Latest Post

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

photo - messenger journal/facebook

စာအမှတ် - ၁/၂ဝ၁၂ (၈၈)
၈၈ မျိုးဆက်ကျာင်းသားများ
88generation@gmail.com
၂၁ - ဇန်နဝါရီ -၂ဝ၁၂
ရန်ကုန်၊ မြန်မာ။

၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။

၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။

၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။

၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေး ၀န်းရံသွားမည်။

၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။

၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များအား ပြန်လည် စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။

၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။

၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။

၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ

 

NLD စာစောင်သစ်ထုတ်

Democratic Wave ဒီလှိုင်း ဆိုတဲ့နံမည်နဲ့ ပါတီစာစောင်တစ်ခုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒီကနေ့ စတင် ထုတ်ဝေလိုက်ပါတယ်။ လောလောဆယ် နှစ်ပတ် တစ်ကြိမ်ထုတ်ဝေမယ့် ဒီလှိုင်းစာစောင်ကို စာဖတ်သူတွေ စိတ်ဝင်စားအောင် ဂျာနယ်ပုံစံနဲ့ ထုတ်ဝေ ရောင်းချသွားမယ်လို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ဒီတော့ ဘယ်လို အကြောင်းအရာတွေကို ဒီလှိုင်းမှာ ဖတ်နိုင်မှာပါလဲ။ ဒီကနေ့မှာ ပထမဆုံး ထုတ်ဝေတဲ့ စာစောင်မှာရော ဘာတွေဖော်ပြထားလဲ ဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က အစီရင်ခံထားပါတယ်။
နိုင်ငံရေးပါတီ စာစောင်ထုတ်ဝေခွင့်အရ NLD ပါတီက ဒီလှိုင်း စာစောင်ကို ဒီနေ့ တနင်္လာနေ့မှာ စတင် ထုတ်ဝေ ရောင်းချခဲ့တာဖြစ်ပါတယ်။ အခုအစပိုင်းမှာ သီတင်းနှစ်ပတ်ကို တစ်ကြိမ် စောင်ရေ ၁ သိန်း ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ ဒီလှိုင်းထုတ်ဝေရေး တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ မနီမိုလှိုင်က ပြောပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ NLD ပါတီက စည်းရုံးမဲဆွယ် နေချိန်မှာ ပထမဆုံး ထုတ်ဝေလိုက်တဲ့ စာစောင်မှာ ဘယ်လိုထူးခြားတဲ့ အကြောင်းအရာတွေ ဖတ်နိုင်မှာပါလဲ။

“အခု ပထမဆုံး ထုတ်ဝေတဲ့ စာစောင်က အန်တီ ကော့မှူး မြို့နယ်က ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့အကြောင်း မျက်နှာဖုံးနဲ့ နိုင်ငံရေး အကျဉ်းသာတွေ လွတ်မြောက်လာတဲ့ သတင်းရယ်၊ နောက်ဆုံး လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမြင်ပေါ့နော်။ လွတ်မြောက်လာသူတွေရဲ့ အမြင်ရယ်။ နောက် ဘဘဦးဝင်းတင်ရဲ့ ဆောင်းပါး ပါတယ်။ အန်တီလည်း ရေးပါတယ်။ ဆရာမောင်ဝံသရဲ့ ဆောင်းပါး ပါတယ်။ အစ်မတို့ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့မှာ ဖြစ်သွားခဲ့တဲ့ ဖျာပုံမြို့နယ်က ကိုသိန်းဆွေနဲ့ အာဏာပိုင်များရဲ့ အနေအထားလေး၊ အစ်မရဲ့ ပြည်သူလူထုကို သိစေချင်တာလေး ရေးထားတဲ့သတင်း ဆောင်းပါးလေး ပါတယ်။ နောက် ကဗျာလေးတွေ ပါတယ်။ နောက် အန်ကယ် ဦးဉာဏ်ဝင်းရဲ့ ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ ဆောင်းပါး ပါတယ်။”

တနင်္လာနေ့မနက် အစောပိုင်း ဂျာနယ်တွေ စတင်ရောင်းချိန်ကတည်းက ဒီလှိုင်းစာစောင်ကို စတင် ရောင်းနေတာမှာ ဝယ်ကြသူတွေ များတယ်လို့လည်း ဆိုပါတယ်။

“မနက်အစောကြီးကတည်းက ရောင်းတယ်။ ရောင်းအားကတော့ တော်တော်လေး များတယ် ညီမရေ။ နယ်က တက်လာတဲ့သူတွေလည်း တော်တော်လေး မှာကြတယ်။ တစ်ယောက်တည်း မှာတာကို ၅၀၀ တို့ ဘာတို့ စာရင်းအားဖြင့်တော့ တော်တော်လေး များတယ်။”

NLD ပါတီရဲ့ အာဘော်၊ ပါတီရဲ့ မူဝါဒတွေကို အဓိက ဖော်ပြမယ့် စာစောင်ဖြစ်တာမို့ ရေရှည်မှာ စာဖတ်သူတွေကို စွဲဆောင်ထားနိုင်ဖို့ အတွက်ကရော ဘယ်လိုလုပ်မှာပါလဲ။

“အဓိကကတော့ NLD ရဲ့ အာဘော်၊ NLD ရဲ့ လှုပ်ရှားမှုတွေကို ပြည်သူဆီကို ဂျာနယ်နည်းလမ်းနဲ့ ဖြန့်တာပါ။ ဂျာနယ်ပုံစံနဲ့ သွားနိုင်အောင် ကြိုးစားနေတယ်။ အဓိက က အင်မတန် ညောင်းညာခဲ့တဲ့ သတင်းစာတွေလို မဖြစ်အောင် ကြိုးစားတယ်။ အစိုးရထုတ် သတင်းစာတွေ အများကြီး ဖတ်ခဲ့ရဖူးတယ်လေ။ အခုကတော့ နိုင်ငံရေး ပါတီတစ်ခုရဲ့ အာဘော်နဲ့ နိုင်ငံရေး ပါတီတစ်ခုရဲ့ လှုပ်ရှားမှုတွေကို ဦးစားပေးပြီး သွားမယ်ဆိုတော့ မတော်တဆ သတင်းစာ ဆန်သွားမှာ စိုးတယ်။ အဲတော့ အစ်မတို့က သတင်းစာပုံစံနဲ့ မသွားဘူး။ ပါတီက ထုတ်တာ မှန်တယ်။ ပါတီက နသ နဲ့ တရားဝင်ထုတ်တဲ့စာစောင် ဖြစ်တယ်။ ဒါပေမဲ့ ဂျာနယ် အတိုင်းပဲ သွားမယ်။ ဘာသာရပ်နဲ့ ပတ်သက်ရင် ဥပဒေနဲ့ ပတ်သက်ပြီး ပါမယ်။ နောက်ပြီးတော့ ပြည်သူလူထုကို ပြည်သူလူထုရဲ့ အခွင့်အရေး Right နဲ့ ပတ်သက်ပြီးတော့ ပြန်ယူရမယ့် အခွင့်အရေးတွေ၊ စောင့်ထိန်းယူရမယ့် အခွင့်အရေးတွေ၊ အဲဒီ အခွင့်အရေး တွေကို ပြည်သူလူထု သိအောင်ပေးမယ်။ နောက် ပါတီရဲ့ အာဘော်နဲ့ ပါတီရဲ့ လှုပ်ရှားမှုတွေ ပါမယ်။”

ဒီလှိုင်းစာစောင် ထုတ်ဝေရေးနဲ့ပတ်သက်လို့ တာဝန်ရှိသူတစ်ယောက် ဖြစ်တဲ့ မနီမိုလှိုင် ဖြစ်ပါတယ်။ အယ်ဒီတာအဖွဲ့မှာ ဦးဝင်းတင်၊ ဦးမိုးသူ၊ ဖျာပုံနီလုံဦး၊ မုံရွာအောင်ရှင် စတဲ့ ဝါရင့် သတင်းစာဆရာ၊ စာရေးဆရာကြီးတွေ ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူရဲ့ဆောင်ပါးတွေ ပုံမှန်ပါနိုင်အောင် ကြိုးစားရေးမယ်လို့ ပြောပါတယ်။
 

Vaclav Havel Memorial Tribute -- Aung San Suu Kyi

 

NLD Registration Approved; Campaign to Start Soon

 

NLD တရားဝင် နိုင်ငံရေးပါတီ ဖြစ်ပြီ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီိ အဖွဲ့ချုပ် (NLD) ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်နိုင်ငံရေး ပါတီ အဖြစ် ယနေ့မှတ်ပုံတင် ချပေးလိုက်သည်။
နိုဝင်ဘာ ၁၈ ရက်နေ့က NLD မှတ်ပုံတင်မည်ဟု ကြေညာပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ထို့ကြောင့် လာမည့် တနလာင်္နေ့မှ စတင်ကာ ပါတီရုံးများဖွင့်လှစ်ခြင်း၊ ပါတီဝင်များ လက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
“ဒီနေ့ ရန်ကုန်တိုင်း ကော်မရှင်က ခေါ်တွေ့တယ်၊ ပါတီမှတ်ပုံတင် ကျတဲ့အကြောင်း ပြောတယ်၊ ပါတီမှတ်ပုံတင် အမှတ်က ၄၇/၂၀၁၂ ပါ၊ ပါတီက တင်ပြထားတဲ့ အလံ၊ တံဆိပ် အားလုံးကို ခွင့်ပြုပါတယ်”ဟု ၎င်းက ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဇန်န၀ါရီ ၁၁ ရက် နောက်ဆုံးထား ၍ ဗဟို အောင်နိုင်ရေးအဖွဲ့သို့ တင်ပြရန် ကြေညာချက် ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်း ရွေးချယ်ခြင်းကို ဗဟိုအောင်နိုင်ရေးကော်မတီက မြို့နယ်၊ ခရိုင်ပါတီဝင်များနှင့် ညှိနှိုင်းဆုံးဖြတ်မည်ဟုလည်း ဦးဉာဏ်ဝင်း ပြောပြသည်။
“လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းချင်တဲ့သူတွေကို မြို့နယ်ပါတီစည်းတွေရဲ့ထောက်ခံချက်နဲ့တင်ပြ ခိုင်းထားတယ်၊ ဘယ်သူက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်သင့်တယ်ဆိုတာကိုတော့ မြို့နယ်၊ ခရိုင်နဲ့ ဗဟို ကော်မတီတွေ ညှိုပြီးဆုံးဖြတ်မယ်”ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ကော့မှူးမဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး ဇန်န၀ါရီ ၁၆ ရက်နောက်ပိုင်း စည်းရုံးရေး ခရီးစဉ်များ စတင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။
NLDအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် NLD က  ပါတီ ပြန်လည်မှတ်တင်ပြီး ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်နောက် ရွေးကောက်ပွဲ ကော် မရှင်သို့ မှတ်ပုံတင်ခဲ့သည်။ ဒီဇင်ဘာ ၁၂ ရက် နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ကို နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့်ပြုလိုက်ပြီး ယနေ့တွင် တရားဝင် နိုင်ငံရေးပါတီ မှတ်ပုံတင် ချပေးလိုက်ခြင်း ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာ ထားသည်။
http://burma.irrawaddy.org/
 

Suu Kyi's Burma opposition wins legal status

Suu Kyi's Burma opposition wins legal status
Burma's authorities have given the green light to Aung San Suu Kyi's opposition to rejoin mainstream politics, setting the scene for the Nobel laureate to run for a seat in the new parliament.
Tuesday's announcement in state media follows a series of reformist moves by a new military-backed government dominated by former generals, who are now reaching out to political opponents and the West.
Myanmar's democracy icon Aung San Suu Kyi, seen here delivering a speech during a ceremony to mark the 91st anniversary of National Day at the National League for Democracy party (NLD) headquarters in Yangon, in November. The authorities have allowed Suu Kyi's party to legally re-register, state media reported, clearing the way for the NLD to rejoin mainstream politics.
Suu Kyi's National League for Democracy (NLD) was stripped of its status as a legal political party by the junta last year after it chose to boycott a rare election, saying the rules were unfair.
A brief announcement in the official New Light of Burma newspaper said that the country's election commission had approved the NLD's application to re-register as a political party.
The country formerly known as Burma has surprised even its critics over the past year, releasing Suu Kyi from years of house arrest, holding dialogue with the opposition and freeing some political prisoners.
In one of a number of dramatic developments, Suu Kyi has said she will take part in by-elections expected early next year, although no date has been set.
The democracy champion voiced guarded hope earlier this month that democracy would come to Burma, as she welcomed Hillary Clinton to the home that was her prison for years during a landmark visit by the US Secretary of State.
"I am very confident that if we work together... there will be no turning back from the road to democracy," Suu Kyi said at the time.
On Monday her party said it had chosen the image of a fighting peacock gazing at a white star as its new symbol, replacing its trademark bamboo hat, which was used by a breakaway group that participated in the 2010 election.
Suu Kyi's party won a 1990 poll but was never allowed by the generals to take power.
It refused to participate in the November 2010 vote -- the first in two decades -- mainly because of rules that would have forced it to expel imprisoned members.
Suu Kyi, who has spent most of the past two decades in detention, was under house arrest at the time and released just days after the polls.
An NLD spokesman said Suu Kyi was likely to travel to the capital Naypyidaw herself to complete the registration process.
As part of its budding reforms, the regime has reached out to ethnic guerrillas, following decades of civil war in parts of the country.
On Monday the office of President Thein Sein said the former junta general had ordered the military to cease attacks against ethnic Kachin rebels in the north of the country where fighting has raged since June.
In a rare response to public opposition, the president in September suspended construction of a controversial mega-dam in Kachin state.
Authorities recently held peace talks with Burma's main armed ethnic groups, including the Kachin rebels, and this month signed a preliminary ceasefire agreement with one major militia, the Shan State Army South.
http://www.bangkokpost.com/breakingnews/270557/suu-kyi-burma-opposition-wins-legal-status

 

မြန်မာကနေဒီယန်စကိုက်ကွန်ဖရင့်ဆွေးနွေးပွဲဖိတ်ကြားလွှာ

မြန်မာကနေဒီယန်စကိုက်ကွန်ဖရင့်ဆွေးနွေးပွဲဖိတ်ကြားလွှာ

မင်္ဂလာပါမိတ်ဆွေများခင်ဗျား

အချိန်သည်လူကိုမစောင့်ဆိုတဲ့ဆိုရိုးစကားအတိုင်းပါပဲကိုယ့်ပတ်ဝန်းကျင်ကိုဂရုစိုက်ကြည့်လိုက်ရင်၊ကနေဒါနိုင်ငံမှာရော ကမ္ဘာ့နိုင်ငံအသီးသီးတို့မှာပါအရေးကြီးတဲ့ဖြစ်ရပ်တွေ နေ့စဉ်ဖြစ်ပျက်နေတာတွေ့ရပါမယ်၊ဒီနိုင်ငံတွေထဲမှာမြန်မာနိုင်ငံ လဲပါဝင်ပါတယ်၊မြန်မာနိုင်ငံနှင့်ပတ်သက်ပြီးအဖက်ဖက်ကပြောင်းလဲနေတာကိုလဲတွေ့နေရပါတယ်၊ကိုယ့်နိုင်ငံနှင့်ကိုယ့် လူမျိုးကိုချစ်မြတ်နိုးသူတိုင်းဟာမြန်မာနိုင်ငံနှင့်ပတ်သက်တဲ့သတင်းများကိုစိတ်ဝင်စားမှုအပြည့်ဖြင့်မျက်စိဖွင့်၊နား စွင့်နေကြ မယ်ဆိုတာယုံမှားသံသယမရှိပါ၊
နေ့စဉ်ဝင်လာတဲ့သတင်းများမှာ၊လိုတာရောမလိုတာရော၊မှန်တာရောမှားတာရောပါနေတာတွေ့ရပါမယ်၊ဒီလိုအခြေ အနေမျိုတွင်သတင်းမှန်ကိုမြန်မြန်ရဘို့ဟာအလွန်ပင်အ ရေးကြီးလှပါတယ်၊မှန်ကန်တဲ့သတင်းရမှသာအဆိုပါသတင်း အချက်အလက်ကိုလူတိုင်းမှန်ကန်စွာအသုံးပြုနိုင်ပါတယ်၊မြန်မာနိုင်ငံ၊မြန်မာလူမျိုးအားလုံးနှင့်ပတ်သက်တဲ့သတင်း အချက်အလက်များကိုမှန်မှန်ကန်ကန်ရပြီး၊မိမိတို့တဦးချင်းစီအတွက်အကိုက်ညီဆုံးအတိုင်းအတာဖြင့်စုပေါင်း လုပ်ဆောင်ရေးဟာမြန်မာလူထုကြီးတရပ်လုံးရောက်ရှိလိုတဲ့တ ရားမျှတမှုရှိတဲ့၊လူ့အခွင့်အရေးအပြည့်အဝရှိတဲ့၊စစ်မှန်သောဒီမိုကရေစီစံနစ်ကိုမြန်မာနိုင်ငံမှာတည်ဆောက်နိုင်ရေး အတွက်အရေးတကြီးလိုအပ်နေတယ်ဆိုတာမည်သူမှမငြင်းနိုင်ပါ၊သို့ရာတွင်သိပင်သိသော်လဲအကောင်အထည်ဖေါ် ဘို့အလွန်ပင်ခက်ခဲသည်ကို နေ့အထိမြန်မာပြည်သူများဒီမိုကရေစီပန်းတိုင်နှင့်ဝေးနေခြင်းကသက်သေအဖြစ်ပြနေတာ ကိုတွေ့ နေရပါတယ်။
ဒီနေ့မြန်မာပြည်သူတွေဆင်နွှဲနေတဲ့ဒုတိယလွတ်လပ်ရေးတိုက်ပွဲအောင်မြင်ရေးဟာမြန်မာပြည်သူတွေစည်းလုံးညီ ညွတ်ရေးပေါ်တွင်လုံးဝတည်နေပါတယ်၊ယနေ့အထိလိုအပ် နေတဲ့စည်းလုံးညီညွတ်မှုကိုမရသေးဘူးဆိုတာမည်သူမှ မငြင်းနိုင်ပါ၊အတိုချုပ်အနေ ဖြင့်မြန်မာပြည်သူတွေအားလုံးညီညွတ်ရေးကိုပထမဦးစားပေးအဖြစ်အမြန်တည် ဆောက် ဘို့လိုနေပါတယ်၊မြန်မာပြည်သူလူထုကြီးတရပ်လုံးမညီညွတ်သရွေ့ကာလပတ်လုံးဒီမိုကရေစီပန်းတိုင်နှင့်ဝေးနေအုံး မယ်ဆိုတဲ့အချက်ကိုစွဲစွဲမြဲမြဲမှတ်ထားကြဘို့လိုပါတယ်၊ဒါ့ကြောင့်မြန်မာနိုင်ငံနှင့်လူမျိုးကိုအစစ်အမှန်ချစ်မြတ်နိုးသူတိုင်း၊ မည်သည့်နေ ရာကိုရောက်ရောက်၊မြန်မာလူမျိုးအားလုံးစည်းလုံး ညီညွတ်မှုရရှိရေးကိုအထူးဦးစားပေး ပြီးကိုယ်တိုင် ပါဝင်ပံ့ပိုးကူညီဘို့တာဝန်ရှိပါတယ်၊
အင်္ဂလိပ်လက်အောက်ကမြန်မာတွေလွတ်မြောက်ခဲ့တာဟာမြန်မာတွေညီညွတ်ခဲ့ကြလို့ ဖြစ်ပါတယ်၊
အခုဆင်နွှဲနေတဲ့ဒုတိယလွတ်လပ်ရေးတိုက်ပွဲဟာလဲမြန်မာတွေညီညွတ်မှုရှိမှအောင်မြင်ပါမယ်၊
ဒီမိုကရေစီနိုင်ငံအဖြစ်တည်ဆောက်နိုင်ပြီးရင်လဲ၊မြန်မာတွေညီညွတ်မှုရှိမှလွတ်လပ်ရေးကိုဆက်လက်တည်တန့်   အောင်၊ဖွံ့ ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်အောင်ဖန်တည်းနိုင်ပါမယ်၊ညီညွတ်ရေးဟာအမြဲလိုအပ်နေတဲ့အရာဖြစ်ပါတယ်။ 

ကနေဒါနိုင်ငံတွင်နေထိုင်ကြတဲ့မြန်မာလူမျိုးအားလုံး(ဗမာ၊ရှမ်း၊မွန်၊ကရင်၊ကချင်၊ချင်း၊ရခိုင်၊အစရှိတဲ့တိုင်းရင်းသားလူမျိုး အားလုံးဟာ၊မြန်မာ့ဒီမိုကရေစီရေးမှာတတပ်တအားအနေဖြင့်ပါဝင်နိင်အောင်ဝိုင်းဝန်းကြိုးပမ်းကြရမဲ့အချိန်ရောက်နေပါပြီ၊ ယ္ခုလက်ရှိအနေအထားကိုကြည့်ပါကကနေဒါနိုင်ငံတွင်မြန်မာ့ဒီမိုကရေစီရေးအတွက်ဆောင်ရွက်နေတဲ့မြန်မာများဦးစီး ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းအများအပြားရှိသော်လဲပူးပေါင်းဆောင်ရွက်မှုတွင်၊များစွာအားနည်းနေတာကိုတွေ့ပါတယ်၊ အခုလိုအားနည်းနေတဲ့အခြေအနေမှအင်အားအပြည့်အဝဖြင့်ပြည်တွင်းရှိဒီမိုကရေစီအင်အားစုများကိုကူညီနိုင်အောင် နည်းလမ်း ပေါင်းစုံကို သုံးပြီးစုပေါင်းကြိုးပမ်းရမဲ့အချိန်ဖြစ်ပါတယ်၊ညီညွတ်ရေးရရှိအောင်လုပ်ဆောင်ရမယ့် ပထမဆုံး လိုအပ်ချက်ဟာ၊တွေ့ဆုံဆွေးနွေးရေးဖြစ်ပါတယ်၊
ကနေဒါအခြေစိုက်မြန်မာများဦးစီးတဲ့အဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးနိုင်ရေးအတွက်အောက်တွင်ဖေါ်ပြပါ နည်းလမ်း များကိုစီစဉ်ထားပါကြောင်းအသိပေးလိုပါတယ်။
(၁)      ပုံမှန်(၂)လတကြိမ်ကျင်းပတဲ့၊မြန်မာကနေဒီယန်စကိုက်ကွန်ဖရင့်ဆွေးနွေးပွဲများ (သက်တန်းတနှစ်ရှိပါပြီ)
(၂) တပတ်လျှင်တကြိမ်အများသဘောတူမည့်ရက်ကိုရွေးချယ်သတ်မှတ်ဆွေးနွေးမည့်စကိုက်ဆွေးနွေးပွဲများ    (တင်ပြေဆွေးနွေးဘို့ရှိသူများအချင်းချင်းဆွေးနွေးနိုင်ဘို့ဖြစ်ပါတယ်)
(၃) အချိန်မရွေးမိမိတိုရဲ့ထင်မြင်ချက်များ၊အကြံပြုချက်များပေးနိင်သည့် (BCN Googlegroup)   (burmesecanadiannetwork@googlegroups.com)တို့ ဖြစ်ပါတယ်။
အထက်တွင်တင်ပြထားသည့်အချက်အလက်များကိုလာမဲ့၂၀၁၁ခုနိုဝင်ဘာလ(၁၂)ရက်စနေနေ့တွင်ကျင်းပမယ့်မြန်မာ ကနေဒီယန်စကိုက်ကွန်ဖရင့်တွင်အားလုံးစုပေါင်းဆွေးနွေးဘို့စီစဉ်ထားပါတယ်။
မိတ်ဆွေအားလုံးတက်ရောက်ကြပြီး၊အကြံကောင်းများပေးရန်၊ပြုပြင်စရာ၊ဖြည့်စွက်စရာများကိုလာမဲ့စနေနေ့ စကိုက်ဆွေးနွေးပွဲသိုယူဆောင်လာကြရန်အထူးမေတ္တာရပ်ခံဖိတ် ခေါ်လိုက်ပါတယ်ခင်ဗျား။
ကျွန်တော်တို့အားလုံးချစ်တဲ့မြန်မာပြည်သူလူထုကြီးတရပ်လုံးကောင်းစားရေးအတွက် ရင်းရင်းနှီးနှီးပူးပေါင်းဆောင်ရွက်ကြပါစို့

ခင်မင်လေးစားလျှက်

ဦးသန်းအောင်
မြန်မာကနေဒီယန်ကွန်ယက်
ကနေဒါနိုင်ငံ
ဖုန်း-၇၈၀ ၄၃၉ ၇၅၅၅
www.burmesecanadiannetwork.com
Email:burmesecanadiannetwork@gmail.com
နေ့ စွဲ-၂၀၁၁ခု-နိုဝင်ဘာလ(၁၀)ရက
 

B.C.N. Statement on Current CFOB Crisis

Peaceful Demonstration for Peace in Burma ( Rakhine )

Burmese Canadian Protest in Toronto

Text

NLD by Elections Manifesto p1