မြန်မာ့ဂုဏ်မြှင့်ချင်လွန်းလို့
(၂
)
မြန်မာလူမျိုးများဟာမြန်မာ့ရိုးရာရာသီပွဲတော်များကိုလေးလေးစားစား၊မြတ်မြတ်နိုးနိုးကျင်းပကြပါတယ်၊အဲဒိလိုကျင်းပခြင်းဟာအပျော်အပါးအတွက်သာကျင်းပ
ကြခြင်းမဟုတ်ပါ၊လူမှာအမျိုးကြက်မှာအရိုးဆိုတဲ့စကားအတိုင်းကိုယ့်အမျိုးကိုယ့်
ဘာသာတရားနှင့်ရိုးရာဓလေ့ထုံးစံများကိုမမေ့မပျောက်အောင်ထိန်းသိမ်းစောင့်
ရှောက်ဘို့သာမကပဲ၊ဖွံ့ဖြိုးတိုးတက်အောင်ကျိုးပမ်းဆောင်ရွက်ကြခြင်းဖြစ်ပါ
တယ်။
ကျွန်တော်တို့ငယ်စဉ်၊မူလတန်းကျောင်းသားဘဝကတည်းကမြန်မာရိုးရာပွဲတော်
များနှင့်အလွန်ပင်ရင်းနှီးလာခဲ့ကြပြီးအသက်အရွယ်တွေကြီးပြည်တွင်းပြည်ပနေရာ
ဒေသပေါင်းစုံကိုပြောင်းရွေ့နေထိုင်ကြပေမဲ့ကိုယ့်နိုင်ငံနှင့်ကိုယ့်ယဉ်ကျေးမှုဓလေ့ထုံးစံများကိုမမေ့ကြပါသူ့ခေတ်နှင့်သူ့အခါအလျှောက်ရိုးရာပွဲတော်များကိုကိုယ်နေထိုင်ရာဒေသတွေမှာကျင်းပကြပါတယ်ဆယ့်နှစ်လရာသီမြန်မာ့ရိုးရာရာသီပွဲတော်တွေထဲမှာပါဝင်ပြီးထူးထူးခြားခြားကျင်းပတဲ့ပွဲတော်ကတော့သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်ပါတယ်။
သီတင်းကျွတ်လသည်မြန်မာလများတွင်ခုနှစ်လမြောက်ဖြစ်ပါတယ်၊မိုးရာသီ
ကုန်ဆုံးတော့မည်ဖြစ်၍မိုးအားနည်းပြီးဆောင်းရာသီ၏အရုဏ်ဦးအချိန်ဖြစ်ပါ
တယ်၊ယင်းအချိန်တွင်ဝါဆိုကင်းလွတ်သီတင်းကျွတ်ဆိုတဲ့စကားအတိုင်းရဟန်း
တော်များဝါဆိုသည့်ကာလကုန်ဆုံးသွားပြီဖြစ်၍အရပ်တပါးသို့ညဥ့်အိပ်ညဥ့်နေ
ကြွချီတော်မူနိုင်ကြပါပြီ၊တောင်သူလယ်သမားများသည်လည်းရွှေရောင်ဝင်းတဲ့
စပါးခင်းများကိုကြည့်ကာပီတိဖြာနေသောအချိန်ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည်တာဝတိ
ံသာနတ်ပြည်၌အဘိဓမ္မာဒေသနာကိုဝါတွင်းသုံးလပတ်
လုံးဟောပြီး၍သီတင်းကျွတ်လပြည့်နေ့တွင်လူ့ပြည်သို့
ပြန်ကြွလာသည်ကိုအ......
ကနေဒါရောက်မြန်မာမိတ်ဆွေများခင်ဗျား
ရွှေညဝါဆရာတော်ကြီးသည်ကနေဒါနိုင်ငံမြို့ကြီးများတွင်အောက်တွင်ဖေါ်ပြပါအစီအစဉ်အတိုင်းသာသနာပြုတ
ရားဟောကြားမည်ဖြစ်ပါကြောင်းမဂ်လာသတင်းကောင်းမျှဝေလိုက်ပါတယ်ခင်ဗျား။
၁။ဗန်ကူး ဘားမြို့ တွင် နိုဝင်ဘာ လ ၃ ရက် နေ့  ၊
၂။ တိုရွန်တို မြို့ တွင်
နိုဝင်ဘာ လ ၄ ရက် နေ့  နှင့်
၃။ ကယ်ကာရီ ၊ နှင့်  စစကားချွမ်ဝမ် မြို့ ကြီး
များ တွင် ၁၀ ရက် ၁၁ ရက်
တို့ တွင့် သာသနာ ပြုတရားလှည့် လည် ဟောပြော
ခြင်း ၊ ၈၈ မျိုးဆက်များနှင့် တွေ့ ဆုံ ဆွေး နွေးခြင်းတို့ ကို
ပြုလုပ်မည် ဖြစ် ကြောင်း သိ ရပါသည် ။
လေးစားစွာဖြင့်
မင်းကြီး(ဂျာမဏီ)
၂၀၁၂ခု-အောက်တိုဘာလ(၂၆)ရက်......
ကနေဒါရောက်မြန်မာမိတ်ဆွေများခင်ဗျား
မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေများကအမိနိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးသူတိုင်းကို၊ဘယ်နေရာရောက်ရောက်
ဒီမိုကရေစီရေးကြိုးပမ်းမှုမှာအားသွန်ခွန်စိုက်ပါဝင်ဆောင်ရွက်ကြဘို့တောင်းဆိုနေပါတယ်၊
ပြည်သူတယောက်အနေဖြင့်လိုက်နာရမည့်တာဝန်နှင့်ရပိုင်ခွင့်ကိုတိတိကျကျသိရှိဘို့လိုပါတယ်၊ထိုင်နေလို့တော့
ဘာမှဖြစ်မလာနိုင်ပါဘူး၊မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုမှာတာဝန်သိသိပါဝင်ကြိုးပမ်းတဲ့ပြည်သူများရဲ့အရေအတွက်
များဘို့လိုပါတယ်၊အရေအတွက်များလေလေ၊ပြည်သူတွေမျှော်မှန်းချီတက်နေတဲ့ဒီမိုကရေစီပန်းတိုင်သို့မြန်မြန်
ရောက်ရှိနိုင်လေဖြစ်ပါတယ်။
မြန်မာ့လွတ်လပ်ရေးရဲ့ဖခင်ကြီး၊အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့အင်မတန်မှတ်သား
လိုက်နာသင့်တဲ့......
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ သွားရောက်မည်
http://www.rfa.org
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို လာမယ့် နိုဝင်ဘာလမှာ သွားရောက်မှာ ဖြစ်ပါတယ်။
Photo courtesy of NLD
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ရန်ကုန်မြို့
ဆီဒိုးနားဟိုတယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ တွေ့ဆုံစဉ်။
မိခင်ဒေါ်ခင်ကြည် မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့
အိန္ဒိယနိုင်ငံကို နှစ် (၄၀) အတွင်း ပထမဆုံး......
ကိုမင်းကိုနိုင်ရဲ့နှစ်(၅၀)ပြည့်ရွှေရတုမွေးနေ့
၂၀၁၂ခုနှစ်အောက်တိုဘာလ(၁၈)ရက်နေ့ဟာမြန်မာပြည်သူတွေ ချစ်မြတ်နိုးတဲ့(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ရဲ့နှစ်
(၅၀)ပြည့်တဲ့မွန်မြတ်တဲ့မွေးနေ့မြတ်ဖြစ်ပါတယ်၊ ကိုမင်းကိုနိုင်သက်တော်ရာကျော်နေရပြီး၊ကျန်းမာရွှင်လန်းလျှက် နိုင်ငံနှင့်လူမျိုးကိုချစ်တဲ့မျိုးဆက်သစ်လူငယ်များ၊မြန်မာပြည်သူများ နှင့်အတူဒီမိုကရေစီပန်းတိုင်သို့အောင်မြင်စွာရောက်ရှိအောင်စွမ်း ဆောင်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်- မင်းကြီး(ဂျာမဏီ)
မြန်မာကနေဒီယန်ကွန်ယက် ၂၀၁၂ခုအောက်တိုဘာလ(၁၈)......
ကာလပေါ်ငရဲခွေးကြီးတွေ လွတ်နေသေးသည်ဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့ ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေးအမည်ဖြင့်တင်ပြထားတဲ့ဆောင်းပါးကိုဒေါက်တာလွဏ်းဆွေရဲ့ဘလော့မှာ ဖတ်ရပါတယ်။အထူးသတိပြုမိတာကတော့၊ငရဲခွေးကြီးကတကောင်တည်းမဟုတ်ပါ၊ငရဲခွေး
အများအပြားကိုညွှန်းထားတာတွေ့ရပါတယ်။
ဒီဆောင်းပါးမှာပါရှိတဲ့အချက်အလက်တွေဟာယနေ့မြန်မာ့ဒီမိုကရေစီရေးတွင်
ပါဝင်ကျိုးပမ်းဆောင်ရွက်နေတဲ့မြန်မာပြည်သူတွေမလွဲမသွေသိသင့်သိထိုက်သတိ
အထူးပြုရမည့်အချက်အလက်များတန်ဘိုးရှိလှတဲ့သတိပေးချက်များဖြစ်ပါတယ်၊ဒီမိုကရေစီအစစ်အမှန်လိုလားသူတိုင်းဖတ်ရှုရမည့်ဆောင်းပါးဖြစ်၍ထပ်ဆင့်မျှဝေ
လိုက်ပါတယ်၊အောက်ပါ link ကိုသွားပြီးဖတ် ရှုကြပါရန်-----http://moemaka.com/?p=28058
မင်းကြီး......
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကနေဒါခရီးစဉ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေရိကန်ပြည်ထောင်စုခရီးစဉ်ဟာအောင်မြင် စွာဖြင့်ပြီးဆုံးသွားပါပြီ၊ဒေါ်အောင်ဆန်းစုာကြည်ရန်ကုန်မြို့ကို အောက်တိုဘာ လ(၄)ရက်နေ့ကပြန်လည်ရောက်ရှိရာမှာထောင်ချီတဲ့မြန်မာပြည်သူတွေကြို ဆိုကြကြောင်းသိရပါတယ်၊ ဒီခရီးစဉ်ကိုလေ့လာကြည့်ရင်မြန်မာပြည်သူတရပ်လုံးကောင်းစားရေးအ တွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့တန်ဘိုးမဖြတ်နိုင်တဲ့စွမ်းဆောင်ကြိုးပမ်း ချက်ကိုတွေ့ရပါတယ်၊တခေတ်မှာတယောက်ဆိုတဲ့စကားအတိုင်းမြန်မာ
့
နိုင်ငံနှင့်မြန်မာပြည်သူတရပ်လုံးကမ္ဘာ့အလယ်မှာဂုဏ်အထူးတက်အောင်
ဆောင်ရွက်ပေးသူဖြစ်ပါတယ်၊
အလားတူပင်၊ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေရိကန်ခရီးစဉ်အောင်မြင်မှု
ရအောင်အမေရိကန်ရောက်မြန်မာများရဲ့အထူးကြိုးပမ်းဆောင်ရွက်မှုကိုလဲ
အသိအမှတ်ပြုဘိုလိုပါတယ်၊အမေရိကန်ရောက်မြန်မာများရဲ့စုပေါင်းတာ......