မြန်မာ့ဂုဏ်မြှင့်ချင်လွန်းလို့ ()

မြန်မာလူမျိုးများဟာမြန်မာ့ရိုးရာရာသီပွဲတော်များကိုလေးလေးစားစား၊မြတ်မြတ်နိုးနိုးကျင်းပကြပါတယ်၊အဲဒိလိုကျင်းပခြင်းဟာအပျော်အပါးအတွက်သာကျင်းပ
ကြခြင်းမဟုတ်ပါ၊လူမှာအမျိုးကြက်မှာအရိုးဆိုတဲ့စကားအတိုင်းကိုယ့်အမျိုးကိုယ့်
ဘာသာတရားနှင့်ရိုးရာဓလေ့ထုံးစံများကိုမမေ့မပျောက်အောင်ထိန်းသိမ်းစောင့်
ရှောက်ဘို့သာမကပဲ၊ဖွံ့ဖြိုးတိုးတက်အောင်ကျိုးပမ်းဆောင်ရွက်ကြခြင်းဖြစ်ပါ
တယ်။

ကျွန်တော်တို့ငယ်စဉ်၊မူလတန်းကျောင်းသားဘဝကတည်းကမြန်မာရိုးရာပွဲတော်
များနှင့်အလွန်ပင်ရင်းနှီးလာခဲ့ကြပြီးအသက်အရွယ်တွေကြီးပြည်တွင်းပြည်ပနေရာ
ဒေသပေါင်းစုံကိုပြောင်းရွေ့နေထိုင်ကြပေမဲ့ကိုယ့်နိုင်ငံနှင့်ကိုယ့်ယဉ်ကျေးမှုဓလေ့ထုံးစံများကိုမမေ့ကြပါသူ့ခေတ်နှင့်သူ့အခါအလျှောက်ရိုးရာပွဲတော်များကိုကိုယ်နေထိုင်ရာဒေသတွေမှာကျင်းပကြပါတယ်ဆယ့်နှစ်လရာသီမြန်မာ့ရိုးရာရာသီပွဲတော်တွေထဲမှာပါဝင်ပြီးထူးထူးခြားခြားကျင်းပတဲ့ပွဲတော်ကတော့သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်ပါတယ်။

သီတင်းကျွတ်လသည်မြန်မာလများတွင်ခုနှစ်လမြောက်ဖြစ်ပါတယ်၊မိုးရာသီ
ကုန်ဆုံးတော့မည်ဖြစ်၍မိုးအားနည်းပြီးဆောင်းရာသီ၏အရုဏ်ဦးအချိန်ဖြစ်ပါ
တယ်၊ယင်းအချိန်တွင်ဝါဆိုကင်းလွတ်သီတင်းကျွတ်ဆိုတဲ့စကားအတိုင်းရဟန်း
တော်များဝါဆိုသည့်ကာလကုန်ဆုံးသွားပြီဖြစ်၍အရပ်တပါးသို့ညဥ့်အိပ်ညဥ့်နေ
ကြွချီတော်မူနိုင်ကြပါပြီ၊တောင်သူလယ်သမားများသည်လည်းရွှေရောင်ဝင်းတဲ့
စပါးခင်းများကိုကြည့်ကာပီတိဖြာနေသောအချိန်ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာသည်တာဝတိံသာနတ်ပြည်၌အဘိဓမ္မာဒေသနာကိုဝါတွင်းသုံးလပတ်
လုံးဟောပြီး၍သီတင်းကျွတ်လပြည့်နေ့တွင်လူ့ပြည်သို့ ပြန်ကြွလာသည်ကိုအ
ကြောင်းပြု၍သီတင်းကျွတ်လပြည့်နေ့တွင်အဘိဓမ္မာအခါတော်နေ့ကိုကျင်းပကြပါသည်၊ထိုကဲ့သို့ ဘုရားရှင်တာဝတိံသာနတ်ပြည်မှလူ့ပြည်သို့ ဆင်းသက်တော်
မူခဲ့သည်ကိုအကြောင်းပြု၍ တာဝတိံသာပွဲတော်ဟု၎င်း၊တာဝတိံသာနတ်ပြည်
တည်ရှိရာမြင်းမိုရ်တောင်ထိပ်မှဆင်းသက်တော်မူသည်ကိုအကြောင်းပြု၍မီးမြင့်
မိုရ်ပွဲဟု၎င်းအမျိုးမျိုးခေါ်ကြပြီးဘုရားရှင်ကိုဆီမီးများထွန်းညှိပူဇော်ပွဲကျင်းပပါ
သည်။

အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်းမြန်မာလူမျိုးတို့သည်သီတင်းကျွတ်မီးထွန်း
ပွဲတော်ကိုသူခေတ်နှင့်သူ့အခါအလျှာက်ကျင်းပကြပါသည်၊ကျွန်တော်တို့နဲ့
သက်တူရွယ်တူများ၊တနည်းအားဖြင့်မျိုးဆက်ဟောင်းများဟာလွတ်လပ်ခါစ
မြန်မာနိုင်ငံ၊တနည်းဆိုရသော်ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့အစိုးရခေတ်ကို
မှီလိုက်ကြပါတယ်၊မြန်မာနိုင်ငံဟာအဲဒီအချိန်တုံးကအရှေ့ တောင်အာရှမှာ
ချမ်းသာကြွယ်ဝတဲ့နိုင်ငံအဖြစ်ရပ်တည်ခဲ့တဲ့အချိန်ကောင်းခေတ်ကောင်းဖြစ်
ပါတယ်၊ဒါရဲ့ အကျိုးဆက်ကတော့သီတင်းကျွတ်ပွဲတော်အပါအဝင်မြန်မာ့ရိုး
ရာပွဲတော်များကိုအထူးစည်ကားစွာခြိမ့်ခြိမ့်သဲကျင်းပနိုင်ခဲ့ကြပါတယ်၊အလွန်
ကြည်နူးပျော်ရွှင်ကြရတဲ့အချိန်ကာလဖြစ်၍ယနေ့ တိုင်မမေ့နိုင်ဖြစ်ရပါတယ်၊
တချိန်တည်းမှာယနေ့ခေတ်ကာလ၊တနည်းအားဖြင့်ဆရာကြီးဦးဝင်းတင်ရဲ့စ
ကားကိုညွှန်းပြီးပြောရရင်ထားစရာနေရာပင်မရှိလောက်အောင်ချမ်းသာသူများ
နှင့်စားစရာမရှိတဲ့ပြည်သူတွေသာရှိတဲ့ခေတ်ပျက်ကြီးမှာမွေးဖွားကြီးပြင်းလာ
ကြတဲ့မျိုးဆက်သစ်များအနေဖြင့်ဒီမိုကရေစီခေတ်ကောင်းတုံးကလိုသီတင်းကျွတ်
ပွဲတော်ကိုခြိမ့်ခြိမ့်သဲမကျင်းပနိုင်ကြပါဘူး၊ဒီမိုကရေစီခေတ်ကောင်းကိုမှီလိုက်တဲ့
မျိုးဆက်ဟောင်းများအနေဖြင့်ယ္ခုခေတ်မျိုးဆက်သစ်များကိုပျော်ရွှင်ချမ်းမြေ့စ
ရာကောင်းတဲ့ခေတ်ဟောင်း၊စနစ်ကောင်းတုံးကမြင်ကွင်းနှင့်အတူမြင်ချင်တဲ့
ဆန္ဒ၊ကိုယ်ချင်းစာတဲ့စိတ်အမှန်ပင်ရှိကြပါတယ်။

ယနေ့ ခေတ်ကာလဟာမြန်မာပြည်သူလူထုတရပ်လုံးသူ့ကျွန်မခံလိုတဲ့စိတ်ဖြင့်
စစ်ကျွန်ဘဝကလွတ်မြောက်အောင်ညီညီညွတ်ညွတ်စည်းကမ်းရှိရှိယုံကြည်မှုအပြည့် ဖြင့်ပူးပေါင်းကျိုးပမ်းဆောင်ရွက်ရမည့်အချိန်ဖြစ်ပါတယ်စစ်မှန်တဲ့ဒီမိုကရေစီစနစ်မြန်မာ
နိုင်ငံမှာပြန်လည်တည်ဆောက်နိုင်မှသာထိုက်တန်တဲ့ရလာဒ်အဖြစ်သီတင်းကျွတ်ပွဲ တော်အပါအဝင်မြန်မာ့ရိုးရာပွဲတော်များကိုခြိမ့်ခြိမ့်သဲပျော်ရွှင်စွာပြန်လည်ကျင်းပနိုင်ပါ
မယ်။ဒါ့ကြောင့်ခေတ်ကောင်းစနစ်ကောင်းမြန်မာနိုင်ငံမှာပြန်လည်တည်ဆောက်နိုင် ရေးကျိုးပမ်းမှုမှာအမိနိုင်ငံချစ်စတ်ရှိတဲ့မျိုးဆက်ဟောင်းရောမျိုးဆက်သစ်များပါတာဝန်
သိစွာဖြင့်အင်တိုက်အားတိုက်ပူးပေါင်းပါဝင်ကျိုးပမ်းကြပါရန်တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

သန်းအောင်(ရှမ်းကွင်းကြီးရွာ၊ဖျာပုံ)
၂၀၁၂ခု-အောက်တိုဘာလ(၂၇)ရက်

မှီငြမ်း။

၁။ဦးအေးနိုင်(ဘီအေ)၏ဆယ်နှစ်ရာသီမြန်မာ့ရိုးရာရာသီပွဲတော်များ
၂။ The Burman by Shwe Yoe

 
ကနေဒါရောက်မြန်မာမိတ်ဆွေများခင်ဗျား
 
ရွှေညဝါဆရာတော်ကြီးသည်ကနေဒါနိုင်ငံမြို့ကြီးများတွင်အောက်တွင်ဖေါ်ပြပါအစီအစဉ်အတိုင်းသာသနာပြုတ 
ရားဟောကြားမည်ဖြစ်ပါကြောင်းမဂ်လာသတင်းကောင်းမျှဝေလိုက်ပါတယ်ခင်ဗျား။
 
၁။ဗန်ကူး ဘားမြို့ တွင် နိုဝင်ဘာ လ ၃ ရက် နေ့  ၊
 
၂။ တိုရွန်တို မြို့ တွင် နိုဝင်ဘာ လ ၄ ရက် နေ့  နှင့်
 
၃။ ကယ်ကာရီ ၊ နှင့်  စစကားချွမ်ဝမ် မြို့ ကြီး များ တွင် ၁၀ ရက် ၁၁ ရက် 
 
တို့ တွင့် သာသနာ ပြုတရားလှည့် လည် ဟောပြော ခြင်း ၊ ၈၈ မျိုးဆက်များနှင့် တွေ့ ဆုံ ဆွေး နွေးခြင်းတို့ ကို ပြုလုပ်မည် ဖြစ် ကြောင်း သိ ရပါသည် ။ 
 
လေးစားစွာဖြင့်
 
မင်းကြီး(ဂျာမဏီ)
၂၀၁၂ခု-အောက်တိုဘာလ(၂၆)ရက်
 
မှတ်ချက်။
www.bsdo.ca မှကူးယူဖေါ်ပြပါသည်။
 
ကနေဒါရောက်မြန်မာမိတ်ဆွေများခင်ဗျား

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေများကအမိနိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးသူတိုင်းကို၊ဘယ်နေရာရောက်ရောက်  
ဒီမိုကရေစီရေးကြိုးပမ်းမှုမှာအားသွန်ခွန်စိုက်ပါဝင်ဆောင်ရွက်ကြဘို့တောင်းဆိုနေပါတယ်၊

ပြည်သူတယောက်အနေဖြင့်လိုက်နာရမည့်တာဝန်နှင့်ရပိုင်ခွင့်ကိုတိတိကျကျသိရှိဘို့လိုပါတယ်၊ထိုင်နေလို့တော့ 
ဘာမှဖြစ်မလာနိုင်ပါဘူး၊မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုမှာတာဝန်သိသိပါဝင်ကြိုးပမ်းတဲ့ပြည်သူများရဲ့အရေအတွက် 
များဘို့လိုပါတယ်၊အရေအတွက်များလေလေ၊ပြည်သူတွေမျှော်မှန်းချီတက်နေတဲ့ဒီမိုကရေစီပန်းတိုင်သို့မြန်မြန် 
ရောက်ရှိနိုင်လေဖြစ်ပါတယ်။

မြန်မာ့လွတ်လပ်ရေးရဲ့ဖခင်ကြီး၊အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့အင်မတန်မှတ်သား
လိုက်နာသင့်တဲ့ လွတ်လပ်ရေးနှင့်ပတ်သက်တဲ့အောက်ဖေါ်ပြပါလမ်းညွှန်ပြောကြားချက်ကိုထပ်မံမျှဝေလိုက် 
ပါတယ်၊လွန်ခဲ့တဲ့နှစ်ပေါင်း(၆၅)နှစ်ကပြောကြားခဲ့တဲ့လမ်းညွှန်ချက်ဖြစ်သော်လည်းပဲယနေ့အခြေအနေများ 
အတွက်လည်းဆက်လက်မှန်ကန်နေဆဲဖြစ်ပါတယ်။

အစဉ်လေးစားလျှက်


မင်းကြီး (ဂျာမဏီ)
မြန်မာကနေဒီယန်ကွန်ယက်
၂၀၁၂ခု-အောက်တိုဘာလ(၂၁)ရက်

--------------------------

"လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ကျွန်တော် ရှင်းခဲ့ချင်တယ်။
ဘာဖြစ်လို့လဲ ဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ် ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးပြသလဲ ဆိုရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း ပေါက်လာကြတော့မလို ခင်ဗျားတို့ ထင်ကြတဲ့ သူတွေ များကြတယ်။
တချို့ကလဲ လွတ်လပ်ရေး ရပြီ ဆိုပြီးတော့ ဘာလုပ်ချင်သလဲ ဆိုတော့ ကျွန်တော် အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။
ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး... ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေး ရတုန်းက... အဲဒီတုန်းက ဆိုလို့ရှိရင် လွတ်လပ်ရေး ရပြီဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျွန်တော်တွေ့ခဲ့တယ်။
ဘာတွေ့သလဲ ဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။ ဟာ... လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့ လူတကာ သွားတဲ့ လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေ လှန်းကြတယ်။ ဒီတော့ လမ်းသွားလမ်းလာ လုပ်တဲ့သူတွေ အတော်ခွကျတယ်။ အဲဒါလွတ်လပ်ရေးမဟုတ်ဘူး"
"လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေး ဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့ နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးတဲ့"
"ပဒေသာပင် ပေါက်အောင် ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ် ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။
အဲဒီတော့ လွတ်လပ်ရေးပင် ရသော်ရငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့ မထမ်းဆောင်ချင်ဘူး ဆိုရင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာပဲ"
"စကား ခပ်ရိုင်းရိုင်း ပြောရမယ် ဆိုရင် အတော့်ကို ကြိုးစားနိုင်မှ လုပ်နိုင်မှ... အတော့်ကို ကုန်းနိုင်မှ ရုန်းနိုင်မှ အနှစ် နှစ်ဆယ်လောက် ရှိတဲ့ အခါမှာ တော်ကာကျမယ်။
ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညက စပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ် လုပ်ရမှာ ဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် အခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ငါးလှမ်း ဆယ်လှမ်း လိုက်လှမ်းနိုင်မှ...
အဲဒီကို လိုက်နိုင်တဲ့ အခါကျမှ နောက်ဆယ်နှစ် အနှစ် နှစ်ဆယ်တန်သည် အားဖြင့် အဲလို ညီတူ တန်းတူ ဖြစ်သွားမယ်။ တန်းတူ ညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟိုလူမြင်တဲ့ အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရနဲ့ ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ ခင်ဗျားတို့ကို အတိအလင်း နားလည်ထား စေချင်တယ်။



ဗိုလ်ချုပ်အောင်ဆန်း
 

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ သွားရောက်မည်

http://www.rfa.org
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို လာမယ့် နိုဝင်ဘာလမှာ သွားရောက်မှာ ဖြစ်ပါတယ်။
Photo courtesy of NLD
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ တွေ့ဆုံစဉ်။
မိခင်ဒေါ်ခင်ကြည် မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အိန္ဒိယနိုင်ငံကို နှစ် (၄၀) အတွင်း ပထမဆုံး အကြိမ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၄ ရက်မှာ  နယူးဒေလီမြို့မှာ ကျင်းပမယ့် ဂျာဝါဟလာနေရူး အောက်မေ့ဖွယ် ဟောပြောပွဲမှာ ဟောပြောပို့ချမယ်လို့  သံတမန်တဦးက ပြောပါတယ်။ ခရီးစဉ်အသေးစိတ်ကို အပြီးသတ် မရေးဆွဲရသေးပေမဲ့ အိန္ဒိယနိုင်ငံကို နိုဝင်ဘာ (၁၂)  ရက်မှာ ထွက်ခွာမယ်လို့  ဆိုပါတယ်။ အိန္ဒိယ သတင်းစာတွေကတော့ နိုဝင်ဘာ (၁၃) ရက်နေ့မှာ ရောက်ရှိမယ်လို့ ဆိုပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မှာ တွေ့ဆုံချိန်က နေရူးအောက်မေ့ဖွယ် ဟောပြောပွဲမှာ ဟောပြောဖို့ ၀န်ကြီးချုပ်က ဖိတ်ကြားခဲ့တာပါ။
မိခင်ဒေါ်ခင်ကြည်ဟာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ၁၉၆၀ ပြည့်နှစ်မှာ ခန့်အပ်ခံရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဒေလီမြို့မှာ ပညာသင်ကြားခဲ့ပါတယ်။
 
ကိုမင်းကိုနိုင်ရဲ့နှစ်(၅၀)ပြည့်ရွှေရတုမွေးနေ့

၂၀၁၂ခုနှစ်အောက်တိုဘာလ(၁၈)ရက်နေ့ဟာမြန်မာပြည်သူတွေ ချစ်မြတ်နိုးတဲ့(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ရဲ့နှစ်

(၅၀)ပြည့တဲ့မွန်မြတ်တဲ့မွေးနေ့မြတ်ဖြစ်ပါတယ်၊

ကိုမင်းကိုနိုင်သက်တော်ရာကျော်နေရပြီး၊ကျန်းမာရွှင်လန်းလျှက်
နိုင်ငံနှင့်လူမျိုးကိုချစ်တဲ့မျိုးဆက်သစ်လူငယ်များ၊မြန်မာပြည်သူများ
နှင့်အတူဒီမိုကရေစီပန်းတိုင်သို့အောင်မြင်စွာရောက်ရှိအောင်စွမ်
ဆောင်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်-

မင်းကြီး(ဂျာမဏီ)

မြန်မာကနေဒီယန်ကွန်ယက်
၂၀၁၂ခုအောက်တိုဘာလ(၁၈)ရက်
 
ကာလပေါ်ငရဲခွေးကြီးတွေ လွတ်နေသေးသည်

ဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့ ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေး
အမည်ဖြင့်တင်ပြထားတဲ့ဆောင်းပါးကိုဒေါက်တာလွဏ်းဆွေရဲ့ဘလော့မှာ
ဖတ်ရပါတယ်။
အထူးသတိပြုမိတာကတော့၊ငရဲခွေးကြီးကတကောင်တည်းမဟုတ်ပါ၊ငရဲခွေး
အများအပြားကိုညွှန်းထားတာတွေ့ရပါတယ်။

ဒီဆောင်းပါးမှာပါရှိတဲ့အချက်အလက်တွေဟာယနေ့မြန်မာ့ဒီမိုကရေစီရေးတွင်
ပါဝင်ကျိုးပမ်းဆောင်ရွက်နေတဲ့မြန်မာပြည်သူတွေမလွဲမသွေသိသင့်သိထိုက်သတိ
အထူးပြုရမည့်အချက်အလက်များတန်ဘိုးရှိလှတဲ့သတိပေးချက်များဖြစ်ပါတယ်၊

ဒီမိုကရေစီအစစ်အမှန်လိုလားသူတိုင်းဖတ်ရှုရမည့်ဆောင်းပါးဖြစ်၍ထပ်ဆင့်မျှဝေ
လိုက်ပါတယ်၊အောက်ပါ link ကိုသွားပြီးဖတ်
ရှုကြပါရန်-----

http://moemaka.com/?p=28058

မင်းကြီး (ဂျာမဏီ)
၂၀၁၂ခု-အောက်တိုဘာလ(၁၃)ရက်
 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကနေဒါခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေရိကန်ပြည်ထောင်စုခရီးစဉ်ဟာအောင်မြင်
စွာဖြင့်ပြီးဆုံးသွားပါပြီ၊ဒေါ်အောင်ဆန်းစုာကြည်ရန်ကုန်မြို့ကို အောက်တိုဘာ
လ(၄)ရက်နေ့ကပြန်လည်ရောက်ရှိရာမှာထောင်ချီတဲ့မြန်မာပြည်သူတွေကြိ
ဆိုကြကြောင်းသိရပါတယ်၊

ဒီခရီးစဉ်ကိုလေ့လာကြည့်ရင်မြန်မာပြည်သူတရပ်လုံးကောင်းစားရေးအ
တွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့တန်ဘိုးမဖြတ်နိုင်တဲ့စွမ်းဆောင်ကြိုးပမ်း
ချက်ကိုတွေ့ရပါတယ်၊တခေတ်မှာတယောက်ဆိုတဲ့စကားအတိုင်းမြန်မာ


နိုင်ငံနှင့်မြန်မာပြည်သူတရပ်လုံးကမ္ဘာ့အလယ်မှာဂုဏ်အထူးတက်အောင်
ဆောင်ရွက်ပေးသူဖြစ်ပါတယ်၊

အလားတူပင်၊ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေရိကန်ခရီးစဉ်အောင်မြင်မှု
ရအောင်အမေရိကန်ရောက်မြန်မာများရဲ့အထူးကြိုးပမ်းဆောင်ရွက်မှုကိုလ
အသိအမှတ်ပြုဘိုလိုပါတယ်၊အမေရိကန်ရောက်မြန်မာများရဲ့စုပေါင်းတာ
ဝန်ယူမှုနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုအထူးချစ်ခင်လေးစားမှုတို့ကိုဒီခရီးစဉ်ရဲ့တခဲနက်အာင်မြင်မှုကဖေါ်ပြခဲ့ပါတယ်။

အမေရိကန်ခရီးစဉ်ရဲ့အမေးအဖြေကဏ္ဍတခုမှာဒေါ်အောင်ဆန်းစုကြည်က
ကနေဒါနိုင်ငံကိုသွားရောက်လည်ပတ်ဘို့အစီအစဉ်ရှိကြောင်းနှင့်အချိန်အ
တိအကျတော့လောလောဆယ်မပြောနိုင်သေးကြောင်းပြောကြားခဲ့ပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေရိကန်ခရီးအတွက်အမေရိကန်ရောက်မြန်မာ
များလနှင့်ချီပြီးဆွေးနွေးညှိနှိုင်းမှုမျာ၊ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ခဲ့
ကြောင်းကြားသိရပါတယ်၊ကနေဒါရောက်မြန်မာများအနေဖြင့်၊ဒ်ါအောင်ဆန်းစုကြည်ရဲ့ကနေဒါနိုင်ငံသို့လာရောက်လည်ပတ်ပတ်မည့်ခရီးစဉ်အတွက်လိုအပ်တဲ့ပြင်ဆင်မှုများကိုအခုကတည်းကကြိုတင်ဆောင်ရွက်ထားသင့်ကြောင်းအကြံပြုလိုပါတယ်။၊

ဦးသန်းအောင်
အက်ဒမင်တန်မြို့
အယ်လ်ဘားတားပြည်နယ်
ကနေဒါနိင်ငံ။
၂၀၁၂ခု-အောက်တိုဘာလ(၅)ရက်
 

B.C.N. Statement on Current CFOB Crisis

Peaceful Demonstration for Peace in Burma ( Rakhine )

Burmese Canadian Protest in Toronto

Text

NLD by Elections Manifesto p1