Latest Post

ကနေဒါနိုင်ငံအက်ဒမင်တန်မြို့တွင်ကျင်းပခဲ့တဲ့မြန်မာ့ရိုးရာသီတင်းကျွတ်မီးထွန်းပွဲတော်နှင့်သက်ကြီးပူဇော်ပွဲသတင်း

မြန်မာ့ယဉ်ကျေးမှုအသင်းအလုပ်အမှုဆောင်များနှင့်အသင်းသူအသင်းသားများခင်ဗျား

မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်ကဦးစီးကျင်းပခဲ့တဲ့ယ္ခုနှစ်မြန်မာရိုးရာသီတင်းကျွတ်ပွဲတော်ဟာယ္ခင်နှစ်များနည်းတူအထူးပဲ
အောင်မြင်ခဲ့ပါတယ်။ဒီလိုအောင်မြင်အောင်အကြံကောင်းများပေးခဲ့ခြင်း၊ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့ခြင်းတို့အတွက်အထူးပဲကျေးဇူးတင်ရှိပါကြောင်း
မြန်မာ့ယဉ်ကျေးမှုအသင်းကိုယ်စားပြောကြားလိုပါတယ်။အဘိုးအဘွားများသက်ကြီးပူဇော်ပွဲတက်ရောက်နိုင်အောင်အပင်ပမ်းခံအကူအညီပေးခဲ့
တဲ့ကိုဒေးဗစ်နှင့်မဆန်နီမိသားစု၊ကိုမင်းစိုးသိန်းနှင့်မအေးအေးမိသားစု၊ဘိုးဘွားများအတွက်ကံတော့လက်ဆောင်နှင့်ဖိတ်စာဒီဇိုင်းရေးဆွဲပေးတဲ့
ကိုအောင်ကျော်မိုးနှင့်မအေးချမ်းမြေ၊သီတင်းကျွတ်မီးထွန်းပွဲတော်ဖိတ်စာဒီဇိုင်းရေးဆွဲပေးတဲ့ကိုအောင်မြိုင်နှင့်သီတင်းကျွတ်မီးထွန်းပွဲသို့တက်
ရောက်ရန်မြန်မာမိတ်ဆွေများကိုဖိတ်ကြားပေးတဲ့ကိုအောင်သန်းကြွယ်နှင့်မချိုနွယ်ဦးတို့ကိုအထူးကျေးဇူးတင်ကြောင်းထပ်ဆင့်ပြောကြားလိုက် ပါတယ်ခင်ဗျား။

ယ္ခုနှစ်မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်၏အစီအစဉ်တခုဖြစ်တဲ့သက်ကြီးပူဇော်ပွဲသို့အက်ဒမင်တန်မြို့တွင်နေထိုင်တဲ့ဘိုးဘွားများတက်ရောက်ခဲ့ကြပြီး
အခုလိုမြန်မာယဉ်ကျေးမှုဓလေ့ထုံးစံကျင်းပပုံမျိုးငယ်စဉ်ကပြည်တွင်းမှာပါဝင်ဆင်နွှဲခဲ့ပုံကိုသတိရကြောင်းနှင့်ပြည်ပနိုင်ငံဖြစ်တဲ့ကနေဒါနိုင်ငံမှာအခုလို
ကျင်းပနိုင်တာတွေ့ရ၍အလွန်ဝမ်းသာကြောင်းပြောကြားကြပါတယ်။

ကနေဒါနိုင်ငံ၊အယ်လ်ဘားတားပြည်နယ်၊အက်ဒမင်တန်မြို့တွင်နေထိုင်ကြတဲ့မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုမောင်နှမများအခုလိုစုစည်းညီညွတ်
မှုမှသည်ကနေဒါနိုင်ငံပြည်နယ်အားလုံးတို့တွင်ပြန့်ကျဲနေထိုင်နေကြတဲ့မြန်မာတိုင်းရင်းသားအားလုံးတို့နှင့်ပါညီညွတ်ရေးတည်ဆောက်နိုင်အောင်ဆက်
လက်ကြိုးပမ်းကြပါစို့လို့တိုက်တွန်းဆန္ဒပြုလိုက်ပါတယ်ခင်ဗျား။

ခင်မင်လေးစားလျှက်

ဦးသန်းအောင်
ဥက္ကဌ
မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ။
၂၀၁၃ခု၊အောက်တိုဘာလ(၂၇)ရက်
 

ဒေါ်အောင်ဆန်းစုကြည်၏တတိ.အကြိမ်မြောက်ခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ်မြောက် ဥရောပကို ထွက်ခွာ

2013-10-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂ ၅ နိုင်ငံကို သွားရောက်ဖို့အတွက် ဒီနေ့ည ၇နာရီဝန်းကျင်လောက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။
ဒီခရီးစဉ်ဟာ ၂ ပတ်ဝန်းကျင်လောက် ကြာမြင့်မှာဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ရှိသလို လွန်ခဲ့တဲ့ ၂၃ နှစ်ကရရှိခဲ့တဲ့ လူ့အခွင့်အရေးဆု Sakharov ဆုကိုလည်း လက်ခံယူဖို့ရှိတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ မှာ ဖြစ်ပါတယ်။
------
မှတ်ချက်။  ဒေါက်တာလွဏ်းဆွေဝက်ဆိုက်မှကူးယူဖေါ်ပြပါသည်။
 

မြန်မာကနေဒီယန်ကွန်ါယက်အားအသစ်ပြန်လည်ဖွဲ့စည်းကြောင်းကြေငြာချက်

မြန်မာကနေဒီယန်ကွန်ယက်အားအသစ်ပြန်လည်ဖွဲ့စည်းကြောင်းကြေငြာချက်
၂၀၁၃ခု-အောက်တိုဘာလ()ရက်
မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသည့်မြန်မာ့ဒီမိုကရေစီရေးတွင်ကနေဒါ ရောက်မြန်မာများမှန်ကန်ထိရောက်စွာအုတ်တချပ်သဲတပွင့်အဖြစ်ပါဝင်ဆောင်ရွက်နိင် ရေးအတွက်လိုအပ်သည်နိင်ငံရေးလူမှုရေးနှင့်သတင်းဖလှယ်ရေးကဏ္ဍျားပါဝင်
သည့်ဆွေးနွေးပွဲများကိုကျင်းပရန်စီစဉ်ထားပါကြောင်းနှင့်မြန်မာကနေဒီယန်ကွန်ယက်ကိုလဲအဆိုပါလုပ်ငန်းများဆောင်ရွက်နိုင်ရန်၂၀၁၃ခုစက်တင်ဘာလ(၂၇)ရက်နေ့ တွင်စည်းမျဉ်းစည်းကမ်းအသစ်များဖြင့်ပြန်လည်ဖွဲ့စည်းထားပြီးဖြစ်ကြောင်းကနေ ဒါရောက်မြန်မာများအားလုံးအားအသိပေးကြေငြာလိုက်ပါသည်။

ဦးသန်းအောင်
ကိုအော်ဒီနေတာ
မြန်မာကနေဒီယန်ကွန်ယက်(Burmese Canadian Network)



 

ဦးသန့်ရေးသားပြုစုခဲ့သည့်မှတ်သားဖွယ်ကောင်းတဲ့လူကြီးလူငယ်ဆောင်းပါး

ဦးသန့်လို့ကြားရတဲ့သူတိုင်းကိုမိတ်ဆက်စရာမလိုပဲမြန်မာဂုဏ်ဆောင်ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး၊ကမ္ဘာကုလသမဂ္ဂအဖွဲ့ချုပ်ကြီးရဲ့အတွင်းရေးမှူးချုပ်ဆိုတာသိကြပါတယ်၊ဘာ့ကြောင်ကမ္ဘာကျော်သလဲ၊ဘယ်လိုအရည်အ ချင်းတွေများရှိလို့လဲဆိုတာသိချင်သူများအတွက်သူရေးသားခဲ့အောက်ပါဆောင်းပါးကိုဖတ်လိုက်တာနဲ့သိနိုင်ပါတယ်၊
ကနေဒါရောက်မြန်မာများဖတ်ရှုနိုင်အောင်ထပ်ဆင့်မျှဝေလိုက်ပါတယ်ခင်ဗျား။

ဦးသန်းအောင်
မြန်မာယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ။
၂၀၁၃ခုအောက်တိုဘာလ(၉)ရက်
-----------ဦးသန့်၏ဆောင်းပါး--------------

လူကြီးလူငယ်
Category: ဆောင်းပါး
Published on Friday, 16 November 2012 11:49
Written by ဦးသန့်

လူကြီးနှင့်လူငယ်တို့သည် သဘောထားချင်းမတူ၊ စိတ်ကူးချင်းမတူ၊ ရည်ရွယ်ချက်ချင်းမတူကြချေ။ မည်သည့် တိုင်းပြည် မည်သည့်ခေတ်တွင်မဆို လူကြီးနှင့် လူငယ်တို့သည် မက္ခဖြစ်ကြ၏။ သို့ရာတွင် အနောက်နိုင်ငံများတွင် အရှေ့နိုင်ငံများထက် လူကြီးလူငယ် စစ်ပွဲသည်သာလွန်ထင်ရှားလျက် ရှိကြ ၏။ ရှင်ဂေါတမမြတ်စွာဘုရား။ မဟာမက်သခင်၊ ကရစ်ရှနား၊ ကွန်းဖြူးစိရပ် စသည်တို့သည် ဗုဒ္ဓဘာ သာဝင်၊ မဟာမေဒင်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ကွန်းဖြူးစိရပ်ဘာသာဝင်တို့အား (ဂါရဝေါစ၊ နိဝါတောစ) တရားတော်ကို ဟောကြားခဲ့သဖြင့် လူငယ်သည် လူကြီးအား ကိုင်းရှိုင်းရိုသေသော အလေ့ရှိခဲ့၏။
အနောက်နိုင်ငံများ၌မူကား အရှေ့နိုင်ငံများထက် ထိုတရားသည် ခေါင်းပါးလျက်ရှိခဲ့၏။ သို့ရာတွင် ခေတ်သည် အလွန်ဆန်းကြယ်သော အလုပ်များကို လုပ်လျက်ရှိသည်။ ထုံးစံတို့ကို စွန့်ခြင်း၊ ဘာသာ ရေးတို့၌ ပေါ့လျော့ခြင်း၊ ဂါရဝတရားပျက်ခြင်း စသည်တို့ချင်းနင်း ဝင်ရောက်လာကြကုန်၏။ ခေတ်ကို လိုက်သဖြင့် ကောင်းသည်လည်းရှိ၏။ ဆိုးသည်လည်း ရှိ၏။ မကောင်းသော ဓလေ့ထုံးစံတို့ပျောက် ပျက်ခြင်းသည် ကောင်း၏။ ဘာသာရေး၌ ပေါ့လျော့ခြင်းသည် ကောင်းသည်ဟု ဆိုနိုင်ပါမည်လော။
ခေတ်အတွက် ဂါရဝတရား ပျက်ပြားလာခြင်းကို ဆိုပေဦးအံ့။ ကျောင်းသားနှင့် ဆရာဆိုပါစို့။ ရှေးအခါက ကျောင်းသားများသည် ဆရာများကို ချစ်ကြောက် ရိုသေကြကုန်၏။ ယခုခေတ်ကြီးက ကျောင်းသားများအား ဆရာများကို မကြောက်ကြနှင့်ဟု ဆို၏။ အနောက်နိုင်ငံ ပညာရေးဆရာကြီး တို့သည် ကျောင်းများတွင် ကြောက်စိတ်ကို အလျှင်းမမွေးမြူကြရန် တိုက်တွန်း၏။ ကျွန်ုတို့၏ ဘုန်းကြီး ကျောင်းသားသည် ဆရာဘုန်းတော်ကြီးအား မည်မျှ ကြောက်ရသည်၊ ရှေးက တပည့်တပန်းတို့သည် မိမိတို့၏ ဆရာသမားတို့အား မည်မျှကြောက်ကြရသည်ဆိုသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ကြောက်ခြင်းသည် ရိုသေခြင်းနှင့် များသောအားဖြင့် ဒွန်တွဲလျက်ရှိသည်။ သို့ရာတွင် အကျင့်သီလ ကောင်းသော ပုဂ္ဂိုလ်တို့အား သူတစ်ပါးက မကြောက်သော်လည်း ရိုသေကိုင်းရှိုင်းကြ၏။
မိုးညှင်းဆရာတော်ဘုရားကြီးအား လူပုဂ္ဂိုလ်တို့သည် မကြောက်သော်လည်း ရိုသေကြကုန်၏။ လူသာမန် အချင်းချင်းမူကား အများအားဖြင့် ကြောက်မှသာလျှင် ရိုသေကြကုန်၏။ ထို့ကြောင့် မဟုတ် လော။
ကျောင်းသားတစ်ယောက်သည် ဆရာအားမကြောက်လျှင် ရိုသေခြင်း ပေါ့လျော့ပေမည်။ ထို့သို့ဖြစ်လျှင် မြတ်စွာဘုရား ဟောကြားတော်မူသော အာစရိယ ဂုဏော အနန္တော ပျက်ပြားလျက်ရှိ ပေသည်။ ထိုသို့ တပည့်သည် ဆရာအား ကြောက်ခြင်း ရိုသေခြင်းကင်းလျှင် အရှေ့နိုင်ငံ၏ ယဉ်ကျေး ခြင်း အချက်တစ်ချက်သည် ပျက်ပြားမည်လောဟု စိုးရိမ်ဖွယ်ရှိသည်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးခြင်း အမူအရာတစ်ရပ်သည် စကားပြောဆိုခြင်း၌ လွန်စွာသိမ်မွေ့ခြင်းဖြစ်သည်။ မြန်မာလူမျိုးကဲ့သို့ ယဉ်ကျေးသိမ်မွေ့စွာ စကားပြောသော လူမျိုးသည် ကမ္ဘာပေါ်၌ ရှိမည်မထင်ပေ။ အသက်ကြီးခြင်း၊ ဂုဏ်ကြီးခြင်းကိုလိုက်၍ ဦး၊ ဦးလေး၊ အဒေါ်၊ အစ်မ၊ အစ်ကို စသည်တို့ကို တပ်၍ခေါ်လေ့ ပြောလေ့ ရှိကြသည်။ ခင်ဗျာ၊ ကျွန်တော်၊ ရှင်၊ ကျွန်မ စသည်တို့သည်များစွာ ယဉ်ကျေးသိမ်မွေ့ခြင်းကို ပြ၏။ အင်္ဂလိပ်ဘာသာ၌ ယူနှင့် အိုင်မှလွဲ၍ သုံးစရာစကားမရှိခဲ့။ ထိုသို့ ယဉ်ကျေးခြင်းသည် ခေတ်၏ တိုက်ဖျက် ပြုပြင်ခြင်းကို အလိုမလိုက်သင့်ပေ။ ခေတ်မီရမည်ဟုဆိုသော်လည်း မူလယဉ်ကျေးခြင်း၏ ကောင်းသော အချက်ကို မပျောက်ပျက်စကောင်းပေ။
များမကြာမီက ကျောင်းကြီးတစ်ကျောင်းတွင် ကျောင်းသားကြီး အချို့တို့သည် စုပေါင်း၍ လက်မှတ် ထိုးပြီးလျှင် ကျင်းပမည့်ဆဲဆဲဖြစ်သော အစမ်းစာမေးပွဲများ မပြုလုပ်ရန် ဆရာကြီးအား လျှောက်ထား ကြလေ၏။ ၎င်းတို့၏အကြောင်းပြချက်မှာ အစမ်းစာမေးပွဲပြုလုပ်မည်ဟု အကြောင်းကြားခြင်းသည် နီးကပ်လွန်းခြင်း၊ စာကြည့်ချိန်မရခြင်း၊ ကျောင်းသားကြီးနှစ်ယောက်ဖျားနေ၍ မဖြေနိုင်ခြင်း၊ တစ်နှစ် လျှင် အစမ်းစာမေးပွဲ တစ်ကြိမ်လောက်လုပ်လျှင် တော်လောက်ခြင်း စသည်တို့ဖြစ်၏။ လွန်ခဲ့သည့် ဆယ်နှစ်လောက်အခါကမူ မည်သည့် ကျောင်းသားတို့သည် ထိုကဲ့သို့ရေးရန် ဝံ့မည်နည်း။
ဆရာကြီးလုပ်သူသည် မိမိကောင်းသည်ထင်၍လုပ်သော အရာတစ်ခုခုကို မည်သူက မည်ကဲ့သို့ပင် ပြောပြော လျှော့ပေးသော လူမဟုတ်သောကြောင့် ကျောင်းသားများ တောင်းဆိုချက်ကို မပေးနိုင်ဟု ခပ်တင်းတင်း ပယ်ချလိုက်၏။ စုံစမ်းကြည့်သောအခါ အတန်းထဲတွင် အလွန်ညံ့ဖျင်းသော ကျောင်း သားနှစ်ယောက် သုံးယောက်၏ တိုက်တွန်းချက်ဖြင့် ကျောင်းသားအများကပင် လက်မှတ်ထိုးရ ကြောင်း သိရလေသည်။
မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်လူကြီးနှင့် လူငယ်တို့၏ ဆက်ဆံရေးသည် အနောက်နိုင်ငံ၏ အတုကို တဖြည်းဖြည်း ယူလျက်ရှိကြသည်။ ထိုသို့ ပြောင်းလဲကြသဖြင့် ကျွန်ုတို့၏ ဘာသာတရား တော်ကြီးသည် ယိမ်းယိုင်လျက်ရှိပြီလော။ လူကြီးသည် နှေးကန်၏။ ချင့်ချိန်၏။ လူငယ်သည် စိတ်မြန် ၏။ ဇွတ်လုပ်ချင်၏။ စွန့်စားလို၏။ ဤကား နိယာမပင်တည်း။ ၂ ဦးစလုံး၌ အကောင်းအဆိုး ဒွန်တွဲ လျက်ရှိရာ မဇ္ဈိမပဋိပဋာလမ်းသည် အကောင်းဆုံးမဟုတ်တုံလော။
[လောကအလင်းတိုက်ထုတ် (၂ဝဝ၉-ဒီဇင်ဘာ)၊ ဦးသန့်၏ လက်ရွေးစင်စာများမှ]

မှတ်ချက်။ ဒေါက်တာလွဏ်းဆွေဝက်ဆိုက်မှကူးယူဖေါ်ပြပါသည်။
 

NLD ၏ပြည်သူများသိရှိစေရန် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးကြေငြာချက်

NLD ၏ပြည်သူများသိရှိစေရန် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးကြေငြာချက်
------------------------------------------------------------------------

၁ ။ နိုင်ငံတော်၏ အခြေခံမူများတွင် "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု
အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည် "
ဟုချမှတ်ထားခြင်း ။ ။ ပုဒ်မ - ၆ (စ)

၂ ။ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများတွင် " စစ်ရေးအမြင်ရှိရမည် "
ဟူသော အချက်ကို ထည့်သွင်းထားခြင်း ။ ။ ပုဒ်မ ၅၉ (ဃ )

၃။ ဥပဒေရေးတွင် ပြည်ထောင်စုလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော် နှင့်
ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်း ။
ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊ ၁၆၁ (ဃ)

၎ ။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ်
ခန်.အပ်တာဝန်ပေးခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပီး ဖြစ်သည်ဟု
သတ်မှတ်ထားပြီး ကာကွယ်ရေး ၊ ပြည်ထဲရေး ၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက်
ခန့်အပ်ထားသော တပ်မတော်သားကိုယ်စားလှယ်များကို အငြိမ်းစားယူရန် (သို.မဟုတ် )
နှုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း ။ ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊၁၆၁ (ဃ )

၅ ။ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ခန်.အပ်တာဝန်ပေးခြင်းနှင့်စပ်လျင်းပြီး
ကာကွယ်ရေး ၊ ပြည်ထဲရေး ၊နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက
ရယူခြင်း ။ ။ ပုဒ်မ - ၂၃၂ (ခ) (၂ )

၆ ။ ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက
ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတမှ အမည်စာရင်းတင်သွင်းသည့်ပုဂ္ဂိုလ်အား
ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ ။ ။ ပုဒ်မ - ၂၃၂ (ဃ)

၇ ။ ရာထူးမှနုတ်ထွက်ရမည့် တပ်မတော်သား ၀န်ကြီး ဒုတိယ၀န်ကြီးတို.နှင့်ပတ်သက်လျှင်
နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
ပုဒ်မ - ၂၃၅ ( ဂ ) ( ၂ )

၈ ။ အုပ်ချုပ်ရေးကဏ္ဍတွင် ပြည်ထောင်စု ၊ တိုင်းဒေသကြီး ၊ပြည်နယ် ပြည်ထောင်စုနယ်မြေနှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်တင်သွင်းမည်. တပ်မတော်သားများ ပါဝင်နေခြင်း ။ ။ပုဒ်မ ၂၆၂ (က ) ( ၂ ) ၊( ခ )
ပုဒ်မ - ၂၆၄ ( ခ ) ( ၁ ) ( ၂ )

၉ ။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ( ၁၁ ) ဦးဖြင့် ဖွဲ.စည်းထားရာ
ဒုတိယ သမ္မတ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ၊
စုစုပေါင်း ( ၆ ) ဦးတို့ဖြင့် မဲအများစုကို တပါတည်း ယူထားခြင်း ။ ပုဒ်မ - ၂၀၁

၁၀ ။ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာအားလုံးကို လွပ်လပ်စွာ စီမံ ခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိနေခြင်း ။

၁၁ ။ လက်နက်ကိုင်အဖွဲ.အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟုထည့်သွင်းထားခြင်း ။ ပုဒ်မ - ၃၃၈

၁၂ ။ အရေးပေါ်အခြေအနေပေါ်ပေါက်လာလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည
အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်မျာညးနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း

၁၃ ။ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး
၏ ၇၅ ရခိုင်နှုန်း ကျော်မှ ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို့မျှ ပြင်ဆင်ခွင့်မရအောင် သတ်မှတ်ထားခြင်း ။ ပုဒ်မ - ၄၃၆

၁၄ ။ပြည်ထောင်စုလွှတ်တော်သည် သက်တမ်းကုန်ဆုံးချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ယင်း၏လုပ်ငန်းဝတ္တရားများ ဆောင်ရွက်ရန်မပြီးပြတ်သေးကြောင်း အထောက်အထားနှင့်တင်ပြလာပါက ထပ်ဆောင်းခွင့်ပြုကာလ ( ၆ ) လခွင့်ပြုနိုင်သည် ။
ထပ်ဆင့်တိုးပေးချိန် နောက်ထပ်တကြိမ် ( ၆ ) လပေးနိုင်သည် ။ နှစ်ကြိမ်ထိပေးပိုင်ခွင့်
ရှိသည်ဟူသော အန္တရာယ်အလွန်ကြီးမားသည့် တဖက်သတ်ရေးဆွဲထားခြင်းများ ပါရှိနေခြင်း။
ပုဒ်မ - ၄၂၁ (ခ ) ၄၂၅

စသည်တို.ဖြင့် အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်ဟူသော
ဒီမိုကရေစီမူများနှင့် ညီညွတ်ခြင်းမရှိဘဲ တဖက်သတ်ရေးဆွဲထားသည်ကို တွေ.ရသည် ။

ဗဟိုအလုပ်မှုဆောင်အဖွဲ.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် ( ၉၇ ၊ ခ ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့။

-----------------------------
 မှတ်ချက်။  ကိုကြည်ဝင်း၏ဖေ့ဘိုတ်မှကူးယူဖေါ်ပြပါသည်။
 

ကနေဒါနိုင်ငံ အက်ဒမင်တန်မြို့တွင်မြန်မာရိုးရာသီတင်းကျွတ်မီးထွန်းပွဲနှင့်သက်ကြီးပူဇော်ပွဲကျင်းပမည့်သတင်း



ဘီစီအက်စ်အေအသင်းသူအသင်းသားများနှင့်မြန်မာနိုင်ငံဖွားမိတ်ဆွေများခင်ဗျား
ယ္ခုနှစ်မြန်မာ့ရိုးရာသီတင်းကျွတ်မီးထွန်းပွဲတော်ကိုအောက်ပါအတိုင်းကျင်းပရန်စီစဉ်ထားပြီးဖြစ်ပါတယ်။
ယခင်နှစ်များကတက်ရောက်အားပေးခဲ့တဲ့အစဉ်အလာကောင်းများအတိုင်းယ္ခုနှစ်တွင်လဲဆက်လက်အားပေးပါရန်နှင့်အက်ဒမင်တန်မြို့တွင်နေထိုင်ကြတဲ့၊မြန်မာနိုင်ငံတိုင်းရင်းသားအားလုံးကိုယ္ခုကျင်းပမည့်ပွဲသို့တက်ရောက်ရန်ထပ်ဆင့်ဖိတ်ကြားပေးပါရန်မေတ္တာရပ်ခံပါတယ်။

၁။အမည်။                      မြန်မာ့ရိုးရာသီတင်းကျွတ်မီးထွန်းပွဲနှင့်သက်ကြီးပူဇော်ပွဲ ၁၃၇၅
                                 Traditional Burmese Thadingyut Festival of Lights 1375
၂။ကျင်းပမည့်နေ့ ။        ၂၀၁၃ခု၊အောက်တိုဘာလ(၁၉)ရက်၊စနေနေ့
၃။ကျင်းပမည့်အချိန်  ။       ညနေ (၅)နာရီ မှ (၈)နာရီ
၎။ကျင်းပမည့်နေရာ ။       533 Buchanan Road,Edmonton,AB T6R 2B7
ဤစာနှင့်အတူသီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပမည့်အစီအစဉ်ကိုလည်းသိသာရန်
 ပေးပို့လိုက်ပါသည်။
အခန်းအနားအစီအစဉ်
၁။ အခန်းအနားဖွင့်လှစ်ခြင်းနှင့်တက်ရောက်သူများကိုမြန်မာ့ယဉ်ကျေးမှုအသင်းကကြိုဆိုနှုတ်ခွန်းဆက်သခြင်း
၂။သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်ပေါ်လာပုံအကြောင်းအတိုချုပ်သတင်းပြသခြင်း
၃။ အသက်(၆၅)အထက်လူကြီးများအားမြန်မာဓလေ့ထုံးစံအတိုင်းဂါရဝပြုခြင်း
၎။အခန်းအနားတက်ရောက်သူများအားအကြွေးအမွေး Pot Luck ဖြင့်ဧည့်ခံခြင်း
၅။အခန်းအနားပြီးဆုံးကြောင်းကြေငြာခြင်း
မှတ်ချက်။
မြန်မာ့ယဉ်ကျေးမှုပွဲတော်သို့ တက်ရောက်မည့်အသက်(၆၅)အထက်လူကြီးများကိုမော်တော်ကားဖြင့်ကြိုပို့
ရန်စီစဉ်ထားပါသည်။

သီတင်းကျွတ်ပွဲတော်နှင့်ပတ်သက်၍အကြံပြုလိုပါကကျွန်တော့ထံဆက်သွယ်ပါရန်မေတ္တာရပ်ခံပါတယ်ခင်ဗျား။
ခင်မင်လေးစားလျှက်
ဦးသန်းအောင်
ဥက္ကဌ
မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်
အက်ဒမင်တန်မြို့
ကနေဒါနိုင်ငံ။
ဖုန်း-၇၈၀ ၄၃၉ ၇၅၅၅
အီးမေး-bcsapresident2009@gail.com
နေ့စွဲ၊၂၀၁၃ခု-အောက်တိုဘာလ(၆)ရက်


 

ဒေါ်အောက်ဆန်းစုကြည်၏ဥရောပခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၈ ရက်ကြာ ဥရောပ သုံးနိုင်ငံခရီးစဉ် အသေးစိတ်ကို NLD ပါတီက ဒီနေ့ထုတ်ပြန်လိုက် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စက်တင်ဘာလ ၁ဝ ရက်နေ့မှာ မြန်မာနိုင်ငံက စတင်ထွက်ခွာမှာဖြစ်ပြီး ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေက တက္ကသိုလ်တွေမှာ နိုင်ငံရေး ဆိုင်ရာ ဟောပြောပို့ချမှာအပြင် ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပမယ့် ဖိုရမ် 2000 ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဆွေးနွေးမှာဖြစ်တယ်လို့ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က RFA ကို ပြောပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁ဝ ရက်နေ့မှာ ဥရောပခရီးစဉ်ကို စပြီးထွက်ပါမယ်၊ ဝါဆောတက္ကသိုလ်မှာ Education and Politics ပို့ချဖို့ရှိပါတယ်၊ ဟန်ဂေရီကို ရောက်တဲ့အချိန်မှာလည်း ဘူတင်ပတ်တက္ကသိုလ်မှာ From Revolution to Reconstruction ခေါင်းစဉ်နဲ့ ဟောပြောပို့ချဖို့ရှိပါတယ်၊ ချက်နိုင်ငံ Forum 2000 မှာ Keynote Speech အနေနဲ့ Remembering Václav Havel ခေါင်းစဉ်နဲ့ ဟောပြောဖို့လည်းရှိပါတယ်၊ Burma's Transition ဆိုတဲ့ The Need For New Approaches By The International Community ခေါင်းစဉ်နဲ့ ဟောပြောဖို့လည်းရှိပါတယ်၊ ၁၇ ရက်ညနေဆိုလို့ရှိရင်တော့ ဗမာနိုင်ငံကို ပြန်လာဖြစ်ပါမယ်” ခရီးစဉ်အတွင်းမှာ အဲဒီ ၃ နိုင်ငံက လွှတ်တော်ဥက္ကဌတွေ၊ ဝန်ကြီးချုပ်၊သမ္မတတွေနဲ့လည်း တွေ့ဆုံမှာဖြစ် သလို တောင်အာဖရိက သမ္မတဟောင်း Frederik Willem de Klerk နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်မှာဖြစ်ပြီး ခုလကုန်ပိုင်းမှာလည်း စင်္ကာပူနိုင်ငံကို ခရီးသွားဦးမယ်လို့ သိရပါတယ်။

မှတ်ချက်။  Dr.Lun Swe Website မှကူးးယူဖေါ်ပြပါသည်။
၂၀၁၃ခုစက်တင်ဘာလ(၄)ရက်
 

B.C.N. Statement on Current CFOB Crisis

Peaceful Demonstration for Peace in Burma ( Rakhine )

Burmese Canadian Protest in Toronto

Text

NLD by Elections Manifesto p1