Latest Post

ပျောက်ဆုံးသွားတဲ့ သင်ရိုးညွှန်းတမ်း


“ဘာသာရပ်ကြီး တစ်ခုလုံးကို ဖြုတ်ပစ် လိုက်ကြတာနော်။ မျိုးဆက် ၄ ခုတောင် ရှိနေပြီ။  နောက်ပိုင်း  နှစ်တွေမှာလည်း  ပြန်ထည့်ဖို့ကို မစဉ်းစားခဲ့ကြဘူး။ အခုထက်ထိ ဖြုတ်ထားကြတုန်း။ ဒါဟာ ပညာရေးဆိုင်ရာ ရက်စက်မှုပါ။ တာဝန်မဲ့မှုလည်းဖြစ်တယ်။ အခုတော့ ကျနော်တို့က ကျောင်းဆရာ ပြန်လုပ်ကြပေမယ့်လည်း ကိုယ်က မသင်ခဲ့ရတဲ့အတွက် ဘယ်လို ပြန်သင်ပေးနိုင်မှာလဲ။”
အမြဲစွတ်စိုနေတတ်သော နယ်မြေဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ စိမ်းစိုလန်းဆန်းလျက်။ ပင်လယ်ပြင်ကြီးကို အမှီပြုပြီး ၀မ်းစာရှာကြရရှာသော မိသားစုများ၏ ကလေးများအတွက် ကျောင်းများကို ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားကြခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် မိုးဦးရာသီတွင် ရက်တို ဆရာအတတ်ပညာရေးသင်တန်းကို မြန်မာနိုင်ငံ၏ အစွန်အဖျား နယ်မြေတစ်ခုတွင် ကျင်းပ ပြုလုပ်ခွင့်ရရှိခဲ့သည်။ မြန်မာပြည်တွင်း အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းဆရာတာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ဖူးသူများ အပါအ၀င် အသက်အရွယ်မျိုးစုံ ကျောင်းဆရာ၊ ဆရာမများ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ ကလေးဖွံ့ဖြိုးမှုပညာ၊ ဉဏ်ရည်အထွေထွေ စွမ်းရည်အမျိုးမျိုး၊ ကလေးဗဟိုပြု စာသင်ကြားနည်းများ၊ အနုရသပညာရေး၊ သင်ရိုးညွှန်း တမ်းပညာနှင့် ပညာရေးစီမံခန့်ခွဲမှုတို့ကို ဦးစားပေးဆွေးနွေးဖြစ်ခဲ့သည်။ ကျယ်ပြန့်၊ မျှတသော ကျောင်းသင်ရိုးညွှန်းတမ်း တစ်စုံကို လိုအပ်နေသည့် ယင်းဒေသတွင် ဤကဲ့သို့သော သင်တန်းမျိုး၊ ဆွေးနွေးပွဲမျိုး ယခင်က မရှိခဲ့သေးပါ။ သို့ဖြစ်ပါ၍ သင်တန်း နည်းပြဆရာ ဆရာမများနှင့် သင်တန်းသူ၊ သင်တန်းသား ကျောင်းဆရာဆရာမများအတွက် လွန်စွာအားရ ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။ စုပေါင်း ဆွေးနွေးလေ့လာခြင်းဖြင့် အားလုံးအတွက် ပညာရေး အတွေးအမြင်သစ်များ၊ အကျင့်အကြံသစ်များ ရရှိခွင့်ကို ဖန်တီးနိုင်ခဲ့ကြပြန်သည်။
ပျောက်ဆုံးသွားတဲ့ သင်ရိုးညွှန်းတမ်း
သင်တန်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်၊ ရေရှည်လုပ်ငန်းစဉ်တစ်ခုအနေဖြင့်လည်းရှိနေမည့် သင်ရိုးညွှန်းတမ်း ပညာခေါင်းစဉ်ကို ဆွေးနွေးကြရာဝယ် မြန်မာ့ပညာရေး ရှုခင်းမှ ပျောက်ဆုံးသွားခဲ့လေသော ခေါင်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတော့၏။ ကျယ်ပြန့်၊ မျှတသော သင်ရိုးညွှန်းတမ်းကို မည်သို့တည်ဆောက်ကြပါမည်နည်း။ ဘက်စုံပညာရေးဟူသည် အဘယ်နည်း။ ပညာ၊ ပညာရေး၊ ကျောင်းပညာရေး၊ မူလတန်းပညာရေး စသည်တို့၏ အဓိပ္ပါယ်တို့ကို ဖွင့်ဆိုခြင်းဖြင့် စတင်ဆွေးနွေးရတော့သည်။ အခြေခံပညာရေး၏ ရည်မှန်းချက်ကို ရှင်းလင်းရတော့၏။
ဘာသာရပ်များဖွဲ့စည်းပုံနှင့် ၂၁ ရာစု အတွက် အခြေခံပညာသင်ရိုးညွှန်းတမ်းဖွဲ့စည်းမှုကိုဆွေးနွေးကြစဉ် သင်တန်းနည်းပြဆရာမှ အမှတ်မထင် မေးခွန်းတစ်ခုကို ကောက်ခါငင်ခါ မေးမြန်းလေသည်။
“အခုဒီသင်တန်းကို တက်ရောက်လာကြတဲ့ ကျောင်းဆရာဆရာမများထဲက ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းနေတုန်းက သင်ယူခဲ့ဖူးတဲ့ ဆရာဆရာမများ ခေတ္တမတ်တပ် ရပ်ပေးကြပါ”
အားလုံးတဒင်္ဂမျှ တိတ်ဆိတ်ငြိမ်သက် သွားကြလေသည်။ တွေဝေစဉ်းစားနေကြပုံကို မြင်လိုက်ရပြန်သည်။ ထို့နောက် အသက်ကြီးကြီး ဆရာဆရာမကြီး ၇ ဦးခန့် ဖြည်းညင်းစွာ မတ်တပ်ရပ်လာကြသည်။ သင်တန်းဆရာအနေဖြင့် ဦးဆောင်ဆွေးနွေးနေသူမှ တစ်ခန်းလုံးကို စေ့ငုစွာ သုံးသပ်ကြည့်မိသည်။ ဆရာဆရာမ ၆၀ ဦးခန့်မှ အသက် ၆၀ ၀န်းကျင်ခန့် ၇ ဦးသာမတ်တပ်ထရပ်သည်မဟုတ်ပါလား။ သူတို့မျက်နှာများပေါ်တွင် ဆွေးမြေ့ လွမ်းဆွတ် နေကြဟန် ရှိသည်။ ကျန်ရှိနေသော ဆရာဆရာမ ၅၀ ကျော်မှာ မတ်တပ်ရပ်ပြသူ ဆရာဆရာမကြီးတို့ကို ငေးမောရင်း တစ်စုံတစ်ရာကို ကိုယ်စီ စဉ်းစားနေကြပုံ ပေါ်လွင်နေသည်။
အချိန်လည်းစေ့တော့မည်ဖြစ်သဖြင့် သင်တန်းဆရာမှအားလုံးကို ဤသို့ဆက်ပြောခဲ့လေသည်။
“ထိုင်နေကြတဲ့ ဆရာဆရာမများဟာ အသက်အရွယ်အားဖြင့် ၂၀ ကျော်၊ ၃၀ ကျော်၊ ၄၀ ကျော်၊ ၅၀ ကျော်တွေ အများစုဖြစ်တာ တွေ့ရပါတယ်။ အားလုံးလည်းပဲ မြန်မာနိုင်ငံပညာရေးကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းဖြစ်တယ်။ အခုတော့ဖြင့် ကံအားလျှော်စွာ၊ ကံကောင်းစွာနဲ့ ဒီနေရာလေးမှာ ကျောင်းဆရာဆရာမများအနေနဲ့ တာဝန်ထမ်းဆောင်ခွင့် ရရှိနေကြတယ်။ ဒီနေ့တော့ သင်တန်းချိန် စေ့တော့မှာမို့လို့ အိမ်စာအနေနဲ့ ပေးလိုက်ချင်ပါတယ်။ ထိုင်နေတဲ့ ဆရာဆရာမများအနေနဲ့ ဘာဖြစ်လို့များ ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းသားဘ၀မှာ သင်ယူလေ့လာခွင့် မရရှိခဲ့ကြတာလဲဆိုတာ အဖြေရှာလာကြဖို့ပါ။”
တီးတိုး ဆွေးနွေးသံများ ပေါ်ထွက်လာခဲ့၏။
သင်တန်း နည်းပြဆရာမှ ဆက်ပြောခဲ့သည်။
“လေးစားထိုက်တဲ့ ကျနော့်တို့ရဲ့ ၀ါရင့်ဆရာဆရာမကြီးများကိုလည်း အကူအညီတစ်ခု တောင်းပါရစေ။ ကျနော်တို့ကို စာသင်ကြားပေးခဲ့တာတွေအတွက် ကျေးဇူးစကားဆိုပါရစေ။ သို့သော်လည်းပဲ ကျနော်အပါအ၀င် ဒီခန်းမထဲမှာ ထိုင်နေကြတဲ့ ကျောင်းဆရာဆရာမများဟာ ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းသားဘ၀မှာ သင်ယူလေ့လာခွင့် မရရှိခဲ့တာ သေချာတယ်။ အဲဒီအတွက် လွန်ခဲ့သော အနှစ် ၄၀ ကျော် တစ်ခေတ်တစ်ခါက ဆရာဆရာမကြီး သင်ယူလေ့လာခွင့် ရရှိခဲ့တဲ့ ပြည်သူ့နီတိ ဘာသာရပ်နဲ့ ပတ်သက်လို့ မနက်ဖြန်ခါ ပြန်လည်ပြောပြစေချင်ပါတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ ရပ်နားကြရအောင်ပါ။ အားလုံး မင်္ဂလာပါ”
+++++
သင်တန်းနောက်တစ်ရက်တွင် သင်ရိုးညွှန်းတမ်းပညာ အချိန်စလျှင်စခြင်း ဆရာငယ်တစ်ဦးမှ စတင်ပြောဆိုလိုက်လေသည်။ ဤမြို့လေးတွင် သင်္ချာဆရာတစ်ဆူဖြစ်လေသူ ဆရာမောင်ခင်ဇော်ဖြစ်သည်။
“မနေ့က ဆရာခိုင်းလိုက်တဲ့ အိမ်စာကို စဉ်းစားလိုက်တာ အဖြေလည်းမရဘူး။ အိပ်လို့လည်း မပျော်ဘူး။ စာတွေသိပ်မသင်ခဲ့ရတော့ ကျနော်တို့ စာသိပ်မကျက်ခဲ့ရလို့ ကံအတော်ကောင်းခဲ့တယ်လို့တော့ စဉ်းစားမိ ပါတယ်။”
အားလုံး ပြုံးစိစိ ဖြစ်ကုန်ကြသည်။ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အစအနောက်သန်သည့် ဆရာမ မေကံ့ကော်မှ ဆရာမောင်ခင်ဇော် ဖက်သို့ လက်ညိုးထိုးပြီး ပြောလိုက်လေသည်။
“ဆရာခင်ဇော်ရဲ့ အဖိုး ပိဿာချိန်နဲ့ ရောင်းစားလိုက်တာ ပြည်သူ့နီတိစာအုပ်ကုန်သွားလို့ ကျမတို့ခေတ်မှာ ဆက်မသင်ရတာ ဖြစ်မယ်။ အခုလည်း သူ့အဖိုး အကျင့်အတိုင်းပဲ”
တစ်ခန်းလုံး တ၀ါးဝါး ပွဲကျသွားတော့၏။
အမြဲအတည်နေတတ်သူ ဆရာဦးလှဆောင်မှ မျက်မှန်တစ်ချက်ပင့်ပြီး တွေးတွေးဆဆပြော၏။ “ဒါဟာ ရက်စက်မှုတစ်ခုပဲလား ဆရာသိန်းနိုင်။ အမြဲလိုလို ကြားနေခဲ့ရတာကတော့ ဘက်စုံပညာရေးဆိုလားပဲ။ ကျနော်မနေ့ညက တစ်ညလုံးစဉ်းစားတယ်။ အခု အသက် ၅၀ နားနီးနေပြီ။ သို့ပေမယ့် အခြေခံပညာရေးကတည်းက မရလိုက်တဲ့ဟာ၊ မသင်ခဲ့ရတာနဲ့ အသိပညာ ချွတ်ယွင်းချက်တွေနဲ့ ရှင်သန်နေခဲ့တဲ့နှစ်တွေကို နှမျောသလိုပဲဗျာ”
စိတ်ဆတ်သည့် ကျောင်းဆရာဦးတိတ်က လက်သီးလက်မောင်းတန်းလျက် ဒေါသတကြီး ၀င်ရောက် ဆွေးနွေးပြန်သည်။ “ဘာသာရပ်ကြီး တစ်ခုလုံးကို ဖြုတ်ပစ်လိုက်ကြတာနော်။ မျိုးဆက် ၄ ခုလောက်တောင်ရှိနေပြီ။ နောက်ပိုင်းနှစ်တွေမှာလည်း ပြန်ထည့်ဖို့ကို မစဉ်းစားခဲ့ကြဘူး။ အခုထက်ထိ ဖြုတ်ထားကြတုန်း။ ဒါဟာ ပညာရေးဆိုင်ရာ ရက်စက်မှုပါ။ တာဝန်မဲ့မှုလည်းဖြစ်တယ်။ အခုတော့ ကျနော်တို့က ကျောင်းဆရာ ပြန်လုပ်ကြပေမယ့်လည်း ကိုယ်ကမသင်ခဲ့ရတဲ့အတွက် ဘယ်လိုပြန်သင်ပေးနိုင်မှာလဲ။”
အားလုံးပြန်ငြိမ်ကျသွားပြန်လေသည်။ နည်းပြဆရာဖြစ်သူမှ ၀ါရင့်ဆရာဆရာမကြီးများဖက်သို့လှည့်ပြီး ဆွေးနွေးပေးရန် မေတ္တာရပ်ခံခဲ့သည်။
“အခုလို အမြင်တွေကို တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ အခြေခံပညာရေးမှာကတည်းက ပြည်သူ့နီတိ ဘာသာရပ်ကို သင်ယူခွင့်ရရှိ ခဲ့ကြတဲ့ ဆရာဆရာမကြီးများမှ အတွေ့အကြုံတွေကို ဝေမျှပေးစေချင်ပါတယ်။ ဆရာဆရာမကြီးတို့ ငယ်စဉ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ဘ၀တုန်းက ပညာရေး အခြေအနေကို အားလုံးလည်း သိချင်နေကြပါတယ်”
ပြည်နယ်အဆင့်မှာ ပညာရေးမှူးလုပ်ခဲ့ဖူးသူ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီး နိုင်ပညာမွန်မှ မတ်တပ်ရပ်ပြီး အားလုံးမြင်နိုင်စေရန် စာအုပ်ငယ်တစ်အုပ်ကို မြှောက်ပြလိုက်သည်။ သင်တန်းသူသင်တန်းသားများနှင့် နည်းပြဆရာများမှာ ဆရာကြီးကိုင်ထားသည့် စာအုပ်ငယ်ကို စိတ်ဝင်တစား မော့ကြည့်နေကြသည်။ ပိန်ပိန်ပါးပါး အငြိမ်းစား မြန်မာ့ပညာရေးသမားကြီးဆီမှာ ရင်ဖွင့်ပြောပြစရာ တစ်ခုမဟုတ် တစ်ခု အမြဲပင် ရှိနေတတ်လေသည်။
“အဟမ်း... အားလုံးကို လေးစားပါတယ်။ ကျနော်ပြည်နယ်ပညာရေးမှူး လုပ်ခဲ့တဲ့နှစ်တွေတလျှောက်လုံးမှာ မြိုသိပ်ထားခဲ့ရတဲ့ အရာတစ်ခုကို ဒီကနေ့တော့ ပြောပြပါမယ်။ ဒါဟာ အခြေခံပညာဦးစီးမှာ ဆွေးနွေးခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ စာသင်ခန်းတွေအထိ ပြန်မရောက်ခဲ့ တာကတော့ အင်မတန်မှ ၀မ်းနည်းစရာပါ။ အခုကျနော်ကိုင်ထားတဲ့ စာအုပ်လေးရဲ့နာမည်က - ပြည်သူ့နီတိ - ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကျနော့်ရဲ့ အိမ်က စာအုပ်သေတ္တာလေးမှာ သိမ်းဆည်းထားခဲ့တာပါ။ အနှစ် ၅၀ နီးပါးရှိနေပြီ။ ကျနော် အခြေခံပညာကျောင်းသားဘ၀က သင်ယူခဲ့ရတဲ့ ပြဌာန်းစာအုပ်လေးလည်းဖြစ်တယ်။ စာပေဗိမာန် ပုံနှိပ်တိုက်က ၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ထုတ်ထားတဲ့ဟာပါ။ နောက်ဆုံးထုတ်ဝေခဲ့တာလည်း ဖြစ်မယ်။ ကျနော်တို့ ခေတ်တုန်းက သတ္တမတန်းကနေ ဧကာဒသမတန်းအထိ လေ့လာခဲ့ရတယ်။”
ထိုင်ပြီး ငေးမော နားထောင်နေသူတို့အကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ကျွတ်စီကျွတ်စီဖြင့် ဆွေးနွေးသံအချို့ ပေါ်ထွက်လာပြန်သည်။
“ကျောင်းဆရာလုပ်လာတာ အနှစ် ၂၀ နီးပါးတောင်ရှိနေပါပြီ။ တစ်ခါမှ ဒီစာအုပ်ကို မတွေ့ခဲ့ဖူးဘူး။” နယ်မြေတွင်းရှိ ကျောင်းအားလုံး၏ လူမှုရေး ဘာသာရပ်မှူးဖြစ်သူ ဆရာမြေမှ ပြောလိုက်ခြင်းဖြစ်သည်။
“အဲဒီ ပြည်သူ့နီတိစာအုပ်မှာ ဘာတွေရေးထားသလဲ သိချင်ပါတယ်။” တစ်ခုခုကို သိချင်တိုင်း မျိုသိပ်မထားတတ်ပဲ ချက်ခြင်းမေးတတ်သူ သမိုင်းဆရာမဒေါ် မိုးသီတာပြည့်မှ သိချင်ဇောကြီးစွာနှင့် မေးမြန်းလေတော့သည်။ အားလုံးမှာလည်း သိချင်နေကြသည်မဟုတ်လား။
ဆရာကြီးနိုင်ပညာမွန်မှ ဆက်ပြောပြနေခဲ့လေသည်။
“စာမျက်နှာ ၁၄၀ နီးပါးရှိတဲ့ ဒီစာအုပ်ဟာ အခြေခံပညာအထက်တန်းဆင့်အတွက် ပြဌာန်းခဲ့တာပါ။ အခန်း ၁၃ ခန်း ပါရှိပါတယ်။ အဲဒီအခန်းခေါင်းစဉ်တွေကို ပြောပြပေးပါမယ်။
အခန်း (၁) ပြည်သူ့နီတိ အဓိပ္ပါယ်နှင့် အခြေခံသဘော
အခန်း(၂) ပေါင်းသင်းဆက်ဆံမှုနှင့် လူ့အစည်းအရုံး
အခန်း (၃) နိုင်ငံသားနှင့် သူ၏ အရည်အချင်းများ
အခန်း (၄) နိုင်ငံသားနှင့် ဆန့်ကျင်သော သဘောတရားများ
အခန်း (၅) နိုင်ငံသား၏တာဝန် ၀တ္တရားများ
အခန်း (၆) နိုင်ငံသား၏ အခွင့်အရေးများ
အခန်း (၇) နိုင်ငံတော်နှင့် အစိုးရ
အခန်း (၈) နိုင်ငံအစိုးရတို့ တာဝန်များ
အခန်း (၉) နိုင်ငံတော်၏ အခြေခံမူများ
အခန်း (၁၀) နိုင်ငံတော် ဖွဲ့စည်းပုံ
အခန်း (၁၁) နိုင်ငံတော်သမတနှင့် ပါလီမန်
အခန်း (၁၂) ပြည်ထောင်စု အစိုးရ
အခန်း (၁၃)လွတ်လပ်ရေး ကျေညာစာတမ်း
ဒီခေါင်းစဉ်တွေကို ကျနော်တို့ အသေအချာဖတ်ရှုလေ့လာပြီး စာသင်ခန်းတွေမှာ ဆွေးနွေးခွင့်လည်း ရရှိပါတယ်။ အဲဒီခေတ်က နိုင်ငံရေးနဲ့လည်း ဆက်စပ်ပြီးတော့ စာသင်ခန်းတွင်းမှာ ဆွေးနွေးကြသေးတယ်။ ဥပမာ ဖွဲ့စည်းပုံက မမျှတသေးတာတွေ၊ ဘက်လိုက်ထားတာတွေ။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ၊ ဒါတွေကို အထက်တန်းအဆင့် စာသင်ခန်းတွေမှာ ဆွေးနွေးဖလှယ်ကြတယ်။ မတူတဲ့အမြင်တွေကိုလည်း တလေးတစား နားထောင်ကြရတယ်။”
“ဟင်.. အဲဒီခေါင်းစဉ်တွေ နိုင်ငံရေးခေါင်းစဉ်တွေလိုပဲ။ ကျောင်းသူကျောင်းသားတွေနဲ့ ဘာဆိုင်လို့လဲ။ ပျင်းစရာကြီးတွေ။ ဘာဖြစ်လို့ သင်ခဲ့ရတာလဲဆရာကြီး။ ပညာရေးနှင့် နိုင်ငံရေးဘာဆိုင်လို့တုန်း”
ပညာရေးနှင့် မသက်ဆိုင်သည်များကို အချိန်ကုန်ခံပြီး ဆွေးနွေးနေသည်ဟု ထင်မြင်ယူထားသော ဆရာမ ဒေါ်နီနီမှ သည်းမခံနိုင်သည့် မျက်နှာထားနှင့် မေးမြန်းလိုက်သည်။ ခန်းမထဲမှ အချို့ မှာ ဇဝေဇ၀ါမျက်နှာများနှင့်။ သူတို့ဖြတ်သန်း လာခဲ့သည့် ပညာရေးခရီးလမ်းတွင် တစ်ခါမှ မကြားခဲ့ဘူးသော ခေါင်းစဉ်များဖြစ်နေ၍လည်း သံသယစိတ်တို့ ရှိသည်မှာ ပေါ်လွင်နေသည်။ အချို့မှာ စိုးရိမ်ကြောင့်ကြသော မျက်နှာများကို ဖုံးဖိမရ။ အချို့လည်း နည်းပြဆရာဖက်သို့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။
အငြိမ်းစား အထက်တန်းကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်သူ ဦးဘအောင်မှ မတ်တပ်ရပ်လိုက်ပြီး ဆရာကြီး နိုင်ပညာမွန်ထံမှ ရှင်းပြခွင့် တောင်းခံလိုက်သည်။
“ဆရာကြီး ခေတ္တနားပါခင်ဗျား၊ ကျနော့်ကို ဆက်ရှင်းပြခွင့်ပြုစေလိုပါတယ်။ ကျနော်လည်းပဲ တစ်သက်လုံးမြိုသိပ် ခံစားခဲ့ရသူပါ။ တရားဝင်ဖွင့်ပြောပြခွင့်လည်း မရှိခဲ့ဘူး။ အခုတော့ ဒီနေရာလေးမှာ ကျနော်တို့ ဘ၀ရဲ့ ဆည်းဆာချိန်မှာ ကံကြုံလို့ဆုံဆည်းကြရတဲ့ လုပ်ဖော်ကိုင်ဖက် ပညာရေးသမားငယ်များကို အမြင် ရှင်းပြခွင့်ပြုစေချင်တယ်။”
အားလုံးမှ ဆရာကြီး ဦးဘအောင် ဆက်ပြောမည့်စကားတို့ကို စောင့်မျှော်နေကြသည်။ ဖြည်းညှင်းချိုသာစွာ ပြောဆိုတတ်သည့် ဆရာကြီးမှာ တစ်မြို့လုံးက လေးစားရသူတစ်ဦးလည်းဖြစ်သည်။ နှစ်ပေါင်း ၄၀ နီးပါး ပညာရေးဝန်ထမ်းဘ၀ကို ဖြတ်သန်းခဲ့သူပီသစွာ ပညာရေးအပေါ် သံယောဇဉ်ကြီးလွန်းလှသည်။
“တကယ်တော့ ပြည်သူ့နီတိဘာသာရပ်နဲ့ ဒီခေါင်းစဉ်တွေဟာ သိပ်ကို အရေးကြီးလွန်းပါတယ်။ ပညာရေးနဲ့ နိုင်ငံရေးဟာ ခွဲခြားဖယ်ထုတ် ထားလို့မရပါဘူး။ ပညာရေးသည်ပင်လျှင် နိုင်ငံရေးဖြစ်သလို၊ နိုင်ငံရေးဟာလည်း ပညာရေးနှင့် တန်ဆာဆင်နိုင်မှသာလျှင် တင့်တယ်ပါ တယ်။ လေးနက်မှုကို ရရှိနိုင်ပါတယ်။ သိသင့်သိအပ်သော ခေါင်းစဉ်များဖြစ်လို့ ပြည်သူ့နီတိဘာသာရပ်ကို သင်ယူဖူးမှသာလျှင် နိုင်ငံသား ဖြစ်ရကျိုးနပ်ပါမယ်။ အသက်ရှင် နေထိုင်ရကျိုးနပ်ပါတယ်။ သာမန်သိရုံမျှနဲ့လည်း မလုံလောက်သေးပြန်ဘူး။ လက်တွေ့ဘ၀ထဲမှာ ပြန်လည် အသုံးချဖို့လည်း လေ့လာခဲ့ကြတယ်။ ပညာရှိကြီးတွေမိန့်ဆိုခဲ့တယ်။ သူ့အလိုအလျှောက်တော့ လူငယ်တွေဟာ နိုင်ငံ့သားကောင်းတွေ ဖြစ်မလာနိုင်ဘူးတဲ့။ လေ့ကျင့် သင်ကြားပေးမှသာ၊ အသိပညာနှင့် အကျင့်အကြံတို့ကို ရရှိမယ်။ တာဝန်သိမယ်။ အခွင့်အရေးတို့၊ ရပိုင်ခွင့်တို့ကို လေးစားလိုက်နာမယ်။ မိမိနဲ့ သူတစ်ပါး အကျိုးကို မျှတစွာ သယ်ပိုးလိုမယ်။ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ပြု လုပ်ရပ်တွေအပေါ်မှာ တန်ဖိုးထားနိုင်မယ်။ ပါဝင်ဆောင် ရွက်လိုစိတ်ဖြစ်ပေါ်မယ်။ တနည်းအားဖြင့်လည်း နိုင်ငံသား ပညာရေးလို့ ခေါ်ဆိုကြတဲ့ ဒီပညာရပ်ကို သင်ကြားထားမှသာလျှင် လေးနက်တဲ့ တန်ဖိုးရှိတဲ့၊ အသိပညာရှိတဲ့ နိုင်ငံသားတွေဖြစ်လာကြမယ်။ ”
“ဘာဖြစ်လို့ အခြေခံပညာရေးမှာကတည်းက လေ့ကျင့်သင်ကြားပေးရမှာလဲ။ အခြားသင်ယူစရာတွေက တပုံတပင်ကြီး။ လက်ရှိသင်ရိုးကိုတင် မနည်းကုန်အောင်သင်ပေးနေရတယ်။” ဆရာသီဟမှ အထွန့်တက် မေးမြန်းလာသည်။
မြန်မာနိုင်ငံစာစစ်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစားဆရာမကြီး ဒေါ်တင်တင်ဝင်းက ဖြေကြားပေးရန် သင်တန်းနည်းပြ ဆရာလေးမှ မေတ္တာရပ်ခံလိုက်သည်။ မဆိုင်းမတွပင် ဆရာမကြီးမှ ထရပ်လိုက်ပြီး ကြည်လင်ခန့်ငြားသော မျက်နှာတွင် အပြုံးပန်းဆင်၍ ဖြေကြားပေးခဲ့သည်။
“ငယ်ရွယ်နုပျိုတဲ့ စိတ်နှလုံးတွေကိုသာလျှင် ပုံဖော်ထုဆစ်ရတာ လွယ်ကူပါတယ်။ ဖယောင်သားလေးတွေလို လိုလားအပ်တဲ့ စိတ်အခြေခံ ယဉ်ကျေးမှုကို လေ့ကျင့်ပေးရလွယ်တယ်။ ကြီးမှဆို သိပ်ခက်သွားပြီ။ ပြည်သူ့နီတိပညာရပ်ဟာ ဘ၀ထဲကို ရောက်ဖို့လိုအပ်တယ်။ ကလေးတိုင်း၊ လူကြီးတိုင်း၊ နိုင်ငံသားတိုင်းရဲ့ ရင်ဘတ်ထဲမှာ ပါသွားဖို့လိုအပ်တယ်။ ဒီမိုကရေစီယဉ်ကျေးမှုပေါ်ထွန်းဖို့၊ ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ဆိုတာ အဲဒီနီတိတွေပြည့်နေတဲ့ ရင်ဘတ်တွေနဲ့ တည်ဆောက်ရမှာဖြစ်လို့ပါပဲ။”
“ဆရာမကြီး ဥပမာလေး တစ်ခုလောက်ပေးပါ” ဆရာမကြီးမှာ ဥပမာ၊ ဥပမေယျတို့ဖြင့် စကားပြောကောင်းသူ ဖြစ်သည်ကို သိထားသည့် တပည့်ဟောင်းတစ်ဦးဖြစ်သူ ဆရာမဒေါ်လင်းလင်းဖြူမှ တောင်းဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ။ ပြောပြပါမယ်။ နိုင်ငံရဲ့ မှန်ကန်တဲ့ ဖွဲ့စည်းမှုကို သိဖို့လိုအပ်တယ်။ ပကတိအရှိတရားတွေကို နားလည်ထားကြရမယ်။ အဲဒါနဲ့လည်းမပြီးသေးဘူး။ ဆွေးနွေးပြောဆိုနိုင်တဲ့ နိုင်ငံသားတွေဖြစ်လာဖို့၊ လေးစားစွာ နားထောင်တတ်တဲ့သူတွေဖြစ်လာဖို့က လိုအပ်ပြန်တယ်။ အဲဒါမှသာ အကျိုးရှိတဲ့ ဆွေးနွေးဝိုင်းဖြစ်မယ်။ အကျိုးရှိတဲ့ လုပ်ရပ်ရလာမယ်။ စုပေါင်းလုပ်ဆောင်နိုင်မယ်။”
“ဒီပညာရပ်ကို မသင်ယူခဲ့ရပေမယ့်လည်း ကျမတို့ အခုလိုစုပေါင်းပြီး လုပ်ဆောင်နိုင်ကြတာပဲ မဟုတ်ဘူးလား ဆရာမကြီး” သင်တန်းသူတစ်ဦးဖြစ်သူ ဆရာမ နုဝါအောင်မှ မေးမြန်းပြန်သည်။ အသံအချို့ ပေါ်ထွက်လာပြန်သည်။ မျက်နှာအချို့မှာ ပြုံးစစနှင့်။
သင်တန်းနည်းပြဆရာလေးမှာ နယ်မြေနောက်ခံကို ကြိုတင်လေ့လာထားသဖြင့် သိထားနှင့်သည်။ ကျောင်းစုစုပေါင်း ဆယ်ဂဏန်းမျှ သာရှိသည့် ဤမြို့လေးတွင် ကျောင်းတို့ကို အားလုံး မစုစည်းနိုင်သေး။ ပညာရေးခေါင်းဆောင် ဆရာဆရာမများ အချင်းချင်းပင်လျှင် မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးပြောဆိုရန် ၀န်လေးနေကြဆဲ။ စည်းလုံးညီညွတ်မှုဆိုသည်ကို မတည်ဆောက်တတ်ကြသေး။ ထို့အတွက် စုပေါင်းပြီးလုပ်ဆောင်နိုင်ကြသည်ဟု ဒေါ်နုဝါအောင်မှ ပြောသည်ကို အားလုံးမှ လက်မခံသည့် သဘောဖြင့် ပြုံးစစ ဖြစ်ကြခြင်းပင်။ သူမကိုယ်တိုင်လည်း ကျန်သူများကို ကြည့်ပြီး ခစ်ကနဲ အသံထွက်အောင် ရယ်မောမိလိုက်သည်။ သူမ ပြောတာ လောကြီးသွားသည်ကို နောင်တရချင်ချင်။ ဆရာဆရာမအများစုမှာ ပြည်သူနီတိကို မသင်ယူခဲ့ကြရသဖြင့် သူမတို့နယ်မြေတွင်း စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခြင်း ဖြစ်တန်ရာသည်ဟူ၍လည်း ဆက်လက်တွေးတောနေတော့သည်။
အငြိမ်းစားပြည်နယ် ပညာရေးမှူးဆရာကြီး နိုင်ပညာမွန်မှ အတွင်းစာမျက်နှာအချို့ကို လှန်ပြရင်း ထပ်မံဝင်ရောက် ဆွေးနွေးသည်။
“ပြည်သူ့နီတိ ဘာသာရပ်ဟာ တိုင်းသူပြည်သား တစ်ဦးအနေနဲ့ တိုင်းသူပြည်သားကောင်းဖြစ်လာဖို့ရာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစနစ် စတဲ့ဟာတွေမှာ တတ်သိလိမ္မာအောင် အုတ်မြစ်ချပေးသော အဓိပ္ပါယ်ရှိပါတယ်။ မတူညီတဲ့နိုင်ငံရေးစနစ်တွေအကြောင်း - ဥပမာ အရင်းရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်နဲ့ မူဝါဒတွေကို သိနားလည်လာမယ်။ အုပ်ချုပ်ရေးစနစ်အမျိုးမျိုးအကြောင်း၊ ဒေသန္တရအုပ်ချုပ်ရေးတို့ကို သိမြင်လာမယ်။ ဟောဒီမှာ စာမျက်နှာ ၁၃ မှာ စာသင်ခန်းတွင်း လေ့ကျင့်ရန် မေးခွန်းတွေထဲက နံပါတ် ၈ မေးခွန်းကို ဖတ်ပြပါမယ်။ - ဒီမိုကရေစီ၏ လုပ်ငန်းအောင်မြင်မှုသည် ပြည်သူ၊ ပြည်သားများ၏ အသိတရားနှင့် အလုပ်တရားများအပေါ်တွင် တည်ရှိ၏-ဆိုသော စကား၏ အမှားအမှန်ကို ဝေဖန်ပြပါ-ဆိုပြီးပါတယ်။ အဲဒီလိုမေးခွန်းမျိုးကို ၀ိုင်းဝန်းဆွေးနွေး ကြရတယ်။”
“မူလတန်းကတည်းက သင်ပေးလို့ မရဘူးလားဆရာကြီး” သင်္ချာဆရာဦးခင်ဇော်မှ မေးမြန်းပြန်သည်။
ဆရာကြီးမှ ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး “သိပ်ကို ကောင်းတဲ့မေးခွန်းပါ။ ပညာရေးရဲ့ အဆင့်တိုင်းမှာကို သင့်တော်ကိုက်ညီတဲ့ပုံစံနဲ့ လေ့ကျင့်ပေးကြရတယ်။ မူလတန်းမှာကတည်းကကို ပြည်သူ့နီတိ ဘာသာရပ်ဟာ စတင်ပါတယ်။ ကလေးငယ်တွေကို ဆက်ဆံရေး၊ အပြောအဆို၊ အမူအယာ လေ့ကျင့်သင်ကြားပေးတာကနေ စတင်ရပါတယ်။” ဟုရှင်းပြ၏။
သင်တန်းကို စီစဉ်သူတစ်ဦးဖြစ်သူ အာကျန်ဆွန်မှ သူ၏ထိုင်းနိုင်ငံပညာရေး အတွေ့အကြုံတို့ကို ဝေမျှပေးသည်။ “ယဉ်ကျေးမှု၊ စာရိတ္တနဲ့ အုပ်ချုပ်ရေးကိုသိဖို့ရယ်၊ စီးပွားရေးအခြေခံကိုသိဖို့အတွက်ကို မူလတန်းကတည်းက သင်ရိုးညွှန်းတမ်းနဲ့ စနစ်တကျ တည်ဆောက် ထားတယ်။ ၄ နှစ်တကြိမ် သင်ရိုးညွှန်းတမ်းကို ပြောင်းတိုင်းလည်း မွမ်းမံတယ်။ ပြင်ဆင်ဖြည့်စွက်ကြတယ်။ စနစ်တွေကို လေ့လာခွင့်ရရှိတယ်။”
အိန်္ဒိယနိုင်ငံနှင့် အခြားသော ဒီမိုကရေစီတိုင်းပြည်များ၏ သင်ရိုးညွှန်းတမ်းတို့ကို လေ့လာထားသူ ဆရာကြီးဦး ဇော်မင်းမှ ၀င်ဆွေးနွေးပြန်သည်။
“ဒီမိုကရေစီတိုင်းပြည်တိုင်းမှာ တူညီတဲ့အချက်တစ်ခုရှိတယ်။ သူတို့ပညာရေးဟာ ဒီမိုကရေစီစနစ် ရှင်သန်နိုင်ဖို့ကို အဓိကထား ပြင်ဆင်ပေးတာပါ။ နိုးကြားတက်ကြွတဲ့နိုင်ငံသားဖြစ်လာဖို့ကို မျှော်လင့်ကြတယ်။ ဒါမှလည်း ရပ်ရွာအကျိုးကို တာဝန်ယူလိုစိတ်နဲ့ တက်တက်ကြွကြွ သယ်ပိုးကြမယ်လေ။ နောက်ပြီးတော့ အခွင့်အရေးကို သိနားလည်ပြီး ကိုယ်ချင်းစာတရားထားတတ်ဖို့ သင်ပေးကြတယ်။ အတန်းကြီးလာတဲ့အခါမှာတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ က မြန်မာပြည်မှာ သုံးခဲ့ဖူးတဲ့ ပြည်သူနီတိ (အထက်တန်းဆင့်) ဘာသာရပ်မှာပါတဲ့ အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးကြတာပေါ့။”
အတွေ့အကြုံရှိသူ ၀ါရင့်ဆရာဆရာမကြီး၏ ဖြတ်သန်းမှုကို လေ့လာခွင့်ရရှိသည်မှာ တန်ဖိုးမဖြတ်နိုင်ပါ။ သို့သော် နေ့လည်စာသုံးဆောင်ရန် အချိန်ကျလေပြီ။ နည်းပြဆရာမှ နှုတ်ဆက်ပြီးတန်းဖြုတ်သော်ငြားလည်း ဆွေးနွေးပွဲက မရပ်တန့်နိုင်သေး။ နေ့လည်စာ စားသုံးရင်း အုပ်စုငယ်များအလိုက် ဆက်လက်ဆွေးနွေးလို့ နေကြပြန်ပါသည်။
ပညာရေးသမားများ၏ ဤကဲ့သို့ ဆွေးနွေးပြောဆိုမှုများ၊ စုပေါင်းလေ့လာမှုများ၊ ပွင့်လင်းလွတ်လပ်သော စိတ်ထားများဖြင့် စုစည်း ညီညာမှုများမှတဆင့် မြန်မာ့ပညာရေးရှုခင်းမှ ပျောက်ကွယ်ခဲ့ရလေသော “ပြည်သူ့နီတိ၊ နိုင်ငံသားပညာရေး” ဘာသာရပ်ကြီးကို စာသင်ခန်းများအတွင်း ပြန်လည် အသက်သွင်းပေးနိုင်မည်ဟု ယုံကြည် မျှော်လင့်လျက်လည်း ရှိနေကြလေသည်။
သိန်းနိုင်
(မောက္ခပညာရေး မဂ္ဂဇင်းအမှတ် ၃ သြဂုတ်လ၊ ၂၀၁၀)
 

တတိယနိုင်ငံရောက်မြန်မာပြောင်းရွှေ့ခိုလှုံသူများ

မြန်မာပြောင်းရွှေ့ခိုလှုံသူ (Refugees) များနှင်ပတ်သက်၍ မောင်မိုးညှိမှစုဆောင်းတင်ပြပါသည်။
(၁) မှတ်တမ်းများအရ ပထမဦးဆုံးမြန်မာနိုင်ငံမှထွက်ပြေးတိမ်းရှောင်လာသူများထိုင်းနိုင်ငံ နယ်စပ်သို့ (1984) ခုနှစ်တွင်စတင်ရောက်ရှိလာသည့်ဟုသိရသည် မူလကရောက်ရှိခိုလှုံသူ (တသောင်းခန့်) မှစစ်အစိုးရ၏ အဆက်မပြတ်ထိုးစစ်ဆင်မှု ရွာများရှိတိုင်းရင်းသားများကိုမောင်းထုတ်မှုများကြောင့် (၁၉၉၄) ခုနှစ်တွင်မြန်မာ တိုင်းရင်းသားခိုလှုံသူ (ရှစ်သောင်း) အထိရှိလာသည်။ 
(၂) ထိုင်းမြန်မာနယ်စပ်ရှိထိုင်းနိုင်ငံဘက် ခရိုင်များဖြစ်သော ဇင်းမယ်၊ မယ်ဟောင်ဆောင်၊ တပ်၊ ကန်ချနားဘူရီ စခန်းကြီး (၁၁)ခုတွင်ခိုလှုံသူ (၁၄၆၀၀၀) ကျော်နှင့်မြန်မာနိုင်ငံဘက် (နေရင်းဒေသမှအဓမ္မပြောင်းရွှေ့ခြင်းခံရ သူ) စခန်းကြီး (၈)ခုတွင် (၂၀၀၀၀)ခန့်ရှိကြောင်းမတ်လ (၂၀၁၁) ထုတ် Thai Burma Border Consortium ခေါ် ဦးဆောင်အဖွဲ့ကြီးက ထုတ်ပြန်သောစာရင်းအရသိရသည်။
(၃) International organization of Migrant (IOM) ၏ဒီဇင်ဘာ (၂၀၁၁ ခန့်မှန်းချက်တွင်မြန်မာအစိုးရ၏အဓမ္မ ထိုးစစ်ဆင်မှုကြောင့် နေရင်းအရပ်ဒေသများမှ ပြောင်းရွှေ့ခိုလှုံရသူဦးရေဆယ်စုနှစ် (၃)ခုအတွင်း (၂၀၀၀၀၀၀) ခန့်ရှိမည်ဟုခန့်မှန်းသည်။လက်ရှိမြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ (၃၀ ပုံ ၁) ပုံမှာမိမိ၏နေရပ်ဒေသများမှ အတင်းအဓမ္မပြောင်းရွှေ့ခံကြရသည့်အတွက်မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ပြောင်းရွှေ့ခိုလှုံသောစုစုပေါင်း လူဦးရေတွင်ဦးရေအများဆုံးနိုင်ငံအဖြစ်ထိပ်ဆုံးနေရာတွင်နေရာယူနေပြီဖြစ်သည်။
(၄) (၂၀၀၆)ခုနှစ်မှစပြီး (၂၀၁၀) ကုန်အထိတတိယနိုင်ငံများတွင်ပြောင်းရွှေ့ခိုလှုံနေရာချထားပေးပြီးသူဦးရေ (၆၄၆၁၃)ဦးရှိသွားပြီဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတခုထဲတွင် (၄၈၉၈၉)ဦး နေရာချထားပြီးဖြစ်သည်။
(၅) အမေရိကန်အစိုးရ Health and Human Services ကိန်းဂဏန်းများအရ (၂၀၀၆) ခုနှစ်တွင်မြန်ာမာ ဒုက္ခသည် (၁၂၃၂) သာလက်ခံခဲ့သော်လည်း ပိုမိုအရှိန်မြင့်ထိုးစစ်ဆင်လာသောမြန်မာအစိုးရ၏ထိုးစစ်များကြောင့် မြန်မာ ဒုက္ခသည်လက်ခံမှုအနေအထားကိုပထမဦးစားပေးအဖြစ်သတ်မှန်ခဲ့သည်။ (၂၀၀၇)ခုနှစ်တွင် (၉၇၇၆)ဦး (၂၀၀၈)တွင် (၁၂၈၅၂)ဦးနှင့် (၂၀၀၉)ခုနှစ်တွင် (၁၁၂၇၈)ဦးရှိခဲ့သည် သို့အတွက်ကြော့င်ကမ္ဘာ့တ၀ှမ်းမှ အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိပြောင်းရွှေ့ခိုလှုံလာသူ ဒုက္ခသည်စုစုပေါင်းဦးရေ အသီးသီးတို့တွင် အီရတ်နိုင်ငံသားများ (၂၅%)ပြီးလျှင် မြန်မာပြောင်းရွှေ့ခိုလှုံသူ ဒုက္ခသည်ဦးရေသည် ဒုတိယအများဆုံး (၂၄%) ဖြစ်လာသည်။
(၆)   ပြည်နယ်အလိုက်လက်ခံနှိုင်မှု
တက္ကစက်ပြည်နယ်               (၁၇%)
နယူးယောက်ပြည်နယ်          (၉%)
အင်ဒီးယားနားပြည်နယ်        (၆%)
အာရီဇိုးနား၊ ဂျော်ဂျီယာနှင့် မြေက်ကာရိုလိုင်းနားပြည်နယ်    (၅%)စီ
ဝါရှင်တန်                           (၄%)
နယူးဂျာစီ၊ ဖလောရီဒါ၊ အီလီနွိုင်း၊ မီရှီဂင်နှင့် ကင်တာကီ      (၃%)စီ
ကာလီဖိုးနီးယားနှင့် ကျန်ပြည်နယ်အများစု                        (၂%)စီ
(၇) ဒုက္ခသည်ဟူသောဝေါ်ဟာရကို (ဒုက္ခသည်)ဟုမည်သူကမည်သည့်အချိန်ကအဓိပ္ပါယ်ပြန်ဆိုခဲ့ကြောင်း သာဓကမတွေ့ရသော်လည်းမှားယွင်းအဓိပ္ပါယ်ပြန်ဆိုမှုဟုဆိုရပေမည်။ အမှန်ကားသူတို့ တတွေသည်နိုင်ငံမဲ့ (Stateless people) နိုင်ငံသားများအဖြစ်အတင်းအဓမ္မသတ်မှတ်ခြင်းခံရသောမြန်မာနိုင်ငံသားများဖြစ်ပါသည် 
(၈) သူတို့တတွေအတွက်စာနာထောက်ထားမှုအပြည့်အ၀ဖြင့်ငွေကြေး၊ ပစ္စည်းများထောက်ပံ့ပေးကြသော   ပြန်ပရောက်မြန်မာလူမျိုးများ၏စိတ်ဓါတ်ကားချီးမွမ်းဖွယ်ရာပင် သူတို့တတွေအားလုံးအတွက်ပိုမို၍အရေး တကြီးလိုအပ်သောအချက်ကားမိမိ၏မိသားစုသဖွယ်ဂရုစိုက်မှုဟုခေါ်သော CARINA နှင့်ရင်းနှီးခင်မင်နား လည်မှု အပြည့်အ၀ရှိမှုဟုခေါ်ဆိုနိုင်သော Love တို့ပင်ဖြစ်ကြောင်းနိုးဆော်သိစေအပ်ပါသည်။
(၈) အမေရိကန်ပြည့်ထောင်စုနှင့် ကမ္ဘာတ၀ှမ်းတို့တွင်ရောက်လာမစဲကြသောပြောင်းရွှေ့ခိုလှုံလာသူမြန်မာ ဒုက္ခသည်များ၏စားဝတ်နေရေးအခြေချနေထိုင်ရေးတို့အတွက် နေ့စဉ်နှင့်အမျှကိုယ့်စွမ်းရှိသမျှကူညီဆောင် ရွက်ကြသော ပြည့်ပရောက်မြန်မာနိုင်ငံသားတိုင်းရင်းသားအားလုံးတို့အားယခုလာမည့်ဇွန်လ (၂၀)ရက်နေ့ တွင်ကျရောက်မည့် World Refugee Day အတွက်ဂုဏ်ပြုကြိုဆိုလျှက်။
Source: Mandalay Gazette, May-June 2011
 

Burma must start a true talk, not a ploy

Burma must start a true talk, not a ploy
By Zin Linn Jul 24, 2011 10:30PM UTC

Pro-democracy leader Aung San Suu Kyi will meet with Labour Minister Aung Kyi, the first rare meeting between the Nobel laureate and the new army-backed government, quoting an official Reuters News said on Sunday.
At the behest of namesake Burma civilian government, Burma’s Nobel laureate would meet on Monday with Labour Minister Aung Kyi, who stands for the ruling generals in earlier talks with the democracy icon.
However, the Burmese government has warned pro-democracy leader Aung San Suu Kyi and her National League for Democracy (NLD) to end “illegal activities”, including its agitation and opposition to the newly elected legislative body.
A letter signed by the Home Minister and send to Suu Kyi’s party in June said the NLD had been officially dissolved in September last year. Because, the NLD preferred to boycott election held in last November while Suu Kyi and two thousands political prisoners were in prison.
The 30 June state-owned newspaper raised the issue in a commentary under the caption of “Right to make choice still in the hand” by a ghost-writer.
In one paragraph, the commentary says, “From the point of law, NLD is defunct. The Union Election Commission issued Announcement (18/2010) dated 9-4-2010 reminding the 10 political parties that still met Article 25 of Political Parties Registration Law at that time that they could apply within 60 days for continued existence as political parties. However, only five of them did so. It is common knowledge that the five political parties did not include NLD.”
It also underscored that the NLD has been removed from the list of political parties and has been dissolved according to Announcement 97/2010 dated 14-9-2010 by the Union Election Commission.
The home minister’s letter also spotlighted that the government was deeply worried that if Aung San Suu Kyi makes political tours to rural parts of the country, there may be anarchy and unrest, as experienced by prior incidents in 2003.
It is not known whether the meeting will be a flexible gesture in stance by the latest government, which is led by members of the junta that controlled the country for decades. The ex-generals in this government were strongly opposed to Suu Kyi and her party, the National League for Democracy (NLD).
A government official, who asked not to be named, told Reuters the meeting would take place early Monday afternoon at a state guesthouse close to Suu Kyi’s residence. In his former part as liaison officer for the junta, Aung Kyi met Suu Kyi 10 times while she was under house arrest.
According to one NLD spokesman, the party has had no knowledge of the meeting, but welcomed the government’s move to engage with Aung San Suu Kyi.
In frequent media interviews, Suu Kyi expressed her aspiration to hold talk with the new government to press for some changes to help people of Burma. The government did not act in response.
Meanwhile, U.S. Secretary of State Hillary Clinton on Friday called on Thein Sein government to free political prisoners, address non-proliferation concerns and start a dialogue with pro-democracy leader Aung San Suu Kyi.  Clinton, speaking at a regional security forum of the Association of South East Asian Nations (ASEAN) in Bali, said Burma (Myanmar) was a major challenge to the regional group and would have to be addressed.
Aung Kyi is regarded as a moderate minister in military-dominated government, and this will be his first meeting with the democracy icon as labour minister in the new government.
Analysts say it is expected Burma’s rulers are aware of Suu Kyi’s influence on the international community and realize her involvement as a necessity to do away with Western sanctions since 1988.
Some analysts also concerns about the meeting on Monday as they have experienced in the past that the consecutive military regimes typically arrange such show to mislead the international community.  http://asiancorrespondent.com/60777/burma-must-start-a-true-talk-not-a-ploy/
 

ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားရေး

“ပညာရေးဆိုတာ ဧကရာဇ်ကြီးဖြစ်ဖို့၊ တရားသူကြီး  ဖြစ်ဖို့ မဟုတ်ပါ။ ပြည်သူပြည်သားကောင်း ဖြစ်အောင်လေ့ ကျင့်ပေးခြင်း” ပါတဲ့။
အတွေးအခေါ်ပညာရှင်ကြီး“ရူးဆိုး” (Rousseau) ရဲ့ ပညာရေးနဲ့ ဆိုင်တဲ့ အဆိုအမိန့်ပါ။ သူ့အဆိုဟာ ယနေ့အထိ မှန်ကန်နေဆဲပါ။ သူ့အဆိုကို ဘာထရန်ရပ်ဆဲလ်က“လူဆန်တဲ့ လူသားမွေးထုတ်ခြင်း” တဲ့။ ပညာရေးရဲ့ နောက်ဆုံးရလဒ်က ကောင်းမှု(ဓမ္မ)နဲ့ မကောင်းမှု(အဓမ္မ) တို့ကိုဝေဖန် ဆန်းစစ်နိုင်စွမ်းရှိပြီး အမှန်တရားကို သစ္စာခံတဲ့ ဘက်တော်သားဖြစ်လာကာ လောကကောင်းကျိုး စွမ်းစွမ်းတမံ သယ်ပိုးနိုင်သူ ဖြစ်လာခြင်းပါပဲ၊ အဲဒါမှ ပြည်သူ့သားကောင်း (good citizen)ပါ။
ပြည်သူ့နီတိ သင်ကြားရေး
ပြည်သူ့နီတိ သင်ကြားရေး
နိုင်ငံသားကောင်း၊ ပြည်သူ့သားကောင်း တစ်ယောက် ဖြစ်လာဖို့အတွက် ပြည်သူပြည်သားကောင်း တစ်ယောက် ရဲ့ အခွင့်အရေး၊ တာဝန်နဲ့ ၀တ္တရား၊ လေးစားလိုက်နာရမယ့် စည်းကမ်းတွေက ဘာတွေလဲ။ အဲဒါတွေ သိအောင်၊ ပြီးတော့လေးစားကာ လိုက်နာ ကျင့်သုံးအောင် ဘယ်လိုလုပ်မှာလဲ။ ပြည်သူပြည်သားကောင်းဆိုတာ တစ်ဦးတစ်ယောက်အတွက် မဟုတ်ပါ။ နိုင်ငံအတွင်းရှိ ဆူကြုံနိမ့်မြင့် နိုင်ငံသားအားလုံး အတွက်ပါ။ ပြည်သူပြည်သားကောင်း တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ နိုင်ငံကြီးသားစိတ်ထား အရည်အသွေးတွေပြည့်ဝမှ အဲဒီနိုင်ငံဟာ ငြိမ်းချမ်းမှု၊ သာာယာမှုနဲ့ ပြည့်စုံပြီး ဖွံ့ဖြိုးတိုးတက်မှုကို အင်နဲ့အားနဲ့ ဆောင်ရွက်နိုင်မှာ။ ပြည်သူလူထုကို နိုင်ငံသားကောင်းတွေ ဖြစ်လာအောင် အုံနဲ့ကျင်းနဲ့ အစုအဝေးနဲ့ လေ့ကျင့်ပေးနိုင်တဲ့လုပ်ငန်းက ပညာရေးပါပဲ။ ပညာရေးရဲ့ လုပ်ငန်းတွေ၊ မျှော်မှန်းချက်တွေကို ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နေတဲ့ နေရာတွေကတော့ ကျောင်းတွေပါ။ မူကြို၊ မူလတန်းမှသည် ကောလိပ် တက္ကသိုလ် အမျိုးမျိုးအထိပါ။ များသောအားဖြင့် လူတွေက ထင်ကြပါတယ်။ ကျောင်းဆိုတာ “သင်” တဲ့နေရာ၊ အထူးသဖြင့် “စာသင်” တဲ့နေရာ၊ တကယ်တမ်းမှာ ကျောင်းဆိုတာ လူသားတစ်ဦးချင်းကို လူကောင်းလူတော် ဖြစ်အောင် လေ့ကျင့်ပေး၊ ပြင်ပေးတဲ့နေရာတွေမို့ ကျနော်တို့ ဆရာကြီးတွေက “လူပြင်” တဲ့ နေရာပါတဲ့။ လူကိုပြင်တယ်ဆိုတာ ရုပ်ဝတ္ထုလို ရိုက်နှက်၊ ထုထက် တပ်ဆင်လိုက်လို့ ပြီးတဲ့နေရာ မဟုတ်ပါ။ အကြိမ်ကြိမ် အထပ်ထပ်လေ့ကျင့်ပေးမှ ရတဲ့အရာပါ။ ဘ၀ တစ်လျှောက်လုံး လေးစားလိုက်နာကာ အထုံပါရမီလိုစွဲပြီး ကျင့်သုံး သွားသည်ထိ လေ့ကျင့်ပေးတာပါ။
ပြည်သူပြည်သားကောင်းဆိုတာ မိမိလိုက်နာရမယ့် ကျင့်ဝတ်ကို သိနေရုံနဲ့ မပြီးပါ။ လေးစားလိုက်နာ ကျင့်ကြံမှု နဲ့ ပြည့်စုံမှဖြစ်မှာပါ။ ပြည်သူပြည်သားကောင်းတစ်ယောက်အနေနဲ့ လေးစားလိုက်နာ တန်ဘိုးထားကျင့်သုံးရ မယ့်အရာမို့ “ပြည်သူ့နီတိ”(Civics) လို့သုံးနှုန်းတာပါ။ ကမ္ဘာ့နိုင်ငံများမှ ပညာရေးပညာရှင်တွေလက်ခံထားတာ က ပြည်သူ့နီတိနဲ့ ကျောင်းဆိုတာ ရုပ်နဲ့နာမ် (Body and Soul) လိုပါပဲ။ ခွဲခြားလို့ရကောင်းတဲ့အရာမဟုတ်ပါတဲ့။ ဘာလို့လဲဆိုတော့ ကျောင်းဆိုတာ ကလေးတွေကို ထူးချွန်ထက်မြက်တဲ့ ပြည်သူပြည်သားကောင်းဖြစ်အောင် လေ့ကျင့်ပေးတဲ့နေရာ ဖြစ်လို့ပါပဲ။ ဒါကြောင့်ပြည်သူ့နီတိဟာ ကျောင်းမှာ မိသားစုမှာ ရပ်ကွက်၊ ကျေးရွာ၊ မြို့တွေမှာ ဘုရားကျောင်းမှာ၊ အလုပ်ခွင်အသီးသီးမှာ ၊ ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေမှာ၊ အားကစားအသင်း တွေ၊ မီဒီယာအမျိုးမျိုးတွေနဲ့ နောက်ဆုံးရွေးကောက်ပွဲတွေ၊ ရွေးကောက်ပွဲရဲ့စည်းရုံးရာမှာ မိမိရဲ့ကုန်ပစ္စည်း ကြော်ငြာအဆုံး ကျင့်သုံးလိုက်နာရမယ့် အရာပါ။ ပြည်သူ့နီတိဟာ တစ်ဦးချင်းမှသည် မိသားစု၊ မိသားစုမှသည် ကျောင်း၊ ရပ်ကွက်၊ အဖွဲ့အစည်းနှင့်နောက်ဆုံး မိမိနိုင်ငံနဲ့ ကမ္ဘာ့ရွာကြီးအဆင့်ထိ ကျင့်သုံးရမယ့် အသိနဲ့ အကျင့်ပါ။
ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းတွေမှာ ဆရာကြီးဦးအုန်းမောင်ရေးသားတဲ့ “ပြည်သူ့နီတိ” ကို မူလတန်းမှ အလယ်တန်းအထိ သင်ကြားခဲ့ရပါတယ်။ နံနက်ကျောင်းစတက်တဲ့အချိန်မှာ သင်ရတာပါ။ မူလတန်းမှာ “ပြည်သူ့နီတိ” (Civics) သက်သက်နဲ့ အလယ်တန်းမှာ “ပြည်သူ့နီတိနှင့်ကျန်းမာခြင်း” (Civics and hygiene) ဆိုပြီး သင်ကြားရပါတယ်။
ဆရာကြီးရေးတဲ့ မူလတန်း ပြည်သူ့နီတိအထဲမှာ ပေါင်းသင်းရေးနှင့် ပညာရေး၊ စည်းကမ်းသေ၀ပ်ရေး၊ မကောင်းမှုကို မပြုသင့်ကြောင်း၊ အချိန်မှန်ခြင်း၊ လမ်း၌ယဉ်ကျေးမှု၊ ကိုယ်ချင်းစာ၊ ၀တ္တရားရှိသူ၊ ယဉ်ကျေးမှု၊ မိဘစကား နာယူအပ်ခြင်း၊ တိရစ္ဆာန်များကို သနားခြင်း၊ ကျောင်းသမပါယမ၊ သက်ကြီးပူဇော်ပွဲ၊ ငယ်စဉ်က ပညာသင်အပ်ခြင်း၊ ကျောင်းတာဝန်ခွဲဝေမှု၊ ထမ်းဆောင်ခြင်း၊ ကျေးရွာတာဝန်ခွဲဝေထမ်းဆောင်ရေး၊ ခန္ဓာကိုယ် သန့်ရှင်ရေး၊ အ၀တ်သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး၊ ယဉ်ကျေးမှုနှင့် သန့်ရှင်းရေး”…..စသည်ဖြင့် သင်ကြားခဲ့ရပါတယ်။
ထို့အတူ အလယ်တန်း ပြည်သူ့နီတိမှာတော့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမပိုင်းမှာ “အုပ်ချုပ်ရေး အခန်း”၊ ဒုတိယအပိုင်းမှာ “ကျန်းမာခြင်းပညာ”ဖြစ်ပါတယ်။ ပထမပိုင်းတွင် “ပြည်သူ့အခွင့်အရေးနှင့် ပြည်သူ့ ၀တ္တရား၊ ကျေးရွာသားနှင့် သူကြီးဝတ္တရား၊ ဆယ်အိမ်ခေါင်း၊ ရွာခေါင်း၊ ကျေးရွာကော်မတီ၊ မြို့ပြအုပ်ချုပ်ရေး၊ မြူနီစီပယ်၊ မြို့ကော်မတီ ပေါင်းသင်းဆက်ဆံရေးလုပ်ငန်းများ ဖြေဖျော်မှု၊ ပျော်ပွဲရွှင်ပွဲများ၊ ပညာရှာမှီရာဌာနများ စသည်တို့ရှိပါသည်။ ကျန်းမာခြင်းအပိုင်းမှာ “အဆောက်အဦး သန့်ရှင်းရေး၊ သွားကိုဂရုစိုက်ရန်၊ ကွမ်းစားခြင်း အပြစ်များ အိပ်စက်အနားယူခြင်း၊ မီးဖိုဆောင်၊ လမ်းဘေးဆေးဆိုင်၊ ကာလ၀မ်းရောဂါ၊ လေအကြောင်း၊ ပလိပ်ရောဂါ၊”စသည်တို့ပါ။ တော်သလောက် ကောင်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်သော ပြည်သူပြည် သားကောင်း တစ်ယောက်ပေါ်ထွန်း လာရေးပါ။ ကျွန်တော်တို့ကျောင်းတွေမှာ ပြည်သူ့နီတိဘာသာရပ်နှင့်ဝေးခဲ့ တာကြာပါပြီ။
နိုင်ငံတကာမှာ ပြည်သူ့နီတိကို ကျောင်းတွေမှာ သင်ကြားပေးတဲ့ရည်ရွယ်ချက်ကတော့ အဲဒီနိုင်ငံရဲ့ အနာဂတ်မှာ နိုင်ငံကြီးသားတွေ ပေါ်ထွန်းလာစေဖို့ပါ။ နိုင်ငံကြီးသားစိတ်ထား ကြွယ်ဝသူတွေအနေနဲ့ ပိုင်ဆိုင် ရမယ့်အရာတွေကတော့ -
(က) အသိတရားမြင့်မားစေခြင်း
၁။ စာရိတ္တ၏ တန်ဖိုး (ဥပမာ ရိုးသားမှု၊ လေးစားမှု၊ တာဝန်သိမှု၊ အကျင့်စာရိတ္တခိုင်မြဲမှု) ကိုသိရှိခြင်း
၂။ မိသားစုစိတ်ဓါတ် မြင့်မားမှုတန်ဖိုး (မိသားစုအချင်းချင်း မြတ်နိုးခြင်း၊ ဂရုစိုက်ခြင်း၊ မိသားစု၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားခြင်း) ကို နားလည်ခြင်း။
၃။ အဖွဲ့အစည်းစိတ်ဓါတ် (အတန်းတွင်း၊ ကျောင်းတွင်း၊ ရပ်ကွက်တွင်း ပူးပေါင်းလုပ်ဆောင်မှု၏ တန်ဖိုးကိုသိရှိ လာခြင်း) ကိုသဘောပေါက်ခြင်း။
၎။ မိမိပတ်ဝန်းကျင်၏ လေးစားတန်ဖိုးထားခြင်းကို သိရှိလာခြင်း (အတန်း၊ ကျောင်း၊ ရပ်ရွာ ဂုဏ်တက်အောင် ပြုမှုဆောင်ရွက်လိုစိတ်)
၅။ ရိုးရာဓလေ့ ယဉ်ကျေးမှုကို လေးစားရမည်ဟူသော အသိရှိလာခြင်း။
၆။ အမျိုးသားစံနှုန်းနှင့် နိုင်ငံသားကောင်း တစ်ယောက်၏ အရည်အသွေများကို သိရှိလာခြင်း။
(ခ) မြင့်မားသည့် စိတ်သဘောထား ရှိခြင်း
၁။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိစွာဖြင့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း။
၂။ တာဝန်သိ၍ တာဝန်ယူဆောင်ရွက်လိုစိတ် ရှီခြင်း။
၃။ အခက်အခဲကို နောက်မဆုတ်ဘဲ ရင်ဆိုင်ကျော်လွှားနိုင်ခြင်း။
၎။ သူတစ်ပါးအား ရိုင်းပင်းကူညီလိုစိတ် ပြည့်ဝခြင်း။
၅။ အသက်၊ ၀ါ၊ ပညာ၊ ဂုဏ်ကြီးသူကို ရိုသေလေးစားသည့် အလေ့အထရှိခြင်း။
၆။ လူအချင်းချင်း ဘ၀နောက်ခံမတူမှုနှင့် စရိုက်ကွဲပြားမှုများကို အသိအမှတ်ပြုခြင်း။
၇။ သူတစ်ပါးအောင်မြင်အောင် ကူညီစွမ်းဆောင်ပေးလိုခြင်း။
၈။ ကွဲပြားသောလူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို လေးစားတန်ဖိုးထားခြင်း။
၉။ ရပ်ရွာအကျိုး၊ လူထုအကျိုး၊ အဖွဲ့အစည်းကောင်းကျိုး သယ်ပိုးလိုစိတ် ပြင်းထန်ခြင်း။
၁၀။ လူမျိုးနဲ့ တိုင်းပြည်ကိုချစ်ပြီး ပြည်သူ့နီတိ ပြည့်ဝ၍ တာဝန်သိသော နိုင်ငံကြီးသား၏ အပြုအမူ အလေ့ အကျင့်ဖြင့် နေထိုင်ခြင်းတို့ ဖြစ်ပါသည်။
အထက်ပါအချက်အာလုံးကို ခြုံလိုက်လျှင် ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားရခြင်းရဲ့ နောက်ဆုံးရလဒ်က တော့
(က) နိုင်ငံသူနိုင်ငံသားကောင်း (Good citizen) (ခ) လူတော်လူကောင်း (Good person) (ဂ) ဒီမိုကရေစီ အကျင့်ကို လေးစားတန်ဖိုးထားသူ (သို့) ဒီမိုကရေစီဝါဒီကောင်း (Good democrat) တွေ ပေါ်ထွန်းလာခြင်းတို့ ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းကထွက်သွားတဲ့ လူငယ်တစ်ယောက်ကို လေ့ကျင့်ပေးလိုက်တဲ့ အရာအား လုံးအနက် ရင်ထဲ၊ ဦးနှောက်ထဲ စွဲကျန်ရစ်မယ့် အဓိကအရာကတော့ ပြည်သူ့နီတိပါပဲ။ ဆိုလိုတာက အဲဒီလူငယ် ဟာ ပြည်သူ့နီတိကို လေးစားလိုက်နာ ကျင့်သုံးသူ (Civic-minded person) ဖြစ်သွားဖို့ပါ။ ကမ္ဘာတစ်ဝန်းက လူ့အဖွဲ့အစည်းအားလုံးရဲ့ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှုကို အဲဒီလိုလူတွေကသာ ဆောင်ရွက်ကြမှာမို့ပါ။
ကျွန်တော်တို့ရဲ့ နိုင်ငံတော်က ချီတက်သွားနေတဲ့ လမ်ကြောင်းက ဒီမိုကရေစီလမ်းကြောင်းပါ။ ဒီမိုက ရေစီဟာ နိုင်ငံကြီးသား စိတ်ထားကြွယ်ဝတဲ့ ပြည်သူပြည်သားကောင်းတွေနဲ့မှ အောင်အောင်မြင်မြင်ကျင့်သုံးနိုင် မှာ။ ဒါ့ကြောင့် နိုင်ငံတကာ ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားပေးတာဟာ “ဒီမိုကရေစီအလေ့အကျင့်ရ အောင် လေ့ကျင့်ပေးတာပါပဲ၊ ထို့အတူ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေက ကျောင်းတွေမှာ ပြည်သူ့နီတိသင် ကြားပေးတာဟာ“နိုင်ငံရေးကောင်းဖို့” ပါတဲ့။ ပြည်သူ့နီတိ ကုံလုံတဲ့ နိုင်ငံသာတွေပေါပါမှ ဒီမိုကရေစီရဲ့“စံ” ၊ အနှစ်သာရကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်လို့ပါ။
ကလေးငယ်တွေဟာ ပြည်သူ့နီတိသင်ကြားပေးမှုကင်းမဲ့ခဲ့ရင် ကြီးနိုင်ငယ်ညှဉ်းနဲ့ အတ္တစိတ်ထားကြီးသူ၊ စာနာစိတ်မဲ့သူ၊ စည်းကမ်းမလေးစားသူ၊ တာဝန်မသိတတ် သူတွေအဖြစ် ကြီးပြင်းလာမှာပါ။ အဲဒီစိတ်ထားဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ မရှိအပ်တဲ့ စိတ်ထားနဲ့ အကျင့်ပါ။ အဲဒီသူတွေလက်ထဲ ဒီမိုကရေစီ ရောက်သွားလို့ ကတော့ ၀ရုန်းသုန်းကား ဒီမိုကရေစီပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ မျှော်မှန်းတာက “စံပြည့် ဒီမိုကရေစီ လူ့ဘောင်”ပါ။
အဲဒီလိုဖြစ်ဖို့ကတော့ ပြည်သူပြည်သားကောင်း၊ လူတော်၊ လူကောင်းနဲ့ ဒီမိုကရေစီ ၀ါဒီကောင်း တွေ လေ့ကျင့်ပေးနိုင်စွမ်း ရှိတဲ့ “ပြည်သူ့နီတိ” ဘာသာရပ်ကိုကျောင်းတွေမှာ (အထူးသဖြင့် မူလတန်းနဲ့ အလယ်တန်းကျောင်းအဆင့်) မဖြစ်မနေ သင်ကြားပေးဖို့ လိုတဲ့အချိန်ပါ။ ဒါမှမြန်မာတို့ရဲ့ “စံပြည့် ဒီမိုကရေစီ နိုင်ငံဆီသို့ ချီတက်ပွဲ” မှာ ဆူးညှောင့် ခလုပ် ကန်သင်း ကင်းကင်းနဲ့ အေးချမ်းသာယာစွာ ချီတက်နိုင်မှာပါ။
ဒေါက်တာမောင်သင်း
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၄၅
၂-ဇွန်-၂၀၁၁
http://www.maukkha.org မှကူးယူဖေါ်ပြသည်။
 

မြန်မာနိုင်ငံအမျိုးသမီးများနိုင်ငံရေးပါဝင်မှုကခန်းကဏ္ဍ

မြန်မာနိုင်ငံအမျိုးသမီးများနှင့်နိုင်ငံရေးပါဝင်မှုအခန်းကဏ္ဍ

မြန်မာနိုင်ငံရဲ့ခေတ်သမိုင်းအဆက်ဆက်ကိုပြန်လည်သုံးသတ်ပြီးအမျိုးသမီးများရဲ့စွမ်းဆောင်နိုင်မှုတို့အပေါ်လေ့လာခြင်းအားဖြင့် တသွယ် ခေတ်အခါအခြေအနေနှင့် နိုင်ငံရေးသမိုင်းကြောင်းတို့အပေါ်ထောက်ရှုခြင်း အားဖြင့်တဖုံလေ့လာခြင်းအားဖြင့်သာမြန်မာနိုင်ငံအမျိုးသမီးများရဲ့နိုင်ငံရေးမှာပါဝင်မှုအခြေအနေအထားအမှန်ကိုသိရှိနိုင်ပါသည်၊ လွန်ခဲ့ပြီးတဲ့နှစ်ပေါင်းတရာကျော်လောက်ကဖွံ့ဖြိုးခေတ်မှီပါတယ်ဆိုတဲ့နိုင်ငံကြီးများမှာ တောင်အမျိုးသမီးတွေမဲပေးခွင့်မရကြပါဘူး၊ အကြောင်းကအမျိုးသမီးထုကိုလူအဆင့်ထက်အနိမ့်ဆင့်မှာထားတဲ့အတွေးအခေါ်သတ်မှတ်ချက်တွေကိုကြာရှည်ကျင့်သုံးရာကကြာ လာတော့လောကနိယမအမှန်အဖြစ်လက်ခံသတ်မှတ် ကျင့်သုံးခဲ့ကြလို့ဖြစ်ပါသည်၊ လူမှုအဖွဲ့အစည်းများရဲ့အချို့ဓလေ့ထုံး တမ်းအတွေနှင့်ဘာသာ အယူ ၀ါဒတွေ အရ လည်း အမျိုးသားနှင့်အမျိုးသမီးတို့အကြား တန်းတူတဲ့အခွင့်အရေး ရပိုင်ခွင့်တွေမ ရှိဘဲ အမျိုး သမီးထုရဲ့ ဘ၀ များ ကို ကျားနှင့်မကြားအဆင့်အတန်းကွာ ဟမှုတွေရှိနေခဲ့ကြတာ ဖိုဝါဒ တွေကြီး စိုးခဲ့ တဲ့ကလလျှောက်လို့ဆို လျှင်မည်သူတဦးတယောက်ကမျှငြင်းလိမ့်မည်မဟုတ်ပါ၊ လွန်ခဲ့ သည့်နှစ်ပေါင်း တရာကျော်အချိန်က တ ကမ္ဘာ လုံးမှာ အမျိုးသမီးတို့ရဲ့အစွမ်း အစနှင့်အရည်အချင်းကို ထုတ် ဖေါ်ပြ သခွင့် အခြေအနေအလွန်ရှားပါးခဲ့ပါတယ၊် ထိုစဉ်အချိန်က၊မြန်မာနိုင်ငံကအမျိုးသမီးများရဲ့လူနေမှုဘ၀အဆင့်အတန်း အခြေအနေကလည်းတခြားနိုင်ငံကအမျိုးသမီးများနှင့်သိပ်ကွာခြားမှုတွေမရှိခဲ့ပါ၊ရှေးယခင်ကမြန်မာနိုင်ငံအမျိုး သမီးများပညာသင်ကြားခွင့်အခြေအနေကသိပ်များများမရှိခဲ့ပါဘူး။နိုင်ငံရေးမတည်ငြိမ်မှုများကြားတွင်မျိုးချစ် စိတ်၊နိုင်ငံချစ်စိတ်တို့ဖြင့်ကိုလိုစနစ်နှင့်ဖက်ဆစ်စနစ်ဆန့်ကျင်တော်လှန်ရေးတို့တွင်အမျိုးသမီးများအစွမ်း ကုန်ကြိုးပန်းလှုပ်ရှားဆောင်ရွက်ခဲ့သည်။သက်စွန့်ဆြံဖားနိုင်ငံရေးလှုပ်ရှားမှုများထဲမှာအမျိုးသမီးးများပါဝင် ခဲ့ကြပေမဲ့လည်း၊အမျိုးသမီးတို့ရဲ့ဆန္ဒသဘောထားတွေစီမံကွတ်ကဲဆုံးဖြတ်ချက်ချသည့်နေရာမျိုးတွင်အမျိုး သမီးများအတွက်အခွင့်အလန်းရရှိမှုအလွန်နည်းပါးခဲ့ပါသည်။နိုင်ငံရေးအခြေအနေမကောင်းတဲ့အချိန်အခါတိုင်း အမျိုးသမီးများအဖို့လိုအပ်သည့်ကွက်လပ်ကိုဖြည့်နိုင်စွမ်းအပြည့်ဖြည့်စည်းခဲ့ကြပေမဲ့ခေတ်အခါတည်ငြိမ်ချိန် တွင်အမျိုးသမီးတို့ရဲ့အစွမ်းအစကိုအသိအမှတ်ပြုကာနိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်ပါဝင်မှုအတွက်စဉ်စားမှုအလွန် အားနည်းခဲ့ပါသည်။(၁၈)ရာစုတွင်မြန်မာတို့ထီးနန်းပျောက်ခဲ့ရသည်ဗြိတိသျှ ကိုလိုနီအစိုးရကမြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံကိုပေါင်းကာနှစ်ပေါင်းတရာကျော်အုပ်ချုပ်ခံခဲ့ရသည်၊ (၁)ဗြိတိသျှကိုလိုနီခေတ်မြန်မာနိုင်ငံအမျိုးသမီးများရဲ့ဘ၀အခြေအနေများနှင့်နိုင်ငံရေးပါဝင်မှု (၂)ဂျပန်ဖက်ဆစ်ဆန့်ကျင်တော်လှန်ရေးနှင့်အမျိုးသမီးများပါဝင်မှုအနေအထား (၃)မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်အမျိုးသမီးများ၏နိုင်ငံရေးပါဝင်မှုအခြေအနေနှင့်  (၄)(၁၉၆၂)မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးချိန်မှယနေ့တိုင်အမျိုးသမီးများရဲ့ နိုင်ငံရေးတွင်ပါဝင်ခွင့်အနေအထားများကိုတင်ပြပါမည်၊

(၁) ဗြိတိသျှကိုလိုနီခေတ်မြန်မာနိုင်ငံအမျိုးသမီးများရဲ့ဘ၀အခြေအနေများနှင့်နိုင်ငံရေးပါဝင်မှု 


(၁၉၁၉)ခုနှစ်တွင်မြန်မာအမျိုးသမီးတို့ရဲ့အခွင့်အရေးအတွက်အစဦးဆုံးရန်ကုန်မြို့တွင်မြန်မာမိန်းမများအသင်းကိုတည်ထောင်ခဲ့ သည်။အသင်းဥက္ကဌအဖြစ်ဒေါ်ဒေါ်စုကဆောင်ရွက်ခဲ့သည်။ ၁၉၂၀ခုနှစ်သပိတ် မှောက် ကျောင်း သားများစားသောက်စရိတ် အဖြစ် သပိတ်မှောက်ကျောင်း(၇)ကျောင်း ကိုထောက်ပံ့ ပေးခဲ့ သည်။ ရထားခနှုံးလျှော့ချရေး၊ အမျိုးသမီးအသင်းသူများသည် ဘားမားဒေးဈေးရောင်းပွဲများတွင်ဈေးရောင်း၍ ရန်ပုံငွေရှာကြသည်၊တစနှင့်တစ၀ံသာနုအမျိုးသမီးများဖြစ်သည့်ဒေါ်ကြင်အိမ်က (၁၉၁၉)ခုနှစ်တွင်ဒါနသုခ   အမျိုးသမီးများအသင်းတွင်ဥက္ကဌအဖြစ်တာဝန်ယူခဲ့သည်။ ကလျာဏယုဝတီအသင်းတွင်လည်းပထမဦးဆုံးဥက္ကဌဖြစ်ခဲ့သည်။မျိုးချစ်စာရင်းဝင်အမျိုးသမီးများကပင်နီနှင့်ယောထဘီကိုဝတ်ပြီး။ လိပ်ခွန်ဘီးများကိုအင်္ဂလိပ်မုန်းသည့်အနေဖြင့်ချိုးပစ်မီးရှို့ပစ်ကြသည်။ နိုင်ငံရေးအမျိုးသမီးကြီးဒေါ်ကြင်မြိုင်က(ကုန်းလိပ်ကန်လိပ် အင်္ဂလိပ်ဘယ်လိပ်နဲ့မှမဆက်ဆံဘူး)ဟု ကြွေးကျော်ခဲ့ကြသည်၊အခွန်တော်မပေးဆောင်ရေးမြန်အမျိုးသားဝန်ကြီးဘုရင်ခံများကို အင်္ဂလိပ်အစိုးရ အလိုတော်ရိမဖြစ်စေရန်ဟောပွဲများကာတွန်းရုပ်ပြောင်များဖြင့်ထိုးနှက်ကြသည်။ ကိုလိုနီအစိုးရကိုထောင်မကြောက်တန်းမကြောက်ဆန့်ကျင်ကန့်ကွက်မှုအမျိုးမျိုးပြုပြီးတယောက်ကိုဖမ်း လျှင်အများကလိုက်ကန့် ကွက်ကြကာထောင်ထဲဝင်ရမှာမကြောက်ကြပေ၊သခင်မကြီးဒေါ်ဆယ်ဦးဆောင်သည့်သခင်မအမျိုးသမီးများကလည်း(၁၃၀၀)ပြည့်   ရေနံမြေသပိတ်အရေးတော်ပုံတွင်သပိတ်တားများအဖြစ် ဆောင်ရွက်ခဲ့ကြသည်၊(သခင်မ )မသန်း၊ မမြခင်၊ မဂျမ်း၊ မညို၊ မပု၊ မထွေး၊ မစောစော၊ မစိန်ခင် မသိန်းနွဲ့၊မငွေခင်၊မစု၊မချစ်၊စသည်တို့ထောင်နန်းစံသခင်မများရဲ့ ဆန့်ကျင်ဟန့်တားမှုတို့ကထိရောက်ပါပေသည်။၁၉၂၉ခုနှစ်တွင်မြန်မာနိုင်ငံဥပဒေပြုကောင်စီတွင်အမျိုးသမီးများအမတ်ရွေးနိုင်ခွင့် ရရှိလာသည့်အခါ ဒေါ်နှင်းမြ(မော်လမြိုင်)ကတွဲရေးအမတ်လောင်းအဖြစ်အရွေးခံရသည်(၉၁)ဌာနအုပ်ချုပ်ရေးတွင်မဲပေးနိုင်သူ အမျိုးသမီး(၆)သိန်းအနက်(၉)ဦးသာမဲပေးပိုင်ခွင့်ရှိခဲ့သည်၊အသက်(၁၈)နှစ်ပြည့်သောအမျိုးသမီးတိုင်းမဲပေး ပိုင်ခွင့်ရရန်နှင့်မြန်မာအမျိုးသမီးတို့လူမျိုးခြားနှင့်လက်ထပ်ပါကအမွေဆက်ခံခွင့်ရရှိစေရေးစသည့်ဥပဒေတို့ကိုအဆိုတင်သွင်းခဲ့သည် (၁၉၄၇)ခုနှစ်တွင်ပြည်လုံးကျွတ်ဖဆပလအဖွဲံ့ချုပ်ညီလာခံမှအဖွဲ့ချုပ်အမှုဆောင်အဖြစ် ဒေါ်ခင်လှရွေးချယ်ခံရသည်။
 (၂)ဖက်ဆစ်ဂျပန်တော်လှန်ရေးနျင့်အမျိုးသမီးများပါဝင်မှု 
(၁၉၄၄)ခုနှစ်တွင်ဖက်ဆစ်ဂျပန်တို့မြန်မာပြည်သူတို့အားရက်စက်ကြမ်းကြုတ်မှုသည်အလွန်ဆိုးဝါးစွာခံစားခဲ့ရသည်ဂျပန်များ ရန်ကြောင့်သခင်မျိုးချစ်ပုဂ္ဂိုလ်ကြီးများပုန်းလျှိုးနေခဲ့အခါများတွင်သခင်မများဖြစ်ကြသည့်ဒေါ်ခင်လှ ဒေါ်ဆယ် ဒေါ်ကြာဇံ ဒေါ်မညွန့် စသည့်အမျိုးသမီးများကလည်း စားရေရိက္ခာသယ် ဆောင်ပေးခြင်း ဆက်သားအဖြစ်ဗမာ့တပ်မတော်နှင့် ဆက်သွယ်ပေးခြင်း အာရှလူငယ်များနှင့်လည်းဆက်စပ်ကာလှိုဝှက်သွေး စည်းရေးလုပ်ငန်းများဆောင်ကြသည်၊အမျိုးသမီးများက နည်းပရိယာယ်များ သုံးကာ ဂျပန်စစ်သားများကို ဖျောက်ဖျက်ပစ်ခဲ့သည်၊လက်နက်များကိုလျှိုဝှက်သယ်ဆောင်ခြင်းရန်ပုံငွေအတွက် စည်းရုံး လှုပ်ဆော်ပေးသည့် လုပ် ငန်း များလည်း ဆောင်ရွက်ခဲ့ကြ သည်၊ဒေါ်ကြာဇံသည် ရခိုင်အမျိုးသမီးစစ် တွေမြို့သူဖြစ်ပါ သည်။ ဖက်စစ်တော်လှန်ရေးအ တွက်လက်နက်စုဆောင်း ရေးလုပ်ငန်းများကိုဖခင် နှင့်အမျိုးသမီး တို့အတူ စွန့်စွန့်စားစားဆောင်ရွက် ခဲ့ကြသည်။ 
(၃) လွတ်လပ်ရေးရပြီးနောက်မြန်မာအမျိုးသမီးများနိုင်ငံရေးပါဝင်မှု      
မြန်မာနိုင်ငံ၏(၁၉၄၇)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးတွင်လည်းအမျိုးသမီးများရဲ့ဆန္ဒသဘောထားပါဝင်စေမှုအပေါ် အလေးထားမှုအားနည်းခဲ့သည်။မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်တိုင်းရင်းသားများညီညွတ် ရေးကိုအလေးထားနေရမှုအပိုင်းကို ဦးစားပေးခဲ့ရ၍ဆိုလျင်လည်းအမှန်အဖြစ်ကအနစ်နာခံစရာရှိလျှင်အနစ် နာခံကာနိုင်ငံရေးမှာပါဝင်ခဲ့ကြပြီး၊တိုင်းပြည်ပြန်လည်ထူထောင်ရေးအချိန်အခါတွင်အသိအမှတ်ပြုမခံ၇တာကတော့အမှန်လိုဖြစ်ခဲ့ရ ပါသည်။  ဒေါ်စောရွှေသည်လူမျိုးစုလွှတ်တော်တွင်(၁၉၄၂မှ၁၉၅၆အထိ၎င်း(၁၉၅၆မှ၁၉၆၀)ရမည်းသင်းတောင်ပိုင်းအ မတ်အဖြစ်အရွေးခံရသည်။(၁၉၄၆)ခုနှစ်တွင်မြန်မာမူဆလင်ကွန်ကရက်၏ဥက္ကဌဖြစ်ခဲ့ပြီးမြန်မာမူဆလင်များကိုမြန်မာဟုအသိ အမှတ်ပြုလာစေရန်ကြိုးပန်းခဲ့သည်။(၁၉၄၆-၁၉၆၀)ခုနှစ်များတွင်မြန်မာနိုင်ငံလုံးဆိုင်ရာအ မျိုးသမီးးအသင်းဥက္ကအဖြစ်၎င်းအသင်းအဖွဲ့များစွာတွင်တက်တက်ကြွကြွပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည် ၁၉၄၇-ခုနှစ်ဇူလိုင် (၁၉) ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံခံရပြီးနော် ဗိုလ်ချုပ်၏မဲဆန္ဒနေရာတွင် (၁၉၄၇-၁၉၅၂) ၄င်း ၏ဇနီးခေါ်ခင်ကြည်ကရွေးချယ်တင်မြောက်ခံခဲ့ရသည်နောက်ပိုင်းနိုင်ငံရပ်ခြားတွင်သံအမတ်တာဝန်ပေးအပ်ခါနိုင်ငံရေးမှအဝေးနေရာ သို့ပို့ထားခဲ့သည် မစ္စစ်ဘမောင်ချိန်းဆိုးသည့်ကရင်ကျောင်းဆရာမကြီးက (၁၉၅၂)ခုနှစ်တွင်ဟံသာဝတီခရိုင်မင်းတိုင်ပင်အောက် လွှတ်တော်အမတ်ဖြစ်လာသည်။ ပြည်နယ်များဖွဲ့သည့်အခါပြည်နယ်ဝန်ကြီးအဖြစ်ရွေးချယ်ခံရသည်။ ဒေါ်ခင်ချစ်၊ ဒေါ်နှင်းလှ ဒေါ်စိန် ပုတို့ကလည်းနိုင်ငံရေးလုပ်ငန်းစဉ်းများတွင်ဦးဆောင်ရွက်ပြုကာလှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။
(၄) ၁၉၆၂ ခုနှစ်စစ်အာဏာသိမ်းပြီးချိန်မှ ၂၀၁၁ ခုနှစ်အတွင်းအမျိုးသမီးများနိုင်ငံရေးပါဝင်မှု ၁၉၆၂ခုနှစ်မြန်မာနိုင်ငံစစ်အာဏာသိမ်းသည့်အခါမှစမြန်မာပြည်သူများဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ ဆိတ်သုန်းပျောက်ကွယ် ခဲ့သည်။နိုင်ငံရေးနိုကြားတက်ကြွသူများကိုအကြောင်းမျိုးမျိုးပြ၊စစ်အာဏာရှင်အကာ အကွယ်ပေးဥပဒေများထုတ်ကာ ဖမ်းဆီး  ထောင်ချ ရက်စက်ကြမ်းကြုတ်သည့်လူမဆန်သည့်အပြုအမူများ ကျင့်သုံးပြီးအုပ်ချုပ်ခဲ့သည်။ထို့ကြောင့်မိဘများက သားသမီးများနိုင်ငံရေးကိုစိတ်ပါဝင်စားမှာစိုးရိမ်စွာဖြင့်တား မြှင့်ကြသည်။အမျိုးသမီးများအဖို့မိဘများရဲ့စိတ်ချမ်းသာမှုကို မထိခိုက်စေချင်သည်ကတဘက်စစ်ဗျူဟာသွတ်သွင်းခံရမှုကြောင့်အလိုအလျောက်အမျိုးသမီးများကိုနိုင်ငံရေးမှဖယ်ကျဉ်ခြင်း အနေအထားရောက်ခဲ့တာနှစ် ပေါင်းငါးဆယ်ပြည့်တော့မည်ဖြစ်ပါသည်။ ၁၉၇၄ခုနှစ်တွင်ဖွဲ့စည်းပုံတခုပေါ်လာခဲ့သော်လည်း အမျိုး သမီးများဆန္ဒသဘောထားများပါဝင်စေရန် အမျိုးသမီးများကိုကိုယ်စားပြုသည့်ကိုယ်စားလှယ်များပါဝင်ရေးဆွဲခဲ့ရခြင်းမရှိသလို အမျိုးသမီးများအခွင့်အရေးကိုအလေးထားမှုမပါဘဲ၊ရေဘုယျခြုံငုံသည့်အချက်များသာတွေ့ရသည်။စစ်အာဏရှင်များကိုဆန့် ကျင်ကန့်ကွက်မှုပြုသူများထဲတွင်ကျောင်သားများထိပ်ဆုံးမှပါဝင်ခဲ့ကြသည်ထိုအထဲတွင်အမျိုးသမီးကျောင်းသူများ ပါဝင်သလို ။နိုင်ငံရေးစိတ်ဝင်စားသည့်အမျိုးသမီးများစွာရှိပါသည်။၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ် ပေါက်လာရေးတွင်အမျိုးသမီးတို့ ဆန္ဒသဘောထားများနှင့်စွမ်းဆောင်နိုင်သောအမျိုးသမီးများပါဝင်ခွင့်မရခဲ့သလိုစစ်အာရှင်များကိုအကာအကွယ်ပေးသည့်အချက်များ ကိုအဓိကထားရေးဆွဲခဲ့သည်။လူဦးရေထက်ဝက်ကျော်ရှိသောအမျိုးသမီးများအရေးအတွက်အမျိုးသမီးများကိုယ်တိုင်ထိထိ   ရောက်ရောက်မဆောင်ရွက်နိုင် သရွေ့အမျိုးသမီးအခွင့်အရေးတွေနဲ့အလှမ်းဝေးနေဦးမှာဖြစ်ပါသည်။ (၂၀၁၁)ခုနှစ်စပိုင်းတွင်မြန်မာနိုင်ငံမှာနိုင်ငံရေးနိုးကြားတက်ကြွသည့်အပြင်ကိုယ်ကျိုးစွန့်အနစ်နာခံနိုင်ငံရေးလှုပ်ရှားခဲ့ကြသည့်အမျိုး သမီးနိုင်ငံရေးအကျဉ်းသားလေးရာကျော်ရှိနေကြောင်းသိရသည်၊ နိုင်ငံရေးမှုဖြင့်ထောင်ကျသွားသူတို့အားနှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခါဝေးလံသောထောင်များသို့ပြောင်း ရွေ့ထားခြင်းတို့ကြောင့်သက်ဆိုင်ရာမိသားစုများထောင်ဝင်စာသွားရောက်တွေ့နိုင်ရန် အခက်အခဲများစွာ တွေ့ကြရသည်။အိမ်တွင်ကျန်နေသောအမျိုးသမီးများကအိမ်တာဝန်၊သားသမီးတာဝန၊်အပြင်ထောင်ဝင်စာ အတွက်ကြိုးပန်းရသည်။ ပြင်ပတွင်နိုင်ငံရေးလုပ်နေစဉ်မှာလည်းနောက်ကွယ်ကအားပေးကူညီမှု တွေကြောင့် နိုင်ငံရေးလုပ်ငန်းတွေ လုပ်နိုင်ခြင်းဖြစ်တာကြောင့်ထိုကဲ့သို့သောအမျိုးသမီးများမြန်မာနိုင်ငံအိမ်တိုင်းတွင်ရှိနေမည်ဟုယူဆလျှင်မှားမည်မဟုတ်ပါ။ အမျိုးသမီးများနိုင်ငံရေးတွင်ပါဝင်မှုများသော်လည်း ဆုံဖြတ်ချက်ချသည့် ထိပ်ပိုင်းဆိုင် ရာတို့တွင်မရှိခြင်းမှာအမျိုးသမီးများ အရည်အချင်းမရှိမဟုတ်ကြောင်း အခြေအနေအမှန်ကို တင်ပြပါမည် မြန်မာနိုင်ငံတွင် အမျိုးသမီးတို့သည်အသက်မွေးဝမ်းကြောင်း နည်းပညာများနှင့်စီးပွား ရေးဆိုင်ရာလုပ်ငန်းများတွင်ကျွမ်းကျင်ကြသည်။ဆေးပညာဥပဒေဆိုင်ရာပညာဌာနဆိုင်ရာအသီးသီးတွင်ရာ ထူးအလိုက်တာဝန်များထမ်းဆောင်နေသူများလည်းရှိသည်၊သုခုမဂီတအနုညာရုပ်ရှင်စသည့်နယ်ပယ်များတွင် အမျိုးသမီးများ ထူးချွန်စွာဆောင်ရွက်နိုင်ကြသည်အလုပ်ရုံစက်ရုံနှင့်လယ်ယာလုပ်ငန်းများတွင်လည်းဝင် ရောက် လုပ်ကိုင်နိုင်ကြသည် အမျိုးသမီး များရဲ့စွမ်းဆောင်နိုင်မှုကမိခင်တာဝန်နှင့်တပြိုင်ထဲအိမ်ထောင်ရပ် တည်ရေးတာဝန်များစီမံဆောင်ရွက်နိုင်သည့် အရည်းအချင်းကို အသိအမှတ်မပြုလို့မရတဲ့ အချက်ဖြစ်ပါသည်၊ အစိုးရသစ်အမည်ခံအစိုးရသစ်မှာအမျိုးသမီး ၀န်ကြီးတကောက်မျှ မပါ တာက တော့အထက်ကပြောခဲ့တဲ့အချက်တွေရဲ့သက်သေအထောက်အထားဖြစ်ပါတယ်။ နိုင်ငံေ၇းအကျဉ်းသူလေးရာကျော်ရဲ့ အစွမ်းကအာဏာရှင် နိုင်ငံရေးကိုကိုင်လှုပ်နိုင်တာပို့အကျဉ်းချထားရတာ။အပြင်မှာရှိနေတဲ့ဒေါ်အောင်စုကြည်ပြည်သူတွေနဲ့ဆုံတွေ့ မှာ စိုးကြောက်နေကြတယ်၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ရင့်တည်ကြည်တဲ့စိတ်ဓါတ်။ မြင့်မြတ်တဲ့စိတ်စေတနာနဲ့ စွန့်လွှတ်ပေးဆပ် မှုတွေကိုအသိအမှတ်ပြုနေတဲ့ပြည်သူရဲ့အားစုစည်းမိမှာကြောက်နေရတယ်။ပြည်သူ့ခေါင်းဆောင်ကိုအမျိုးသမီးထုကညီညီ ညွတ် ညွတ်ဝိုင်းရံနိုင်လျှင်အမျိုးမသီးများရဲ့ နိုင်ငံရေးစွမ်းဆောင်မှုအောင်မြင်မည်ဟု (မလအ)မှယုံကြည်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရွှင်လန်းပါစေကြောင်းအမျိုးသမီးနိုင်ငံရေးအကျဉ်းသူများနှင့်အတူနိုင်ငံရေးအကျဉ်းသားများအားလုံးကျန်းမာရွှင်လန်း ပါ စေကြောင်းနှင့်အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း (မလအ)ဆုတောင်းမေတ္တာပိုသအပ်ပါသည်။
ဒေါ်မော်လီ

 

မြန်မာအမျိုးသမီးနိုင်ငံရေး အကျဉ်းသားများ


မင်္ဂလာပါ
ဇွန်လဟာမြန်မာနိုင်ငံသူနိုင်ငံသားများအတွက်အလွန်ထူးခြားအရေးကြီးတဲ့လဖြစ်ပါတယ်၊ထိုကဲ့သို့ထူးခြားအရေးကြီးစေတဲ့ အကြောင်းများကတော့၊ဇွန်လ(၁၉)ရက်ဟာဒေါ် အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်တာလဲတချက်ပါဝင်ပါတယ်၊ဒါထက်ထူးခြားတဲ့ အချက်ကတော့၊အဲဒီဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဟာမြန်မာနိုင်ငံအမျိုးသမီးများနေ့ဖြစ် နေတဲ့အချက်ဖြစ်ပါတယ်၊မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဟာ၊လူ့အခွင့်အရေး၊ဒီမိုကရေစီရရှိရေးနှင့်ငြိမ်းချမ်းရေးတို့အတွက်ခေတ်အဆက်ဆက်မှာမြန်မာအမျိုးသမီးများ ပါဝင် ကျိုးပမ်းဆောင်ရွက်ခဲ့မှုများကိုအသိအမှတ်ပြုတဲ့နေ့ထူးနေ့ မြတ်လည်းဖြစ်ပါတယ်။
ယနေ့မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့အခက်အခဲပေါင်းစုံမှလွတ်မြောက်ရေးအတွက်အဓိကလိုအပ်ချက်ဟာတိုင်းရင်းသားလူမျိုး များအားလုံးအတွက်အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပါတယ်၊တဖန်ဒီအမျိုးသားရင်ကြားစေ့ရေးကိုအကောင်အထည်ဖေါ်ဆောင် ရာတွင်ပထမဦးစွာဆောင်ရွက်ရမည့်အရာကတော့နိုင်ငံရေးခံယူချက်ကြောင့်မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတို့တွင်ထောင် ဒဏ်အသီးသီးကျခံနေကြတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးဖြစ်ပါတယ်။
အထက်တွင်ဖေါ်ပြပါနိုင်ငံရေးအကျဉ်းသားများဟာ၊သန်းပေါင်း(၅၀)သောမြန်မာပြည်သူလူထုကြီးတရပ်လုံးစစ်ကျွန်ဘဝမှ လွတ်မြောက်ပြီးမြန်မာနိုင်ငံတွင်တရားမျှတပြီး၊လူ့အ ခွင့်အရေးအပြည့်အဝရရှိတဲ့၊စစ်မှန်သောဒီမိုကရေစီစနစ်ထူထောင်နိုင်ရေးတို့အတွက်တိုက်ပွဲဝင်နေတဲ့သူရဲကောင်းအစစ်အမှန် များဖြစ်ကြပါတယ်၊ဆင်းရဲဒုက္ခမျိုးစုံကိုခံရင်း၊မိမိတို့ရဲ့အသက်ကိုပင်ပေးဆပ်ရန်ဆုံးဖြတ်ထားကြတဲ့၊မျိုးချစ်အာဇာနည်များဖြစ်ပါတယ်

မြန်မာနိုင်ငံအကျဉ်းထောင်များတွင်ထောင်ဒဏ်အသီးသီးကျခံနေကြသည့်နိုင်ငံ ရေးအကျဉ်းသားများ၏မွန်မြတ်သော လုပ်ဆောင်ချက်များကိုကျွန်တော်တို့ပြည်ပ ရောက်မြန်မာများအားလုံးအမြဲသတိရကြဘို့လိုအပ်ပါတယ်၊နိုင်ငံရေးအကျဉ်းသားများ ရဲ့ရှေ့တန်းမှဦးဆောင်တိုက်ပွဲဝင်နေတဲ့ဒီမိုကရေစီပန်းတိုင်ရောက်ရှိရေးအတွက်ကရင်၊ မွန်၊ရှမ်း၊ကချင်၊ချင်း၊ရခိုင်၊ဗမာအစရှိတဲ့မြန်မာနိင်ငံဖွားအားလုံးကိုယ်တိုင်ပါဝင်ကျိုးပမ်း ဆောက်ရွက်ဘို့တာဝန်ရှိတယ်ဆိုတာကိုလဲ မမေ့ကြဘို့လိုပါတယ်၊တဦးကောင်းတဖွဲ့ ကောင်းကျိုးပမ်းရုံဖြင့်ဒီမိုကရေစီပန်းတိုင်သို့မရောက်နိုင်ပါ၊ဒေါ်အောင်ဆန်းစုကြည်တဦး တည်း၏စွမ်းဆောင်မှုဖြင့်ဒီမိုကရေစီပန်းတိုင်သို့မရောက်ရှိနိုင်သလို၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တဖွဲ့တည်းဖြင့်လဲဒီမိုကရေစီ ပန်းတိုင်သို့မရောက်နိုင်ပါ၊မြန်မာနိုင်ငံပြည်သူလူထုကြီးတရပ်လုံးဟန်ချက်ညီညီပါဝင်ကျိုးပမ်းဆောင်ရွက်မှသာလက်ရှိမြန်မာနိုင်ငံ ကိုရမ်းကားချင်တိုင်းရမ်းကားပြီး၊လူစိတ်ကင်းမဲ့စွာ၊တရားလက်လွတ်အုပ်ချုပ်နေတဲ့စစ်အာဏာရှင်များကိုဖယ်ရှားနိုင်မည်သာမ ကမြန်မာပြည်သူအားလုံးမျှော်မှမ်းတမ်းတနေကြတဲ့ဒီမိုက ရေစီပန်းတိုင်သို့အသေအချာရောက်ရှိနိုင်ပါမယ်။
မြန်မာနိုင်ငံဖွားတိုင်းရင်းသားများအားလုံးဟာ၊အကြောင်းကြောင်းကြောင့်မည်သည့်နိုင်ငံမည်သည့်ဒေသသို့ရောက်ရောက် အမိနိုင်ငံ၏ဒီမိုကရေစီရေးတိုက်ပွဲကိုမျက်ခြေပြတ်မခံပဲ၊အစဉ်အမြဲပါဝင်ဆင်နွဲနေဘို့လိုအပ်လှပါတယ်၊မိမိတို့တတ်နိုင်သည့် ကဏ္ဍများတွင် အုတ်တချပ်သဲတပွင့်အဖြစ်ပါဝင်ရမည့်အချိန်သို့ရောက်ရှိနေပြီဖြစ်ပါတယ်၊
မြန်မာပြည်အကျဉ်းထောင်များတွင်ထောင်သွင်းအကျဉ်းချခံနေကြရသော်လည်း၊ဒူးမ ထောက်လက်မမြှောက်ပဲဒီမိုကရေစီရေး ၊ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးတို့အတွက်ရဲရဲတောက်တိုက်ပွဲဝင်နေကြတဲ့ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုမင်း   ဇေယျာတို့ပါဝင်တဲ့(၂၀၀၀)ကျော်ရှိတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးလွတ်မြောက်ရေးကိုကနေဒါရောက်မြန်မာများ အားလုံးနည်းပေါင်းစုံဖြင့်ပါဝင်ဆောင်ရွက်ဘို့ တိုက်တွန်းနှိုးဆော်လိုပါတယ်၊
ဇွန်လ၏အရေးပါမှုကိုအထက်တွင်ဖေါ်ပြထားပြီးဖြစ်ပါတယ်၊ဇွန်လတွင်ကျရောက်တဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆော င်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့နှင့်မြန်မာနိုင်ငံအမျိုးသမီး များနေ့တွင်အထူးဖေါ်ပြလိုတာကတော့၊လက်ရှိမြန်မာနိုင်ငံအကျဉ်းထောင်အသီးသီး တို့တွင်ထောင်ဒဏ်ကျခံနေကြရသည့်နိုင်ငံရေးအကျဉ်းသားများတွင်၊ရဲရဲတောက်အာဇာနည်အမျိုးသမီးအကျဉ်းသာ(၁၄၃)ဦး ပါဝင်နေပါကြောင်းဖေါ်ပြထားသည့်၊အေအေပီပီဘီဝက်ဆိုက်သတင်းဖြစ်ပါတယ်၊အဆိုပါအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ၏ မဟုတ်မခံတဲ့စိတ်ဓါတ်၊မလျှော့သောဇွဲလုံ့လနှင့်ပြည်သူလူထုလိုလားတဲ့ဒီမိုကရေစီပန်းတိုင်သို့ ပြည်သူတွေနှင့်အတူအရောက် ချီတက်နေကြပုံကိုအတတ်နိုင်ဆုံးဆက်လက်ဖေါ်ပြသွားပါမည်၊
ကနေဒါနိုင်ငံတွင်နေထိုင်လျှက်ရှိကြတဲ့မြန်မာနိုင်ငံဖွားများထဲမှလက်ရှိမြန်မာနိုင်ငံထောင်များအသီးသီးတွင်ထောင်ဒဏ်ကျခံနေ ရသည့်အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများအ ကြောင်းသိရှိသူများအနေဖြင့်လည်း၊မြန်မာအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ အ ကြောင်းဖေါ်ပြသည့်ဆောင်းပါးများပါဝင်ရေးသားပြီးဂုဏ်ပြုပေးကြရန်ခင်မင်လေးစားစွာဖိတ်ခေါ် လိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲတွင်ညီညီညွတ်ညွတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြပါစို့

ဦးသန်းအောင်
အပြည်ပြည်ဆိုင်ရာမြန်မာနိုင်င်ငံစောင့်ကြည့်ရေးအဖွဲ့
အက်ဒမင်တန်မြို့
အယ်လ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ။
ဖုန်း-၇၈၀ ၄၃၉ ၇၅၅၅
နေ့စွဲ၊ ၂၀၁၁ခု၊ဇွန်လ(၂၃)ရက်
Website:www.burmawatchinternational1989.blogspot.com/
 

Phyo Phyo Aung @ Hnin Pwint Wai

Phyo Phyo Aung @ Hnin Pwint Wai, a leader of the All Burma Federation of Students Union (ABFSU), is serving a 4 years sentence in Moulmein prison.
She was arrested on 14th June 2008 and charged under Sections 6, 143, 145, 505/b.After Cyclone Nargis struck Burma on 3 May 2008, Phyo Phyo Aung knew that she couldn’t sit by and do nothing while people suffered.
She left with her father and other friends to head to the Irrawaddy Delta region to help. In the Delta they worked to deliver aid and bury dead bodies. Even though it had been over a month since the cyclone struck, there were still bodies scattered. On the way back their car was stopped and all were arrested.  She had been in hiding before then, because of her participation in the Saffron Revolution in September 2007.  Her trip to the Delta was her first time leaving hiding since then. At the very beginning of the Saffron Revolution she helped re-establish the All Burma Federation of Students Unions, which had been crucial in the uprising in 1988.
When she was only one year old, her father Dr Nay Win was arrested and kept in prison for 15 years. For most of her life her mother alone raised her. Her mother didn’t want her to participate in politics, but Phyoe Phyoe Aung has a strong desire to work for people. She is hard-working and passionate about education. Even though her family did not have the money, she sought every opportunity to learn. She really wanted to study English and learn computer skills and worked hard to learn. Before she was arrested she was attending the Government Technical College in Rangoon studying Civil Engineering.

တောင်ကိုရီးယားကျောင်းသားတွေ မြန်မာ့အရေး ဆွေးနွေး
2011-03-05
မကြာသေးမီက ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသူကျောင်းသားတွေဟာ မြန်မာနိုင်ငံနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ခရီး အတွေ့အကြုံတွေကို ဒီနေ့ ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။
ဆိုးလ်မြို့ Haja Production School ကျောင်းခန်းမမှာ မြန်မာနိုင်ငံ အတွေ့အကြုံ ရှင်းလင်းပွဲနဲ့ ဆွေးနွေးပွဲကို တပြိုင်တည်း ကျင်းပတာပါ။အခမ်းအနားကို တောင်ကိုရီးယား လူငယ် ငါးရာနီးပါး တက်ရောက်တယ်လို့ ဆိုးလ်မြို့အခြေစိုက် မြန်မာကလေးများပညာရေး ထောက်ပံ့ကူညီရေး လုပ်ငန်းဆောင်ရွက်နေတဲ့ မောင်ဇော်က ပြောပြပါတယ်။
“အခမ်းအနားကို ရှစ်လေးလုံး ကျောင်းသားတွေ ရေးစပ်တဲ့ ကမ္ဘာမကြေဘူး သီချင်းကို ကိုရီးယား ကလေးတွေက ဆိုပြီး ဖွင့်လှစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူတို့ ခံစားချက်တွေကို ကာတွန်းတွေနဲ့ သရုပ်ဖော် ရေးဆွဲထားတာတွေ ရှိတယ်။ နောက် သူတို့ရိုက်လာတဲ့ ဓာတ်ပုံတွေ ပြတယ်”
Haja Production School ကျောင်းက တောင်ကိုရီးယား ကျောင်းသား ၁၃ ဦး၊ အမေရိကန် ကျောင်းသားတဦးနဲ့ ထိုင်ဝမ် ကျောင်းသားတဦးတို့ဟာ မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒီ လူငယ်တွေဟာ လူငယ်တွေရဲ့ ပညာရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ လူငယ်ကွန်ယက်ကို အထူး စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဖို့ အစီအစဉ်ရှိပြီး တကယ်လို့ ပြည်ဝင်ခွင့်ဗီဇာ မရရှိရင် ထိုင်း-မြန်မာနယ်စပ်ကနေ လူငယ်တွေရဲ့ ပညာရေးအတွက် ဆက်လက် ဆောင်ရွက်မယ်လို့ သိရပါတယ်။
အဲဒီ ကိုရီးယားကျောင်းသားတွေဟာ ၂ဝဝ၈ ခုနှစ် ဇွန်လကတည်းက အဖမ်းဆီးခံရပြီး မော်လမြိုင်အကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က မဖြိုးဖြိုးအောင် လွတ်မြောက်ရေးအတွက် လှုပ်ရှားကြမယ်လို့လည်း သိရပါတယ်။
ဒီကျောင်းသားတွေရဲ့ လှုပ်ရှားမှုအကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
နာဂစ်မုန်တိုင်းမှာ သေသူများကို သင်္ဂြိုလ်ပေး၍ ထောင်ကျခဲ့သူ ၂ ဦးကို ဂုဏ်ပြု
2011-02-24
ဖားအံထောင်နဲ့ တောင်ကြီးထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဒေါက်တာနေဝင်း နဲ့ ဦးအောင်ကျော်ဆန်းတို့ကို တော်ဘုရားလေး ဦးအောင်ဇေ စာပေဆု ရွေးချယ်ရေးအဖွဲ့က လူမှု ဝန်ထမ်းကောင်းတွေ အဖြစ် ဂုဏ်ပြုလိုက်ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဂုဏ်ပြုပွဲမှာ ပါဝင်ခဲ့တဲ့ ကဗျာဆရာ ဆရာငြိမ်းသစ်က RFA ကို အခုလို ပြောပါတယ်။
တော်ဘုရားလေးရဲ့ ဇနီး ဖွားမေနဲ့ သမီး ဒေဝီသန့်စင်တို့ကနေပြီးတော့ ကိုနေဝင်းနဲ့ ဇနီးရယ်၊ ကိုအောင်ကျော်ဆန်းနဲ့ ဇနီးရယ်ကို သူတို့ကို ဂုဏ်ပြုလက်ဆောင် ကျောက်စီ ပန်းချီကား တချပ်စီနဲ့ လောကနတ် ပုံပါတဲ့ ရွှေချည်ထိုး ပန်းချီတချပ်စီပေါ့လေ၊ အဲဒါကို လက်ဆောင်ပေးပါတယ်။
သူတို့ရဲ့ မွန်မြတ်တဲ့ လုပ်ရပ်ရယ်၊ နောက် သူတို့ရဲ့ ရဲဝံ့ စွန့်စားတဲ့ သတ္တိတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ကို အခုလို ဂုဏ်ပြုလက်ဆောင် ချီးမြှင့်တာ ဖြစ်ပါတယ်။
ဒေါက်တာနေဝင်းနဲ့ ဦးအောင်ကျော်ဆန်းတို့ဟာ လူငယ် ကျောင်းသားတွေနဲ့ အတူ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူတွေ မြေမြှုပ်ပေးတာကို နိုင်ငံရေး လုပ်တယ်လို့ စွပ်စွဲပြီး စစ်အစိုးရက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့လို့ ထောင်ထဲမှာ ၃ နှစ်နီးပါးစီ နေခဲ့ရသူတွေ ဖြစ်ပါတယ်။
သူတို့ဟာ ၂၀၀၈ ခုနှစ် အဖမ်းမခံရခင်ကာလက တော်ဘုရားလေး ဦးအောင်ဇေ စာပေဆုရွေးချယ်ရေး ကော်မတီဝင်တွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကော်မတီဝင်တွေအနေနဲ့ အခုလို လူမှုရေး ဆောင်ရွက်ရင်း အနစ်နာခံရတာ ဖြစ်တဲ့အတွက် ဂုဏ်ပြုကြတာလို့ ဆိုပါတယ်။
ဒီပွဲကို စာရေးဆရာတွေ ဖြစ်တဲ့ ဆရာထက်မြက်၊ ဆရာကြည်နိုင်၊ ဆရာလင်းထင်၊ ဆရာ မောင်လူမွန် (ကသာ)၊ အမျိုးသားစာပေဆုရှင် ဆရာမ သန်းမြင့်အောင်တို့ တက်ရောက်ခဲ့ပြီး ဒေါက်တာနေဝင်းနဲ့ ဦးအောင်ကျော်ဆန်းတို့ကို ချီးကျူးစကား ပြောဆိုကြပါတယ်။
သူတို့နဲ့အတူ အဖမ်းခံရပြီး ထောင်ချခံလိုက်ရတဲ့ ဒေါက်တာနေဝင်းရဲ့သမီး မဖြိုးဖြိုးအောင် အပါအဝင် တခြား ၂၀၀၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသားတွေကတော့ ထောင်ဒဏ် မကုန်ဆုံးသေးတဲ့အတွက် နယ်ဝေး အကျဉ်းထောင်အသီးသီးမှာ ကျန်နေပါသေးတယ်။
မုန်တိုင်းကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများကို အထူးတရားရုံးက စီရင်ချက်ချ
2009-04-10
နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူတွေရဲ့ အလောင်းတွေကို မီးသင်္ဂြိဟ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပေးခဲ့သူ ဒေါက်တာနေဝင်းပါ ခြောက်ဦးကို ဒီကနေ့ အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ်နှစ်နှစ်ကနေ လေးနှစ်အထိ အသီးသီး ချမှတ်လိုက်ပါတယ်။ သူတို့ကို အသင်းအဖွဲ့ပုဒ်မအပြင် ၈၈ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေကို အကူအညီပေးတဲ့အမှုတွေနဲ့ အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဦးခင်မောင်မြင့်က အခုလို ပြောပါတယ်။
ရှေ့နေ ဦးခင်မောင်မြင့်။    ။“နာဂစ်လေဘေးကယ်ဆယ်ရေးနဲ့ ကြွင်းကျန်တဲ့ အလောင်းတွေ သင်္ဂြိဟ်ရေးကိစ္စလုပ်တာကို စွဲဆိုတဲ့ပုဒ်မကတော့ ဒါတွေဟာ ဗကသ ရဲ့ လှုပ်ရှားမှုဖြစ်တယ်၊ ဒီအပေါ်မှာ ကိုနေဝင်း၊ ကိုအောင်ကျော်ဆန်းနဲ့ ကိုဖုန်းပြည့်ကြွယ်တို့က အားပေးတယ်ဆိုပြီး ပုဒ်မ (၇) အရ စွဲထားတာ”
ဒေါက်တာနေဝင်း၊ ကိုဖုန်းပြည့်ကြွယ်၊ ကိုအောင်ကျော်ဆန်းတို့ကို ပုဒ်မ (၇) အရ ထောင်ဒဏ်နှစ်နှစ်စီ အပြစ်ပေး လိုက်ပြီး ဒေါက်တာနေဝင်းရဲ့ သမီးဖြစ်သူ မဖြိုးဖြိုးအောင် အပါအဝင် ကိုအောင်သန့်ဇင်ဦးနဲ့ ရှိန်းရာဇာထွန်း တို့ကိုတော့ အသင်းအဖွဲ့ပုဒ်မ (၆) အရ ထောင်ဒဏ်လေးနှစ်၊ ပုဒ်မ (၇) အရ နှစ်နှစ်၊ ပြစ်မှု နှစ်ရပ်တပေါင်းတည်း အပြစ်ဒဏ်  လေးနှစ်စီ အသီးသီး အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ပထမပိုင်းက အင်းစိန်ထောင် အထူးတရားရုံးအတွင်းကို ရှေ့နေ ဝင်ခွင့်မပေးခဲ့ဘူးလို့ သိရ ပါတယ်။ အလားတူ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ကိုင်ခဲ့သူ လေးဦးဖြစ်တဲ့ မတင်တင်ချို၊ မယဉ်ယဉ်ဝိုင်း၊ မနီမိုလှိုင်နဲ့ ကိုမြတ်သူတို့ကိုလည်း အလားတူ အသင်းအဖွဲ့ပုဒ်မများနဲ့ မတ်လ ၂၃ ရက်နေ့က ထောင်ဒဏ် သုံးနှစ်စီ အသီးသီး အပြစ်ပေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်သူ ကိုမင်းသိန်းထွန်း ကိုတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ မတ်လအတွင်းက ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။
ဒေါက်တာနေဝင်းတို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ဦးခင်မောင်မြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။


နာဂစ်မုန်တိုင်း စေတနာဝန်ထမ်းများ နိုင်ငံရေးအမှုဖြင့် တရားစွဲခံရ
2009-02-18
နာဂစ်မုန်တိုင်းမှာ သေဆုံးသွားသူတွေကို ရန်ကုန်ကနေ သွားပြီးသင်္ဂြိဟ်လို့ အဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာ နေဝင်းနဲ့ သမီးဖြစ်တဲ့ B-TEC မြို့ပြအင်ဂျင်နီယာ ပထမနှစ် ကျောင်းသူ မဖြိုးဖြိုးအောင်တို့ကို စစ်အစိုးရက မနှစ်က ဖမ်းပြီးတဲ့ နောက်ပိုင်း ပြီးခဲ့တဲ့အပတ်က စတင် ရုံးထုတ်နေရာမှာ မနေ့က ဖေဖော်ဝါရီ ၁၇ရက် အင်္ဂါနေ့ထိ ၃ ကြိမ်မြောက် ရှိနေပြီး၊ ရှေ့နေလုံးဝ ဝင်ခွင့်မရဘူးလို့ သိရပါတယ်။
အဲဒီအပြင် ရုံးထုတ်တဲ့နေ့က ဒေါက်တာ နေဝင်းရဲ့ဇနီး အင်းစိန်ထောင် တရားရုံးရှေ့ သွားရာမှာ တာဝန်ရှိသူတဦး ဟန်ဆောင်ပြီး လာရောက် စုံစမ်းမေးမြန်းသူကနေတဆင့် အစားအသောက် ပေးလိုက်ရာမှာလည်း ဒေါက်တာ နေဝင်းတို့သားအဖက အဲဒီ အစားအစာတွေ မရဘူးလို့ ဆိုပါတယ်။
အခု ဖမ်းဆီးခံထားရတဲ့ ဒေါက်တာနေဝင်းဟာ ၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ မြေအောက် လှုပ်ရှားမှုအဖွဲ့ဝင်အဖြစ် စစ်အစိုးရက စွပ်စွဲပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်တာ ခံခဲ့ရသူပါ။ သူ့သမီး မဖြိုးဖြိုးအောင်က ဒေါက်တာ နေဝင်း အဖမ်းခံလိုက်ရတဲ့ ၁၉၈၉မှာ လူမမယ်အရွယ် ဖြစ်ပါတယ်။
အခု သူတို့ သားအဖအကြောင်းတွေနဲ့ ပတ်သက်ပြီး မဖြိုးဖြိုးအောင်ရဲ့ မိခင်၊ ဒေါက်တာ နေဝင်းရဲ့ ဇနီး မသန္တာကို RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
 

B.C.N. Statement on Current CFOB Crisis

Peaceful Demonstration for Peace in Burma ( Rakhine )

Burmese Canadian Protest in Toronto

Text

NLD by Elections Manifesto p1