Latest Post

မြန်မာစာကို ချောင်ထိုးပစ်မှာလား


ယနေ့ မြန်မာကလေးတွေ၊ အရွယ် အသင့်တင့် ရောက်နေတဲ့ မြန်မာ ကျောင်းသားလေးတွေရဲ့ မြန်မာ စာ အရေးအဖတ် ဘယ်လိုများ ရှိမလဲလို့ စောင်းငဲ့ ကြည့်မိသူ တိုင်း၊ မြန်မာစာကို အခြားဘာသာတွေနဲ့စာရင် လေ့လာမှု အတော်နည်းနေတာ၊
သုံးနှုန်းပြောဆိုပုံ ဆင်းရဲတာကို စိတ်မကောင်းကြီးစွာနဲ့ တွေ့နေရပါတယ်။
ပြည်တွင်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို ပြန်ကြည့်ရင် မြန်မာစာ ဂုဏ်ထူးထွက်သူ အရေအတွက်ဟာ အခြားဂုဏ်ထူးထွက်သူ အရေအတွက်ထက် အလွန်နည်းပါတယ်။ အောင်မှတ်တွေကို ကြည့်ရင် မြန်မာစာရဲ့ အောင်မှတ်က တခြား ဘာသာတွေရဲ့ အောင်မှတ်ထက် နည်းနေပါတယ်။ မြန်မာစာကို အသင်အပြကောင်းတဲ့ ဆရာဆိုလည်း အခြားဘာသာ အသင်ကောင်းတဲ့ ဆရာအရေအတွက်ထက်  နည်းကြပါတယ်။
မြန်မာစာမှာ အမှတ်နည်းတာလောက်ကို ကျောင်းသားတွေစိတ်ထဲ သိပ်အလေးထားပုံ မပေါ်ဘူး။ တက္ကသိုလ် ရောက်ပြန်တော့လည်း မြန်မာစာယူဖို့ စဉ်းစားတဲ့ ကျောင်းသားက အခြားဘာသာယူသူတွေထက် နည်းနေပြန်ပါကော။ မြန်မာစာအပေါ် ရည်ရွယ်ချက်ကြီးသူ၊ ၀ါသနာထုံသူ၊ မြန်မာစာသဘောကို နက်နက်နဲနဲ တီးခေါက်မိသူတွေသာ မြန်မာစာဘာသာရပ်ကို အဓိကဘာသာ အဖြစ်ယူကြတယ်။
ကျွန်တော်တို့ သူငယ်တန်းကျောင်းသား ဘ၀တုန်းက ၀ လုံးကို ကျောက်သင်ပုန်းမှာ ကျောက်တံနဲ့ အကြိမ်ကြိမ် ရေးကြရတယ်။ ကျောင်းမှာလည်းရေး၊ အိမ်မှာလည်းရေး အမေနဲ့ အဖေက ၀ိုင်းကူပေးသေးတယ်။ ဗျည်းသရတွေ စနစ်တကျ ဆွဲနိုင်ဖို့ ကျောင်းမှာဆို ဆရာတွေက လက်ထပ်လို့သင်ပေး။ အိမ်မှာဆို မိဘ တွေက ကြပ်မတ်ပေး။ လေးကြောင်းမျဉ်းနဲ့ လက်ရေးလှဖို့ကိုလည်း သင်ခဲ့ရသေးတယ်။ ကဗျာဆိုရင်လညှ်း လက်ဟန်ခြေဟန်၊ အမူအယာ မှန်မှန်နဲ့တစ်တန်းလုံး ယိမ်းကနေသလို  ဆိုခဲ့ရသေးတယ်။ မြန်မာစာဆို အရေးလည်းပျော်ခဲ့၊ အဖတ်လည်း ပျော်ခဲ့ကြရတယ်။ ငယ်ငယ်က ဆိုခဲ့ ရတဲ့ ကဗျာတွေကို ဒီနေ့အထိ အလွတ်ရနေတုန်းပဲ။
သုံးတန်း လေးတန်းရောက်ပြန်တော့ ရာသီအလိုက် လ အလိုက်ကျင်းပတတ်တဲ့ ပွဲတော်တွေကို အကြောင်းပြုလို့ လစဉ်နီးပါး အနည်းဆုံး စာစီစာကုံး တစ်ပုဒ်ရေးရတယ်။ ဆရာက ခေါင်းစဉ်ပေးတယ်၊ ရေးသားတဲ့ အချက်အလက်တွေ ကို ကျောင်းသားတွေနဲ့ ယှဉ်ပြီး တွေးစေတယ်။ ကျောင်းသားတွေ ဘာရေးမလဲဆိုတာကို ဆွဲထုတ်ခိုင်းတယ်။ ကျောင်းသား တွေဆီက တစ်ယောက်တစ်မျိုးဆီ အချက်အလက်တွေက ထွက်လာတယ်။
စာစီစာကုံး ခေါင်းစဉ်နဲ့ ကိုက်ညီတဲ့ အချက်အလက်တွေလည်း ထွက်လာသလို၊ မကိုက်ညီတဲ့ အချက်အလက်တွေလည်း ထွက်လာတယ်။ ကိုက်ညီတဲ့ အချက်အလက်တွေကို စုစည်းပေးပြီး ခေါင်းစဉ်နဲ့ မကိုက်ညီသော အချက်အလက်များကို ဘယ်လို အခါမျိုးကျမှ ရေးသင့်ကြောင်း၊ ဘယ်လိုခေါင်းစဉ်နှင့်ကျမှ သုံးသင့်ကြောင်း ညွှန်ကြားပြီး အိမ်စာပေးလိုက်တယ်။ လိုအပ်ရင် မိဘများထံမှ အကြံညဏ်များကိုလည်း ရယူနိုင်ကြောင်း မှာကြားလိုက်သေးတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ လစဉ် စာစီစာကုံး ရေးဖြစ်ကြတယ်။ ကျောင်းရောက်တော့ ယောက်ျားလေးထဲက အကောင်းဆုံး စာစီစာကုံးတစ်ပုဒ်နဲ့ မိန်းကလေးထဲက အကောင်းဆုံး စာစီစာကုံး တစ်ပုဒ်ကို ရွေးချယ်ပြီး ဂုဏ်ပြုတဲ့ အနေနဲ့ ဆရာကိုယ်တိုင် ဖတ်ပြတယ်။ ဆရာက လက်ရေးလှဖို့ကိုလည်း တိုက်တွန်းရင်း အားပေးတယ်။
သတင်းစာ မဂ္ဂဇင်းတွေမှာလို စာပုဒ် ဖြတ်တောက်ရေးနည်း တွေနဲ့ ရေးရတယ်။ အာဇာနည်နေ့တို့လို၊ အမျိုးသားအောင်ပွဲ နေ့တို့လို၊ စာဆိုတော်နေ့ အထိမ်းအမှတ် နေ့မျိုးတွေ မှာဆို နံရံကပ်စာစောင် အစီအစဉ်တွေလည်း ရှိခဲ့တယ်။ စာကြည့်တိုက် လည်း ထားပေးတယ်။ ရံဖန်ရံခါကျင်းပတဲ့ စကားရည် လုပွဲတွေ၊ ကျဗန်းစကားပြော ပြိုင်ပွဲတွေလည်း ရှိခဲ့တယ်။
နှစ်သက်ဖွယ် အကောင်းဆုံးကတော့ နာမည်ကျော် စာရေးဆရာ ကြီးတွေရဲ့ စာပေဟောပြောပွဲတွေပဲ ဖြစ်တယ်။ ကျောင်းတွင်း မှာကော၊ ရပ်ကွက်များမှာပါ ကျင်းပကြပါတယ်။ အထူးသဖြင့် စာဆိုပွဲရာသီ နတ်တော်လမှာဖြင့် စာပေဟောပြော ပွဲတွေဟာ ဟိုနေရာတစ်ပွဲ ဒီနေရာတစ်ပွဲ မနည်းပါပဲ။
အဲဒီအချိန်များမှာဆို ခေတ်ပေါ်တေးဂီတ concert ပွဲတွေကလည်း တစ်ဖက်၊ မြန်မာ့စာပေ ဟောပြောပွဲတွေကလည်း အဲဒီပွဲ ပရိတ်သတ်နဲ့အပြိုင် ရှိနေကြတယ်။ မြန်မာ့စာပေ ပရိတ်သတ်ရဲ့အားဟာ အားရလောက်ပါတယ်။ သက်ကြီးစကား သက်ငယ်ကြားဆိုသလို ၀ါရင့်စာရေး ဆရာကြီးများရဲ့ အဟောအပြော ဆိုဆုံးမစကားများဟာ လူငယ်တွေအတွက် အတုယူ မှတ်သားစရာများပါ။ လူငယ်တွေရဲ့ ချော်နေတဲ့ လမ်းတွေကို တည့်ပေးတယ်။ မှားနေတဲ့ အတွေးတွေကို အမှန် တွေးနိုင်အောင် ပြင်ပေးတယ်။ လူကြီးတွေရဲ့ မှားခဲ့တာတွေကိုလည်း သင်ခန်းစာအဖြစ် ရယူနိုင်ခဲ့တယ်။ လူငယ်တွေက ဟောပြောသူ ဆရာကြီးတွေကို အားကျလာကြတယ်။ သူတို့လို တတ်ချင် ပြောချင် လာကြတယ်။
အဲဒီအခါ လူငယ်တွေမှာ စာဖတ်ချင်စိတ်တွေ နိုးကြားလာကြတယ်။ ရပ်ကွက် စာကြည့်တိုက်တွေလည်း ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေကြသလို စာဖတ်သူတွေလည်း များပြားလာကြတယ်။ အဲဒီမှာ လူငယ်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ထိုစာရေးဆရာကြီးများကို လေးစားအားကျစိတ်များ တဖွားဖွားပေါ်လာပြီး၊ သူတို့ရဲ့ အရေးအသား သူတို့ရဲ့ အတွေးများကို နားထဲဆွဲနေကြတာမို့၊ အခုလိုအချိန်မှာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် တပည့်များကို အခါအားလျော်စွာ စာသင်ခန်းကနေ လက်ဆင့်ကမ်း မျှဝေနိုင်ခဲ့ကြပါတယ်။
ယခုကာလကို ပြန်ကြည့်ရင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျန်တာတွေ အားလုံးအောင်ပြီး မြန်မာစာ တစ်ဘာသာထဲကျတဲ့ ကျောင်းသားတွေ ရှိနေပါတယ်။ တချို့ကျောင်းသားတွေဆို ကိုယ့်လက်ရေးကိုတောင် ကိုယ်ပြန်မဖတ်တတ်တဲ့ အဆင့်ထိ အလွန်ဆိုးဝါးနေပါတယ်။ လစဉ်အလိုက်၊ စာစီစာကုံးရေးသံတွေ မကြားရတော့ပါဘူး။ စာမေးပွဲရောက်မှသာ စာစီစာကုံးကို ဖြစ်သလို ရေးကြပါတယ်။ နံရံကပ်စာစောင် အစီအစဉ်တွေလည်း ပျောက်သွားပါပြီ။
အပြောအဆိုလွတ်လပ်ခွင့် မရတဲ့ နိုင်ငံအတွက် စာပေဟောပြောပွဲဆိုတာကလည်း ကွက်ကျားမိုးလို ပါပဲ။ နားရှိသော်လည်း မကြားရ။ မျက်စိရှိသော်လည်း မမြင်ရတဲ့ မြန်မာကျောင်းသားတို့ရဲ့ ဘ၀ဟာ လမ်းပြမယ့်သူတွေ ပျောက်ခြင်းမလှ ပျောက်နေပါတယ်။
နောက်ဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာမေးပွဲအထူးထုတ်ပါ စာစီစာကုံးတွေ အလွတ်ကျက်ပြီး မေးခွန်းနဲ့ တိုက်ဆိုင်ရင်ဖြေ၊ မတိုက်ဆိုင်ရင် ဖြစ်သလို ရေးထားခဲ့ကြတာပါပဲ။ လမ်းညွှန်မှုတွေနည်း၊ လမ်းပြကြယ်တွေနည်းတဲ့ ကာလမှာ အတွေးနည်းလို့ အရေးနည်း လာကြတဲ့အတွက် မြန်မာကျောင်းသားတွေ မြန်မာစာအရေး အလွန်ကို နည်းလာကြပါတယ်။
ထို့အတူပဲ နယ်စပ်က မိုင်းဂရန့် ကျောင်းတွေမှာလည်း မြန်မာစာအပေါ် စိတ်ဝင်စားမှုတွေ နည်းနေတာကို တွေ့ရတယ်။ အချို့ကျောင်းသားများက စကော်လားရှစ် ပညာရေးကို လိုက်ကြတော့ မြန်မာစာ မသင်ချင်ကြတော့ဘူး။ အင်္ဂလိပ်စာကိုသာ ဦးတည်ပါတော့တယ်။ မြန်မာစာကို ထဲထဲဝင်ဝင်သင်ပေးနိုင်တဲ့ ဆရာကလည်း ရှားလာတယ်။ ပြည်တွင်းက သင်ရိုးကုန် အထူးထုတ်ကိုကိုင်၊ အထူးထုတ်ပါအတိုင်း စာခေါ်ပေး၊ ကျောင်းသားတွေက လိုက်ရေးကြ။ ပြီးရင် အလွတ်ကျက်၊ ဒီစနစ်နဲ့သွားနေတာက များနေတယ်။
အထူးထုတ်တွေမှာ အမှားပါလေ့ပါထ ရှိကြတယ်။ အထူးထုတ်ကို လုံးဝဥဿုံ အားမကိုးသင့်ပါဘူး။ အရန်အကူအဖြစ် ထားချင်ထားပါ။ ဆရာကိုယ်တိုင်ကလည်း ကိုယ်ပိုင် အတွေးအခေါ် သင်ပေးသင့်ပါတယ်။ မြန်မာစာ အသင်အပြ ကောင်းရင် ကျောင်းသား မပြောနဲ့ ကြားသူပတ်ဝန်းကျင်ကပင် နားထောင်ချင်တဲ့ ဘာသာရပ်မျိုးပါ။ လက်ရေးလက်သား ကလည်း ကန်စွန်းရွက်သည် အကြွေးတောင်းတဲ့ လက်ရေးနဲ့ သတ်ပုံမျိုး မဖြစ်အောင် ဆရာကိုယ်တိုင် ရှောင်ကြဉ် ရပါမယ်။ တပည့်ကျောင်းသားသည် ဆရာကို စံပြု အတုယူရမှာ ဖြစ်လို့ ဆရာရဲ့ အရည်အချင်းဟာ အဓိက ဖြစ်နေပါတယ်။
မြန်မာစာ ဆရာတွေကိုယ်တိုင် သင့်တင့် လျောက်ပတ်တဲ့ စာစီစာကုံးမျိုး ရေးနိုင်ကြဖို့လည်း လိုအပ်ပါတယ်။ နယ်စပ်က မိုင်းဂရန့်ကျောင်းတွေကတော့ နေ့ထူးနေ့မြတ်တွေမှာ မြန်မာစာနဲ့ ပတ်သက်တဲ့ အရေးအပြောအဆို ပြိုင်ပွဲများ ရှိနေတာမို့ မြန်မာစာအတွက် အားတက်ရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။
သို့သော် ကျောင်းတိုင်းကျောင်းတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက် ကျောင်းတိုင်းရှိ  ကိုယ်စားလှယ်များပါဝင်တဲ့ အဖွဲ့အစည်းတစ်ရပ်ကိုလည်း ဖွဲ့စည်း ထားသင့်ပါတယ်။ ကြိုတင်လေ့ကျင့်ဖို့ အချိန်ပေးခြင်း၊ ပြိုင်ပွဲအတွက် ကြိုတင် အကြောင်းကြားခြင်း၊ ကျောင်းတိုင်းပါဝင်လာအောင် ဆွဲဆောင်ပေးခြင်း အထူးလိုအပ် ပါလိမ့်မယ်။ စာမေးပွဲတစ်ခါလာမှ စာစီစာကုံးတခါ ဖြေရတဲ့ အဖြစ်မျိုး မဖြစ်သင့်ပါဘူး။
မြန်မာအချို့ဟာ  ခွင့်တိုင်စာကိုပင် အဆင်ပြေပြေ ဆ်ီလျော်အောင် မရေးနိုင်ကြပါဘူး။ ဒီအထဲမှာ အချို့ ဆရာတွေလည်း ပါနေပါတယ်။ ဒီလိုဖြစ်ရတာ မြန်မာစာ အရေးအသား အလေ့အထ နည်းလို့ပါ။ ရေးမယ်ဆိုရင် တွေးရပါမယ်။ မတွေးရင် အရေးမပီပြင်ပါဘူး၊။ အတွေးကောင်းရင် အရေးကောင်းလာတတ်ပါတယ်။ ကိုယ်တိုင်တွေးပါမှ  တပည့်များအတွက် အတွေးလမ်းကြောင်းကို ဖွင့်ပေးနိုင်မှာ ဖြစ်တယ်။ မည်သည့်ဘာသာရပ်မဆို တွေးဖို့ အတွေးအခေါ် မှန်ကန်ဖို့ လိုပါတယ်။ အတွေးမှန်မှ အရေးမှန်၊ အတွက်အချက်လည်းမှန်မှာ ဖြစ်တယ်။
ဒါကြောင့် ဆရာကိုယ်တိုင် စတွေးနိုင်ပါမှ ကျောင်းသားလည်း တွေးလာနိုင်မှာ ဖြစ်တယ်။ ကျောင်းသားတွေးနိုင်ဖို့ ဆရာကိုယ်တိုင်က ရေလာမြောင်းပေးစကား ပြောပေး သင့်တယ်။ မိုင်းဂရန့် ပညာရေးဝန်ထမ်းတွေအတွက် BMTA ကကြီးမှူးကျင်းပပေးလေ့ရှိတဲ့ ဒေါက်တာသိန်းလွင်ရဲ့ RWCTသင်တန်းက ဆရာတွေရဲ့ အတွေးဓားကို ထက်စေမယ့် ဓားသွေးကျောက် တစ်လက်ပါပဲ။
ဘာသာရပ်တိုင်းမှာ ဘာကိုရည်ရွယ်ပြီး ဒီအကြောင်းအရာကို သင်ရတာလဲ၊ ဘယ်မှာ အသုံးပြုမှာလဲ၊ ဘာကြောင့် အသုံးပြုရမှာလဲ၊ လူ့လောကအတွက် ဘယ်လို အကျိုးရှိသလဲ၊ ဒါတွေကို ကျောင်းသားများ ဆက်စပ်တွေးခေါ် လာနိုင်အောင် သင်ပေးကြရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက စာလုံးပေါင်းသတ်ပုံကိစ္စ ဖြစ်ပါတယ်။ လူငယ်ဆရာတစ်ဦးက ပြောပါတယ်။ အိမ်ကို ‘မ’သတ်နဲ့ပဲအိမ်အိမ် ‘န’သတ်နဲ့ပဲအိမ်အိမ် ကျောင်းလို့တော့ ဘယ်သူမှ မဖတ်ပါဘူးတဲ့။

သူပြောလိုတာက စာလုံးပေါင်းသတ်ပုံအရေးမကြီးဘူး။ ဖတ်လို့နားလည်ရင် ပြီးရောဆိုတဲ့ သဘောပဲပေါ့။ ဒါဆိုရင် အဲဒီဆရာကို ကျွန်တော်ပြောလိုက်ချင်တယ်၊ ခင်ဗျားကိုယ်တိုင် စာလုံးပေါင်းသတ်ပုံ အမှားများနဲ့ ရေးထားတဲ့ စာအုပ်တစ်အုပ်လောက် လူတွေဖတ်ဖို့ ထုတ်ကြည့်ပါလားလို့ အဲဒီလိုပဲ တိုက်တွန်းချင်ပါတယ်။
တချို့ တိုင်းတစ်ပါးသားတွေ မြန်မာစာကို အထူးပြု လေ့လာနေကြပါတယ်။ မြန်မာစာကို မြန်မာတွေထက် ပိုသိပိုတတ်တဲ့ နိုင်ငံခြားသားတွေ ဟိုးအရင် ကတည်းက ယနေ့ထိတိုင် ရှိနေပါတယ်။ ကျွန်တော်မိတ်ဆွေ တစ် ယောက်က တရုတ်ပြည်ကလာလည်တဲ့ သူ့ဧည့်သည်ကို ရွှေတိဂုံဘုရားလိုက်ပို့တော့ ဘုရားစောင်းတန်းက အ ဆင်းမှာ သူတို့လျှောက်ခဲ့တဲ့ လမ်းကို လက်ညိုးထိုး ပြီး ဒါကို မြန်မာလို ဘယ်လို ခေါ်သလဲလို့ မေးတယ်။ ကျွန်တော့် မိတ်ဆွေ မြန်မာပြည်ဘွဲ့ရက လှေကားလို့ အလွယ်တကူ ဖြေလိုက်တယ်။ ချက်ချင်းပဲ တရုတ် ဧည့်သည်က မဟုတ်ဘူး၊ လှေကားထစ်လို့ ပြန်ပြင် ပေးလိုက်တော့မှ မြန်မာအိမ်ရှင် ဆင်ခြင်မိပါတော့တယ်။
ယနေ့ထိုင်းနိုင်ငံရဲ့ ပညာရေးစီမံကိန်းမှာ မိခင်ဘာသာ ရပ်အပြင် အင်္ဂလိပ်စာနဲ့ အိမ်နီးချင်းနိုင်ငံတို့ရဲ့ ဘာသာစကား၊ စာတွေကို (အထူးသဖြင့် မြန်မာစာကို) သင်နေကြပါပြီ။ နိုင်ငံရေး၊ စီးပွားရေး အတွက် အထူးမောင်းနှင်အားကို သိနေကြပါပြီ။ မြန်မာလူမျိုးတစ်ယောက် အင်္ဂလိပ်စာ essay တစ်ပုဒ် ရေးမယ်ဆိုရင်တောင်၊ နံပါတ်တစ် မြန်မာလိုတွေးလို့ မြန်မာလိုရေးဖို့ ရှေ့ပြေးလိုအပ်မယ် ထင်ပါတယ်။ ထိုမှတဆင့် အင်္ဂလိပ်လို ရေးဖြစ်ရင် ပိုမိုကောင်းမွန်တဲ့ essay ဖြစ်လာမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာဖြစ်နေလို့ပါ။ မြန်မာနဲ့ နီးစပ်တာ မြန်မာစာပဲ မဟုတ်ပါလား။ မြန်မာစာကို ဂဃနဏ ရေးနိုင်တဲ့ အချိန်ကိုရောက်မှ အင်္ဂလိပ် လိုရေးရင် အဆင်ပြေချောမောနိုင်ပါလိမ့်မယ်။
ကမ္ဘာကြီးက ယခင်က ရေခြားမြေခြား အရှေ့ အရပ်၊ အနောက်အရပ် ခြားနေခဲ့တယ်။ ဒါပေမဲ့ အသိပညာ၊ အတတ်ပညာ ထွန်းကားတဲ့ ယခုလို အိုင်တီခေတ်ကြီးမှာ ရေကိုတားသော် အကြားမရှိသကဲ့သို့ နည်းပညာတွေကြောင့် ကမ္ဘာမြေကြီးကို ဟိုဘက်ဒီဘက်ခြားလို့ မရနိုင်တော့ပါ။
ယဉ်ကျေးမှု ဘာသာစကားတို့မှာ တစ်နေရာနဲ့ တစ်နေရာ ကူးလူးယှက်ဖြာနေပြီး၊ လူနေမှုဘ၀တွေ အင်မတန် တိုးတက်လာနေချိန်မှာ ဘာသာစကား စာမျိုးစုံတို့ကို တတ်မြောက်ထားဖို့ လိုပါတယ်။ နောက်ပြီး မိမိအမျိုးသား စာကိုလည်း အခြားသော ကမ္ဘာသူကမ္ဘာသားများကို  ဦးဆောင်ဖြန့်ဝေ ပေးရမှာဖြစ်လို့ မိမိအမျိုးသားစာကို မိမိကိုယ်တိုင် ချစ်မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်လို့ တတ်မြောက်အောင် အပတ်တကုတ် သင်ကြားနေဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။         ။
ဆရာဌေး (B.H.S.O.H)









မောက္ခပညာရေးဆိုက်မှကူးယူတင်ပြသည်။ 
 

What is Propaganda?

What is Propaganda?
Scholars, journalists, and politicians have long argued about how to properly define propaganda and distinguish it from other forms of mass communication. Propaganda is biased information designed to shape public opinion and behavior.
 

စီးပွားရေးပိတ်ဆို့မှုထောက်ခံတဲ့အတွက် ဒေါ်စုကိုတောင်းပန်ခိုင်း

စနေ, 19 ဖေဖော်ဝါရီ 2011
   အခုရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရသတင်းစာတွေမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အရင်တုန်းကလိုပဲ ထိုးနှက်တိုက်ခိုက်ရေးသားတဲ့ ဆောင်းပါးတွေ ဆက်တိုက် ဖော်ပြနေခဲ့ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ စစ်အစိုးရသတင်းစာက ဆောင်းပါးတပုဒ်မှာတော့ မြန်မာနိုင်ငံမှာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်မှုတွေဖြစ်ပေါ်စေတဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေကို အားပေးထောက်ခံနေသူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုကို ၀န်ချတောင်းပန်ရမယ်လို့ ဖော်ပြထားပါတယ်။
      ဒီဆောင်းပါးအကြောင်းရေးသားထားတဲ့ ရိုက်တာသတင်းထဲမှာတော့ ပြီးခဲ့တဲ့သီတင်းပတ်က စစ်အစိုးရ သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သမိုင်းနိဂုံး အဆုံးသတ် သွားတာကို ရင်ဆိုင်ရမှာဖြစ်တဲ့အကြောင်းနဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရအနေနဲ့ ပျော့ပျော့ပြောင်းပြောင်း မရပ်တည်ဖို့ တိုက်တွန်းပါကြောင်းတွေကို ဖော်ပြထားတဲ့ ဆောင်းပါးတွေကိုလည်း သတင်းစာတွေမှာ တွေ့ခဲ့ရပါတယ်။
     မြန်မာစစ်အစိုးရဟာ ဈေးကွက်စီးပွားရေးအတွက် တံခါးဖွင့်ထားပေးပေမဲ့လည်း အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု တွေကြောင့် စိတ်ကျေနပ်စရာ ရှိလောက်အောင် တွန်းအားတွေမဖြစ်ခဲ့ဘူးလို့လည်း ရေးသားထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
      ပြည်သူလူထု ထိခိုက်နစ်နာနေရတာဟာ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်သာဖြစ်ပြီး အရေးယူ ပိတ်ဆို့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့်မဟုတ်ဘူးလို့ NLD ကပြောဆိုနေတာ မှားယွင်းကြောင်းနဲ့ NLD ဖန်တီး ခဲ့လို့ဖြစ်ပေါ်လာခဲ့ရတဲ့ ပြဿနာတရပ်ကို NLD ကဖြေရှင်းပေးဖို့တာဝန်ရှိကြောင်းနဲ့ ပုဆိန်ရိုးတွေရဲ့ စီးပွားရေးပိတ်ဆို့ဖို့ တောင်းဆိုတာတွေမရှိခဲ့ရင် မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေထက် အလျှံပယ် ဖွံ့ဖြိုး တိုးတက် ကောင်းမွန်သာလွန်နေပြီလို့လည်း အဲဒီဆောင်းပါးမှာ ရေးသားထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာ) မှကူးယူဖေါ်ပြသည်။

မှတ်ချက်။    ။ ဒါကတော့ နအဖ သတင်းစားများ၏၀ါဒဖြန့်ချိရေးလုပ်ရပ်တစ်ခုပါဘဲ။
 

Suu Kyi Remains People's Champion: McConnell

By Lalit K Jha
Wednesday, February 16, 2011
WASHINGTON — Noting that Aung San Suu Kyi is in good spirits and remains a vigorous champion for the people of Burma after talking to her by phone, a US senator expressed concern for her safety following the latest threat to her from the country's military junta.
“She is in good spirits and remains a vigorous champion for the people of Burma. Nonetheless, I am deeply concerned about the junta’s recent threats to her wellbeing and those of her National League for Democracy colleagues,” Senator Mitch McConnell said.
“Such efforts at intimidation are an outrage and should be universally condemned by those around the world who value freedom and democracy,” McConnell said.
“Along with my colleagues in the senate, I will continue to closely monitor Suu Kyi’s safety and the situation in Burma,” he said. This was his first call to the popular Burmese leader after she was released from house arrest last year.
During their conversation, McConnell and Suu Kyi discussed her personal safety, US policy toward Burma, and prospects for the future of the country, said a statement issued by the senator’s office.
Meanwhile, US Secretary of State Hillary Clinton listed Burma among the few countries of the world that suppresses Internet freedom.
“In China, the government censors content and redirects search requests to error pages. In Burma, independent news sites have been taken down with distributed denial of service attacks,” Clinton said in her speech on Internet freedom at the George Washington University.
“In Cuba, the government is trying to create a national intranet, while not allowing their citizens to access the global Internet. In Vietnam, bloggers who criticize the government are arrested and abused. In Iran, the authorities block opposition and media websites, target social media, and steal identifying information about their own people in order to hunt them down,” she said.
“These actions reflect a landscape that is complex and combustible, and sure to become more so in the coming years as billions of more people connect to the Internet. The choices we make today will determine what the Internet looks like in the future. Businesses have to choose whether and how to enter markets where Internet freedom is limited,” Clinton said.
“People have to choose how to act online, what information to share and with whom, which ideas to voice and how to voice them. Governments have to choose to live up to their commitments to protect free expression, assembly and association,” she said.
 

Honorary degree for Suu Kyi

Honorary degree for Suu Kyi
Ottawa Citizen February 16, 2011 11:05 AM

Carleton University plans to award Aung San Suu Kyi, the Burmese pro-democracy leader and Nobel laureate, with an honorary degree in a ceremony next week.

In announcing the conferral of a Doctor of Laws in absentia, Carleton University is following the federal government in honouring Suu Kyi.

In December, Prime Minister Stephen Harper invited her to visit Canada and claim the honorary citizenship awarded to her in 2007.

Carleton's ceremony will take place at noon on Tuesday in the Kailash Mitai Theatre on campus. Former Progressive Conservative cabinet minister Flora Mac-Donald will also deliver an address.
 

Myanmar election a fraud, U.S. says

Wednesday 16th February, 2011

Myanmar election a fraud, U.S. says
________________________________________

Tuesday 15th February, 2011 Source: Timmins Daily Press
WASHINGTON -- Myanmar's threats against veteran prodemocracy leader Aung San Suu Kyi show the military-backed government has not changed despite elections in November that were widely dismissed as a fraud, the United States said Monday."Burma claims there is a new era, but it is up to its old tricks by threatening Aung San Suu Kyi.
New suits does not a new system make," State Department spokesman P.J. Crowley said in a message on Twitter.Myanmar's state media said Sunday that Suu Kyi and her party would meet a "tragic end" if they stick to their position including support for western sanctions.U.S.
President Barack Obama entered office hoping to improve ties with Myanmar, formerly known as Burma, but has expressed frustration over what he says is the government's lack of willingness to eng...
 

National Network will promote Democracy and Human Rights.doc

ဧရာဝတီ Tuesday, 08 February 2011 17:29
တနိုင်ငံလုံး ချိတ်ဆက်ဖွဲ့စည်း လုပ်ဆောင်မည့် လူထုကွန်ရက်တွင် ရည်ရွယ်ချက်နှင့် ထိန်းကွပ်ရမည် ဖြစ်ပြီး ရည်ရွယ်ချက်မှာ လူအခွင့်အရေးနှင့် ဒီမိုကရေစီအရေး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ကျင်းပပြုလုပ်သော “ပြည်နယ်/တိုင်း လူငယ်များတွေ့ဆုံပွဲ” တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခြင်းဖြစ်သည်။
လူထုကွန်ရက်တွင် သဘောထားကြီးရန်၊ နားလည်မှုရှိရန်၊ အားလုံးပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည် (ဓာတ်ပုံ - ဧရာဝတီ)
“ကွန်ရက်ဆိုတာက ဖွင့်ထားတာ၊ သဘောထားကြီးရမယ်၊ နားလည်မှုရှိရမယ်၊ ကွန်ရက်ဆိုတဲ့ အခြေခံသဘောထားကို နားလည်နိုင်အောင် ကြိုးစားရမယ်။ တူညီတဲ့သဘောထား၊ တူညီတဲ့လုပ်ငန်းစဉ်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်သွားရမယ်။ ကွန်ရက်လုပ်နေတယ်၊ လာမရှုပ်နဲ့ဆိုတာမျိုး မဖြစ်ရဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကွန်ရက်တွင် လူတိုင်းပါဝင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကွန်ရက်မှာ လူကြီးတွေ မပါရဘူးဆိုတာမျိုး မဟုတ်ဘူး။ လူငယ်တွေလည်း ပါမယ်၊ လူကြီး တွေလည်းပါမယ်။ အဓိက လူငယ်တွေက အင်အားရှိတော့ သွားနိုင်၊ လာနိုင်တော့ လူကြီးတွေထက်ပိုပြီး လှုပ်ရှားနိုင်တယ်။ ကန့်သတ်မှုတွေရှိရင် ကွန်ရက်ရဲ့ဘောင်က ကျဉ်းသွားမယ်” ဟု ဆိုသည်။

လူထုကွန်ရက်တွင် NLD ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “NLD ကတော့ နိုင်ငံရေးပါတီဖြစ်တဲ့အတွက် နိုင်ငံရေးလုပ်အနေနဲ့ ဆောင်ရွက်မယ်။ ဒီ့အပြင် လူမှုရေး လုပ်ငန်းတွေကိုလည်း တိုးချဲ့လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။

ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက်သည့် ပဲခူးတိုင်းမှ မချောစုထွေးက “ကျမတို့က နိုင်ငံရေး အကျဉ်းသား မိသားစုဆိုတော့ ပတ်ဝန်ကျင်က မမေးရဲ၊ မဆိုရဲ၊ မပြောရဲ၊ မဆက်ဆံရဲတာ၊ ပြည်သူတွေ အတွေးအမြင် နိမ့်ကျနေတာ၊ နိုင်ငံရေးဆိုတာ အန်တီစု အဓိပ္ပာယ်ဖွင့်ဆိုသလို ပြည်သူတွေက မသိကြတာ ဆိုတဲ့အကြောင်း တင်ပြခဲ့ပါတယ်” ဟု ပြောသည်။

တက်ရောက်လာသည့် လူငယ်များက အပြန်အလှန် မေးမြန်းကြရာ ဒေါ်အောင်ဆန်းစုကြည် ဖြေကြားသည့်အပြင်၊ မစ္စတာ ဂျွန်ယက်တော အမှုနှင့် ပတ်သက်၍ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း၊ စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးတို့က အသီးသီးဖြေကြားပေးကြောင်း သိရသည်။

ယနေ့ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များတွေ့ဆုံပွဲသို့ လူငယ် ၂၀၀ ကျော်တက်ရောက်ပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့နှင့် ဧရာဝတီတိုင်းမှ လူငယ်ရှေ့နေများကွန်ရက်စသည်တို့ တက်ရောက်ကြောင်း NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွေ့ဆုံဆွေးနွေးပွဲသို့ နေရာအခက်အခဲကြောင့် မတက်ရောက်နိုင်သော တခြားပြည်နယ်နှင့် တိုင်းဒေသအသီးသီးမှ လူငယ်များနှင့် ထပ်မံတွေ့ဆုံသွားမည်ဟု သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပထမဆုံးအကြိမ် လူငယ်များနှင့် တွေ့ဆုံပြီးနောက် လူငယ်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများ ရှိနေပြီး အဆိုပါလှုပ်ရှားမှုများတွင် တိုးတက်မှုများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 

B.C.N. Statement on Current CFOB Crisis

Peaceful Demonstration for Peace in Burma ( Rakhine )

Burmese Canadian Protest in Toronto

Text

NLD by Elections Manifesto p1