအသောက် ပေးလိုက်ရာမှာလည်း ဒေါက်တာ နေဝင်းတို့သားအဖက အဲဒီ အစားအစာတွေ မရဘူးလို့ ဆိုပါတယ်။
အခု ဖမ်းဆီးခံထားရတဲ့ ဒေါက်တာနေဝင်းဟာ ၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ မြေအောက် လှုပ်ရှားမှုအဖွဲ့ဝင်အဖြစ် စစ်အစိုးရက စွပ်စွဲပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်တာ ခံခဲ့ရသူပါ။ သူ့သမီး မဖြိုးဖြိုးအောင်က ဒေါက်တာ နေဝင်း အဖမ်းခံလိုက်ရတဲ့ ၁၉၈၉မှာ လူမမယ်အရွယ် ဖြစ်ပါတယ်။
အခု သူတို့ သားအဖအကြောင်းတွေနဲ့ ပတ်သက်ပြီး မဖြိုးဖြိုးအောင်ရဲ့ မိခင်၊ ဒေါက်တာ နေဝင်းရဲ့ ဇနီး မသန္တာကို RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
 

B.C.N. Statement on Current CFOB Crisis

Peaceful Demonstration for Peace in Burma ( Rakhine )

Burmese Canadian Protest in Toronto

Text

NLD by Elections Manifesto p1