Latest Post

Suu Kyi says ‘we must rely on ourselves’


Suu Kyi says ‘we must rely on ourselves’
Monday, 23 May 2011 16:34
Jim Andrews

Chiang Mai (Mizzima) - Burma’s political opposition can expect little support from the Association of Southeast Asian Nations (Asean) and India and must now depend on its own efforts to win democracy, Aung San Suu Kyi has told a German TV panel.

‘We know in the end we must rely on ourselves, and that is not a bad thing’, she told the panel, in a programme broadcast on Sunday to Asia by the German world news channel Deutsche Welle, in cooperation with the Hertie School of Governance.

The pro-democracy leader Suu Kyi joined the round table discussion devoted to the future of Burma from what was described as a ‘secret location’ in Rangoon. 

Suu Kyi said she was particularly ‘saddened’ by India’s ‘disappointing role’ because of the links with Burma that stretched back to colonial times. The Indian government has reportedly been attempting to improve their relations with the authorities in Burma, aware of the growing influence of China in the Southeast Asian country. New Delhi has stressed that they have strategic and economic interests to protect in Burma and that the struggle for democracy is up to the Burmese people.

As for Asean, Suu Kyi said the organization could learn much from the way African countries sorted out their problems together. ‘One of the problems is that Asean talks about non-interference, in contrast to African countries’, she said. The members of the 53-state African Union take an active interest in developments in member states, and have on occasion deployed peacekeeping troops in several troubled states.

She lamented what she said was the lack of international support and poorly coordinated international aid, claiming Europe was ‘too disunited’ when it came to Burma.

She noted during the discussion that people in Burma, subject to the censored media, had been following events in the Arab world with great interest. The protests of ‘Arab Spring’ in Egypt, Libya, Syria, Tunisia and Yemen had raised questions in Burma’s exile media as to whether there might be a repeat of Burma’s 2007 ‘Saffron Revolution’ protest against the military junta, though observers claim the situation in Rangoon is very different from the streets of Cairo.

Suu Kyi said she was encouraged by the interest young Burmese appeared to be showing in politics. ‘This has been one of the greatest changes I have seen since being released (from house arrest)’.

‘Young people are much more interested now (in politics), particularly because they are frustrated and they see they must bring about change themselves.

‘[Burma’s] youth has decided it must empower itself. Young people are becoming much more self-reliant’.

Nevertheless, ‘pervasive fear’ still hindered political progress in Burma, Suu Kyi said.

Burma needed an independent judiciary as a top priority, she said. Rule of law would result in freedom for the country’s political prisoners—one of the preconditions for change.
 

Suu Kyi Plans Tour of Countryside in June


Suu Kyi Plans Tour of Countryside in June
By KELVIN CHAN / AP WRITER Tuesday, May 31, 2011

HONG KONG — Burmese pro-democracy leader Aung San Suu Kyi said Monday she plans to tour the country next month in her first trip into the provinces since a 2003 political tour ended in her lengthy house arrest.

"I hope to be able to travel out of Rangoon in the month of June, as soon as I have got rid of all the work that has piled up," she said in a videolink to an audience at Hong Kong University. Rangoon is also known as Yangon, Burma's biggest city.

She said the authorities have not given her any "particular assurances" about security. She did not provide further details.

The Nobel Peace Prize laureate drew large crowds when she last toured northern Burma, and her popularity rattled the military government. Exactly eight years ago Monday, supporters of the ruling junta ambushed her entourage. Several of her followers were killed, but she escaped, only to be arrested.

She was released last November after the country, also known as Myanmar, held general elections in which her party did not participate, calling the vote unfair. Suu Kyi's party won the last elections in 1990 but was not allowed to govern. The junta was officially disbanded after the November elections, but the current government is still military dominated.

Suu Kyi answered dozens of questions from students, alumni and reporters in the videolink with Hong Kong University. She has been jailed or under house arrest for 15 of the last 21 years, and during her brief periods of freedom she has not traveled outside the country, fearing the military would not allow her to return.

She avoided criticizing China, an important backer of Burma's government. Beijing provides the country crucial economic support, military assistance and diplomatic protection at the United Nations.

Burma could maintain neighborly relations with China while having a "friendship based on shared values of democracy" with Western countries, she said.

"I don't think we have to make it either-or. We can be friends with the West and we can be friends with China each in its own special way," Suu Kyi said.

Western nations and groups critical of Burma's poor human rights record had made her freedom a key demand. They estimate the country still has more than 2,000 political prisoners, and a UN envoy said last week Burma has changed little since its stated transition to civilian rule.

Suu Kyi said her party has tried hard to establish a relationship with China's government. But party members aren't even able to break the ice with Chinese diplomats at cocktail receptions, she said.

"Somehow they seem to be able to evade our people quite successfully. I wish they would talk to us," she said.

Suu Kyi ended by answering a question on how she felt about the death of terror mastermind Osama bin Laden, who was killed by US Navy SEALs in a raid on his hide-out in Pakistan.

"With regards to the recent death of bin Laden, it just shows that violence ends with violence, and that there is too much violence already in our world and we've got to try do something about it," she said. 
http://www.irrawaddy.org/article.php?art_id=21394
------------------------------------------------
 

Signatures for President U Thein Sein


မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်မှစတင်သော စုပေါင်းလက်မှတ်ထိုး တောင်းဆိုမှုများကို ယနေ့တွင် သမ္မတ ဦးသိန်းစိန် ထံ သို့ စတင်ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ဦးဆောင်သူများက ပြောသည်။

ယင်းတောင်းဆိုလှုပ်ရှားမှုအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအ၀င် မြန်မာပြည်တွင်းရှိ ဒီမိုကရေစီရေးဆောင်ရွက်သူများက ဦးဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ အေးချမ်းစွာ ပြန်လာနိုင်ရေး စသည့်အချက်များ ပါဝင်သည်။

“ကျနော်တို့ အခုပထမအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊ ဆရာ ဒဂုန်တာရာ၊ လူထု ဦးစိန်ဝင်း၊ ဦးမိုးသူတို့ စတဲ့ စာပေနဲ့စာနယ်ဇင်းသမားတွေ၊ ဦးအေးသာအောင်၊ ဦးနိုင်ငွေသိန်း၊ ဦးကျင့်ရှင်းထန် စတဲ့ တိုင်း ရင်းသားခေါင်းဆောင်တွေရဲ့ လက်မှတ်တွေကို ပြီးခဲ့တဲ့ သောကြာနေ့ နေ့လယ်၂ နာရီ မှာ စတင်ပြီး သမ္မတ ဦးသိန်းစိန် ဆီကို တင်ပြဖို့စီစဉ်ထားခဲ့တာ။ ဒါပေမယ့် လက်မှတ်တွေက အခုထိဆက်တိုက်ထိုးနေသေးတော့ ဒီနေ့မှ စတင်ဖြစ်တော့ မယ်”ဟု ဦးဆောင်လှုပ်ရှားသူတဦး ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖြိုးမင်းသိန်းက ဧရာဝတီကိုပြောသည်။

အဆိုပါ လှုပ်ရှားမှု၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လက်မှတ်ထိုး တောင်းဆိုထားပြီး NLD အဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်း သားများ အပါအ၀င် လူထုလူတန်းစား အစုံမှ ပါဝင်လက်မှတ်ထိုးကြောင်း သိရသည်။

“ကျနော်တို့ ဆက်တိုက်လဲ လက်မှတ်တွေ ကောက်ခံနေပါတယ်။ အပတ်စဉ် သောကြာနေ့တိုင်း လူထု တရပ်လုံး ပါဝင် လက်မှတ်ထိုးတာတွေကို ဆက်တိုက်တင်ပြသွားမှာဖြစ်ပါတယ်”ဟု ကိုဖြိုးမင်းသိန်းက ဆိုသည်။

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းသာယာရေးကို ရှေးရှုသည့် လုပ်ဆောင်ချက်များ အကောင်အထည်ဖော်ရန် မေတ္တာရပ်ခံသည့် ယခုလှုပ်ရှားမှုတွင် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး လိုလားသူများက ပါဝင် လက် မှတ် ထိုးခြင်းဖြစ်ကြောင်း သိရသည်။

“စုဆောင်းရရှိထားတဲ့ လက်မှတ် ၅၀၀ ၀န်းကျင်ကို ပထမ အဆင့်တင်မယ်။ နယ်တွေမှာရှိနေတဲ့ လက်မှတ်တွေရော ဆိုရင် တော့ ၁၀၀၀ ကျော် ရှိမယ်။ တိုင်း နှင့် ပြည်နယ် အားလုံးမှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ကျနော်တို့ လုပ်ဆောင်သွားမှာပါ”ဟု ကိုဖြိုးမင်းသိန်း က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အဓိကလက်ငင်း လိုအပ်ချက်များကို လူငယ်များကဦးဆောင်ပြီး လက်မှတ်ထိုးတောင်းဆိုကြသည်မှာ ပြည် သူ့ အသံကို ငြိမ်းချမ်းစွာဖော်ဆောင်ခြင်း ဖြစ်ကြောင်း NLD ဗဟို ဦးဆောင် ကော်မတီဝင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း ပြောသည်။

ဦးဝင်းတင်သည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး အကျဉ်းထောင်တွင်း နှစ်ပေါင်း၂၀ နီးပါး နေထိုင်ခဲ့ရသူလည်း ဖြစ်သည်။

ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် နှင့် ၆ လ ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၏ အစ်မဖြစ်သူ မကြည်ကြည်ညွန့် က“အခုလို နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ စုပေါင်းတောင်းဆို လက်မှတ်ထိုးကြတာဟာ ကျမတို့လိုနိုင်ငံရေးအကျဉ်း သား မိသားစုဝင်တွေ အတွက် မျှော်လင့်ချက် တခုတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် လူကိုယ်တိုင် ရောက်လာမှပဲ လွတ်လာတယ်လို့ မှတ်ရမှာပါပဲ”ဟု ပြောသည်။

စုပေါင်း လက်မှတ်ထိုးတောင်းဆိုချက်များပါ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးသည် အမျိုးသားပြန်လည်သင့်မြတ် ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့အတွက် အခြေခံကျသော လုပ်ဆောင်ပေးရမည့်အချက်လည်းဖြစ်သည်ဟု နိုင်ငံရေး လှုပ်ရှားသူများက ဆိုသည်။

“အခု နိုင်ငံတကာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း ပူးပေါင်းပါဝင်လက်မှတ်ရေးထိုးကြတယ်။ သူတို့ကလည်း သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးတွေက တဆင့် ပို့တာတို့၊ နောက် အွန်လိုင်းကနေ ပို့ပေးတာဆိုရင်တော့ ကျနော်တို့ကူးယူပြီး ဆက်တင်သွားမှာဖြစ်တယ်”ဟု ကိုဖြိုးမင်းသိန်းက ပြောဆိုသည်။

အဆိုပါလက်မှတ်ထိုးတောင်ဆိုမှုကို နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်ရေး အတွက် NLD သတင်းနှင့်ပြန်ကြားရေးဌာနမှလည်း ဆော်သြထားသည်။

“ကျနော်တို့ကလည်း ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်လို့ ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးပြီး ပိုမိုကျယ်ပြန့်အောင် ကူညီဆောင်ရွက်သွားမယ်”ဟု စင်္ကာပူရောက် မြန်မာနိုင်ငံသားတဦးက ပြောသည်။
 

‘၀ါဒဖြန်ချီ့ခြင်း

ယနေ့ ‘၀ါဒဖြန့်ခြင်း’ ဆိုတဲ့စကားလုံးကို မုသာဝါဒ လိမ်ညာမှုတွေ ဖြန့်ဖြူးလိုတဲ့ အခါမှာ မကြာခဏ အသုံးပြုတတ်ကြ ပါတယ်။ သို့သော် အဲဒီ ၀ါဒဖြန့်ခြင်း (propaganda) ဝေါဟာရကို အမှန်တရား ပြန့်နှံ့စေဖို့
ရည်ရွယ်ချက်နဲ့ ရောမကက်သလစ်ကျောင်းတော်က ဟိုးနှစ်ပေါင်းများစွာက စပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ပညာရပ်ဝေါဟာရအရဆိုရရင် ၀ါဒဖြန့်ခြင်းဆိုတာ လူထုရဲ့ အတွေးအမြင်စိတ်ကူး ရှုထောင့်တွေ ပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက် နဲ့ ရေးထား၊ ပြောထား၊ ဓါတ်ပုံရိုက်ထား၊ ဗွီဒီယိုမှတ်တမ်းတင်ထားတဲ့ အရာရာကို ဖြန့်ဝေ ထုတ်လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ၀ါဒဖြန့်လုပ်ငန်းကို စစ်ပွဲတွေနဲ့  စစ်ပွဲလို အခြေအနေတွေမှာ လက်နက်ကရိယာသဖွယ် အသုံးပြုကြပါတယ်။ တစ်နည်းဆိုရရင် ‘စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ’ (the war of the mind)၊ စိတ်ဓာတ်စစ်ဆင်ရေး(psychological warfare)တို့ရဲ့ လုပ်ငန်း အစိတ် အပိုင်းပါပဲ။

ဝါဒဖြန့် ပုံစံနှစ်မျိုး
ဝါဒဖြန့်ခြင်း ပုံစံနှစ်မျိုးရှိပါတယ်။ တစ်ခုက အဖြူရောင် ၀ါဒဖြန့်ခြင်း နဲ့ နောက်တစ်ခုက အမည်းရောင် ၀ါဒဖြန့်ခြင်း ဖြစ်ပါတယ်။
အဖြူရောင်ဝါဒဖြန့်ခြင်းမှာ သီးသန့် အမြင်သဘောထားတွေကို ဖော်ပြထားတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။  သတင်း အင်ဖော်မေးရှင်း ပို့ပေးဖို့နဲ့ ဩဇာလွှမ်းဖို့ နှစ်ခုစလုံးကို ရည်ရွယ်ပါတယ်။ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး မိမိ ပစ်မှတ်ထားတဲ့ လူထုရဲ့ နိုင်ငံရေးအမြင်ကို ဩဇာလွှမ်းထား နိုင်ဖို့ ဖြစ်တယ်။ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ အဲဒီ့လူထုရဲ့ စိတ်ဓာတ် မြှင့်တင်ပေးဖို့ ဖြစ်တယ်။
အဖြူရောင်ဝါဒဖြန့်ခြင်းက အမှန်တရားကို ဖော်ပြပါတယ်၊ သို့သော် ပေးပို့လိုတဲ့ မက်ဆေခ်ျ့တွေနဲ့ ၄င်းနဲ့ ဆက်စပ်တဲ့ အချက်အလက်ပေါ်မှာ အာရုံစိုက် လုပ်ဆောင်ထားပါတယ်။ အဖြူရောင် ၀ါဒဖြန့်ခြင်းရဲ့ ရည်မှန်းချက်က အာဏာရှင်လို အစိုးရတွေကို ဆန့်ကျင်ကြတဲ့အခါ အနုနည်းနဲ့ဖြစ်စေ အကြမ်းနည်းနဲ့ဖြစ်စေ ခုခံလုပ်ဆောင်ရတိုင်း လူထုရဲ့ အမြင် သဘော ထား ခံယူချက် အရာရာမှာ အားအင်တွေ ခွန်အားတွေ ရှိလာပြီး ကြံ့ကြံ့ခံ ပြောင်းလဲစေဖို့ ဖြစ်ပါတယ်။

အမည်းရောင်ဝါဒဖြန့်ခြင်းကတော့ အထူးသဖြင့် မမှန်မကန် သတင်း လုပ်ကြံဖန်တီးဖို့ပါ။ အဓိက ဦးတည်တဲ့ ပစ်မှတ်က ရန်သူကိုပါ။ လုပ်ငန်းစဉ်သဘောက လှည့်စား ဖြားယောင်း သွေးဆောင်ခြင်း ပါပဲ။ ယေဘူယျ ရည်ရွယ်ချက်က ရန်သူရဲ့ ဦးတည်ချက်ေ၀၀ါးသွားစေဖို့၊ လမ်းပျောက်သွားစေဖို့၊ စိတ်ဓာတ်ပျက်ပြား ကွဲပြဲသွားစေဖို့။ ဥပမာ ခေါင်းဆောင်မှုအပေါ် ယုံကြည်မှု လျော့ကျစေပြီး၊ သူတို့ မဟာမိတ်အုပ်စု ပါတနာတွေအကြား ဆက်ဆံရေးတင်းမာ ပြိုကွဲစေဖို့ ဖြစ်ပါတယ်။

ဒီလို အမည်းရောင်ဝါဒဖြန့်မှုကို အကောင်အထည်ဖော်ရာ မှာ  နှစ်ဘက်ချွန်သူလျှိုတွေ (double agents)နဲ့ ဆောင်ရွက် မှုက ပိုခရီးရောက် ပါတယ်။ ဥပမာ ဒီမိုကရက်တစ် လှုပ်ရှားမှုမှာ စိတ်ဓာတ် ခိုင်မာထန်သန်မှု ရှိသလို၊ တစ်ဘက်က အာဏာရှင်ရဲ့ လုပ်ငန်းအတွင်း ၀င်ရောက် မွှေနှောက် တွင်ကျယ်ထားနိုင်သူ ဖြစ်ရမယ်။ ဖြစ်နိုင်ရင် ကြံဖွတ်အစိုးရ စီမံချက်လို ဟာတွေထဲမှာ လျှို့ဝှက် လုပ်ကိုင်နေရ ပါမယ်။

ဗြိတိသျှ တန်ပြန်ထောက်လှမ်းရေး အဆင့်မြင့်အရာရှိ ကင်ဖီလ်ဘီ (Kim Philby) ဆိုသူဟာ ဆိုဗီယက်အတွက် သူလျှို လုပ်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ အလွန် အရေးကြီးတဲ့ လျှို့ဝှက်သတင်းတွေကို ဆိုဗီယက်ကို ပို့ပေးရင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှနဲ့ အမေရိကန်တို့ အကြား ဆက်ဆံရေးတွေ အများကြီးပျက်အောင် နှောင့်ယှက်ခဲ့ရာမှာ နာမည်ကြီးပါတယ်။
အမျိုးသားရေး လူမျိုးရေး ဘာသာရေး အကွဲအပြဲတွေ ရှိတဲ့နေရာမှာ၊ ကျွမ်းကျင်တဲ့ အေးဂျင့်က မတူတဲ့ အုပ်စုတွေ အကြား စိတ်ဝမ်းကွဲမှု မျိုးစုံပေါ်အောင် လုပ်ဆောင်ဖို့ လွယ်ကူပါတယ်။
အမည်းရောင်ဝါဒဖြန့်မှုက သူတို့ထောက်လှမ်းရေးအဖွဲ့များကတဆင့် ရန်သူပေါ်လစီမိတ်ကာများကို ပစ်မှတ် ထားတတ်ပါတယ်။ ရန်သူ ဆုံးဖြတ်ချက်အမှားတွေဖြစ်သွားစေဖို့ ရည်ရွယ်ပါတယ် (ရန်သူ့ အတွက် အမှားဟာ၊ ကိုယ့်အတွက် အမှန် ဖြစ်ပါတယ်)။
ဒုတိယကမ္ဘာစစ်အတွင်းမှာ အကြီးအကျယ် လိမ်လည်နည်း ပညာမျိုးစုံ သုံးခဲ့ကြပါတယ်။ စစ်တပ်အတု လက်နက်အတုတွေ ဖန်တီးခြင်း၊  ဖမ်းဆီးမိတဲ့ စပိုင်တွေထံက အချက်အလက်တွေနဲ့ သတင်းမှားတွေ ပြန်လုပ်ခြင်း၊ စပိုင်တွေ ပြန်လွှတ်ခြင်းတို့ ပါဝင်ပါတယ်။
သို့သော် အမည်းရောင်ဝါဒဖြန့်မှုမှာ ရန်သူစိတ်ဝင်စားလောက်တဲ့ အသုံးပြုနိုင်ကောင်းတဲ့ မှန်ကန်တဲ့ အချက်အချို့ ထည့်ပေးရပါမယ်။ ဒီလိုမလုပ်ရင် ရန်သူက အာရုံစိုက်မှာ မဟုတ်ပါဘူး။ အမှန်တရား အချို့ ထည့်ပေးပြီး ရည်ရွယ်ချက်ရှိရှိ ရက်ဖောက်ထားတဲ့ မှားယွင်းတဲ့ အချက်တွေနဲ့သာ ရန်သူကို အယုံသွင်း လှည့်စားနိုင်မှာ ဖြစ်ပါတယ်။
ရန်သူ့အတွက် အသုံးဝင်မယ့် အချက်အလက် ဘယ်လောက်များများ ချပေးမယ်၊ အဲဒီ့အောင်မြင်တဲ့ လှည့်စားမှုကနေ ဘယ်လောက် အကျိုးအမြတ်ပြန်ယူမယ် ဆိုတဲ့ နှစ်ခုကြား တွက်ချက်ခန့်မှန်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါဟာ အောင်မြင်တဲ့ ၀ါဒဖြန့်ချီရေးသမားရဲ့ ပါးနပ်ကျင်လည်မှုအပေါ် မူတည်ပါတယ်။

အမည်းရောင် ၀ါဒဖြန့်မှုကို အာဏာရှင်တွေ အသုံးပြု
အာဏာရှင်စနစ်တွေ သုံးတာကတော့ အမည်းရောင်ဝါဒဖြန့်မှု ဖြစ်ပါတယ်။ အာဏာရှင်တွေက သူ့ပြည်သူလူထုကို မကြေငြာတဲ့စစ် အမြဲ ဆင်နွှဲတတ် ပါတယ်။ ရည်ရွယ် ချက်က အတိုက်အခံနဲ့ ပြည်သူကို လှည့်စား လိမ်ညာဖို့ ဖြစ်ပါတယ်။ ဥပမာ၊ ဗိုလ်ချုပ်သန်းရွှေဟာ စိတ်ဓာတ်စစ်ဆင်ရေး (Psychological warfare) ကျွမ်းကျင်သူ၊ ၀ါဒဖြန့်မှုဘာသာရပ်နဲ့ မစိမ်းလှသူဖြစ်တယ်။ သူ့စရိုက်ကိုကြည့်ရင် မလိုအပ်သမျှ နှုတ်ဆိတ်နေပြီး၊ ဘယ်သူမှ မထင်မှတ်တဲ့ အချိန်မှာ အတိုက်အခံ၊ လူထုနဲ့ သူ့လူတွေအပေါ် ခြုံခိုတိုက်ခိုက် အနိုင်ယူတတ်သူ ဖြစ်တယ်။

စစ်အစိုးရအတွက် အရေးကြီးဆုံး လက်ကိုင်အဖွဲ့ကတော့ တပ်မတော်ဆိုတာနဲ့ စစ်အရာရှိတွေပါပဲ။ ပညာအခံအားနည်းတဲ့ အရာရှိများနဲ့ စစ်သားတွေကို တပ်မတော်ရဲ့ သမိုင်း၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှု စတဲ့ ပုံကြီးချဲ့ဝါဒဖြန့်မှုတွေ အကြိမ်ကြိမ်အထပ်ထပ် ရိုက်သွင်းထားပါတယ်။
ဒါကြောင့် ရန်သူအသုံးချတဲ့ နည်းလမ်းတွေကို အသေချာလေ့လာဖို့နဲ့ ထိထိရောက်ရောက် ပြန်လည် တုန့်ပြန်ဖို့ လိုပါမယ်။  တန်ပြန်ဝါဒဖြန့်ချီရေး လျှို့ဝှက်နည်းလမ်းတွေ ဖော်ဆောင်ဖို့ လိုပါမယ်။  တပ်မတော် တပ်ရင်းအရာရှိတွေအပါအ၀င် အုပ်စု အမျိုးမျိုးကို ပစ်မှတ်ထားပြီး ဩဇာ လွှမ်းမိုးထားနိုင်ဖို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများအနေဖြင့် ၀ါဒဖြန့်ချိမှု အတတ် ပညာကို စမတ်ကျ ချွနှ်မျှနေအောင် သွေးထားကြရ ပါမယ်။ တစ်ပွဲထိုး လူကြားကောင်းအောင် ဟစ်တဲ့ပုံစံ၊ ဆယ်လစ်ဘရယ်တီ ပုံစံတွေနဲ့တော့ စစ်အာဏာရှင် ယန္တရားကို ဖြိုဖို့ ရာစုချီသွားပါလိမ့်မယ်။

ဝါဒဖြန့်မှုထိရောက်ဖို့ ရုပ်ပုံများ အသုံးပြု
သတင်းဝါဒဖြန့်ချီရေးအတွက် ရုပ်ပုံတွေဟာ အလွန်အရေးကြီးပါတယ်။ ရုပ်ပုံတွေဆိုရာမှာ ပိုစတာ၊ ပို့စကဒ်၊ ရုပ်ရှင် စတာတွေ ပါပါမယ်။ ‘ရုပ်ပုံအထောက်အကူမပါတဲ့ တော်လှန်ရေးလုပ်ငန်းဟာ လူထုကို အဓိပ္ပါယ်ကောက် လွဲစေရုံမကဘူး၊ တော်လှန်ရေး ကျရှုံးစေမယ့် အရေးကိစ္စဖြစ်နေတယ်’ လို့တောင် ၀ါဒဖြန့်ချီရေး ဆရာများက ပြောစမှတ် ပြုကြပါတယ်။ ခေတ်အဆက်ဆက် အစိုးရများ အထူးသဖြင့် အာဏာရှင်များဟာ ၀ါဒဖြန့်ချီရေးအတွက် ရုပ်ပုံများ၊ ပိုစတာများကို အသုံးပြုခဲ့ကြပါတယ် (၀ါဒဖြန့် ရုပ်ပုံများကို ကြည့်ပါ)။ ကနေ့အချိန်မှာ ယူကျူ့ ဗွီဒီယိုလို၊ DVD လို နည်းပညာ အကူပစ္စည်းတွေသုံးပြီး စည်းရုံးသိမ်းသွင်းရတာ အလွန်မှ လွယ်ကူပါတယ်။
ဝါဒဖြန့်ချီရေးကို လုပ်ဆောင်ရာမှာ နည်းလမ်းပေါင်းစုံ ရှိနိုင်ပါတယ်။
အားပေးတိုက်တွန်းခြင်း(encouragement)
အလှုဒါနပြုခြင်း (donation)
လူသစ်၊ အဖွဲ့ဝင်သစ်စုဆောင်းခြင်း (recruitment)
လုံခြုံရေး (security)
စုဖွဲ့မှု (unity)
အထင်သေးစက်ဆုပ်စေခြင်း(contempt)
လက်စားခြေခြင်း(revenge)

ဝါဒဖြန့်ချီရေးသမားအတွက် အဓိက အချက်များ
၁။ ၀ါဒဖြန့်မှုတွင် ဆိုလိုချင်သော အဓိပ္ပါယ်ကို တိကျ ရှင်းလင်းမှု လုံးဝရှိရပါမယ်။ ပေးပို့လိုက်တဲ့ မက်ဆေခ်ျ့မှာ လူထုနားထဲ မျက်စိထဲ ထင်းကနဲ ကွင်းကနဲ ဖြစ်သွားစေရပါမယ်။ ဘူးလုံးနားမထွင်း ဝေါဟာရများကို ၀ါဒဖြန့်ချိရေးမှာ လုံးဝ လုံးဝမသုံးသင့်ပါ။
၂။ ရှည်ရှည်လျားလျား စာပိုဒ်ကြီးတွေထက် ရုပ်ပုံပါတဲ့ စာရွက် ကြော်ငြာ ဗွီဒီယို စတာတွေကို ပိုသုံးသင့်ပါတယ်။ သို့သော် ၀ါဒဖြန့် စာပေကလည်း သူ့နေရာနှင့်သူ သီးသန့် ၀ါဒဖြန့်ချိရေးအတွက် အရေးကြီးပါတယ်။
၃။ အယူအဆ ယုံကြည်တိုက်တွန်းမှုတွေ ဖြန့်ချင်တဲ့အခါ အရေးစကားထက် အပြောစကားက ပိုမြန်မြန် ခရီးရောက်ပါတယ်။
၎။ နားနှင့်ကြားဖူးထားတဲ့ စကားကို ရေးသားထားတဲ့ စာလုံးက ထပ်မံအားဖြည့်ပေးပါတယ်။ ရေးထားတဲ့စာကို အထပ်ထပ် ဖတ်လို့ ရနိုင်တာကြောင့် အခြားလူဆီ ထပ်မံဖြန့်ဖြူးပေးနိုင်ကြပါတယ်။
၅။ အော်ဒီယို တိတ်ခွေနဲ့ စီဒီများကြောင့် အပြောစကားက ယနေ့အခါ ပိုမြန်မြန် ပျံ့နှံ့လွယ်ပြီး အကြိမ်ကြိမ် နားထောင် လွယ်ပါတယ်။ လက်လှမ်းမှီနိုင်ပြီး တိုက်တွန်းရလွယ်ပါတယ်။ ပစ်မှတ်ထားရမယ့် ပရိတ်သတ်ကတော့ ကူးယူနားထောင် ပြီးရင် ပြန်ဖြန့်ဖြူးလိုသူများ ဖြစ်ရပါမယ်။
၆။ စီဒီ၊ ဒီဗွီဒီများတွင်ပါသည့် ရွှေ့လျားရုပ်ပုံတွေက လူထုကို အမြဲဩဇာလွှမ်းမိုးထားနိုင်ပါတယ်။
၇။ ဆိုလိုချင်တဲ့ အာဘော်တစ်ရပ်ကို ပုံစံအမျိုးမျိုးပြောင်းပြီး အထပ်ထပ် စွဲဆောင် ဖြားယောင်းဖို့ လိုအပ်ပါတယ်။

ဝါဒဖြန့်ချီရေးသမားနှင့် ဂျာနယ်လစ်

ဝါဒဖြန့်ချီရေးသမားတစ်ယောက်ရဲ့ အလုပ်နဲ့ ရိုးရိုးဂျာနယ်လစ် တစ်ယောက်ရဲ့ အလုပ်ကို ခွဲခြားသိဖို့ လိုပါမယ်။ ၀ါဒဖြန့်ချီရေးသမားက အပြောင်းအလဲ ဖြစ်စေဖို့ ဦးတည်ပြီး လုပ်ရတာ ဖြစ်ပါတယ်။ ဂျာနယ်လစ်ကတော့ အပြောင်းအလဲ ဖြစ်ပေါ်လိုစိတ် ရှိလင့်ကစား ဈေးကွက်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ဂျာနယ်လစ် တစ်ယောက်က အယ်ဒီတာကြိုက်ဖို့ စာဖတ်သူကြိုက်ဖို့ အရင် လုပ်ရပါတယ်။
ဝါဒဖြန့်ချီရေးသမားကတော့ အကြိုက်လိုက်ဖို့ထက် အပြောင်းအလဲအတွက် ကိုယ် ပြောချင်တဲ့ မက်ဆေခ်ျ့ ပါးပါးနပ်နပ်ထည့်ဖို့၊ စည်းရုံးယူဖို့ပဲ ဖြစ်ပါတယ်။ ၀ါဒဖြန့်သမားဟာ စာရေးသူ၊ လက်ကမ်း စာစောင်ဝေသူ၊ အနုပညာဇရှိသူ၊ ဓါတ်ပုံရိုက်သူ၊ ရုပ်ရှင်ဗွီဒီယို ထုတ်လုပ်တတ်သူ စတာတွေ ဖြစ်နေဖို့ လိုပါမယ်။
ဝါဒဖြန့်မယ့်သူ (ယောင်္ကျား၊ မိန်းမ) ဟာ ကိုယ်ပစ်မှတ်ထားတဲ့ လူထုရဲ့ အခြေအနေအရပ်ရပ် ပြောင်းလဲပစ်ဖို့ လူတွေကို စည်းရုံးဩဇာလွှမ်းမိုးဖို့ ကြိုးစားတဲ့ ဗျာဒိတ်ကျထားသလို ‘နှစ်မြှုပ်အလုပ်လုပ်မယ့် ဂျာနယ်လစ်ကောင်း တစ်ယောက်' (a committed journalist) ဖြစ်ဖို့ လိုအပ်ပါမယ်။ သာမန် သတင်းလိုက် သတင်းညှစ် သတင်းသုံးသတ်သူ အဆင့်ထက် ပိုရပါမယ်။ ဒီလို လူမျိုးတွေဟာ ဂျာနယ်လစ် တစ်ပိုင်း နိုင်ငံရေး လျှို့ဝှက် စီမံချက် လှုပ်ရှားသူ တစ်ပိုင်း ဖြစ်တတ်ကြပါတယ်။

အနောက်မှ ဂျာနယ်လစ်ဇင်
အနောက်နိုင်ငံများမှာတော့ ဂျာနယ်လစ်ဆိုတာ ဘက်မလိုက်တဲ့ စောင့်ကြည့်အကဲခတ်သူ( an impartial journalist) ဖြစ်ဖို့ ဆော်ဩကြပါတယ်။ ဘက်မလိုက်တဲ့ ဂျာနယ်လစ်ဆိုတာ ထောင့်ပေါင်းစုံက အမြင်တွေကို မှတ်တမ်းယူဖို့ ကြိုးစားပြီး၊ သူ့နည်းသူ့ဟန်နဲ့ စာဖတ်သူကို တင်ပြတဲ့ သတင်း သမားမျိုးသာ ဖြစ်ပါတယ်။
ဝါဒဖြန့်သမားကတာ့ လူတွေ တစ်စုံတရာ မလုပ်ဖြစ်လုပ်ဖြစ်အောင် မီးထိုးလှုံဆော်ပေးဖို့၊ အစိုးရယန္တရား မပြောင်း ပြောင်း အောင် လူတွေကို ဆော်ဩနေဖို့ တာဝန်ယူထားသူ ဖြစ်ပါတယ်။
အနောက်မီဒီယာတွေဆိုတာ သူတစ်ပါးလိင်ကိစ္စ တိတ်တခိုးချောင်းကြည့်ဖို့ နှစ်ခြိုက်သူ ပရိတ်သတ်အတွက် ဖျော်ဖြေပေးတဲ့ လုပ်ဆောင်ပုံနဲ့ ခပ်ဆင်ဆင်လို့ ဆိုကြပါတယ်။ အခြားသူ ချောက်ကျ ဒုက္ခရောက်မှ  အားရချင်သူများအတွက် စောင့်ကြည့် တင်ပြပေးမှုမျိုး ဖြစ်တယ်။ သတင်းသားကောင် အဖြစ်ခံရသူအဖို့ အကာအကွယ်မဲ့ အကူအညီမဲ့ အခြေအနေဆိုက်မှ၊ သတင်း နားထောင်သူ နေသာထိုင်သာရှိပြီး အာသာပြေသွားမယ်။

လူထုအတွက် ရှင်းလင်းနားဝင်မယ့် မေ့ဆေ့ခ်ျမျိုး လိုအပ်
မြန်မာနိုင်ငံလို အခြေအနေမျိုးမှာတော့ ဒီလို အင်ဖော်မေးရှင်းတွေ အလျှံအပယ်ပေးပေမဲ့ မထိရောက်ဘဲ လူထုအတွက် ဝေေ၀၀ါးဝါးတွေ ဖြစ်နေစေပါမယ်။ သတင်းတွေပေးနိုင်တာ ကောင်းပေမဲ့ သတင်းတွေက အပြောင်းအလဲသယ်လာဖို့ ကျိန်းသေနိုင်တာမဟုတ်ဘူး။
သတင်းပေးရုံနဲ့ မလုံလေက်ပါဘူး။ ပြောင်းလဲဖို့ သဘောတရား အယူအဆ (idealism) ကို မီးမွှေးပေးဖို့ လိုပါမယ်။ လူထု လိုက်နိုင်မယ့် အတွေးအခေါ် အယူအဆတွေ အထပ်ထပ် ခင်းပြဖို့လိုပါတယ်။ တကယ်တော့ လူထုဟာ သူတို့ စံနှုန်းတန်ဖိုးတွေအတွက် အသက်ပေး စွန့်စားကြမှာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် နားမလည်တဲ့ ဝေေ၀၀ါးဝါး ပြသနာတွေ အတွက်တော့ လူထုက ပေးဆပ် ဆောင်ရွက်ကြမှာ မဟုတ်ပါဘူး။
အခြားနေရာ အချိန်တွေမှာ ဖြစ်ခဲ့တာတွေကို စိတ်ကူး အိုင်ဒီယာထုတ်နှုတ်ယူပြီး၊ လက်တွေ့ပကတိ အခြေအနေ အချိန်အခါနဲ့ ဆက်စပ်လုပ်ကိုင်တတ်ဖို့ လိုပါမယ်။ ယုံကြည်ချက်ခိုင်မာမှုက လုပ်ငန်းအကောင်အထည် ပေါ်ထွက်စေဖို့အတွက် ပင်မ အကြောင်းတရားပဲ ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ယုံကြည်ချက် ထူထောင်နိုင် ခင်းပြနိုင်တဲ့နေရာမှာ၊ နည်းလမ်းနဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ လိုက်ပါလာပါမယ်။ ‘ယုံကြည်ချက်၊ နည်းလမ်း၊ အလုပ်’ ဒီသုံးခုဟာ အပြန်အလှန် ဆက်စပ် နေပါတယ်။ ၀ါဒဖြန့်ချီရေး အပါအ၀င် လုပ်ငန်းတိုင်းအတွက် ဒီသုံးခုက အရေးကြီးပါတယ်။

နယ်ပယ်ပေါင်းစုံမှ ၀ါဒဖြန့်ဖို့လိုအပ်
စာရေးသူများနဲ့ အနုပညာရှင်များဟာ ကမ္ဘာဦးကတည်းက လူသားတွေ အာဏာရှင်လက်တွင်းက လွတ်မြောက်နိုင်ဖို့အတွက် အဓိက အခန်းကဏ္ဍမှာ ရှိခဲ့ ကြပါတယ်။ အခု ၂၁ရာစုမှာလည်း ဒီမိုကရေစီကို သေးသိမ် ပျက်စီးအောင် လုပ်ပြီး ကိုယ့်ကျိုးအတ္တထူထောင်သူများ လက်အောက်က လွတ်မြောက်ဖို့ ပညာရှင်ပေါင်းစုံ၊ အနုပညာရှင်တွေနဲ့ သတင်းမီဒီယာပေါင်းစုံ ပူးပေါင်းပြီး ဒီမိုကရေစီအတွက် အဖြူရောင် ၀ါဒဖြန့်မှုကို ဆောင်ရွက်ကြရပါမယ်။ စစ်အာဏာရှင်စနစ်အောက်က မလွတ်မြောက်သမျှ လူထုအဖို့ ကိုယ့်သေတွင်း ကိုယ်တူး နေထိုင်ရခြင်းမျိုး မဟုတ် ပါလား။
ယနေ့ မြန်မာနိုင်ငံမှာ လူနည်းစုတစ်စုက အများပြည်သူတစ်ရပ်လုံးကို အဆုံးစွန် ကျေးကျွန် ငရဲဘ၀ ရောက်အောင် ဇာတ်သွင်းနေပါတယ်။ အဖြူရောင်ဝါဒဖြန့် လှုပ်ရှားမှုတွေကနေ အားလုံးပါဝင်နိုင်တဲ့ ဘုံလမ်းကြောင်းတစ်ခု လမ်းညွှန်ပေးကြ ရပါမယ်။
စစ်တပ်အရာရှိတွေ အကြပ်တပ်သားတွေ သူတို့ အထက်ကို ပုန်ကန်စေဖို့၊ ထောင် ၀ါဒါတွေက အကျဉ်းသားတွေနဲ့ ပူးပေါင်းသွားစေဖို့၊ ရန်သူ့ အင်အားကို ကိုယ့်အင်အားဖြစ်လာစေပြီး စစ်အာဏာရှင် စနစ်ဆိုး အမြစ်ပြတ် ပြုတ်ပြုတ်ပြုန်းသွားစေဖို့ ၀ါဒဖြန့်ခြင်းကို လုပ်ဆောင်ကြရပါမယ်။
ဝင့်ထန်း
ရည်ညွှန်း။      Propaganda by Eric Johnston
(အလင်းရနံဂျာနယ် အမှတ် ၅ တွင် ဖော်ပြပြီး ဖြစ်သည်။)
 

The Role of the Third Force in the Junta's Diplomatic Offensive

After listening to a commentary about Burma's election and new Parliament written by Dr Thant Myint-U, the grandson of the late UN Secretary-General U Thant, on the Voice of America, I was reminded of a comment given by Snr-Gen Than Shwe when I was serving at the Burmese Embassy in Washington, D.C. The junta chief, who used to be part of the military regime's Psychological Warfare Department, said, “Your organizing efforts should target family members of prominent people in order to compare with that woman.” “That woman” was, of course, Aung San Suu Kyi.
Linn Myaing, the then Burmese ambassador to the US, through his brother Kyaw Myaing and a female professor who emigrated to the US, was able to get in touch with U Thant's family members and sons of a minister who served for a previous government led by the Anti-Fascist People's Freedom League in the 1950s. He could also contact Aung San Oo, Suu Kyi's elder brother, and his wife living in San Diego, California. The regime has used them in launching its diplomatic offensive against the international community and psychological warfare against Suu Kyi.
The senior general knew that those aforementioned people might not have forgotten their golden age in Burma, and so he brought them and their family members to Rangoon and treated them well. In return, the generals gained even more support from them than they expected. We smiled at them because they did not know they were being lured by the regime, which made them think that they were actual heroes who could save the country.
I would like to touch on the subject of how those family members were exploited by the regime at the UN. Actually, the regime's leaders did not understand much about international relations until 2000. They just did whatever they wanted in their county and didn't care what anyone else thought. They didn't pay attention to the international community or the image of their government in the international arena.
Than Shwe, whose way of thinking about such matters was particularly crazy, often pushed his fellow generals into tight corners. There were a number of cases in which regime officials were put in an awkward situation because of his lack of international knowledge. Than Shwe did not understand that the recruitment of child soldiers, forced labor and forced relocation of villages were prohibited by international conventions. He did not know which UN treaties the successive Burmese governments had signed and/or ratified. The then foreign minister, who was aware of those treaties, tried to explain these things to him, but he did refused to listen.
Since around 1997, Burma's human rights situation has attracted increasing attention at the UN. It was around this time that the senior general also started to think about how to tackle this problem. Consequently, a strategy for a diplomatic offensive was developed with advice from Joseph Verner Reed, a famous US politician and senior official, in order to garner support within the international community.
According to the plan, prominent Burmese people living abroad became major targets of the regime, followed by young Burmese intellectuals and non-Burmese scholars with an interest in Burma.
Family members of U Thant were considered the first target of the offensive. At the beginning, the regime was worried that it would not be welcomed easily by U Thant's family because they had actively worked for pro-democracy activists following the nationwide pro-democracy uprising in Burma in 1988, and the army had killed innocent civilians when U Thant's funeral turned into an uprising known as the “U Thant Affair.” The regime, however, did not face much difficulties in dealing with the family of the late UN secretary-general.
After the regime complimented members of U Thant's family on their significance in Burmese politics and in the pursuit of democracy, each of them reportedly visited Burma as guests of the state. It seemed that the regime thoroughly won them over, because on their return they did not appear to have any hatred towards the army. Indeed, ever since then, they have been speaking for the regime almost as if they have become its overseas representatives.
Following Reed's advice, since around 1997, Burmese ambassadors to the US, UK, Canada, Switzerland and France have been spending several months each year in New York, lobbying foreign diplomats on behalf of the regime during the UN General Assembly period from August to November.
However, there was a suggestion that lobby efforts for a government by non-government actors could be more effective, so the regime began to establish a “third force” around 2002 by combining its first, second and third targets.
Using U Thant's name was beneficial to the regime in its diplomatic offensive and advocacy efforts.
__________________________________________________
Source :irrawaddy.org
 

နိုင်ငံတကာ သံတမန်ရေး ထိုးစစ်နှင့် တတိယ အင်အားစု

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး ဒေါက်တာ သန့်မြင့်ဦး ရေးသားခဲ့တဲ့ နအဖ အစိုးရဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော် အကြောင်းကို VOA ရေဒီယို သတင်းဆောင်းပါး ကဏ္ဍတွေထဲမှာ ကြားလိုက်ရလို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ မြန်မာသံရုံးမှာ ကျနော် တာဝန်ထမ်းဆောင်စဉ်ကာလတုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မှတ်ချက်တခုကို သွားသတိရမိပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးဌာနမှာ လုပ်ဖူးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မှတ်ချက်ကတော့ “မင်းတို့ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ မိသားစုဝင်တွေကို ပစ်မှတ်ထားပြီး စည်းရုံးပေါ့ကွာ၊ ဟိုအမျိုးသမီးနဲ့ Compare လုပ်ဖို့” ဆိုတာပါ။ ဟိုအမျိုးသမီးဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုတာပါ။

ဝါရှင်တန်မှာ အဲဒီအချိန်တုန်းက တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က သူ့ရဲ့အစ်ကို ဦးကျော်မြိုင်နဲ့ အမေရိကန်မှာ ရွှေ့ပြောင်းအခြေချတဲ့ မြန်မာအမျိုးသမီး ပါမောက္ခ တယောက်ရဲ့ ဆက်သွယ်ပေးမှုကြောင့် ဦးသန့် မိသားစုဝင်များ၊ ဖဆပလ ခေတ် ဝန်ကြီးဟောင်းတဦးရဲ့ သားများကို အဆက်အသွယ်ရခဲ့ပါတယ်။ အလားတူ ရန်ကုန်မှ ဆက်သွယ်ပေးမှုကြောင့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမှာနေတဲ့ ဦးအောင်ဆန်းဦးနှင့်ဇနီး တို့ကို နအဖ စစ်အစိုးရက အချိတ်အဆက်များ ရခဲ့ကြတယ်။ နအဖ၏ ပြည်တွင်းပြည်ပ သံတမန်ထိုးစစ် (နိုင်ငံတကာ ဆက်ဆံရေးကို ထိုးဖောက်ခြင်း) နဲ့ ဒေါ်အောင်ဆန်းစုကြည်အား စိတ်ဓာတ်စစ်ဆင်ရေး လုပ်ငန်းများအတွက် အဆိုပါ ပုဂ္ဂိုလ်များကို အသုံးချခဲ့ပါတယ်။

ဒီနေရာမှာတော့ ဗိုလ်ချုပ်မှူးကြီး အကြံအစည်ကို သတိထားဖို့လိုပါမယ်။ လူဆိုတာက တချိန်တုံးက ရွှေထီးဆောင်းခဲ့ရတဲ့ အဖြစ်များကို မမေ့နိုင်ကြသလို နည်းနည်းလေး ပင့်မြှောက်ပေးလိုက်ရုံနဲ့ အထင်ရောက်တတ်ကြတာကိုး။ အဲဒီပုဂ္ဂိုလ်ကြီးတွေရဲ့ မိသားစုဝင်တွေကို ရန်ကုန်လွှတ်ပြီး ပြုစုပေးလိုက်တဲ့အခါမှာတော့ ထင်ထားတာထက်တောင် စစ်အစိုးရကို ထောက်ခံပြနေတာ တွေ့ရပါတယ်။ ကျနော်တို့ကတော့ ကြည့်ပြီး ပြုံးမိတယ်။ သူတို့ကတော့ သိမ်းသွင်းခံလိုက်ရပြီဆိုတာ မရိပ်မိကြပါဘူး။ သူတို့သာ မြန်မာနိုင်ငံကို ကယ်တင်မယ့် တကယ့် လူစွမ်းကောင်းတွေလို့ အထင်ရောက်စေပါတယ်။

အခုဆောင်းပါးမှာ အဲဒီမိသားစုဝင်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ စစ်အစိုးရရဲ့ အသုံးချခဲ့ပုံကို အနည်းငယ် ဖော်ပြလိုပါတယ်။ နအဖ ခေါင်းဆောင်တွေဟာ ၂၀၀၀ ပြည့်နှစ်မတိုင်မီအချိန်အထိ နိုင်ငံတကာ ဆက်ဆံရေးဆိုတာကို ကောင်းကောင်း နားမလည်ကြသေးတာအမှန်ပါ။ ကိုယ့်နိုင်ငံ ကိုယ်လုပ်ချင်တာလုပ်မယ်၊ ဘယ်သူ့ဂရုစိုက်ရမလဲဆိုတဲ့ လူမိုက်စိတ်ဓာတ်မျိုး ထားကြပြီး နိုင်ငံတကာမှာ သူတို့စစ်အစိုးရပုံရိပ် ဘယ်လိုဖြစ်နေသလဲ ဂရုမပြုကြတဲ့သူတွေပါ။

အထူးသဖြင့် ဒီလိုစိတ်ဓာတ်မျိုးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံမှာရှိနေတော့ အမိန့်နာခံကြရတဲ့ လက်အောက်ခံ ဗိုလ်ချုပ်များအတွက် ဆုတ်လည်းဆူး စားလည်းရှုး ဖြစ်ခဲ့ကြရတဲ့ ကိစ္စတွေ အများကြီးဖြစ်ခဲ့ကြတာပါ။ ဥပမာ ကလေးစစ်သား စုဆောင်းတာမျိုး၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေတာမျိုး၊ အတင်းအဓမ္မ ရွာတွေရွှေ့ခိုင်းတာမျိုးတွေကို နိုင်ငံတကာဥပဒေအရ မလုပ်ရဘူးဆိုတာကို သူနားမလည်ခဲ့ပါဘူး။ ကုလသမဂ္ဂမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ မြန်မာအစိုးရအဆက်ဆက် လိုက်နာပါမယ်လို့ ထိုးထားတဲ့စာချုပ်တွေက ဘာတွေလဲဆိုတာ သူမသိဘူး။ သိရှိနားလည်တဲ့ နိုင်ငံခြားရေးဝန်ကြီးက တင်ပြဖို့ ကြိုးစားတော့လည်း လက်မခံဘူး။

ဒီလိုနဲ့ ၁၉၉၇ ခုနှစ်လောက်ကစပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စ ပြဿနာဟာ ကုလသမဂ္ဂမှာ ပိုပြီး ကျယ်ကျယ်လောင်လောင် ဖြစ်လာတော့တယ်။ ဒီပြဿနာတွေကို ရင်ဆိုင်ဖို့ အဲဒီအခါကျမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စဉ်းစားမိလာတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ဓာတ်က အချင်းချင်းပြောတာကို လက်ခံလေ့မရှိဘူး။ ကုလသမဂ္ဂက အမေရိကန်နိုင်ငံသား ထိပ်တန်းအရာရှိကြီးတဦးဖြစ်တဲ့ မစ္စတာ ဂျိုးဇက် ဗာနာ ရိဒ် ကနေ ဒါတွေဒီလို လုပ်သင့်ပါတယ်လို့ပြောမှ သံတမန်ရေးထိုးစစ် (နိုင်ငံတကာဆက်ဆံရေး ထိုးဖောက်ခြင်း) မဟာဗျူဟာ ချမှတ်ပြီး နိုင်ငံတကာအဖွဲ့စည်းတွေမှာ နအဖကို ထောက်ခံသူ များလာအောင်လုပ်ခဲ့ကြပါတယ်။

အဲဒီမှာ ပြည်ပရောက် ထင်ရှားပြီးအရေးပါတဲ့ မဟာမြန်မာကြီးတွေဟာ နအဖ ရဲ့ ပစ်မှတ်များ ဖြစ်လာခဲ့ကြပါတယ်။ ဒုတိယ ပစ်မှတ်ကတော့ ပညာတတ်အသိုင်းအဝန်းက မြန်မာလူငယ်များနဲ့ တတိယ ပစ်မှတ်ကတော့ မြန်မာ့အရေးကို စိတ်ဝင်စားကြတဲ့ နိုင်ငံခြားသား ပညာရှင်များဖြစ်ကြပါတယ်။

ဦးသန့်ရဲ့ မိသားစုဝင်တွေကတော့ ပထမ ပစ်မှတ်တွေပါ။ ၁၉၈၈ အရေးခင်းပြီးတော့ ဦးသန့်ရဲ့ မိသားစုဝင်တွေဟာ ဒီမိုကရေစီ ဘက်တော်သားတွေဘက်က တော်တော်လေး တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတာတွေရယ်၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးခင်းမှာ စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို ပစ်သတ်ထားတာတွေကြောင့် စစ်တပ်ရဲ့ စည်းရုံးမှုကို အလွယ်တကူမှ လက်ခံပါ့မလားဆိုပြီး အစ ပထမမှာ စိတ်ပူမိသေးတယ်။ ဒါပေမယ့် ထင်သလောက် အခက်အခဲ မရှိခဲ့ပါဘူး။

ဦးသန့်ရဲ့ မိသားစုဝင်တွေဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါပုံ၊ မြန်မာပြည်၏ ဒီမိုကရေစီ အရေးအတွက် အရေးပါပုံ အစရှိတဲ့ ချီးမွမ်းခန်းတွေကို ဖွင့်ပြီးတဲ့အခါမှာတော့ မိသားစုဝင်တွေ အသီးသီး အစိုးရဧည့်သည်တော်တွေအဖြစ်နဲ့ မြန်မာ့နိုင်ငံကို ချီတက်ကြတော့တာပါပဲ။ နအဖ က ကောင်းကောင်း သိမ်းသွင်းလိုက်ပုံရပါတယ်၊ ပြန်လာပြီးတဲ့ အခါမှာတော့ စစ်တပ်ကို မုန်းတဲ့စိတ် ပျောက်သွားပြီး မြန်မာ့နိုင်ငံကို ကယ်တင်မယ့် နအဖ ရဲ့ အကျိုးဆောင်တွေအဖြစ် နအဖ က နိုင်ငံတကာကို ပြောချင်တာတွေကို နအဖ ကိုယ်စားပြောပေးနေတာ အခုအထိတွေ့နေရဆဲပါပဲ။

ဒီလိုနဲ့ နအဖ ဟာ ၁၉၉၇ ခုနှစ်လောက်ကစပြီး ခုနပြောခဲ့တဲ့ မစ္စတာ ဂျိုးဇက် ဗာနာ ရိဒ် ရဲ့ အကြံပေးချက်အရ နှစ်စဉ် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလဖြစ်တဲ့ သြဂုတ်လကနေ နိုဝင်ဘာလ အတွင်းမှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျနီဗာနဲ့ ပြင်သစ်က မြန်မာ သံအမတ်ကြီးများဟာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးမှာ လာရောက်စုစည်းရပါတယ်။ ပြီးတော့ နိုင်ငံတကာက ရောက်လာကြတဲ့  သံတမန်များနဲ့ နယူးယောက်မှာ ရှိကြတဲ့ နိုင်ငံတကာ သံတမန်များကို စစ်အစိုးရအတွက် ထောက်ခံမှုရအောင် ရှေ့မျက်နှာ နောက်ထားကာ လနဲ့ချီ စည်းရုံးရေးဆင်း ဆွယ်တရားဟော (Lobby) လုပ်နေခဲ့ကြတာ ယနေ့အထိ တွေ့နေရဆဲပါ။

ဒါပေမယ့် နအဖ ကိုယ်တိုင်လုပ်တာထက် သာမန်အစိုးရနဲ့ မဆိုင်တဲ့သူများကလုပ်တာ ပိုပြီး ထိရောက်မှု ရှိနိုင်တယ်လို့ အကြံပြုချက်အရ နအဖရဲ့ ပထမ၊ ဒုတိယ၊ တတိယ ပစ်မှတ်တွေကို စုစည်းပြီး တတိယအင်အားစုကို ၂၀၀၂ ခုနှစ်လောက်မှာ အကောင်ထည်ဖော်ခဲ့ကြပါတယ်။

နိုင်ငံတကာကို စည်းရုံးတဲ့အခါမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ရဲ့အမည်ဟာ စစ်အစိုးရအတွက် သံတမန်ရေးထိုးစစ် (နိုင်ငံတကာဆက်ဆံရေး ထိုးဖောက်ခြင်း) လုပ်ငန်းကို အကျိုးရှိပါတယ်။ အလားတူ ဦးသန့်ရဲ့ မိသားစုဝင်တွေဟာလည်း အသုံးအလွန်တည့်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလုပ်ငန်းတွေဟာ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဖြုတ်ခံရပြီးတဲ့နောက် ခေတ္တရပ်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ဝါရှင်တန် သံအမတ်ကြီးဟောင်း ဝန်ကြီး ဦးသောင်းရဲ့ တင်ပြချက်အရ အမေရိကန်သမ္မတ အိုဘားမား အစိုးရကို စည်ရုံးမှုတွေ ပြန်လုပ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်ပြုခဲ့တဲ့အတွက် ပြည်တွင်းပြည်ပ တတိယအင်အားစုတွေ ပြန်လည်လှုပ်ရှားခွင့်ရခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး ခင်ညွှန့် ပြုတ်ပြီးတဲ့နောက်ပိုင်း တဖြည်းဖြည်း အားယူပေါ်ထွက်လာတဲ့ တတိယ နိုင်ငံရေး အင်အားစုတွေထဲမှာ Myanmar Egress ဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်း ကာလတုန်းက အနောက်နိုင်ငံက အမျိုးသမီး သံအမတ်တဦးကလည်း တတိယအင်အားစုတွေ ပေါ်ထွက်ရေးမှာ အဓိက အားပေးအားမြှောက် ပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို သိသိသာသာ ထောက်ခံခြင်းဖြင့် သူတို့ရပ်တည်မှုကို ပြည်တွင်းပြည်ပက မေးခွန်းထုတ်လာခဲ့ကြပါတယ်။ အစောပိုင်းတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း (ယခု ကြံ့ဖွံ့ပါတီ) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနဲ့ ဒေါက်တာ သန့်မြင့်ဦးကို ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးစေတာမျိုးတွေကို Myanmar Egress က ကြားဝင်ပြီး ညှိပေးတာမျိုးတွေ ရှိခဲ့တယ်။

ယမန်နှစ် နိုဝင်ဘာလတုန်းက မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီယားနဲ့ တတိယအင်အားစုတွေ တွေ့ဆုံပြီး သူတို့ အမြင်တွေကို တင်ပြတဲ့အထိလည်း ခြေလှမ်းကျယ်ခဲ့ပါတယ်။

မြန်မာ့အရေးကို ကြားဝင်စေ့စပ်ဖို့ ခန့်အပ်ခံခဲ့ရတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုက်ဂျီးရီးယားက မစ္စတာ ဂမ်ဘာရီကို မှတ်မိကြဦးမှာပါ။ သူ မြန်မာပြည်ကို ပထမဆုံးမသွားခင် ၂၀၀၆ မေလ မတိုင်ခင်လေးမှာ နယူးယောက်က ကုလသမဂ္ဂရုံးမှာ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ ကျိတ်ဝိုင်းလေး ရှိခဲ့ပါတယ်။ အဲဒီပွဲမှာ တက်ခဲ့သူတွေကတော့ မြန်မာ မဟုတ်တဲ့သူတွေ များပါတယ်။ ဒါပေမယ့် “မြန်မာ့အရေး ကျွမ်းကျင်သူ” တွေနဲ့ ကုလသမဂ္ဂ အရာရှိတွေပါ။ ဦးသန့်ရဲ့မြေးလည်း တက်ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲဒီ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက မေ့ထားလိုက်ဖို့ဆိုတဲ့ အဆိုကို လူတချို့က တင်ကြတာပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ ဒါကို နောက်ဆုံးမှာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

စစ်အစိုးရရဲ့ ရည်ရွယ်ချက်က အရင်ထက်စာရင် နည်းနည်းပြောင်းလဲတာက ရွေးကောက်ပွဲ၊ လွှတ်တော်နဲ့ အစိုးရသစ်ကို နိုင်ငံတကာ ကအသိအမှတ်ပြုခံရဖို့နဲ့ မပြောင်းလဲခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်ခိုက်ဖို့ စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်ဖို့ ဆိုတာတွေပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တီးကွက်အတိုင်း လိုက်ကနေကြရတာပါ။

ကျနော့်အနေနဲ့ ပြည်တွင်းပြည်ပ တတိယ အင်းအားစုတွေကို မေတ္တာရပ်ခံချင်တာက ပညာတတ်၊ ဂုဏ်သိက္ခာရှိသူတွေ အနေနဲ့ အာဏာရှင်ကြီးရဲ့ အသုံးချခံနေရမှုကို သတိကြီးကြီးထားပြီး ဆင်ခြင်သင့်ပါတယ်။ ရာထူးကြီးသူများ ချမ်းသာကြွယ်ဝသူများ ပြောစကားတွေထက် အခြေခံ စစ်ဖက် အရပ်ဖက် လူတန်းစားတွေရဲ့ စကားတွေကိုလည်း လေ့လာနားထောင်သင့်ပါတယ်။ တကယ် မြန်မာနိုင်ငံကို ချစ်တယ်ဆိုရင် အစိုးရကိုရော ဒီမိုကရေစီအင်အားစုတွေကိုပါ ဝေဖန်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ အစိုးရဘက်ကချည်း လိုက်ပြောနေတယ်ဆိုရင်တော့ ပညာတတ် ဂုဏ်သိက္ခာရှိသူတွေလို့ ယူဆနေကြတဲ့ တတိယအင်အားစုတွေဟာ မြန်မာနိုင်ငံကို ဒုက္ခရောက်အောင် လုပ်နေကြတယ်လို့ ပြောရပါလိမ့်မယ်။     ။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)
မှတ်ချက်။        ။ ဧရာဝတီသတင်းမှ ကူးယူဖေါ်ပြသည်။
 

မြန်မာစာကို ချောင်ထိုးပစ်မှာလား


ယနေ့ မြန်မာကလေးတွေ၊ အရွယ် အသင့်တင့် ရောက်နေတဲ့ မြန်မာ ကျောင်းသားလေးတွေရဲ့ မြန်မာ စာ အရေးအဖတ် ဘယ်လိုများ ရှိမလဲလို့ စောင်းငဲ့ ကြည့်မိသူ တိုင်း၊ မြန်မာစာကို အခြားဘာသာတွေနဲ့စာရင် လေ့လာမှု အတော်နည်းနေတာ၊
သုံးနှုန်းပြောဆိုပုံ ဆင်းရဲတာကို စိတ်မကောင်းကြီးစွာနဲ့ တွေ့နေရပါတယ်။
ပြည်တွင်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို ပြန်ကြည့်ရင် မြန်မာစာ ဂုဏ်ထူးထွက်သူ အရေအတွက်ဟာ အခြားဂုဏ်ထူးထွက်သူ အရေအတွက်ထက် အလွန်နည်းပါတယ်။ အောင်မှတ်တွေကို ကြည့်ရင် မြန်မာစာရဲ့ အောင်မှတ်က တခြား ဘာသာတွေရဲ့ အောင်မှတ်ထက် နည်းနေပါတယ်။ မြန်မာစာကို အသင်အပြကောင်းတဲ့ ဆရာဆိုလည်း အခြားဘာသာ အသင်ကောင်းတဲ့ ဆရာအရေအတွက်ထက်  နည်းကြပါတယ်။
မြန်မာစာမှာ အမှတ်နည်းတာလောက်ကို ကျောင်းသားတွေစိတ်ထဲ သိပ်အလေးထားပုံ မပေါ်ဘူး။ တက္ကသိုလ် ရောက်ပြန်တော့လည်း မြန်မာစာယူဖို့ စဉ်းစားတဲ့ ကျောင်းသားက အခြားဘာသာယူသူတွေထက် နည်းနေပြန်ပါကော။ မြန်မာစာအပေါ် ရည်ရွယ်ချက်ကြီးသူ၊ ၀ါသနာထုံသူ၊ မြန်မာစာသဘောကို နက်နက်နဲနဲ တီးခေါက်မိသူတွေသာ မြန်မာစာဘာသာရပ်ကို အဓိကဘာသာ အဖြစ်ယူကြတယ်။
ကျွန်တော်တို့ သူငယ်တန်းကျောင်းသား ဘ၀တုန်းက ၀ လုံးကို ကျောက်သင်ပုန်းမှာ ကျောက်တံနဲ့ အကြိမ်ကြိမ် ရေးကြရတယ်။ ကျောင်းမှာလည်းရေး၊ အိမ်မှာလည်းရေး အမေနဲ့ အဖေက ၀ိုင်းကူပေးသေးတယ်။ ဗျည်းသရတွေ စနစ်တကျ ဆွဲနိုင်ဖို့ ကျောင်းမှာဆို ဆရာတွေက လက်ထပ်လို့သင်ပေး။ အိမ်မှာဆို မိဘ တွေက ကြပ်မတ်ပေး။ လေးကြောင်းမျဉ်းနဲ့ လက်ရေးလှဖို့ကိုလည်း သင်ခဲ့ရသေးတယ်။ ကဗျာဆိုရင်လညှ်း လက်ဟန်ခြေဟန်၊ အမူအယာ မှန်မှန်နဲ့တစ်တန်းလုံး ယိမ်းကနေသလို  ဆိုခဲ့ရသေးတယ်။ မြန်မာစာဆို အရေးလည်းပျော်ခဲ့၊ အဖတ်လည်း ပျော်ခဲ့ကြရတယ်။ ငယ်ငယ်က ဆိုခဲ့ ရတဲ့ ကဗျာတွေကို ဒီနေ့အထိ အလွတ်ရနေတုန်းပဲ။
သုံးတန်း လေးတန်းရောက်ပြန်တော့ ရာသီအလိုက် လ အလိုက်ကျင်းပတတ်တဲ့ ပွဲတော်တွေကို အကြောင်းပြုလို့ လစဉ်နီးပါး အနည်းဆုံး စာစီစာကုံး တစ်ပုဒ်ရေးရတယ်။ ဆရာက ခေါင်းစဉ်ပေးတယ်၊ ရေးသားတဲ့ အချက်အလက်တွေ ကို ကျောင်းသားတွေနဲ့ ယှဉ်ပြီး တွေးစေတယ်။ ကျောင်းသားတွေ ဘာရေးမလဲဆိုတာကို ဆွဲထုတ်ခိုင်းတယ်။ ကျောင်းသား တွေဆီက တစ်ယောက်တစ်မျိုးဆီ အချက်အလက်တွေက ထွက်လာတယ်။
စာစီစာကုံး ခေါင်းစဉ်နဲ့ ကိုက်ညီတဲ့ အချက်အလက်တွေလည်း ထွက်လာသလို၊ မကိုက်ညီတဲ့ အချက်အလက်တွေလည်း ထွက်လာတယ်။ ကိုက်ညီတဲ့ အချက်အလက်တွေကို စုစည်းပေးပြီး ခေါင်းစဉ်နဲ့ မကိုက်ညီသော အချက်အလက်များကို ဘယ်လို အခါမျိုးကျမှ ရေးသင့်ကြောင်း၊ ဘယ်လိုခေါင်းစဉ်နှင့်ကျမှ သုံးသင့်ကြောင်း ညွှန်ကြားပြီး အိမ်စာပေးလိုက်တယ်။ လိုအပ်ရင် မိဘများထံမှ အကြံညဏ်များကိုလည်း ရယူနိုင်ကြောင်း မှာကြားလိုက်သေးတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ လစဉ် စာစီစာကုံး ရေးဖြစ်ကြတယ်။ ကျောင်းရောက်တော့ ယောက်ျားလေးထဲက အကောင်းဆုံး စာစီစာကုံးတစ်ပုဒ်နဲ့ မိန်းကလေးထဲက အကောင်းဆုံး စာစီစာကုံး တစ်ပုဒ်ကို ရွေးချယ်ပြီး ဂုဏ်ပြုတဲ့ အနေနဲ့ ဆရာကိုယ်တိုင် ဖတ်ပြတယ်။ ဆရာက လက်ရေးလှဖို့ကိုလည်း တိုက်တွန်းရင်း အားပေးတယ်။
သတင်းစာ မဂ္ဂဇင်းတွေမှာလို စာပုဒ် ဖြတ်တောက်ရေးနည်း တွေနဲ့ ရေးရတယ်။ အာဇာနည်နေ့တို့လို၊ အမျိုးသားအောင်ပွဲ နေ့တို့လို၊ စာဆိုတော်နေ့ အထိမ်းအမှတ် နေ့မျိုးတွေ မှာဆို နံရံကပ်စာစောင် အစီအစဉ်တွေလည်း ရှိခဲ့တယ်။ စာကြည့်တိုက် လည်း ထားပေးတယ်။ ရံဖန်ရံခါကျင်းပတဲ့ စကားရည် လုပွဲတွေ၊ ကျဗန်းစကားပြော ပြိုင်ပွဲတွေလည်း ရှိခဲ့တယ်။
နှစ်သက်ဖွယ် အကောင်းဆုံးကတော့ နာမည်ကျော် စာရေးဆရာ ကြီးတွေရဲ့ စာပေဟောပြောပွဲတွေပဲ ဖြစ်တယ်။ ကျောင်းတွင်း မှာကော၊ ရပ်ကွက်များမှာပါ ကျင်းပကြပါတယ်။ အထူးသဖြင့် စာဆိုပွဲရာသီ နတ်တော်လမှာဖြင့် စာပေဟောပြော ပွဲတွေဟာ ဟိုနေရာတစ်ပွဲ ဒီနေရာတစ်ပွဲ မနည်းပါပဲ။
အဲဒီအချိန်များမှာဆို ခေတ်ပေါ်တေးဂီတ concert ပွဲတွေကလည်း တစ်ဖက်၊ မြန်မာ့စာပေ ဟောပြောပွဲတွေကလည်း အဲဒီပွဲ ပရိတ်သတ်နဲ့အပြိုင် ရှိနေကြတယ်။ မြန်မာ့စာပေ ပရိတ်သတ်ရဲ့အားဟာ အားရလောက်ပါတယ်။ သက်ကြီးစကား သက်ငယ်ကြားဆိုသလို ၀ါရင့်စာရေး ဆရာကြီးများရဲ့ အဟောအပြော ဆိုဆုံးမစကားများဟာ လူငယ်တွေအတွက် အတုယူ မှတ်သားစရာများပါ။ လူငယ်တွေရဲ့ ချော်နေတဲ့ လမ်းတွေကို တည့်ပေးတယ်။ မှားနေတဲ့ အတွေးတွေကို အမှန် တွေးနိုင်အောင် ပြင်ပေးတယ်။ လူကြီးတွေရဲ့ မှားခဲ့တာတွေကိုလည်း သင်ခန်းစာအဖြစ် ရယူနိုင်ခဲ့တယ်။ လူငယ်တွေက ဟောပြောသူ ဆရာကြီးတွေကို အားကျလာကြတယ်။ သူတို့လို တတ်ချင် ပြောချင် လာကြတယ်။
အဲဒီအခါ လူငယ်တွေမှာ စာဖတ်ချင်စိတ်တွေ နိုးကြားလာကြတယ်။ ရပ်ကွက် စာကြည့်တိုက်တွေလည်း ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေကြသလို စာဖတ်သူတွေလည်း များပြားလာကြတယ်။ အဲဒီမှာ လူငယ်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ထိုစာရေးဆရာကြီးများကို လေးစားအားကျစိတ်များ တဖွားဖွားပေါ်လာပြီး၊ သူတို့ရဲ့ အရေးအသား သူတို့ရဲ့ အတွေးများကို နားထဲဆွဲနေကြတာမို့၊ အခုလိုအချိန်မှာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် တပည့်များကို အခါအားလျော်စွာ စာသင်ခန်းကနေ လက်ဆင့်ကမ်း မျှဝေနိုင်ခဲ့ကြပါတယ်။
ယခုကာလကို ပြန်ကြည့်ရင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျန်တာတွေ အားလုံးအောင်ပြီး မြန်မာစာ တစ်ဘာသာထဲကျတဲ့ ကျောင်းသားတွေ ရှိနေပါတယ်။ တချို့ကျောင်းသားတွေဆို ကိုယ့်လက်ရေးကိုတောင် ကိုယ်ပြန်မဖတ်တတ်တဲ့ အဆင့်ထိ အလွန်ဆိုးဝါးနေပါတယ်။ လစဉ်အလိုက်၊ စာစီစာကုံးရေးသံတွေ မကြားရတော့ပါဘူး။ စာမေးပွဲရောက်မှသာ စာစီစာကုံးကို ဖြစ်သလို ရေးကြပါတယ်။ နံရံကပ်စာစောင် အစီအစဉ်တွေလည်း ပျောက်သွားပါပြီ။
အပြောအဆိုလွတ်လပ်ခွင့် မရတဲ့ နိုင်ငံအတွက် စာပေဟောပြောပွဲဆိုတာကလည်း ကွက်ကျားမိုးလို ပါပဲ။ နားရှိသော်လည်း မကြားရ။ မျက်စိရှိသော်လည်း မမြင်ရတဲ့ မြန်မာကျောင်းသားတို့ရဲ့ ဘ၀ဟာ လမ်းပြမယ့်သူတွေ ပျောက်ခြင်းမလှ ပျောက်နေပါတယ်။
နောက်ဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာမေးပွဲအထူးထုတ်ပါ စာစီစာကုံးတွေ အလွတ်ကျက်ပြီး မေးခွန်းနဲ့ တိုက်ဆိုင်ရင်ဖြေ၊ မတိုက်ဆိုင်ရင် ဖြစ်သလို ရေးထားခဲ့ကြတာပါပဲ။ လမ်းညွှန်မှုတွေနည်း၊ လမ်းပြကြယ်တွေနည်းတဲ့ ကာလမှာ အတွေးနည်းလို့ အရေးနည်း လာကြတဲ့အတွက် မြန်မာကျောင်းသားတွေ မြန်မာစာအရေး အလွန်ကို နည်းလာကြပါတယ်။
ထို့အတူပဲ နယ်စပ်က မိုင်းဂရန့် ကျောင်းတွေမှာလည်း မြန်မာစာအပေါ် စိတ်ဝင်စားမှုတွေ နည်းနေတာကို တွေ့ရတယ်။ အချို့ကျောင်းသားများက စကော်လားရှစ် ပညာရေးကို လိုက်ကြတော့ မြန်မာစာ မသင်ချင်ကြတော့ဘူး။ အင်္ဂလိပ်စာကိုသာ ဦးတည်ပါတော့တယ်။ မြန်မာစာကို ထဲထဲဝင်ဝင်သင်ပေးနိုင်တဲ့ ဆရာကလည်း ရှားလာတယ်။ ပြည်တွင်းက သင်ရိုးကုန် အထူးထုတ်ကိုကိုင်၊ အထူးထုတ်ပါအတိုင်း စာခေါ်ပေး၊ ကျောင်းသားတွေက လိုက်ရေးကြ။ ပြီးရင် အလွတ်ကျက်၊ ဒီစနစ်နဲ့သွားနေတာက များနေတယ်။
အထူးထုတ်တွေမှာ အမှားပါလေ့ပါထ ရှိကြတယ်။ အထူးထုတ်ကို လုံးဝဥဿုံ အားမကိုးသင့်ပါဘူး။ အရန်အကူအဖြစ် ထားချင်ထားပါ။ ဆရာကိုယ်တိုင်ကလည်း ကိုယ်ပိုင် အတွေးအခေါ် သင်ပေးသင့်ပါတယ်။ မြန်မာစာ အသင်အပြ ကောင်းရင် ကျောင်းသား မပြောနဲ့ ကြားသူပတ်ဝန်းကျင်ကပင် နားထောင်ချင်တဲ့ ဘာသာရပ်မျိုးပါ။ လက်ရေးလက်သား ကလည်း ကန်စွန်းရွက်သည် အကြွေးတောင်းတဲ့ လက်ရေးနဲ့ သတ်ပုံမျိုး မဖြစ်အောင် ဆရာကိုယ်တိုင် ရှောင်ကြဉ် ရပါမယ်။ တပည့်ကျောင်းသားသည် ဆရာကို စံပြု အတုယူရမှာ ဖြစ်လို့ ဆရာရဲ့ အရည်အချင်းဟာ အဓိက ဖြစ်နေပါတယ်။
မြန်မာစာ ဆရာတွေကိုယ်တိုင် သင့်တင့် လျောက်ပတ်တဲ့ စာစီစာကုံးမျိုး ရေးနိုင်ကြဖို့လည်း လိုအပ်ပါတယ်။ နယ်စပ်က မိုင်းဂရန့်ကျောင်းတွေကတော့ နေ့ထူးနေ့မြတ်တွေမှာ မြန်မာစာနဲ့ ပတ်သက်တဲ့ အရေးအပြောအဆို ပြိုင်ပွဲများ ရှိနေတာမို့ မြန်မာစာအတွက် အားတက်ရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။
သို့သော် ကျောင်းတိုင်းကျောင်းတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက် ကျောင်းတိုင်းရှိ  ကိုယ်စားလှယ်များပါဝင်တဲ့ အဖွဲ့အစည်းတစ်ရပ်ကိုလည်း ဖွဲ့စည်း ထားသင့်ပါတယ်။ ကြိုတင်လေ့ကျင့်ဖို့ အချိန်ပေးခြင်း၊ ပြိုင်ပွဲအတွက် ကြိုတင် အကြောင်းကြားခြင်း၊ ကျောင်းတိုင်းပါဝင်လာအောင် ဆွဲဆောင်ပေးခြင်း အထူးလိုအပ် ပါလိမ့်မယ်။ စာမေးပွဲတစ်ခါလာမှ စာစီစာကုံးတခါ ဖြေရတဲ့ အဖြစ်မျိုး မဖြစ်သင့်ပါဘူး။
မြန်မာအချို့ဟာ  ခွင့်တိုင်စာကိုပင် အဆင်ပြေပြေ ဆ်ီလျော်အောင် မရေးနိုင်ကြပါဘူး။ ဒီအထဲမှာ အချို့ ဆရာတွေလည်း ပါနေပါတယ်။ ဒီလိုဖြစ်ရတာ မြန်မာစာ အရေးအသား အလေ့အထ နည်းလို့ပါ။ ရေးမယ်ဆိုရင် တွေးရပါမယ်။ မတွေးရင် အရေးမပီပြင်ပါဘူး၊။ အတွေးကောင်းရင် အရေးကောင်းလာတတ်ပါတယ်။ ကိုယ်တိုင်တွေးပါမှ  တပည့်များအတွက် အတွေးလမ်းကြောင်းကို ဖွင့်ပေးနိုင်မှာ ဖြစ်တယ်။ မည်သည့်ဘာသာရပ်မဆို တွေးဖို့ အတွေးအခေါ် မှန်ကန်ဖို့ လိုပါတယ်။ အတွေးမှန်မှ အရေးမှန်၊ အတွက်အချက်လည်းမှန်မှာ ဖြစ်တယ်။
ဒါကြောင့် ဆရာကိုယ်တိုင် စတွေးနိုင်ပါမှ ကျောင်းသားလည်း တွေးလာနိုင်မှာ ဖြစ်တယ်။ ကျောင်းသားတွေးနိုင်ဖို့ ဆရာကိုယ်တိုင်က ရေလာမြောင်းပေးစကား ပြောပေး သင့်တယ်။ မိုင်းဂရန့် ပညာရေးဝန်ထမ်းတွေအတွက် BMTA ကကြီးမှူးကျင်းပပေးလေ့ရှိတဲ့ ဒေါက်တာသိန်းလွင်ရဲ့ RWCTသင်တန်းက ဆရာတွေရဲ့ အတွေးဓားကို ထက်စေမယ့် ဓားသွေးကျောက် တစ်လက်ပါပဲ။
ဘာသာရပ်တိုင်းမှာ ဘာကိုရည်ရွယ်ပြီး ဒီအကြောင်းအရာကို သင်ရတာလဲ၊ ဘယ်မှာ အသုံးပြုမှာလဲ၊ ဘာကြောင့် အသုံးပြုရမှာလဲ၊ လူ့လောကအတွက် ဘယ်လို အကျိုးရှိသလဲ၊ ဒါတွေကို ကျောင်းသားများ ဆက်စပ်တွေးခေါ် လာနိုင်အောင် သင်ပေးကြရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက စာလုံးပေါင်းသတ်ပုံကိစ္စ ဖြစ်ပါတယ်။ လူငယ်ဆရာတစ်ဦးက ပြောပါတယ်။ အိမ်ကို ‘မ’သတ်နဲ့ပဲအိမ်အိမ် ‘န’သတ်နဲ့ပဲအိမ်အိမ် ကျောင်းလို့တော့ ဘယ်သူမှ မဖတ်ပါဘူးတဲ့။

သူပြောလိုတာက စာလုံးပေါင်းသတ်ပုံအရေးမကြီးဘူး။ ဖတ်လို့နားလည်ရင် ပြီးရောဆိုတဲ့ သဘောပဲပေါ့။ ဒါဆိုရင် အဲဒီဆရာကို ကျွန်တော်ပြောလိုက်ချင်တယ်၊ ခင်ဗျားကိုယ်တိုင် စာလုံးပေါင်းသတ်ပုံ အမှားများနဲ့ ရေးထားတဲ့ စာအုပ်တစ်အုပ်လောက် လူတွေဖတ်ဖို့ ထုတ်ကြည့်ပါလားလို့ အဲဒီလိုပဲ တိုက်တွန်းချင်ပါတယ်။
တချို့ တိုင်းတစ်ပါးသားတွေ မြန်မာစာကို အထူးပြု လေ့လာနေကြပါတယ်။ မြန်မာစာကို မြန်မာတွေထက် ပိုသိပိုတတ်တဲ့ နိုင်ငံခြားသားတွေ ဟိုးအရင် ကတည်းက ယနေ့ထိတိုင် ရှိနေပါတယ်။ ကျွန်တော်မိတ်ဆွေ တစ် ယောက်က တရုတ်ပြည်ကလာလည်တဲ့ သူ့ဧည့်သည်ကို ရွှေတိဂုံဘုရားလိုက်ပို့တော့ ဘုရားစောင်းတန်းက အ ဆင်းမှာ သူတို့လျှောက်ခဲ့တဲ့ လမ်းကို လက်ညိုးထိုး ပြီး ဒါကို မြန်မာလို ဘယ်လို ခေါ်သလဲလို့ မေးတယ်။ ကျွန်တော့် မိတ်ဆွေ မြန်မာပြည်ဘွဲ့ရက လှေကားလို့ အလွယ်တကူ ဖြေလိုက်တယ်။ ချက်ချင်းပဲ တရုတ် ဧည့်သည်က မဟုတ်ဘူး၊ လှေကားထစ်လို့ ပြန်ပြင် ပေးလိုက်တော့မှ မြန်မာအိမ်ရှင် ဆင်ခြင်မိပါတော့တယ်။
ယနေ့ထိုင်းနိုင်ငံရဲ့ ပညာရေးစီမံကိန်းမှာ မိခင်ဘာသာ ရပ်အပြင် အင်္ဂလိပ်စာနဲ့ အိမ်နီးချင်းနိုင်ငံတို့ရဲ့ ဘာသာစကား၊ စာတွေကို (အထူးသဖြင့် မြန်မာစာကို) သင်နေကြပါပြီ။ နိုင်ငံရေး၊ စီးပွားရေး အတွက် အထူးမောင်းနှင်အားကို သိနေကြပါပြီ။ မြန်မာလူမျိုးတစ်ယောက် အင်္ဂလိပ်စာ essay တစ်ပုဒ် ရေးမယ်ဆိုရင်တောင်၊ နံပါတ်တစ် မြန်မာလိုတွေးလို့ မြန်မာလိုရေးဖို့ ရှေ့ပြေးလိုအပ်မယ် ထင်ပါတယ်။ ထိုမှတဆင့် အင်္ဂလိပ်လို ရေးဖြစ်ရင် ပိုမိုကောင်းမွန်တဲ့ essay ဖြစ်လာမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာဖြစ်နေလို့ပါ။ မြန်မာနဲ့ နီးစပ်တာ မြန်မာစာပဲ မဟုတ်ပါလား။ မြန်မာစာကို ဂဃနဏ ရေးနိုင်တဲ့ အချိန်ကိုရောက်မှ အင်္ဂလိပ် လိုရေးရင် အဆင်ပြေချောမောနိုင်ပါလိမ့်မယ်။
ကမ္ဘာကြီးက ယခင်က ရေခြားမြေခြား အရှေ့ အရပ်၊ အနောက်အရပ် ခြားနေခဲ့တယ်။ ဒါပေမဲ့ အသိပညာ၊ အတတ်ပညာ ထွန်းကားတဲ့ ယခုလို အိုင်တီခေတ်ကြီးမှာ ရေကိုတားသော် အကြားမရှိသကဲ့သို့ နည်းပညာတွေကြောင့် ကမ္ဘာမြေကြီးကို ဟိုဘက်ဒီဘက်ခြားလို့ မရနိုင်တော့ပါ။
ယဉ်ကျေးမှု ဘာသာစကားတို့မှာ တစ်နေရာနဲ့ တစ်နေရာ ကူးလူးယှက်ဖြာနေပြီး၊ လူနေမှုဘ၀တွေ အင်မတန် တိုးတက်လာနေချိန်မှာ ဘာသာစကား စာမျိုးစုံတို့ကို တတ်မြောက်ထားဖို့ လိုပါတယ်။ နောက်ပြီး မိမိအမျိုးသား စာကိုလည်း အခြားသော ကမ္ဘာသူကမ္ဘာသားများကို  ဦးဆောင်ဖြန့်ဝေ ပေးရမှာဖြစ်လို့ မိမိအမျိုးသားစာကို မိမိကိုယ်တိုင် ချစ်မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်လို့ တတ်မြောက်အောင် အပတ်တကုတ် သင်ကြားနေဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။         ။
ဆရာဌေး (B.H.S.O.H)









မောက္ခပညာရေးဆိုက်မှကူးယူတင်ပြသည်။ 
 

B.C.N. Statement on Current CFOB Crisis

Peaceful Demonstration for Peace in Burma ( Rakhine )

Burmese Canadian Protest in Toronto

Text

NLD by Elections Manifesto p1