Latest Post
Phyo Phyo Aung @ Hnin Pwint Wai
Phyo Phyo Aung @ Hnin Pwint Wai, a leader of the All Burma Federation of Students Union (ABFSU), is serving a 4 years sentence in Moulmein prison.
She was arrested on 14th June 2008 and charged under Sections 6, 143, 145, 505/b.After Cyclone Nargis struck Burma on 3 May 2008, Phyo Phyo Aung knew that she couldn’t sit by and do nothing while people suffered.
She left with her father and other friends to head to the Irrawaddy Delta region to help. In the Delta they worked to deliver aid and bury dead bodies. Even though it had been over a month since the cyclone struck, there were still bodies scattered. On the way back their car was stopped and all were arrested. She had been in hiding before then, because of her participation in the Saffron Revolution in September 2007. Her trip to the Delta was her first time leaving hiding since then. At the very beginning of the Saffron Revolution she helped re-establish the All Burma Federation of Students Unions, which had been crucial in the uprising in 1988.
When she was only one year old, her father Dr Nay Win was arrested and kept in prison for 15 years. For most of her life her mother alone raised her. Her mother didn’t want her to participate in politics, but Phyoe Phyoe Aung has a strong desire to work for people. She is hard-working and passionate about education. Even though her family did not have the money, she sought every opportunity to learn. She really wanted to study English and learn computer skills and worked hard to learn. Before she was arrested she was attending the Government Technical College in Rangoon studying Civil Engineering.
တောင်ကိုရီးယားကျောင်းသားတွေ မြန်မာ့အရေး ဆွေးနွေး
2011-03-05
မကြာသေးမီက ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသူကျောင်းသားတွေဟာ မြန်မာနိုင်ငံနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ခရီး အတွေ့အကြုံတွေကို ဒီနေ့ ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။
ဆိုးလ်မြို့ Haja Production School ကျောင်းခန်းမမှာ မြန်မာနိုင်ငံ အတွေ့အကြုံ ရှင်းလင်းပွဲနဲ့ ဆွေးနွေးပွဲကို တပြိုင်တည်း ကျင်းပတာပါ။အခမ်းအနားကို တောင်ကိုရီးယား လူငယ် ငါးရာနီးပါး တက်ရောက်တယ်လို့ ဆိုးလ်မြို့အခြေစိုက် မြန်မာကလေးများပညာရေး ထောက်ပံ့ကူညီရေး လုပ်ငန်းဆောင်ရွက်နေတဲ့ မောင်ဇော်က ပြောပြပါတယ်။
“အခမ်းအနားကို ရှစ်လေးလုံး ကျောင်းသားတွေ ရေးစပ်တဲ့ ကမ္ဘာမကြေဘူး သီချင်းကို ကိုရီးယား ကလေးတွေက ဆိုပြီး ဖွင့်လှစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူတို့ ခံစားချက်တွေကို ကာတွန်းတွေနဲ့ သရုပ်ဖော် ရေးဆွဲထားတာတွေ ရှိတယ်။ နောက် သူတို့ရိုက်လာတဲ့ ဓာတ်ပုံတွေ ပြတယ်”
Haja Production School ကျောင်းက တောင်ကိုရီးယား ကျောင်းသား ၁၃ ဦး၊ အမေရိကန် ကျောင်းသားတဦးနဲ့ ထိုင်ဝမ် ကျောင်းသားတဦးတို့ဟာ မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒီ လူငယ်တွေဟာ လူငယ်တွေရဲ့ ပညာရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ လူငယ်ကွန်ယက်ကို အထူး စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဖို့ အစီအစဉ်ရှိပြီး တကယ်လို့ ပြည်ဝင်ခွင့်ဗီဇာ မရရှိရင် ထိုင်း-မြန်မာနယ်စပ်ကနေ လူငယ်တွေရဲ့ ပညာရေးအတွက် ဆက်လက် ဆောင်ရွက်မယ်လို့ သိရပါတယ်။
အဲဒီ ကိုရီးယားကျောင်းသားတွေဟာ ၂ဝဝ၈ ခုနှစ် ဇွန်လကတည်းက အဖမ်းဆီးခံရပြီး မော်လမြိုင်အကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က မဖြိုးဖြိုးအောင် လွတ်မြောက်ရေးအတွက် လှုပ်ရှားကြမယ်လို့လည်း သိရပါတယ်။
ဒီကျောင်းသားတွေရဲ့ လှုပ်ရှားမှုအကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
နာဂစ်မုန်တိုင်းမှာ သေသူများကို သင်္ဂြိုလ်ပေး၍ ထောင်ကျခဲ့သူ ၂ ဦးကို ဂုဏ်ပြု
2011-02-24
ဖားအံထောင်နဲ့ တောင်ကြီးထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဒေါက်တာနေဝင်း နဲ့ ဦးအောင်ကျော်ဆန်းတို့ကို တော်ဘုရားလေး ဦးအောင်ဇေ စာပေဆု ရွေးချယ်ရေးအဖွဲ့က လူမှု ဝန်ထမ်းကောင်းတွေ အဖြစ် ဂုဏ်ပြုလိုက်ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဂုဏ်ပြုပွဲမှာ ပါဝင်ခဲ့တဲ့ ကဗျာဆရာ ဆရာငြိမ်းသစ်က RFA ကို အခုလို ပြောပါတယ်။
“တော်ဘုရားလေးရဲ့ ဇနီး ဖွားမေနဲ့ သမီး ဒေဝီသန့်စင်တို့ကနေပြီးတော့ ကိုနေဝင်းနဲ့ ဇနီးရယ်၊ ကိုအောင်ကျော်ဆန်းနဲ့ ဇနီးရယ်ကို သူတို့ကို ဂုဏ်ပြုလက်ဆောင် ကျောက်စီ ပန်းချီကား တချပ်စီနဲ့ လောကနတ် ပုံပါတဲ့ ရွှေချည်ထိုး ပန်းချီတချပ်စီပေါ့လေ၊ အဲဒါကို လက်ဆောင်ပေးပါတယ်။”
“သူတို့ရဲ့ မွန်မြတ်တဲ့ လုပ်ရပ်ရယ်၊ နောက် သူတို့ရဲ့ ရဲဝံ့ စွန့်စားတဲ့ သတ္တိတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ကို အခုလို ဂုဏ်ပြုလက်ဆောင် ချီးမြှင့်တာ ဖြစ်ပါတယ်။”
ဒေါက်တာနေဝင်းနဲ့ ဦးအောင်ကျော်ဆန်းတို့ဟာ လူငယ် ကျောင်းသားတွေနဲ့ အတူ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူတွေ မြေမြှုပ်ပေးတာကို နိုင်ငံရေး လုပ်တယ်လို့ စွပ်စွဲပြီး စစ်အစိုးရက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့လို့ ထောင်ထဲမှာ ၃ နှစ်နီးပါးစီ နေခဲ့ရသူတွေ ဖြစ်ပါတယ်။
သူတို့ဟာ ၂၀၀၈ ခုနှစ် အဖမ်းမခံရခင်ကာလက တော်ဘုရားလေး ဦးအောင်ဇေ စာပေဆုရွေးချယ်ရေး ကော်မတီဝင်တွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကော်မတီဝင်တွေအနေနဲ့ အခုလို လူမှုရေး ဆောင်ရွက်ရင်း အနစ်နာခံရတာ ဖြစ်တဲ့အတွက် ဂုဏ်ပြုကြတာလို့ ဆိုပါတယ်။
ဒီပွဲကို စာရေးဆရာတွေ ဖြစ်တဲ့ ဆရာထက်မြက်၊ ဆရာကြည်နိုင်၊ ဆရာလင်းထင်၊ ဆရာ မောင်လူမွန် (ကသာ)၊ အမျိုးသားစာပေဆုရှင် ဆရာမ သန်းမြင့်အောင်တို့ တက်ရောက်ခဲ့ပြီး ဒေါက်တာနေဝင်းနဲ့ ဦးအောင်ကျော်ဆန်းတို့ကို ချီးကျူးစကား ပြောဆိုကြပါတယ်။
သူတို့နဲ့အတူ အဖမ်းခံရပြီး ထောင်ချခံလိုက်ရတဲ့ ဒေါက်တာနေဝင်းရဲ့သမီး မဖြိုးဖြိုးအောင် အပါအဝင် တခြား ၂၀၀၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသားတွေကတော့ ထောင်ဒဏ် မကုန်ဆုံးသေးတဲ့အတွက် နယ်ဝေး အကျဉ်းထောင်အသီးသီးမှာ ကျန်နေပါသေးတယ်။
မုန်တိုင်းကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများကို အထူးတရားရုံးက စီရင်ချက်ချ
2009-04-10
နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူတွေရဲ့ အလောင်းတွေကို မီးသင်္ဂြိဟ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပေးခဲ့သူ ဒေါက်တာနေဝင်းပါ ခြောက်ဦးကို ဒီကနေ့ အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ်နှစ်နှစ်ကနေ လေးနှစ်အထိ အသီးသီး ချမှတ်လိုက်ပါတယ်။ သူတို့ကို အသင်းအဖွဲ့ပုဒ်မအပြင် ၈၈ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေကို အကူအညီပေးတဲ့အမှုတွေနဲ့ အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဦးခင်မောင်မြင့်က အခုလို ပြောပါတယ်။
ရှေ့နေ ဦးခင်မောင်မြင့်။ ။“နာဂစ်လေဘေးကယ်ဆယ်ရေးနဲ့ ကြွင်းကျန်တဲ့ အလောင်းတွေ သင်္ဂြိဟ်ရေးကိစ္စလုပ်တာကို စွဲဆိုတဲ့ပုဒ်မကတော့ ဒါတွေဟာ ဗကသ ရဲ့ လှုပ်ရှားမှုဖြစ်တယ်၊ ဒီအပေါ်မှာ ကိုနေဝင်း၊ ကိုအောင်ကျော်ဆန်းနဲ့ ကိုဖုန်းပြည့်ကြွယ်တို့က အားပေးတယ်ဆိုပြီး ပုဒ်မ (၇) အရ စွဲထားတာ”
ဒေါက်တာနေဝင်း၊ ကိုဖုန်းပြည့်ကြွယ်၊ ကိုအောင်ကျော်ဆန်းတို့ကို ပုဒ်မ (၇) အရ ထောင်ဒဏ်နှစ်နှစ်စီ အပြစ်ပေး လိုက်ပြီး ဒေါက်တာနေဝင်းရဲ့ သမီးဖြစ်သူ မဖြိုးဖြိုးအောင် အပါအဝင် ကိုအောင်သန့်ဇင်ဦးနဲ့ ရှိန်းရာဇာထွန်း တို့ကိုတော့ အသင်းအဖွဲ့ပုဒ်မ (၆) အရ ထောင်ဒဏ်လေးနှစ်၊ ပုဒ်မ (၇) အရ နှစ်နှစ်၊ ပြစ်မှု နှစ်ရပ်တပေါင်းတည်း အပြစ်ဒဏ် လေးနှစ်စီ အသီးသီး အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ပထမပိုင်းက အင်းစိန်ထောင် အထူးတရားရုံးအတွင်းကို ရှေ့နေ ဝင်ခွင့်မပေးခဲ့ဘူးလို့ သိရ ပါတယ်။ အလားတူ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ကိုင်ခဲ့သူ လေးဦးဖြစ်တဲ့ မတင်တင်ချို၊ မယဉ်ယဉ်ဝိုင်း၊ မနီမိုလှိုင်နဲ့ ကိုမြတ်သူတို့ကိုလည်း အလားတူ အသင်းအဖွဲ့ပုဒ်မများနဲ့ မတ်လ ၂၃ ရက်နေ့က ထောင်ဒဏ် သုံးနှစ်စီ အသီးသီး အပြစ်ပေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်သူ ကိုမင်းသိန်းထွန်း ကိုတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ မတ်လအတွင်းက ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။
ဒေါက်တာနေဝင်းတို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ဦးခင်မောင်မြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
http://www.rfa.org/burmese/news/nargis_volunteer_activists_tried-04102009142316.html?searchterm=None
နာဂစ်မုန်တိုင်း စေတနာဝန်ထမ်းများ နိုင်ငံရေးအမှုဖြင့် တရားစွဲခံရ
2009-02-18
နာဂစ်မုန်တိုင်းမှာ သေဆုံးသွားသူတွေကို ရန်ကုန်ကနေ သွားပြီးသင်္ဂြိဟ်လို့ အဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာ နေဝင်းနဲ့ သမီးဖြစ်တဲ့ B-TEC မြို့ပြအင်ဂျင်နီယာ ပထမနှစ် ကျောင်းသူ မဖြိုးဖြိုးအောင်တို့ကို စစ်အစိုးရက မနှစ်က ဖမ်းပြီးတဲ့ နောက်ပိုင်း ပြီးခဲ့တဲ့အပတ်က စတင် ရုံးထုတ်နေရာမှာ မနေ့က ဖေဖော်ဝါရီ ၁၇ရက် အင်္ဂါနေ့ထိ ၃ ကြိမ်မြောက် ရှိနေပြီး၊ ရှေ့နေလုံးဝ ဝင်ခွင့်မရဘူးလို့ သိရပါတယ်။
အဲဒီအပြင် ရုံးထုတ်တဲ့နေ့က ဒေါက်တာ နေဝင်းရဲ့ဇနီး အင်းစိန်ထောင် တရားရုံးရှေ့ သွားရာမှာ တာဝန်ရှိသူတဦး ဟန်ဆောင်ပြီး လာရောက် စုံစမ်းမေးမြန်းသူကနေတဆင့် အစားအသောက် ပေးလိုက်ရာမှာလည်း ဒေါက်တာ နေဝင်းတို့သားအဖက အဲဒီ အစားအစာတွေ မရဘူးလို့ ဆိုပါတယ်။
အခု ဖမ်းဆီးခံထားရတဲ့ ဒေါက်တာနေဝင်းဟာ ၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ မြေအောက် လှုပ်ရှားမှုအဖွဲ့ဝင်အဖြစ် စစ်အစိုးရက စွပ်စွဲပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်တာ ခံခဲ့ရသူပါ။ သူ့သမီး မဖြိုးဖြိုးအောင်က ဒေါက်တာ နေဝင်း အဖမ်းခံလိုက်ရတဲ့ ၁၉၈၉မှာ လူမမယ်အရွယ် ဖြစ်ပါတယ်။
အခု သူတို့ သားအဖအကြောင်းတွေနဲ့ ပတ်သက်ပြီး မဖြိုးဖြိုးအောင်ရဲ့ မိခင်၊ ဒေါက်တာ နေဝင်းရဲ့ ဇနီး မသန္တာကို RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာအမျိုးသမီးနိုင်ငံရေး အကျဉ်းသားများ
မင်္ဂလာပါ
ဇွန်လဟာမြန်မာနိုင်ငံသူနိုင်ငံသားများအတွက်အလွန်ထူးခြားအရေးကြီးတဲ့လဖြစ်ပါတယ်၊ထိုကဲ့သို့ ထူးခြားအရေးကြီးစေတဲ့အကြောင်းများကတော့၊ဇွန်လ(၁၉)ရက်ဟာဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ ဖြစ်တာလဲတချက်ပါဝင်ပါတယ်၊ဒါထက်ထူးခြားတဲ့အချက်ကတော့၊အဲဒီဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ ဟာမြန်မာနိုင်ငံအမျိုးသမီးများနေ့ဖြစ်နေတဲ့အချက်ဖြစ်ပါတယ်၊မြန်မာနိုင်ငံအမျိုးသမီးများနေ့ဟာ၊လူ့ အခွင့်အရေး၊ဒီမိုကရေစီရရှိရေးနှင့်ငြိမ်းချမ်းရေးတို့အတွက်ခေတ်အဆက်ဆက်မှာမြန်မာအမျိုးသမီးများပါဝင် ကျိုးပမ်းဆောင်ရွက်ခဲ့မှုများကိုအသိအမှတ်ပြုတဲ့နေ့ထူးနေ့ မြတ်လည်းဖြစ်ပါတယ်။ယနေ့မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အခက်အခဲပေါင်းစုံမှလွတ်မြောက်ရေးဟာတိုင်းရင်းသားလူမျိုးများအားလုံးအတွက်အမျိုးသား ရင်ကြားစေ့ရေးဖြစ်ပါတယ်၊တဖန်ဒီအမျိုးသားရင်ကြားစေ့ရေးကိုအကောင်အထည်ဖေါ်ဆောင်ရာတွင် ပထမဦးစွာဆောင်ရွက်ရမည့်အရာကတော့နိုင်ငံရေးခံယူချက်ကြောင့်မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီး တို့တွင်ထောင်ဒဏ်အသီးသီးကျခံနေကြတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးဖြစ်ပါတယ်။ အထက်တွင်ဖေါ်ပြပါနိုင်ငံရေးအကျဉ်းသားများဟာ၊သန်းပေါင်း(၅၀)သောမြန်မာပြည်သူလူထုကြီးတရပ်လုံး စစ်ကျွန်ဘဝမှလွတ်မြောက်ပြီးမြန်မာနိုင်ငံတွင်တရားမျှတပြီး၊လူ့အခွင့်အရေးအပြည့်အဝရရှိတဲ့၊စစ်မှန်သော ဒီမိုကရေစီစနစ်ထူထောင်နိုင်ရေးတို့အတွက်တိုက်ပွဲဝင်နေတဲ့သူရဲကောင်းအစစ်အမှန်များဖြစ်ကြပါတယ်၊ ဆင်းရဲဒုက္ခမျိုးစုံကိုခံရင်း၊မိမိတို့ရဲ့အသက်ကိုပင်ပေးဆပ်ရန်ဆုံးဖြတ်ထားကြတဲ့၊မျိုးချစ်အာဇာနည် များဖြစ်ပါတယ်။
မြန်မာနိုင်ငံအကျဉ်းထောင်များတွင်ထောင်ဒဏ်အသီးသီးကျခံနေကြသည့်နိုင်ငံရေးအကျဉ်းသားများ၏ မွန်မြတ်သောလုပ်ဆောင်ချက်များကိုကျွန်တော်တို့ပြည်ပရောက်မြန်မာများအားလုံးအမြဲသတိရကြဘို့ လိုအပ်ပါတယ်၊နိုင်ငံရေးအကျဉ်းသားများရဲ့ရှေ့တန်းမှဦးဆောင်တိုက်ပွဲဝင်နေတဲ့ဒီမိုကရေစီပန်းတိုင်
ရောက်ရှိရေးအတွက်ကရင်၊မွန်၊ရှမ်း၊ကချင်၊ချင်း၊ရခိုင်၊ဗမာအစရှိတဲ့မြန်မာနိင်ငံဖွားအားလုံးကိုယ်တိုင်ပါဝင် ကျိုးပမ်းဆောက်ရွက်ဘို့တာဝန်ရှိတယ်ဆိုတာကိုလဲမမေ့ကြဘို့လိုပါတယ်၊တဦးကောင်းတဖွဲ့ကောင်းကျိုး ပမ်းရုံဖြင့်ဒီမိုကရေစီပန်းတိုင်သို့မရောက်နိုင်ပါ၊ဒေါ်အောင်ဆန်းစုကြည်တဦးတည်း၏စွမ်းဆောင်မှုဖြင့် ဒီမိုကရေစီပန်းတိုင်သို့မရောက်ရှိနိုင်သလို၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တဖွဲ့တည်းဖြင့်လဲဒီမိုကရေစီ ပန်းတိုင်သို့မရောက်နိုင်ပါ၊မြန်မာနိုင်ငံပြည်သူလူထုကြီးတရပ်လုံးဟန်ချက်ညီညီပါဝင်ကျိုးပမ်းဆောင်ရွက် မှသာလက်ရှိမြန်မာနိုင်ငံကိုရမ်းကားချင်တိုင်းရမ်းကားပြီး၊လူစိတ်ကင်းမဲ့စွာ၊တရားလက်လွတ်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်များကိုဖယ်ရှားနိုင်မည်သာမကမြန်မာပြည်သူအားလုံးမျှော်မှမ်းတမ်းတနေကြတဲ့ဒီမိုက ရေစီပန်းတိုင်သို့အသေအချာရောက်ရှိနိုင်ပါမယ်။ မြန်မာနိုင်ငံဖွားတိုင်းရင်းသားများအားလုံးဟာ၊ အကြောင်းကြောင်းကြောင့်မည်သည့်နိုင်ငံမည်သည့်ဒေသသို့ရောက်ရောက်အမိနိုင်ငံ၏ဒီမိုကရေစီရေးတိုက်ပွဲ ကိုမျက်ခြေပြတ်မခံပဲ၊အစဉ်အမြဲပါဝင်ဆင်နွဲနေဘို့လိုအပ်လှပါတယ်၊မိမိတို့တတ်နိုင်သည့်ကဏ္ဍများတွင် အုတ်တချပ်သဲတပွင့်အဖြစ်ပါဝင်ရမည့်အချိန်သို့ရောက်ရှိနေပြီဖြစ်ပါတယ်၊မြန်မာပြည်အကျဉ်းထောင်များတွင် ထောင်သွင်းအကျဉ်းချခံနေကြရသော်လည်း၊ဒူးမထောက်လက်မမြှောက်ပဲဒီမိုကရေစီရေး၊ငြိမ်းချမ်းရေးနှင့်လူ့ အခွင့်အရေးတို့အတွက်ရဲရဲတောက်တိုက်ပွဲဝင်နေကြတဲ့ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ ကိုမင်းဇေယျာတို့ပါဝင်တဲ့(၂၀၀၀)ကျော်ရှိတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးလွတ်မြောက်ရေး ကိုကနေဒါရောက်မြန်မာများအားလုံးနည်းပေါင်းစုံဖြင့်ပါဝင်ဆောင်ရွက်ဘို့တိုက်တွန်းနှိုးဆော်လိုပါတယ်၊ ဇွန်လ၏အရေးပါမှုကိုအထက်တွင်ဖေါ်ပြထားပြီးဖြစ်ပါတယ်၊ ဇွန်လတွင်ကျရောက်တဲ့မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့နှင့်မြန်မာနိုင်ငံအမျိုးသမီးများနေ့တွင်အထူးဖေါ်ပြလိုတာ ကတော့၊လက်ရှိမြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတို့တွင်ထောင်ဒဏ်ကျခံနေကြရသည့်နိုင်ငံရေး အကျဉ်းသားများတွင်၊ရဲရဲတောက်အာဇာနည်အမျိုးသမီးအကျဉ်းသာ(၁၄၃)ဦးပါကြောင်းအေအေပီပီ ဝက်ဆိုက်သတင်းဖြစ်ပါတယ်၊အဆိုပါအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ၏မဟုတ်မခံတဲ့စိတ်ဓါတ်၊ မလျှော့သောဇွဲလုံ့လနှင့်ပြည်သူလူထုလိုလားတဲ့ဒီမိုကရေစီပန်းတိုင်သို့ပြည်သူတွေနှင့်အတူအရောက် ချီတက်နေကြပုံကိုအတတ်နိုင်ဆုံးဆက်လက်ဖေါ်ပြသွားပါမည်၊ကနေဒါနိုင်ငံတွင်နေထိုင်လျှက်ရှိကြတဲ့ မြန်မာနိုင်ငံဖွားများထဲမှလက်ရှိမြန်မာနိုင်ငံထောင်များအသီးသီးတွင်ထောင်ဒဏ်ကျခံနေရသည့်အမျိုးသမီး နိုင်ငံရေးအကျဉ်းသားများအကြောင်းသိရှိသူများအနေဖြင့်လည်း၊မြန်မာအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ အကြောင်းဖေါ်ပြသည့်ဆောင်းပါးများပါဝင်ရေးသားပြီးဂုဏ်ပြုပေးကြရန်ခင်မင်လေးစားစွာဖိတ်ခေါ် လိုက်ပါတယ်။မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲတွင်ညီညီညွတ်ညွတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြပါစို့
ဦးသန်းအောင်
အပြည်ပြည်ဆိုင်ရာမြန်မာနိုင်င်ငံစောင့်ကြည့်ရေးအဖွဲ့
အက်ဒမင်တန်မြို့
အယ်လ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ။
ဖုန်း-၇၈၀ ၄၃၉ ၇၅၅၅
နေ့စွဲ၊ ၂၀၁၁ခု၊ဇွန်လ(၂၃)ရက်
Website:www.burmawatchinternational1989.blogspot.com/
Canadian city honours Aung San Suu Kyi
Canadian city honours Aung San Suu Kyi
Tuesday, 07 June 2011 11:32 Mizzima News
Chiang Mai (Mizzima) - Burmese pro-democracy leader Aung San Suu Kyi will be honoured with a human rights plaque in a Canadian city on 1 July for her struggle for democracy and human rights in Burma.
Suu Kyi’s plaque will be placed on the Côte Saint-Luc Human Rights Walkway ‘dedicated to those men and women who, by their steadfast commitment to mankind, have held high the torch of human rights and let it light the world’.
The ceremony will take place as part of the city’s annual Canada Day celebrations.
‘Like others we have honoured, Aung San Suu Kyi put herself in danger to help bring about democratic change', Mayor Anthony Housefather said in a press release. ‘Several times during her long captivity, the military government offered her the opportunity to leave the country, but she refused to leave her homeland preferring instead to continue her long struggle for democracy and human rights together with her people’.
Suu Kyi, who was awarded the Nobel Peace Prize in 1991, was made an honorary citizen of Canada in 2007. Canada is said to have imposed some of the toughest sanctions against Burma in order to exert pressure against the military.
The city noted that Suu Kyi struggled for democracy and human rights in Burma for more than 20 years. The military placed Suu Kyi under house arrest in 1989, offering to free her if she agreed to leave the country. She refused and demanded the return of civilian government and the release of political prisoners. In 1990, her party, the National League for Democracy, won a landslide victory in Burma’s first multi-party elections in 30 years, but it has never been allowed to govern. Suu Kyi has spent 15 of the last 21 years under house arrest.
Since the walkway was inaugurated in Côte Saint-Luc in September 2000, the city in Quebec has honoured about a dozen people including Nobel Peace Prize winner Rene Cassin, anti-apartheid activist Helen Suzman and Raoul Wallenberg, a Swedish diplomat who rescued 100,000 Jews from possible extermination by the Nazis during World War II.

*****************************************************
Suu Kyi says ‘we must rely on ourselves’
Suu Kyi says ‘we must rely on ourselves’
Monday, 23 May 2011 16:34 Jim Andrews
Chiang Mai (Mizzima) - Burma’s political opposition can expect little support from the Association of Southeast Asian Nations (Asean) and India and must now depend on its own efforts to win democracy, Aung San Suu Kyi has told a German TV panel.
‘We know in the end we must rely on ourselves, and that is not a bad thing’, she told the panel, in a programme broadcast on Sunday to Asia by the German world news channel Deutsche Welle, in cooperation with the Hertie School of Governance.
The pro-democracy leader Suu Kyi joined the round table discussion devoted to the future of Burma from what was described as a ‘secret location’ in Rangoon.
Suu Kyi said she was particularly ‘saddened’ by India’s ‘disappointing role’ because of the links with Burma that stretched back to colonial times. The Indian government has reportedly been attempting to improve their relations with the authorities in Burma, aware of the growing influence of China in the Southeast Asian country. New Delhi has stressed that they have strategic and economic interests to protect in Burma and that the struggle for democracy is up to the Burmese people.
As for Asean, Suu Kyi said the organization could learn much from the way African countries sorted out their problems together. ‘One of the problems is that Asean talks about non-interference, in contrast to African countries’, she said. The members of the 53-state African Union take an active interest in developments in member states, and have on occasion deployed peacekeeping troops in several troubled states.
She lamented what she said was the lack of international support and poorly coordinated international aid, claiming Europe was ‘too disunited’ when it came to Burma.
She noted during the discussion that people in Burma, subject to the censored media, had been following events in the Arab world with great interest. The protests of ‘Arab Spring’ in Egypt, Libya, Syria, Tunisia and Yemen had raised questions in Burma’s exile media as to whether there might be a repeat of Burma’s 2007 ‘Saffron Revolution’ protest against the military junta, though observers claim the situation in Rangoon is very different from the streets of Cairo.
Suu Kyi said she was encouraged by the interest young Burmese appeared to be showing in politics. ‘This has been one of the greatest changes I have seen since being released (from house arrest)’.
‘Young people are much more interested now (in politics), particularly because they are frustrated and they see they must bring about change themselves.
‘[Burma’s] youth has decided it must empower itself. Young people are becoming much more self-reliant’.
Nevertheless, ‘pervasive fear’ still hindered political progress in Burma, Suu Kyi said.
Burma needed an independent judiciary as a top priority, she said. Rule of law would result in freedom for the country’s political prisoners—one of the preconditions for change.

Suu Kyi Plans Tour of Countryside in June
Suu Kyi Plans Tour of Countryside in June
By KELVIN CHAN / AP WRITER Tuesday, May 31, 2011
HONG KONG — Burmese pro-democracy leader Aung San Suu Kyi said Monday she plans to tour the country next month in her first trip into the provinces since a 2003 political tour ended in her lengthy house arrest.
"I hope to be able to travel out of Rangoon in the month of June, as soon as I have got rid of all the work that has piled up," she said in a videolink to an audience at Hong Kong University. Rangoon is also known as Yangon, Burma's biggest city.
She said the authorities have not given her any "particular assurances" about security. She did not provide further details.
The Nobel Peace Prize laureate drew large crowds when she last toured northern Burma, and her popularity rattled the military government. Exactly eight years ago Monday, supporters of the ruling junta ambushed her entourage. Several of her followers were killed, but she escaped, only to be arrested.
She was released last November after the country, also known as Myanmar, held general elections in which her party did not participate, calling the vote unfair. Suu Kyi's party won the last elections in 1990 but was not allowed to govern. The junta was officially disbanded after the November elections, but the current government is still military dominated.
Suu Kyi answered dozens of questions from students, alumni and reporters in the videolink with Hong Kong University. She has been jailed or under house arrest for 15 of the last 21 years, and during her brief periods of freedom she has not traveled outside the country, fearing the military would not allow her to return.
She avoided criticizing China, an important backer of Burma's government. Beijing provides the country crucial economic support, military assistance and diplomatic protection at the United Nations.
Burma could maintain neighborly relations with China while having a "friendship based on shared values of democracy" with Western countries, she said.
"I don't think we have to make it either-or. We can be friends with the West and we can be friends with China each in its own special way," Suu Kyi said.
Western nations and groups critical of Burma's poor human rights record had made her freedom a key demand. They estimate the country still has more than 2,000 political prisoners, and a UN envoy said last week Burma has changed little since its stated transition to civilian rule.
Suu Kyi said her party has tried hard to establish a relationship with China's government. But party members aren't even able to break the ice with Chinese diplomats at cocktail receptions, she said.
"Somehow they seem to be able to evade our people quite successfully. I wish they would talk to us," she said.
Suu Kyi ended by answering a question on how she felt about the death of terror mastermind Osama bin Laden, who was killed by US Navy SEALs in a raid on his hide-out in Pakistan.
"With regards to the recent death of bin Laden, it just shows that violence ends with violence, and that there is too much violence already in our world and we've got to try do something about it," she said. http://www.irrawaddy.org/article.php?art_id=21394
------------------------------------------------